• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု တကမ္ဘာလုံး ကျယ်ပြန့်လာ

by ဧရာဝတီ
3 October 2022
in သတင်း
A A
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူရောက် အီရန် အမျိုးသမီး နာဆီဘီ ဆမ်ဆာအီက သူမ၏ ဆံပင်ကိုဖြတ်ကာ အစ္စတန်ဘူရှိ ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြစဉ်  / AFP

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူရောက် အီရန် အမျိုးသမီး နာဆီဘီ ဆမ်ဆာအီက သူမ၏ ဆံပင်ကိုဖြတ်ကာ အစ္စတန်ဘူရှိ ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြစဉ် / AFP

5k
VIEWS
Share on FacebookShare on Twitter

ပိုမိုကျယ်ပြန့်သော လွတ်လပ်မှု တောင်းဆိုခြင်းနှင့် အီရန်ဘာသာရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် မာဆာ အမ်မီနီ သေဆုံးရခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် ကြီးထွားလာနေသော အုံကြွမှုနှင့်အတူ သွေးစည်းချစ်ကြည်ကြောင်း ပြသသည့် လှုပ်ရှားမှုကို ကမ္ဘာတဝှမ်းတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည်။

အမျိုးသမီးများ၊ ဘဝနှင့် လွတ်လပ်မှုဆိုသည့် ကြွေးကြော်သံဖြင့် ပြုလုပ်သည့် ထိုလှုပ်ရှားမှုကို အောက္ကလန်၊ လန်ဒန်၊ မဲလ်ဘုန်း၊ နယူးယောက်၊ ပါရီ၊ ရောမ၊ ဆိုးလ်၊ စတော့ဟုမ်း၊ ဆစ်ဒနီနှင့် ဇူးရစ်စသည့် ကမ္ဘာ့မြို့ကြီး အများအပြားတွင် ကျင်းပကြသည်။

တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ကျင်းပရန် အီရန်နိုင်ငံအတွင်းတွင်လည်း၊ အထူးသဖြင့် နိုင်ငံတွင်းမှ ကာ့ဒ် မြို့ကြီးများတွင်လည်း အားထုတ်မှုများကို စနေနေ့က ပြုလုပ်သည်။ အစိုးရသို့ အခွန်များ မပေးရန်လည်း လှုံ့ဆော်ကြသည်။

အသက် ၂၂ နှစ်အရွယ် ကာ့ဒ် အမျိုးသမီး အမ်မီနီသည် အီရန်နိုင်ငံ၏ တင်းကျပ်လှသော အမျိုးသမီးများ ခေါင်းစည်းပုဝါ ခြုံရမှုနှင့် အဝတ်အစား သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ရေး စည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ အဖမ်းခံရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့က သေဆုံးခဲ့သည်။

ခေါင်းမြီး သေချာစွာမခြုံဟူသော စွပ်စွဲချက်ဖြင့် အီရန်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် သေဆုံးခဲ့သူ မာဆာ အမ်မီနီ အတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့၌ ကာ့ဒ်နှင့် လက်ဘနွန် အမျိုးသမီးများ ကန့်ကွက်ဆန္ဒပြစဉ် / AFP

အပြင်းထန်ဆုံး ဆန္ဒပြပွဲများ ပြီးစီးသောအခါ လုံခြုံရေးအရာရှိများက အီရန်နိုင်ငံအရှေ့ပိုင်း စစ္စတန်နှင့် ဘလူချစ္စတန် ပြည်နယ်များမှ ဇာဟီဒန်မြို့တွင် လုံခြုံရေးပြန်လည် ထိန်းသိမ်းနိုင်ကြောင်းပြောသည်။ ထိုမြို့တွင် သောကြာနေ့က ဝတ်ပြုချိန်အတွင်း အရပ်သားများကို ရဲများက ပစ်ခတ်ခဲ့သည်။

ရဲတဦးက အမျိုးသမီးတဦးကို အဓမ္မပြုကျင့်သည်ဆိုသည့် သတင်းကြောင့် ဆန္ဒပြပွဲများ ဖြစ်လာပြီးနောက် လူ ၄၀ အထိ သေဆုံးသည်ဟု သတင်းများက ဖော်ပြသည်။

ဒေသဆေးရုံများတွင် ဒဏ်ရာရသူများဖြင့် ပြည့်နေပြီး ထိုညကဖြစ်ပွားသည့် အဓိကရုဏ်းအတွင်း ရဲစခန်းတခု မီးရှို့ခံခဲ့ရသည်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ဒေသဆိုင်ရာ ထောက်လှမ်းရေး တပ်မှူး အသတ်ခံရကြောင်း အီရန်အစိုးရ တရားဝင်သတင်းဌာနက အတည်ပြုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
542
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

လူမှုကွန်ရက်မှ ဗီဒီယိုများတွင် မီးလောင်ကျွမ်းနေသည့် မီးသတ်ကားများ၊ ဘတ်စကား မှတ်တိုင်များ၊ ဘဏ်များ၏ ပုံများကို ပြသထားသည်။ လူအုပ်အတွင်း ပစ်ခတ်မှုများအပါအဝင် ထိုအဓိကရုဏ်းများကို အကြမ်းဖက် အုပ်စုများက လုပ်သည်ဟု အစိုးရက ပြောသော်လည်း ဝတ်ပြုပွဲ၌ ရဲတပ်ဖွဲ့သည် လူအုပ်အတွင်းသို့ ပစ်ခတ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

အီရန်အစိုးရက စိုးရိမ်သောကိစ္စမှာ လူတန်းစားပေါင်းစုံပါဝင်ပြီး ခေါင်းဆောင်မှု ကင်းမဲ့ကြောင်း ထင်ရှားသည့် ဆန္ဒပြပွဲများသည် တိကျသော ရည်မှန်းချက်များရှိသော တနိုင်ငံလုံး ကျယ်ပြန့်သည့် လှုပ်ရှားမှုအဖြစ် ပေါင်းစည်းမိလာမည်ကို ဖြစ်သည်။

သို့သော် အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်သူများကို ဖိနှိပ်ရန် နည်းလမ်းပေါင်းစုံ အတိုင်းအဆမရှိ ရှိနေပြီး ရုပ်သံအပါအဝင် မီဒီယာများကို အပြည့်အဝ ထိန်းချုပ်ထားသည်။ လူ့အသက်ပေါင်းများစွာ သေဆုံးစေကာမူ နောက်ဆုံးတွင် ဆန္ဒပြပွဲများကို နှိမ်နင်းနိုင်သည့်သမိုင်း ရှိခဲ့သည်။

ထောက်လှမ်းရေးဌာနများသည် သောကြာနေ့တွင် ရှည်လျားသော အစီရင်ခံစာများ ရေးသားပြီး ဆန္ဒပြပွဲများသည် ပြည်ပမှ ထောက်လှမ်းရေးများနှင့် အကြမ်းဖက်သမားများကြောင့် ဖြစ်ပေါ်ကြောင်း အပြစ်တင်ကြသည်။ လူနာတင်ယာဉ် ၈၅ စီး ဖျက်ဆီးခံရကြောင်း ထောက်လှမ်းရေးများက ပြောပြီး သဘောထား တင်းမာသော ပါလီမန်အမတ်များက ဆန္ဒပြသူများကို ဆက်လက်ရှုတ်ချသည်။

တက္ကသိုလ်နှင့်ကျောင်းပေါင်း ၁၁၀ ကျော်တွင် ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး လမ်းမပေါ် ဆန္ဒပြပွဲများတွင် ဖိနှိပ်သောကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်လာပြီးနောက် ထိုင်သပိတ်တခု ဆင်နွဲနေကြောင်း ကျောင်းသား အဖွဲ့အစည်းများက ပြောသည်။

နိုင်ငံတဝှမ်းမှ ကျောင်းများတွင် ဆန္ဒပြပွဲများ ပြုလုပ်နေသည်ကို လူမှုကွန်ရက်တွင် ပြသခဲ့သည်။ တက္ကသိုလ် ပါမောက္ခ ၁၀၀ ကျော်က ကြေညာချက်တစောင်ကို လက်မှတ်ရေးထိုးပြီး ဖမ်းဆီးထားသော ကျောင်းသားများကို လွှတ်ပေးရန် တောင်းဆိုသည်။

မာဆာ အမ်မီနီ သေဆုံးပြီး ရက်များမကြာမီ တီဟီရန်မြို့ လမ်းမတနေရာတွင် ဆန္ဒပြကြစဉ် / AFP

“ဘဝကို စတေးပြီး လွတ်လပ်မှု၊ တရားမမျှတမှုနဲ့ လူသား ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တန်ဖိုးတခုပေးဆပ်မယ့် ကျောင်းသားတွေ ရှိနေတယ်ဆိုတာကို လူတိုင်းလူတိုင်း အသိအမှတ်ပြုသင့်တယ်” ဟု ဆက်လက်ရေးသား ဖော်ပြသည်။

အီရန် ကာ့ဒ်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး ဌာနကလည်း တနိုင်ငံလုံးတွင် သပိတ်မှောက်ကြရန် အစောပိုင်းက တောင်းဆိုပြီး လွတ်လပ်မှုအတွက် အီရန်နိုင်ငံအတွင်း အမျိုးသမီးများကို ဖိနှိပ်မှုအား ဆန့်ကျင်သည့် လူငယ်များကို ထောက်ခံရန် တိုက်တွန်းသည်။

ထိုသို့ တောင်းဆိုခြင်းကို ကာဒစ္စတန်ပြည်နယ် အစိတ်အပိုင်းအများအပြားတွင် လိုက်နာကြပြီး အီရတ်နယ်စပ်နှင့် နီးသော ဒါဂိုလန်ကဲ့သို့သော အဓိကမြို့များတွင် ရဲများက ပစ်ခတ်ကြောင်း သတင်းများထွက်လာသည်။

နိုင်ငံတောင်ပိုင်းမှ သေနင်္ဂဗျူဟာကျသည့် ဘန်ဒါ အက်ဘတ် ဆိပ်ကမ်းတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည်။

နေအိမ်တွင် ဖမ်းဆီးခံထားရသည့် ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးသမား အီရန်ဝန်ကြီးချုပ်ဟောင်း မာဟိုစိန် မိုဆာဗီကလည်း ပြည်သူလူထုနှင့် ပူးပေါင်းရန် လုံခြုံရေးတပ်များကို တိုက်တွန်းသည်။

“လက်နက်ကိုင်တပ်များ ခင်ဗျား၊ ခင်ဗျားတို့ကို ပေးအပ်ထားတဲ့ အာဏာက ပြည်သူလူထုကို ကာကွယ်ဖို့ ဖြစ်တယ်။ ပြည်သူကို ဖိနှိပ်ဖို့ မဟုတ်ဘူး။ အဖိနှိပ်ခံတွေကို ကာကွယ်ဖို့ဖြစ်တယ်။ အာဏာရှိသူ၊ အင်အားကြီးသူကို ကာကွယ်ဖို့မဟုတ်ဘူး” ဟု သူက ပြောသည်။

“ခင်ဗျားတို့တွေ အမှန်တရားဘက်ကနေ နိုင်ငံဘက်က ရပ်တည်မယ်လို့ မျှော်လင့်တယ်။ ခင်ဗျားတို့ရဲ့ တာဝန်က ပြည်သူသန်းပေါင်းများစွာရဲ့၊ အထူးသဖြင့် အနင်းချေခံနေရတဲ့ ငြိမ်းချမ်းရေးကို ရရှိစေဖို့ဖြစ်တယ်။ ဘယ်သူမှန်း မသိတဲ့ အရာရှိတွေရဲ့အာဏာကို ခိုင်မာစေဖို့ မဟုတ်ဘူး” ဟု သူက ဆက်လက်ပြောကြားသည်။

ကိုးကား။ ။ The Guardian သတင်း Women, life, liberty’: Iranian civil rights protests spread worldwide

You may also like these stories:

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ

အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်

ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

Your Thoughts …
Tags: IRGCကာ့ဒ်ဘာသာရေးမာဆာ အမ်မီနီလက်ဘနွန်လိင်ခွဲခြားမှုလူ့အခွင့်အရေးအီရန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
14.4k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

by မောင်ကဝိ
21 March 2024
13.8k

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေကို မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။

Next Post
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ကျေးရွာအုပ်စု

ဆားလင်းကြီးမြို့ ကျားတက်ရဲစခန်း တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ

ရှမ်းပြည်နယ် တောင်းကြီးမြို့နယ်ရှိ ပင်းပက်သံမဏိစက်ရုံ (ဓာတ်ပုံ - PYO)

NLD အစိုးရ ရပ်ဆိုင်းခဲ့သည့် သံမဏိစက်ရုံ စစ်တပ်နှင့် ရုရှားကုမ္ပဏီ လည်ပတ်ရန်ပြင်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved