• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်ဘဏ်နှင့် ဆက်ဆံသော ပြည်ပဘဏ်ကြီးများ စုံစမ်းခံနေရ

by ဧရာဝတီ
5 November 2022
in သတင်း
A A
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် အင်းဝဘဏ် /  AFP

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် အင်းဝဘဏ် / AFP

7.1k
VIEWS
Share on FacebookShare on Twitter

သြစတြေးလျနိုင်ငံမှ ANZ အပါအဝင် ဘဏ်ကြီးများသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို သွေးချောင်းစီး နှိမ်နင်းမှု ဖြစ်နေသော်လည်း မြန်မာစစ်တပ်က ပိုင်ဆိုင်သည့် ဘဏ်တခုနှင့် စီးပွားရေး ဆက်လက်လုပ်ကိုင် နေကြောင်း လူ့အခွင့်အရေး အုပ်စုတခုနှင့် ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။

သြစတြေးလျတွင် အကြီးဆုံး ဘဏ် ၄ ခုအနက် တခုဖြစ်သော ANZ ကို ဟောင်ကောင်အခြေစိုက် အာမခံလုပ်ငန်း AIA က မြန်မာစစ်တပ်၏ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် အင်းဝဘဏ်သို့ ငွေလွှဲရန် ၂၀၂၁ ခုနှစ် သြဂုတ်နှင့် စက်တင် ဘာလများက အသုံးပြုခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကားပြီး Justice for Myanmar က ဖော်ပြခဲ့သည်။

မြန်မာမှ ဆက်သွယ်ရေး လုပ်ငန်း Mytel အတွက် တာဝါတိုင်များ ငှားစားသည့် မလေးရှား ကုမ္ပဏီ edotco သည်လည်း အင်းဝဘဏ် ငွေစာရင်းများနှင့် ငွေပေးငွေယူ ပြုလုပ်ရန် ANZ ကို ၂၀၂၁ ခုနှစ် ဧပြီနှင့် ဇွန်လများက အသုံးပြုခဲ့ကြောင်း အထက်ပါ လူ့အခွင့်အရေးအဖွဲ့၏ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အရှေ့တောင်အာရှတွင် အကြီးမားဆုံး ဘဏ်များအနက်တခုဖြစ်သော စင်္ကာပူမှ UOB သည်လည်း တရုတ် သင်္ဘောလိုင်းတခုနှင့် MEC အကြား ငွေပေးငွေယူများကို လွန်ခဲ့သောနှစ် ဇွန်လနှင့် ဇူလိုင်လတွင် ပြုလုပ်ပေးခဲ့သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
3
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
59
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
853

ထိုစင်္ကာပူဘဏ်ကို မြန်မာအခြေစိုက် နို့မှုန့်ရောင်းချသောလုပ်ငန်း လမင်းတာရာနှင့် ထိုလုပ်ငန်းမှ အမှုဆောင်များအကြား ငွေပေးငွေယူကိစ္စများအတွက် အသုံးပြုခဲ့သည်။

တချိန်တည်းတွင် ဗီယက်နမ် နိုင်ငံတော်ဘဏ်နှင့် တောင်ကိုရီးယားမှ KEB Hana Bank တို့ ဖက်စပ် ပိုင်ဆိုင်သော BIDV သည်လည်း MEC က ပိုင်ဆိုင်သည့် အစိတ်အပိုင်းဖြစ်သော Telecom International Myanmar နှင့် ငွေပေးငွေယူ အနည်းဆုံး ၁၈ ကြိမ်လုပ်ခဲ့ကြောင်း Justice for Myanmar က ဖေါ်ပြသည်။

အင်းဝဘဏ်မှ ပေါက်ကြားလာသော စာရွက်စာတမ်းများကို အစိုးရများနှင့် စီးပွားရေး လုပ်ငန်းများမှ ရယူထားသည့် သတင်းအချက်အလက်များကို ပုံမှန်ထုတ်ပြန်သည့် ပွင့်လင်းမြင်သာမှုအဖွဲ့ဖြစ်သော Distributed Denial of Secrets က ရရှိသွားခဲ့သည်။

ANZ ဘဏ်၏ ပြောခွင့်ရသူတဦးက ၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောသည်။

“ANZ အနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ တရားစီရင်ရေး နယ်မြေအားလုံးက တည်ဆဲဥပဒေတွေနဲ့ ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂလို နိုင်ငံစုံ အဖွဲ့အစည်းတွေ အပါအဝင်ရဲ့ စည်းကမ်းချက်တွေကို လိုက်နာရမယ်”ဟု အထက်ပါ ပြောခွင့်ရသူက အယ်လ်ဂျာဇီးယား သတင်းဌာနသို့ပြောသည်။

“ဆက်ဆံရေး သို့မဟုတ် ငွေပေးငွေယူ အသေးစိတ်တွေကို မပြောနိုင်သေးပေမယ့် ANZ မှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာလုပ်ကိုင်အောင် လုပ်ထားတဲ့ တောင့်တင်း ကြံ့ခိုင်တဲ့ စနစ်တွေ ရှိပါတယ်။ အဲဒီစနစ်တွေဟာ ဘဏ္ဍာရေး အရေးယူဆောင်ရွက်မှု အဖွဲ့ FATF က အကြံပြုချက်များကို လိုက်နာတယ်”ဟုလည်း သူက ပြောသည်။

ဘဏ်ကို အသုံးပြုသူ တဦးခြင်း၏ ဆက်ဆံရေးများကို သုံးသပ်ပြောကြားခြင်း မပြုနိုင်ကြောင်းနှင့် မြန်မာနှင့်ပတ်သက်သည့် ငွေပေးငွေယူနှင့် ဝန်ဆောင်မှု အသုံးပြုသူများနှင့် ဆက်ဆံံရေးတွင် လုံလောက်သော လုံ့လစိုက်ထုတ်မှုကို ကျင့်သုံးမည် ဖြစ်ကြောင်း UOB ဘဏ် ပြောခွင့်ရသူတဦးကလည်း ပြောသည်။

“အခြေအနေကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေတဲ့ တချိန်တည်းမှာပဲ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေကို လိုက်နာအောင်လုပ်နေတယ်”ဟု ထိုပြောခွင့်ရသူက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

“လုံလောက်တဲ့လုံ့လ စိုက်ထုတ်မှု အစီအမံတွေ ကျင့်သုံးရာမှာ လူသားချင်းစာနာမှု အကူအညီ၊ ရန်ပုံငွေ စီးဆင်းမှု၊ တရား ဝင် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းလှုပ်ရှားမှုနဲ့ ငွေလွှဲပေးပို့မှုတွေကို မထိခိုက်အောင် လုပ်ဆောင်နေပါတယ်”ဟု လည်း သူပြောသည်။

အယ်လ်ဂျာဇီးယား သတင်းဌာနသည် BIDV, AIA နှင့် KEB Hana Bank တို့ကိုလည်း ဆက်သွယ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများအကြား မြန်မာစစ်တပ်ပိုင်လုပ်ငန်းများအနေနှင့် နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ် အသုံးပြုနိုင်ရေးတွင် အင်းဝဘဏ်သည် အရေးပါသော အခန်းမှ ပါဝင်နေကြောင်း ၂၀၁၉ ခုနှစ်က ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ၏ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွက် ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် MEC ကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း ထိပ်တန်းစီးပွားရေး နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ ဂျပန်၊ စင်္ကာပူနှင့် တောင်ကိုရီးယားတို့က ထိုလုပ်ငန်းစုကြီးကို အရေးယူခြင်း မရှိကြပေ။

နိုင်ငံတကာဘဏ်များသည် အင်းဝဘဏ်နှင့် မြန်မာစစ်တပ်လုပ်ငန်းစုများကို အထီးကျန်ထားပြီး စစ်တပ်၏ ဝင်ငွေရင်း မြစ်ကို ဖြတ်တောက်ရာတွင် ညှိနှိုင်းဆောင်ရွက်သည့် နည်းလမ်းကို သုံးရန် အစိုးရများ၏ ပျက်ကွက်မှုကို ပြသနေကြောင်း Justice for Myanmar ကပြောသည်။

မြန်မာစစ်တပ်ဘဏ်တွေနဲ့ ငွေပေးငွေယူတွေကို ဘဏ်တွေက ချက်ခြင်း ပိတ်ပင်ရမယ်။ ဒီလိုမလုပ်ရင်တော့ နိုင်ငံတကာ ရာဇဝတ်မှုမှာ ကြံရာပါဖြစ်မယ်”ဟုလည်း Justice for Myanmar ကပြောသည်။

မြန်မာစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလတွင် ဖြုတ်ချပြီးနောက် အရပ်သား ၂၄၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း မြန်မာပြည်အခြေအနေများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် လူ့အခွင့်အရေးလှုပ်ရှားသူများ ပြောသည်။

ကိုးကား။ ။ Al Jazeera မှ Big banks face scrutiny over business with Myanmar lender

You may also like these stories:

FATF အမည်ပျက်စာရင်းကြောင့် စင်ကာပူမှ စက်သုံးဆီတင်သွင်းမှု ခက်ခဲသွားမလား

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြား

Your Thoughts …
Tags: MECစစ်တပ်ပြည်ပဘဏ်ကြီးများသြစတြေးလျအင်းဝဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.5k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

Next Post
CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

စစ်ကောင်စီအောက် ဒုစရိုက်မှုတွေ ကြီးစိုးလာတဲ့ ရန်ကုန်

KIA သည် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်ကွပ်မှုကြောင့် တိမ်းရှောင်လာသည့် CDM ဝန်ထမ်းများအပြင် စစ်ကောင်စီအား နိုင်ငံရေးအရသာမက စစ်ရေးအရပါ အံတုသူများကို ကာကွယ်စောင့်ရှောက်ပေးခဲ့၏

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved