• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေ

by ဧရာဝတီ
7 December 2022
in သတင်း
A A
ယမန်နေ့ ညနေပိုင်းက ပစ်ခတ်မှုအတွင်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှ ဆန်ခါရွာ ဘောလုံးကွင်းအတွင်း ကျသည့် မပေါက်ကွဲသည့် လက်နက်ကြီးကျည်တလုံး / CJ

ယမန်နေ့ ညနေပိုင်းက ပစ်ခတ်မှုအတွင်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှ ဆန်ခါရွာ ဘောလုံးကွင်းအတွင်း ကျသည့် မပေါက်ကွဲသည့် လက်နက်ကြီးကျည်တလုံး / CJ

3.3k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတဝိုက်တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသလို လက်ရှိအခြေအနေတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မှော်ဘုံ(မဒဲယန်) ဆန်ခါ၊ ဆိုင်းရာ၊ မဇွပ်ယန်၊ မှော်စီစာ၊ ကုဋေ စသည့် ကျေးရွာများအနီးသို့ ယမန်နေ့ ယနေ့ ည ၈ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများမှာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် မှော်စီစာကျေးရွာအနီးမှ တရားမဝင် ကျောက်စိမ်းတူးဖော်နေသော တူးဖော်ရေးလုပ်ငန်း များလည်း လုပ်ငန်းရပ်နားကာ စက်ယန္တရားများသိမ်းဆည်းရပြီး လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာဖွေ နေကြသူများလည်း ထွက်ပြေးနေကြရကြောင်း ဒေသခံတဦးက ဆိုသည်။

ဖားကန့်ဒေသခံတဦးက “ဒီနေ့ကတော့ တိုက်ပွဲ ဖြစ်သံမကြာပေမယ့်လည်း ပစ်သံခတ်သံတော့ တချက်တချက် ကြား နေရတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးသောကြောင့် မှော်ဘုံကျေးရွာအနီးတွင် ယင်းနေ့ ညနေ ၅ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန် ရေး အင်အားစုများထံမှ သိရသည်။

ထို့ပြင် လတ်တလော၌ ဖားကန့်ဒေသတွင် စစ်ရေး အခြေအနေတင်းမာလျက်ရှိသလို စစ်ကောင်စီဘက်ကလည်း လက် နက်ကြီးများဖြင့် ပစ်ခတ်နေမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့်ဒေသခံတဦးက “စစ်တပ်ကလည်း ကျည်ဆန်ပေါနေတော့ တအုန်းအုန်းနဲ့ကို ပစ်တော့ လူတွေလည်း ဘယ်သူမှကို မထွက်ရဲကြဘူး။ ညပိုင်းမှာ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဆန်ခါရွာက ဓမ္မာရုံပေါ်ကို လက်နက်ကြီး ကျတယ်၊ ကံကောင်းတာက ဘယ်သူမှ မထိခိုက်ဘူး၊ မှော်ဘုံရွာဒေသခံတွေ ရှောင်နေကြတဲ့နေရာပါ၊ နောက် ဒွမ်ဘုံးကျေးရွာက စပါးရိတ်နေတဲ့ ဒေသခံ ၅ ယောက်ကို စစ်တပ်က ဖမ်းခေါ်သွားကြတယ်၊ ဒီနေ့အထိ စစ်ရေး တင်းမာနေဆဲ အခြေအနေမှာပဲ ရှိနေတယ်” ဟု ပြော သည်။

ဆက်လက်၍ ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီခန့်တွင် မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီးကျောင်းဝင်းအတွင်း ဒေသခံ ၃၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းသည့် စစ်ကောင်စီ တပ်မ ၃၃ မှ အင်အား ၈၀ ခန့်အား KIA တပ်မဟာ ၉၊ အမှတ်၆ တပ်ရင်း၊ တပ်ဖွဲ့များမှ သွားရောက် ဝိုင်းဝန်း တိုက်ခိုက်သောကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲ အသေးစိတ် အခြေ အနေနှင့် သေဆုံးမှုများကိုမူ လက်ရှိအချိန်ထိ မသိရှိရသေးကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်တဦးထံမှ သိရ သည်။

ဖားကန့်ဒေသသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၁ ရက်က ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အနီးရှိ ခင်တောင်ရွာမှ အမျိုးသား ၃၀ ခန့်ကို သေနတ်ထောက်ပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကာ ယင်းကဲ့သို့ ဖမ်းဆီးနေခြင်း မှာ လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေ ဖားကန့်မြို့ ကလပ်ကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၂ရက် ညပိုင်းကလည်း အင်အား၂၀ ခန့်ဖြင့် ဧည့်စာရင်းစစ်ရန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KIA ၊ PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ ရှိခဲ့သလို ယင်းနေ့မှာပင် KIA တပ်မဟာ ၉၊တပ်ရင်း ၄၄ နယ် မြေတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဈေးဝယ်လာစဉ် အပြန်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား၂ ဦး ဒဏ်ရာရခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

You may also like these stories:

ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

Your Thoughts …
Tags: စစ်ဘေးရှောင်တိုက်ပွဲဖားကန့်လုံးခင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်မှာ အပစ်ရပ်ပြီးနောက် ဖမ်းဆီးခံထားသူများ ပြန်လွှတ်ဖွယ်ရှိ

MNDAA တပ်မဟာ ၃၁၁ မှ တပ်ဖွဲ့ဝင်များ  /  The Kokang

လောက်ကိုင်တွင် တိုက်ပွဲများ ကျယ်ပြန့်လာမည်ကို ဒေသခံများ စိုးရိမ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved