• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီနှင့် ဘီဘီစီကို အရေးယူမည့် နောက်ကွယ် ဒုစစ်ခေါင်းဆောင် ပါဝင်

by ဧရာဝတီ
18 October 2022
in သတင်း
A A
စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

15.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သော သီတင်းပတ် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး ဘုရားတောင်ခြေ ပစ်ခတ်မှုအပေါ် သတင်းရေးသားဖော်ပြမှုကြောင့် ဧရာဝတီနှင့် ဘီဘီစီ မြန်မာပိုင်းကို တရားဥပဒေအရ အရေးယူရန် ဆုံးဖြတ်ချက် နောက်ကွယ်တွင် အာဏာသိမ်း စစ်ကောင်စီ၏ နံပါတ် ၂၊ အကြံပေးပုဂ္ဂိုလ်တဦး၊ ဝန်ကြီးတဦးနှင့် စစ်ကောင်စီလိုလားသော မီဒီယာများ ရှိနေခဲ့သည်။

ဗုဒ္ဓဟူးနေ့က ထိုနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ပစ်ခတ်မှုအတွင်း ဗုဒ္ဓဘာသာဝင် ဘုရားဖူး ၃ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၁၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ကို လူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိစေခဲ့မှုဖြင့် စွပ်စွဲသည်။

ဒေသခံများကမူ အဆိုပါ ကင်းစခန်းကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စတင်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်ကြကာ ဘုရားဖူးခရီးသည်များ ထိမှန် သေဆုံးခဲ့ကြောင်း ပြောကြသည်။

အဆိုပါ ကင်းစခန်း တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိကြောင်း PDF သထုံ အဖွဲ့က ထုတ်ဖော်ပြောဆိုထားသော်လည်း အရပ်သားများကို ပစ်ခတ်ခြင်း မရှိကြောင်း ဘီဘီစီ မြန်မာပိုင်းဌာနကို ဖြေကြားခဲ့ပြီး ဧရာဝတီသတင်းဌာနကလည်း သတင်းရေးခဲ့သည်။ အရပ်သားသေဆုံးမှုများအတွက် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ကို အပြစ်တင်ကြသည်။ အခြားမြန်မာ့သတင်းမီဒီယာများကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရေးသားကြသည်။

၎င်းတို့၏ တရားဝင်ဇာတ်ကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဘုရားဖူးများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သည်ဟု ဆိုသောကြောင့် သတင်းသမားများကို ဆက်သွယ်ရေးဥပဒေ၊ သတင်း မီဒီယာဥပဒေနှင့် အခြားဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း သောကြာနေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

“အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များ ဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာဝတီ နှင့်ဘီဘီစီသတင်းဌာနများ၏ မြန်မာပိုင်းအစီအစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှု” ဟု စစ်ကောင်စီက ရေးသားဖော်ပြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုအချိန်က ပြင်ဦးလွင်တွင် ရှိနေစဉ် ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားဥပဒေအတိုင်း အရေးယူရန် အမိန့်ထုတ်ပြန်ထားကြောင်း ဧရာဝတီက သိရှိရပါသည်။

စစ်ကောင်စီ အကြံပေးတဦးဖြစ်သည့် ဒေါက်တာ ရင်ရင်နွယ် က ၎င်း၏ Facebook စာမျက်နှာတွင် “ဒါက သတင်းအတုပါ။ အဲဒါက အထောက်အထားတွေ၊ မျက်မြင်သက်သေတွေ အားလုံးနဲ့ ဆန့်ကျင်ဘက်ပဲ။ ကျမတို့ ဗုဒ္ဓဘာသာ ဘုရားဖူးတွေကို သတ်ဖြတ်တာ NUG နဲ့ PDF တွေပါ” ဟု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရေးသားခဲ့အပြီး ယခုလို ဧရာဝတီသတင်းဌာနအား အရေးယူခြင်းဖြစ်သည်။

ဦးကိုကိုလှိုင်နှင့် ဒေါ်ရင်ရင်နွယ်

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် အပါအဝင် အခြားသူများလည်း ဝိုင်းပါလာကြသည်။ ဒေါ် ရင်ရင်နွယ်၏ ပို့စ်အောက်တွင် “အရေးကြီးတာက သူတို့ရဲ့ ဝါဒဖြန့် အမှောင်တိုက်ကို ထိရောက်စွာ တန်ပြန်ဖို့က ဘာလဲ။ ဒီလိုလုပ်ဖို့က အရေးကြီးပြီး အရေးပေါ်လိုနေပြီလို့ ကျနော် ထင်တယ်” ဟု သူက ရေးသည်။

ဒေါ်ရင်ရင်နွယ်က ဧရာဝတီ၏ သတင်းနှင့် ပတ်သက်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို သတင်းပို့ပြီး စစ်ကောင်စီ လက်ဝေခံ မီဒီယာ အဖွဲ့အစည်းများ ဖြစ်သည့် Myanmar Hard Talk နှင့် Myanmar National Post တို့က ဘီဘီစီကို အရေးယူပေးရန် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ တိုင်ကြားခဲ့ကြောင်း ဧရာဝတီက သိရှိရသည်။ ဘီဘီစီ မြန်မာပိုင်းသည် အခြားနိုင်ငံခြားသတင်းအေဂျင်စီ ၁၈ ခုနှင့်အတူ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ရန် စစ်ကောင်စီက ခွင့်ပြုထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၏ အမှီအခိုကင်းသော သတင်း မီဒီယာတခုဖြစ်သည့် ဧရာဝတီ The Irrawaddy သည် စစ်ကောင်စီအပေါ် ဝေဖန်အစီရင်ခံမှုများကြောင့် အကြိမ်ကြိမ် ပစ်မှတ်ထားခံခဲ့ရသည်။ ဧရာဝတီ၏ ဝဘ်ဆိုဒ်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။

ယမန်နှစ် မတ်လတွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြောင်းကို ဧရာဝတီက ဖော်ပြရာတွင် လက်နက်ကိုင် တပ်ဖွဲ့များအား အသရေဖျက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ရဲတပ်ဖွဲ့က ဝန်ထမ်းတဦးချင်းထက် ဧရာဝတီ တတိုက်လုံးကို အမှုဖွင့်ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က ပထမဆုံး တရားစွဲသည့် သတင်း ထွက်ပေါ်ခဲ့သည်။

ထိုနှစ်နောက်ပိုင်း ရန်ကုန်မြို့လယ်ရှိ ဧရာဝတီရုံးကို လုံခြုံရေးတပ်ဖွဲ့များက ၂ ကြိမ် ဝင်ရောက်စီးနင်းခဲ့သည်။ ဧရာဝတီသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော လုပ်ငန်းများကို ရပ်နားလိုက်သောကြောင့် စီးနင်းမှုအတွင်း မည်သူမျှ ဖမ်းဆီးခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ကမ္ဘာပေါ်တွင် သတင်းထောက်များအား အကျဉ်းချရာတွင် ဒုတိယအများဆုံး ဖြစ်လာခဲ့သည်။ လက်ရှိ အကျဉ်းကျခံနေရသူ ၆၀ ကျော်ရှိပြီး သတင်းထောက် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

You may also like these stories:

ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှု KNU စုံစမ်း စစ်ဆေးမည်

ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
24
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
741
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
51

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

Your Thoughts …
Tags: ကျိုက်ထီးရိုး ဘုရားတောင်ခြေ ပစ်ခတ်မှုစစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဒေါ် ရင်ရင်နွယ်ဦးကိုကိုလှိုင်ဧရာဝတီနှင့် ဘီဘီစီ မြန်မာပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

ဦးသိန်းစိန် (ဝဲပေါ်)၊ ဦးကိုကိုလှိုင် (ဝဲအောက်)၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်)၊ ဦးအုန်းမြင့် (ယာပေါ်)၊ ဦးမြင့်လှိုင် (ယာအောက်)

စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်

by ဧရာဝတီ
7 October 2021
63.4k

စစ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ်၊ စစ်ဗိုလ်ချုပ်လူထွက်ပဲဖြစ်ဖြစ် ပြည်သူအပေါ်စေတနာမရှိတာ၊ လက်လွတ်စပယ်စကားတွေပြောတတ်တယ်ဆိုတာကိုလည်း အတွေ့အကြုံတွေအရ သိပြီးဖြစ်ပါတယ်။

ဦးကိုကိုလှိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

မြန်မာကိုပေးမည့် အကူအညီများအား အခွန်ကောက်မည်ဟု စစ်ကောင်စီကိုယ်စားလှယ် ပြော

by ဧရာဝတီ
6 May 2022
14.6k

အာဆီယံက မြန်မာနိုင်ငံသို့ပေးမည့် လူသားချင်းစာနာမှု အကူအညီများကို အခွန်ကောက်မည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ကြောင်း

စစ်ကောင်စီ၏ နောက်လိုက် အရေးပါသော အရပ်သားများတွင် ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါ်သက်သက်ခိုင်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ပါသည် / ဧရာဝတီ

EU အရေးယူမှုမှ စစ်ကောင်စီ နောက်လိုက် အချို့ကင်းလွတ်နေ

by ဧရာဝတီ
22 April 2021
39.4k

ဥရောပသမဂ္ဂ၏ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်းမှ အရေးပါသော အရပ်သား အချို့ ကင်းလွတ်နေဆဲဖြစ်သည်။

၂၀၁၇ စက်တင်ဘာလက နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီ၏ ရခိုင်အရေး စုဝေးပွဲတခုတွင် ဦးဝဏ္ဏမောင်လွင် ဟောပြောစဉ် / ဧရာဝတီ

စစ်ကောင်စီ ဝန်ကြီးအဖွဲ့ထဲက တရုတ်နှင့် ပူးသူများ

by ဧရာဝတီ
4 April 2021
13.7k

စစ်ကောင်စီ၏ အစိုးရအဖွဲ့ဝင်များတွင် တရုတ်အစိုးရနှင့် အဖွဲ့အစည်းများနှင့် ကာလကြာမြင့်စွာ ပတ်သက်ခဲ့သူများ ပါဝင်သည်။

ဩဂုတ်လ ၁၆ ရက် ကဘူးလ်လေဆိပ်တွင် တွေ့ရသည့် အာဖဂန်မိသားစုတစု / Getty Image

အာဖဂန်ကျဆုံးခြင်း မြန်မာ လာဂယက်ထ

by Naw Theresa
31 August 2021
36.7k

ကဘူးလ်မြို့တော် ကျဆုံးခြင်းနှင့်ပတ်သက်ပြီး သန်ရာသန်ရာ စိတ်ကူးယဉ်နေပြီး လိုသလို ရွေးချယ်ဖယ်ထုတ်ထားသည့် အယူအဆများအား ပြောနေကြသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၅ မှုဖြင့် စွဲချက်တင်

သတ်ဖြတ်ခံရသည့် ကျောင်းဆရာ ဦးစောထွန်းမိုး

ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved