• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်ဝမ်အာဏာရပါတီ ဒေသဆိုင်ရာ ရွေးကောက်ပွဲရှုံးခြင်းက တရုတ်နှင့်တင်းမာမှု လျော့ကျနိုင်

by ဧရာဝတီ
30 November 2022
in သတင်း
A A
ရှုံးနိမ့်ရခြင်းသည် ပါတီ၏ လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း သမ္မတ ချိုင် အင်းဝန်က ပြောသည်  / AFP

ရှုံးနိမ့်ရခြင်းသည် ပါတီ၏ လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း သမ္မတ ချိုင် အင်းဝန်က ပြောသည် / AFP

2.8k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကျင်းပသည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ထိုင်ဝမ် အာဏာရပါတီ ပြတ်ပြတ်သားသား အရေးနိမ့်သွာခြင်းသည် တရုတ်နှင့် စစ်ရေးပဋိပက္ခဖြစ်နိုင်သည့် အလားအလာကို လျှော့ချပေးလိုက်သည်ဟု နိုင်ငံရေးသုတေသီများက ပြောသော်လည်း တရုတ်၏ ပိုမို သိမ်မွေ့သော ဖိအားပေးခြင်းကို ခံရနိုင်သည်ဟု အချို့က သုံးသပ်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မဲဆန္ဒရှင်များသည် အာဏာရ ဒီမိုကရက်တစ် တိုးတက်သောပါတီ (DPP) ကို ပြတ်ပြတ်သားသား ရှုတ်ချလိုက်သောကြောင့် ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းအား ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရစေသည်။ ဘေဂျင်းကို ပိုမိုချစ်ကြည်ရင်းနှီးပုံရသော အတိုက်အခံ အမျိုးသားရေးပါတီ (NP) သည် ထိုင်ဝမ်တဝန်းမှ မြို့တော်ဝန် ရွေးကောက်ပွဲ အများအပြားတွင် အကြီးအကျယ် အနိုင်ရသည်။

ရာထူးသက်တမ်း ကန့်သတ်ချက်ကြောင့် ၂၀၂၄ ခုနှစ်တွင် နုတ်ထွက်ရမည့် ဆိုင်းအင်ဝမ်းက ဒေသဆိုင်ရာ နိုင်ငံရေးတွင် ရှုံးနိမ့်ရခြင်းသည် ပါတီ၏ လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း ရွေးကောက်ပွဲရလဒ်များ ထွက်လာပြီးနောက် တိုတောင်းသော မိန့်ခွန်းတွင် ပြောသည်။

ထိုင်ဝမ်ဒေသဆိုင်ရာ ရွေးကောက်ပွဲများသည် အစဉ်အလာအားဖြင့် စားဝတ်နေရေး ကိစ္စများကိုသာ အာရုံစိုက်သောကြောင့် တိုးတက်သော ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်ခြင်းသည် တရုတ်နှင့် အဆင်မပြေသော ဆက်ဆံရေးထက် ကိုဗစ်နိုင်တင်း ပိတ်ပင်မှုများ ရုတ်သိမ်းရန် နှောင့်နှေးခြင်း၊ ထိုပိတ်ပင်မှုများကြောင့် ဝန်ဆောင်မှုကဏ္ဍကို ထိခိုက်ခြင်းစသည့် ပြည်တွင်းပြဿနာများနှင့် ပိုမိုသက်ဆိုင်ကြောင်း သုတေသီများက ပြောသည်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် မဲပေးကြစဉ် / CNA

ရွေးကောက်ပွဲမတိုင်မီ ယခုလအစောပိုင်းက ထိုင်ဝမ်ပြည်သူ့အမြင် ဖောင်ဒေးရှင်းက ပြုလုပ်သည့် စစ်တမ်းတွင် အစိုးရက ကပ်ရောဂါကို ကိုင်တွယ်ပုံနှင့် ပတ်သက်သော မေးခွန်းတခု၌ ထိုင်ဝမ်သား ၄၂ ဒသမ ၆ ရာခိုင်နှုန်းက အစိုးရကို အောင်မှတ်မပေးခဲ့ပေ။

“ဒါကြောင့် တိုးတက်သော ဒီမိုကရက်တစ်ပါတီရဲ့ တရုတ်ဆိုင်ရာမူဝါဒ ရှုံးတယ်လို့ ကောက်ချက်ချ မရဘူး” ဟု သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ထိုင်ဝမ်လေ့လာရေး ဘာသာရပ် သင်ကြားပေးသူ ဝန်တိဆန်က ပြောသည်။

မည်သို့ဆိုစေကာမူ ထိုင်ဝမ်ကို တရုတ်နိုင်ငံ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပြီး ထိုင်ဝမ်ကို ထိန်းချုပ်ရန် ကတိပြုသော ဘေဂျင်းနှင့် တင်းမာမှုများသည်လည်း ရွေးကောက်ပွဲအပေါ် သက်ရောက်မှုများရှိသည်။ သြဂုတ်လတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီ ပလိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် ထိပ်တိုက်တွေ့နိုင်သည့် စိုးရိမ်မှုများ မြင့်မားလာသည်။ ထိုခရီးစဉ်ကို တရုတ်က ဒုံးကျည်များ ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခြင်းတို့ဖြင့် ထိုင်ဝမ်ကို ယာယီ ဝိုင်းပတ်ပိတ်ဆို့သည့် ပုံစံများ ပြုလုပ်တုံ့ပြန်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ရွေးကောက်ပွဲရလဒ်များသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အတွက် တင်းမာမှု လျှော့ချရန် နည်းလမ်းတခု ဖြစ်နိုင်ကြောင်း မစ္စတာ ဆန်နှင့် အခြား နိုင်ငံရေး သုတေသီများက ပြောသည်။

“ထိုင်ဝမ်ဟာ လွတ်လပ်ရေးကို မလွှဲမရှောင်သာ ရောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက် နည်းနည်းပဲဖြစ်ဖြစ် တရုတ်က ရှာဖွေနေတာ” ဟု ဝါရှင်တန် ဒီစီရှိ ဂျာမန် မာရှယ်ရန်ပုံငွေအဖွဲ့၏ အာရှအစီအစဉ်မှ ထိုင်ဝမ်နှင့် တရုတ်ရေးရာကျွမ်းကျင်သူ ဘွန်နီ ဂလက်စာက ပြောသည်။ “ကူမင်တန် မကျဆုံးဘဲ ပါတီတခုအဖြစ် မရပ်တည်နိုင်တာ မဟုတ်ဘူးလို့ သူတို့ကောက်ချက်ချတာ ကျမအမြင်မှာ ကောင်းတယ်” ဟု သူကပြောသည်။ ကူမင်တန်ဆိုသည်မှာ အတိုက်အခံ အမျိုးသားရေးပါတီကို ဆိုလိုပြီး ထိုပါတီသည် တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို လိုလားသောပါတီဖြစ်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ထိုင်ဝမ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ဘေဂျင်းရှိ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရသူက ထိုရလဒ်သည် ထိုင်ဝမ်ပြည်သူများ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်လိုသည့် ဆန္ဒကြောင့်ဖြစ်ကြောင်း ပြောသည်။

“ထိုင်ဝမ်က မျိုးချစ်တွေနဲ့ ဆက်လက်ညီညွတ်ပြီး ရေလက်ကြား ဆက်ဆံရေးမှာ ငြိမ်းချမ်းသော ဖြစ်ပေါ်တိုးတက်မှုကို ပူးပေါင်းအားပေးမယ်” ဟု ထိုပြောခွင့်ရသူ အမျိုးသမီးက စာဖြင့်ထုတ်ပြန်ချက်တခုတွင် ပြောကြောင်း ဖော်ပြပြီး ထိုင်ဝမ်လွတ်လပ်ရေးနှင့် ပတ်သက်သည့် ဘေဂျင်း၏ သဘောထားကို ထပ်မံပြောကြားသည်။

ဟူစတန်ရှိ စိန့်သောမတ် တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ယာယိုယွန်က ထိုရွေးကောက်ပွဲရလဒ်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် တရုတ်လိုလားသော ကိုယ်စားလှယ်လောင်းများကို မဲပေးရန် မဲဆန္ဒရှင်များကို စည်းရုံးရေးအတွက် ဝါဒဖြန့်စစ်ဆင်ရေးနှင့် စီးပွားရေးမက်လုံးပေးမှုများကို ပိုမိုလုပ်ရန် တရုတ်ကို အားပေးနိုင်ဖွယ်ရှိကြောင်း ပြောသည်။

ထိုင်ဝမ်သည် ကမ္ဘာ့သတင်းမှားများ၏ ထိပ်တန်းပစ်မှတ် ဖြစ်နေကြောင်း သတင်းမှားများနှင့် ပတ်သက်ပြီး နှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်နေသည့် ဆွီဒင် သုတေသနဌာနဖြစ်သည့် V-Dem က ဖော်ပြထားသည်။ ထိုသတင်းမှား အများစုသည် တရုတ်မှ လာကြောင်း ထိုင်ဝမ်အရာရှိများက ပြောသည်။

ယခုရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်သည် နှိုင်းယှဉ်ချက်အားဖြင့် နည်းပြီး မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ မဲပေးကြသည်။ ထိုင်ဝမ် မြောက်ပိုင်းသားများသည် မိုးရေထဲတွင် မဲပေးကြရသည်။ နိုင်ငံရေးသုတေသီများက မဲဆွယ်မှု အပြုသဘော မဆောင်ခြင်းနှင့် ရွေးကောက်ပွဲအပေါ် လူထုငြီးငွေ့မှုကို အပြစ်တင်ကြသည်။

အတိုက်အခံ ကူမင်တန်ပါတီသည် ထိုင်ဝမ်တလွှားမှ မြို့တော်ဝန်ရွေးကောက်ပွဲ တဒါဇင်ကျော်တွင် အနိုင်ရသော်လည်း ထိုအောင်ပွဲများမှာ အတိုက်အခံအပေါ် လူထုထောက်ခံမှုကို မထင်ဟပ်ဘဲ တိုးတက်သော ဒီမိုကရက်တစ်ပါတီကို လိုလားသည့် လူငယ်မဲဆန္ဒရှင်များ မဲပေးမှုနည်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း မစ္စ ဂလက်စာက ပြောသည်။ “ကူမင်တန်က အရမ်းအင်အားကောင်းပြီး ထိုင်ဝမ်လူထုက ထောက်ခံတယ်လို့ ထင်ရင် အခြားနိုင်ငံတွေအတွက် အမှားဖြစ်မယ်” ဟု ၎င်းကပြောသည်။

အတိုက်အခံ ကူမင်တန် အမျိုးသားရေးပါတီ (NP) ကိုထောက်ခံသူများ / Bloomberg

နိုဝင်ဘာ ၂၆ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကြောင့် ကျင်းပရန် ၂ နှစ်ပင် မလိုတော့သည့် အရေးပါသော ရွေးကောက်ပွဲအတွက် သမ္မတလောင်း အမည်စာရင်းတင်သွင်းခြင်း ပိုမိုလျင်မြန်လာနိုင်သည်။ ဒု သမ္မတ ဝီလျံ လိုင်ချင်တိသည် လာမည့်သမ္မတရွေးကောက်ပွဲအတွက် တိုးတက်သော ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။ လက်တွေ့ကျသော ထိုင်ဝမ်လွတ်လပ်ရေးအတွတ် အလုပ်လုပ်မည်ဟု မစ္စတာ လိုင်၏ ယခင်က ပြောဆိုချက်များသည် တရုတ်ခေါင်းဆောင်များကို စိတ်ပူပန်စေပြီး သူရွေးကောက်ခံရပါက ဘေဂျင်းနှင့် တင်းမာမှုတိုးလာမည်ဟု သုတေသီများက ပြောသည်။

မစ္စတာ လိုင်သည် မကြာသေးမီက လေသံလျှော့လာပြီး အလယ်အလတ်လမ်းစဉ် လိုက်လာပုံရသော်လည်း သူ၏ ပြန်လည်ဖွင့်ဆိုချက်များကို လက်ခံရန် ဘေဂျင်းက အချိန်ယူရမည်ဖြစ်သည်ဟု သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ဆန်က ပြောသည်။

သမ္မတ ဆိုင်းအင်ဝမ်းသည် တရုတ်နှင့်ဆက်ဆံရေးတွင် လမ်းကြောင်းရှာရန် ကျွမ်းကျင်သလို ဝါရှင်တန်နှင့် တိုင်ပေဆက်ဆံရေး အရေးပါမှုကိုလည်း နားလည်သည်ဟု မစ္စ ဂလက်စာက ပြောသည်။ သူ့ကို ဆက်ခံသူ ရွေးချယ်ရာတွင် မူလအနေအထားကို ထိန်းသိမ်းထားနိုင်ပြီး အခြေအနေအကြီးအကျယ် အပြောင်းအလဲ မဖြစ်စေမည့်သူတဦးကို ရွေးလျှင် အမေရိကန်နှင့် ထိုင်ဝမ် နှစ်ဘက်အကျိုးရှိမည်ဟုလည်း သူကပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ရွေးကောက်ပွဲအတွင်း တွေ့ဆုံမေးမြန်းမှုများတွင် မဲဆန္ဒရှင်များက ပြည်တွင်း ပြဿနာများသည် မဲဆန္ဒကို ဆုံးဖြတ်ရာတွင် အခြေခံဖြစ်ကြောင်းပြောသည်။ ကျန်းမာရေးဌာနတခုတွင် အလုပ်လုပ်သော အသက် ၃၄ နှစ်အရွယ် ဂျင်နီ ချန်းက သူသည် အာဏာရပါတီမှ မြို့တော်ဝန်လောင်း ချန်ရှစ်ချောင်ကို မဲပေးခဲ့ကြောင်း ပြောသည်။ ထိုမြို့တော်ဝန်လောင်းသည် ထိုင်ဝမ်၏ ကိုဗစ်နိုင်တင်း တုံ့ပြန်မှုကို ဦးဆောင်သည့် ကျန်းမာရေး ဝန်ကြီးဟောင်းဖြစ်သည်။

“သူက ကျမတို့နဲ့ အတူရပ်တည်တဲ့ ကျမတို့လို ကျန်းမာရေးဝန်ထမ်း ဖြစ်တယ်” ဟု သူက ပြောပြီး ကပ်ရောဂါကို မစ္စတာ ချန် ကိုင်တွယ်ပုံအား ထောက်ခံကြောင်း ပြောသည်။

ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ကိုင်သည့် အသက် ၅၀ အရွယ် တိုင်ပေမှ နီနာ ချန်းက ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခဖြစ်နိုင်ခြေကို စိုးရိမ်သောသောကြောင့် ကူမင်တန်၏ တရုတ်နှင့် ချစ်ကြည်သော မြို့တော်ဝန်လောင်း ချိုင်ဝန်အန်ကို မဲပေးကြောင်းပြောသည်။ ရွေးကောက်ပွဲတွင် ထိုမြို့တော်ဝန်လောင်း အနိုင်ရသည်။

“ကျမအတွက် အရေးအကြီးဆုံးက ရေလက်ကြား ငြိမ်းချမ်းရေးပဲ။ ဒါက ကျမတို့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နေတယ်” ဟု မစ္စ ချန်းက ပြောသည်။

ကိုးကား။ ။ The Wall Street Journal သတင်း Taiwan Ruling Party’s Election Drubbing Could Ease Tensions With China

You may also like these stories:

ထိုင်ဝမ်အရေး ဘိုင်ဒင်နှင့် ရှီ ဘာလီတွင် အကြိတ်အနယ် ဆွေးနွေး

အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း

ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ

ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်

Your Thoughts …
Tags: DPPNPကူမင်တန်တရုတ်ထိုင်ဝမ်ရွေးကောက်ပွဲအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
မန္တလေး ကျွဲဆည်ကန်ကားကွင်း အတွင်းမှ အဝေးပြေးယာဉ်တချို့ / ဧရာဝတီ

ခရီးသည်နည်း၍ အဝေးပြေးယာဉ်လိုင်းတချို့ အစီးရေ လျှော့ချပြေးဆွဲ

ဖရူဆိုမြို့အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများ  / CJ

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာခွင့် ပိတ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved