သတင်း

စနဲနယ်မြေ ရဲစခန်းမှူး အဖမ်းခံရမှု မြို့ခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ပြီးနောက် မြို့ခံ ၈ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

စနဲ ရဲစခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းသည် ဇူလိုင်လ ၂၄ ရက်တွင် စနဲ မြို့သို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ရန် သွားရောက်စဉ် AA တပ်ဖွဲ့များက ဖမ်းဆီးသွားခဲ့ပြီးနောက် ယင်းနေ့ညပိုင်း၌ပင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက တောင်ဂူစုရပ် ကွက်အတွင်းသို့ ဝင်ရောက်ပြီး ရပ်ကွက်စာရေး ဝန်ထမ်း ဦးအောင်နိုင်လင်း အပါအဝင် အမျိုးသား၊ အမျိုးသမီး ၈ ဦးကို ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း စနဲမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “စစ်တပ်နဲ့ ရဲပေါင်းပြီး ညဉ့်အချိန်မှာ သူတို့ အိမ်တွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီးတော့ ဖမ်းခေါ်သွားတာ။ ဘာကြောင့် ဖမ်း တယ်ဆိုတာလည်း ပြောမသွားဘူးလို့ မိသားစုဝင်တွေ ပြောတယ်။ အဖမ်းခံရတဲ့ လူအားလုံး တောင်ဂူစုရပ်က လူတွေ၊ အမျိုးသား ၄ ယောက်နဲ့ မိန်းကလေး ၄ ယောက် ပါသွားတယ်။ အဲဒီအထဲမှာ ရပ်ကွက်စားရေးလည်း တယောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက စနဲမြို့ပေါ် ရပ်ကွက်များ၌ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန် ရှာဖွေလျက်ရှိသလို၊ မြို့ပေါ်တွင်လည်း စစ်ဆေးမှုများ တင်းကျပ်နေသည့်အတွက် မြို့ခံများ အပြင်မထွက်ရဲတော့ဘဲ ဈေးဆိုင်ခန်းများကိုလည်း ပိတ်ထားရကြောင်း စနဲမြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် လတ်တလော၌ အောက်ခြေတွင် စစ်ရေး တင်းမာမှုဖြစ်ပေါ်နေသလို တကျော့ပြန် တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။

ယခုလ ဇူလိုင်လ ၁၈ ရက်တွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ သလို ယမန်နေ့ ဇူလိုင်လ ၂၄ ရက်တွင်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက အဘောင်သားကျေးရွာအနီးတွင် မိနှစ် ၂၀ ကျော်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ တ်ိုက်ပွဲ ဖြစ်ပွားခဲ့ရာ မောင်တောမြောက်ပိုင်း ကျေးရွာသားများနှင့် ပလက်ဝမြို့နယ်အတွင်းက ဒေသခံများအနေဖြင့် စစ်ကောင်စီတပ် အန္တရာယ်ပေးမည်ကို စိုးရိမ်သည့်အတွက် တောတောင်များသို့ ငါးရှာ၊ ဟင်းခူး မသွားရဲသည့်အတွက် ဝမ်းရေး အခက်ကြုံတွေ့ နေရကြောင်း သိရသည်။

You may also like these stories:

စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော

မောင်တောတွင် စစ်တပ်က ဖမ်းဆီးနေသဖြင့် ဒေသခံတို့ စိုးရိမ်နေ

AA နှင့်တိုက်ပွဲတွင် အထိအခိုက်များပြီးနောက် စစ်တပ်က အရပ်သားများကိုဝင်ဖမ်း

Loading