• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနိုင်ငံလုံး မီးတင်ရှို့သည့် စစ်ကောင်စီက ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော်အတွက် ငွေပုံအောသုံးနေ

by ဧရာဝတီ
28 June 2022
in သတင်း
A A
(အပေါ်မှ အောက်သို့) ဒေါ်သက်သက်ခိုင်၊ ဦးအောင်နိုင်ဦး၊ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ရေတပ်ဦးစီးချုပ် မိုးအောင်၊ ဒေါ်သီတာဦး၊ ဦးတင်အောင်မြင့်၊ ဦးတင်အေး၊ ဦးပြည်အောင်၊ ဦးအောင်သောင်း

(အပေါ်မှ အောက်သို့) ဒေါ်သက်သက်ခိုင်၊ ဦးအောင်နိုင်ဦး၊ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ရေတပ်ဦးစီးချုပ် မိုးအောင်၊ ဒေါ်သီတာဦး၊ ဦးတင်အောင်မြင့်၊ ဦးတင်အေး၊ ဦးပြည်အောင်၊ ဦးအောင်သောင်း

19.6k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် အာဏာသိမ်းမှုနောက်ပိုင်း ဖြိုခွဲမှုများနှင့် စစ်ကြောရေးတွင် အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ပြီး နောက်ထပ် လူပေါင်း ၁ ဒသမ ၂ သန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရစဉ်တွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ နောက်လိုက်များသည် နေပြည်တော်တွင် ဗုဒ္ဓဆင်းတုတော်တဆူ တည်ဆောက်နေသည်။

ထို ဆင်းတုတော်သည် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်ဖြစ်သည်ဟု ဆိုသည်။

မာရဝိဇယ ရုပ်ပွားတော်ဟု ခေါ်သည့် ဉာဏ်တော် ၈၁ ပေ (၂၄ ဒသမ ၆၉ မီတာ) မြင့်သော ထိုဗုဒ္ဓဆင်းတုတော်ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှ အလားတူ အမည်ရှိသော ပန်းခြံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပါဠိကျမ်းစာအားလုံးပါသည့် ပိဋကသုံးပုံလုံးကို ရေးထိုးထားသော ကျောက်စာချပ် ၇၀၀ ကျော်နှင့်အတူ တည်ဆောက်နေသည်။

ထို့အပြင် စစ်ကောင်စီသည် ထိုဗုဒ္ဓဆင်းတုနှင့် ကျောက်စာများအတွက် အလှူငွေထည့်ရန် ပြည်သူလူထုကို ၎င်းတို့၏ မီဒီယာများမှတဆင့် အမြဲတိုက်တွန်းနေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုဆင်းတုတော် တည်ဆောက်နေသောနေရာသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် သွားရောက်ကြောင်းနှင့် ထိုဆင်းတုတော်၏ ၄၀ ရာခိုင်နှုန်းတည်ဆောက်ပြီးကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ္ဘာ့အကြီးဆုံးဟုဆိုသည့် ဆင်းတုတော် ပရဝုဏ် ဗိသုကာ နမူနာကို ကြည့်ရှုနေစဉ်

ထိုစီမံကိန်းအတွက် အများဆုံး အလှူရှင်များမှာ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်များ သာမက စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် အစိုးရမှ ဗိုလ်ချုပ်ဟောင်းများနှင့် ဝန်ကြီးဟောင်းများဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်များအရ သိရသည်။

ထိုလှူဒါန်းမှုများကို နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အုပ်စုမှ သေဆုံးပြီးသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအတွက် ပြုလုပ်သည်ဟု ဆိုသည်။

သူသည် စစ်အုပ်စု ကျောထောက်နောက်ခံပြု လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသည့် ၂၀၀၃ ခုနှစ် ဒီပဲယင်းလူသတ်ပွဲကို ကြီးကြပ်သူဖြစ်သည်ဟု ဆိုသည်။

ဦးနေအောင်၊ ဦးပြည်အောင်နှင့် တပ်မတော် (ရေ) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့ကလည်း သေဆုံးသူ ဖခင် ဦးအောင်သောင်းအတွက် ကျပ်ငွေ သိန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၃၂,၅၀၀ ခန့်) လှူသည်။ ဦးအောင်သောင်းသည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ လက်ရုံးတယောက်ဖြစ်ပြီး ယခင်စစ်အစိုးရတွင် အကျင့်ပျက်ခြစားမှု အများဆုံးလုပ်သူအဖြစ် သတ်မှတ်ခံရသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မာရဝိဇယ ဘုရားအုတ်မြစ်ချစဉ်

ဦးနေအောင်နှင့် ဦးပြည်အောင်တို့သည် လက်ရှိစစ်ကောင်စီခေတ်တွင် ထိပ်တန်းခရိုနီများ ဖြစ်ကြသည်။ ဦးပြည်အောင်သည် ဦးသန်းရွှေ၏ နအဖခေတ်တွင် နံပါတ် ၂ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး မောင်အေး၏ သားမက်ဖြစ်သည်။ ယခင်နှစ်က အာဏာသိမ်းပြီး မကြာမီ ဦးမိုးအောင်ကို ရေတပ်အကြီးအကဲ ရာထူးသို့ တိုးပေးခဲ့သည်။

ဦးသိန်းစိန်အစိုးရ လက်ထက် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် ကျော်ဆန်း၊ သမ္မတရုံး ဝန်ကြီးဟောင်းများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် ဦးသိန်းညွန့်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်၊ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းတို့ကလည်း ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် ဆက်တိုက်အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖြုတ်ချအာဏာသိမ်းသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ပြုရန် ဆင်းတုတည်ဆောက်ရေး အလှူငွေများ ထည့်ကြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ဦးတင်အောင်မြင့်ဦးက သိန်း ၁၀၀ လှူပြီး ဦးသိန်းစိန်၏ သူငယ်ချင်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးက သိန်း ၇၅၀ နီးပါး လှူသည်။

ထိုဆင်းတုတော်တည်ရန် ယခင်စစ်အုပ်စုမှ ဗိုလ်ချုပ်ဟောင်းများက ငွေပုံအော လှူနေသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါ်သီတာဦးတို့ အပါအဝင် လက်ရှိစစ်အုပ်စုမှ ဝန်ကြီးအနည်းဆုံး ၂၀ ခန့်ကလည်း အလှူငွေများ ထည့်ကြသည်။

မာရဝိဇယ ဘုရားအပိုင်းများ တန်းစီချထားစဉ်

၎င်းတို့အနက် အများစုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျေးဇူးကြောင့် ဝန်ကြီးများ ဖြစ်လာသည်။

ဦးသိန်းစိန်အစိုးရ ခေတ်ကလည်း နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့သည့် ဦးဝဏ္ဏမောင်လွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ့စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာနယ်ပယ်တွင် ကာကွယ်သည်။

ဦးသန်းရွှေ စစ်အုပ်စုခေတ်က ရဲချုပ်လုပ်ခဲ့ပြီး ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး လုပ်ခဲ့သည့် ဦးခင်ရီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမသိမ်းမီက စစ်တပ်ထောက်ခံပွဲများကို အကြီးအကျယ် လုပ်ခဲ့သူဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ စစ်အရာရှိဟောင်း ဦးအောင်နိုင်ဦးသည် သူ၏ဝန်ကြီးဌာနမှ သပိတ်မှောက် ဝန်ထမ်းများကို အလုပ်ဖြုတ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်ဟောင်း ဒေါ်သက်သက်ခိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးသောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချဉ်းကပ်ခဲ့သူ သာကူးဖြစ်သည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မာရဝိဇယ ဘုရားကို ရေဖြန်းနေစဉ်

သူ၏ပါတနာ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့ ရသူဖြစ်သည်။

ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြိုက်လိုက်ပြီး စစ်ကောင်စီ ဆန့်ကျင်သူများကို သေးသိမ်စေသည့် ဥပဒေများကို အောင်မြင်စွာ ချမှတ်ပြီးနောက် တရားရေးဝန်ကြီး အဖြစ်လည်း ပူးတွဲလုပ်ကိုင်ရသည်။

တချိန်တည်းတွင် ထိုဗုဒ္ဓဆင်းတုတော် တည်ရာ၌ ကြီးကြပ်ကြသော သီတဂူဆရာတော် ဘဒ္ဒန္တ ဦးဉာဏိဿရနှင့် အရှင် ဆေကိန္ဒတို့လည်း ရာထူးများ တက်ကုန်သည်။

အာဏာသိမ်းပြီးနောက် သီတဂူ ဆရာတော်သည် မြန်မာတွင် ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းတွင် ယခင်က တွဲဘက်ဥက္ကဋ္ဌဖြစ်ရာမှ ဥက္ကဋ္ဌဖြစ်သွားသည်။ ရန်ကုန်ရှိ နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ် (ITBMU) တွင် ဌာနမှူးလုပ်နေသော အရှင် ဆေကိန္ဒသည် ခေတ္တပါမောက္ခချုပ် ဖြစ်သွားသည်။

လက်ရှိနှင့်လက်ဟောင်း ဗိုလ်ချုပ်များသည် မြန်မာတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် တစိတ်တဝမ်းတည်းရှိပြီး ၎င်းတို့သည် ဘုရားဒကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် မြန်မာ၏ နောက်တက်မည့် သမ္မတ ဖြစ်ရေးအတွက် ကူညီကြမည်မှာ သေချာကြောင်း ထင်ရှားသည်။

You may also like these stories:

အာဏာရှင်နဲ့ ထေရဝါဒ

စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ

ပညတ်သွားရာ ဓာတ်သက် မပါခဲ့လေသလား

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

Your Thoughts …
Tags: NLDဒေါ်သက်သက်ခိုင်ဒေါ်သီတာဦးဒေါ်အောင်ဆန်းစုကြည်နအဖနေပြည်တော်ပိဋကသုံးပုံဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘာသာရေးမာရဝိဇယဆင်းတုတော်မီးတင်ရှို့မှုသီတဂူဆရာတော်အရှင် ဆေကိန္နအာဏာသိမ်းမှုဦးစိုးဝင်းဦးတင်အောင်မြင့်ဦး၊ ဦးတင်အေး၊ ဦးကျော်ဆန်း၊ ဦးစိုးသိန်း၊ ဦးသိန်းညွန့်၊ ဦးဝေလွင်၊ ဦးတင့်ဆန်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦးဦးနေအောင်ဦးပြည်အောင်ဦးမောင်အေးဦးသန်းရွှေဦးသိန်းစိန်ဦးအောင်သောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီ တပ်များက မီးတင်ရှို့ပြီးနောက် ဒေသခံများ ထွက်ပြေးရသည်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်  / KNU

မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ

ထိုင်းရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များ ကျောင်းတက်ရန် စုဝေးနေစဉ် / UNICEF

စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved