• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်တာနက်မှတဆင့် အနမ်းပေးနိုင်ပြီ

by ဧရာဝတီ
1 March 2023
in သတင်း
A A
အနမ်းနှင့်အတူ အသုံးပြုသူ၏ အသံကိုလည်း ထုတ်လွှင့်ပေးနိုင်သည်။

အနမ်းနှင့်အတူ အသုံးပြုသူ၏ အသံကိုလည်း ထုတ်လွှင့်ပေးနိုင်သည်။

5k
VIEWS
Share on FacebookShare on Twitter

အဝေးရောက်ချစ်သူထံ အနမ်းပေးပို့လိုပါက နွေးထွေးလှုပ်ရှားနေသော ဆီလီကွန်နှုတ်ခမ်းများ ပါဝင်သည့် တရုတ်နိုင်ငံလုပ် ထူးဆန်းသော စက်ကိရိယာကို အသုံးပြုနိုင်သည်။

ဝေးကွာနေသော စုံတွဲများကို ပကတိရုပ်ပိုင်းထိတွေ့မှု ပေးနိုင်သည်ဟု ကြော်ငြာထားသည့် ထိုစက်အကြောင်းကို တရုတ်လူမှုကွန်ရက်တွင် လူပြောများနေပြီး ထူးထူးဆန်းဆန်း ဖြစ်နေသလို အံ့သြတုန်လှုပ်နေကြသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
38
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
168
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
614

ဖိအားအာရုံခံကိရိယာများနှင့် လှုပ်ရှားစေသည့်ကိရိယာများ တပ်ဆင်ထားသည့် ထိုစက်သည် အသုံးပြုသူ၏ နှုတ်ခမ်းများမှ ဖိအား၊ လှုပ်ရှားမှုနှင့် အပူချိန်တို့ကို ရယူပြီး အနမ်းအစစ်ကို ဖန်တီးပေးနိုင်သည်ဟု ဆိုသည်။

အနမ်းနှင့်အတူ အသုံးပြုသူ၏ အသံကိုလည်း ထုတ်လွှင့်ပေးနိုင်သည်။

လူမှုကွန်ရက်အသုံးပြုသူ အများအပြားက ထိုကိရိယာကို ဟာသအမြင်ဖြင့် မြင်သူများရှိသလို မလျော်ကန် မသင့်မြတ်ဟု ယူဆသူများလည်းရှိသည်။ အချို့က ထိုစက်ကို ကလေးများ ဝယ်ယူအသုံးပြုမည်ကို စိုးရိမ်နေကြသည်။

“အဲဒီစက်ကို ကျနော် နားမလည်နိုင်ဘူး။ ဒါပေမယ့် တော်တော် တုန်လှုပ်သွားတယ်” ဟု လူမှုကွန်ရက် Weibo တွင် ရေးသားသူတဦးက မှတ်ချက်ပေးသည်။

တရုတ်နိုင်ငံတွင် Twitter သဖွယ် အသုံးပြုသည့် Weibo လူမှုကွန်ရက်တွင် လွန်ခဲ့သော အပတ်အတွင်း ထိုကိရိယာအကြောင်း ရေးသားမှု သန်းရာချီ ရှိခဲ့သည်။

ဝေးကွာနေသော စုံတွဲများကို ပကတိရုပ်ပိုင်းထိတွေ့မှု ပေးနိုင်သည်ဟု ကြော်ငြာထားသည်

အနမ်းတခုပေးပို့ရန်အတွက် ထိုစက်ကို အသုံးပြုသူများသည် မိုဘိုင်းဖုန်း အပလီကေးရှင်းတခုကို ဒေါင်းလုပ်လုပ်ရပြီး ဖုန်းအားသွင်းသောအပေါက်နှင့် စက်ကို ချိတ်ဆက်ရသည်။ ထို့နောက် ချစ်ခင်သူနှင့် အပလီကေးရှင်းတွင် ချိတ်ဆက်ပြီး ဗီဒီယို ခေါ်ဆိုကာ တဦးနှင့်တဦး အနမ်းပေးရသည်။

တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာ၏ အဆိုအရ ထိုတီထွင်မှုကို Changzhou Vocational Institute of Mechatronic Technology က မူပိုင်ခွင့် မှတ်ပုံတင်ထားကြောင်း သိရသည်။

“ကျနော့်တက္ကသိုလ်မှာ ချစ်သူက အဝေးမှာရောက်နေတော့ ဖုန်းနဲ့ပဲဆက်သွယ်နေရတာ။ ဒါကြောင့် ဒီကိရိယာကို တီထွင်ဖို့ စိတ်ကူးရတာ” ဟု ထိုစက်ကို ဦးဆောင်တီထွင်သူ ကျောင်ကျုံလီက ပြောသည်ဟု ဂလိုဘယ်တိုင်းမ်က ရေးသားသည်။

ကျောင်ကျုံလီသည် ထိုကိရိယာကို ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်မှတ်ပုံတင်သော်လည်း ထိုမူပိုင်ခွင့်သည် ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသောကြောင့် တစုံတဦးက ထိုကိရိယာကို ပိုမိုတိုးချဲ့ ကောင်းမွန်အောင်လုပ်မည်ဟု မျှော်လင့်နေသည်။

အလားတူ တီထွင်မှုတခုဖြစ်သည့် Kissinger ကို မလေးရှားမှ Imagineering Institute က ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ သို့သော် ထိုကိရိယာမှာ ထိတွေ့မှုကို ခံစားနိုင်သည့် ဆီလီကွန်ပြားတခုသာဖြစ်ပြီး အနမ်းအစစ်နှင့် မတူလှပေ။

အဝေးမှချစ်သူနှင့် ထိတွေ့ဆက်ဆံသည့် ကိရိယာအဖြစ် ကြော်ငြာထားသော တရုတ်မှကိရိယာသည် အပလီကေးရှင်းမှ “အနမ်းရင်ပြင်” တွင် အခြားသူစိမ်းများနှင့်လည်း ချိတ်ဆက်ပြီး အမည်မဖော်ပြသော အနမ်းများပေးနိုင်သည်။ တဦးနှင့်တဦး မသိသူနှစ်ဦး အောင်မြင်စွာ ချိတ်ဆက်ပြီး တဦးနှင့်တဦး နှစ်သက်ပါက အနမ်းဖလှယ်ရန် ပြောဆိုနိုင်သည်။

အသုံးပြုသူများအနေဖြင့် အနမ်းများကို အပလီကေးရှင်းတွင် တင်ထားပေးပြီး အခြားသူများ ဒေါင်းလုပ်ရယူခံစားရန်လည်း ထိုကိရိယာက ခွင့်ပြုသည်ဟုဆိုသည်။

တရုတ်နိုင်ငံတွင် အကြီးမားဆုံး အွန်လိုင်းဈေးရောင်းသောဆိုက်ဖြစ်သည့် Taobao တွင် ဒါဇင်ပေါင်းများစွာသော အသုံးပြုသူများက ၂၈၈ ယွမ် (အမေရိကန်ဒေါ်လာ ၄၁ ဒေါ်လာ) တန်သည့် ထိုကိရိယာအပေါ် သုံးသပ်ချက်များကို ရေးသားနေကြသည်။

“ကျနော့်ချစ်သူက အဝေးရောက် အနမ်းပေးလို့ရတယ်ဆိုတာကို ပထမတော့ မယုံဘူး။ ဒါကြောင့် သူသုံးကြည့်ပြီး အရမ်းအံ့သြသွားတယ်။ ဒါက ကျနော်တို့ အဝေးရောက်ဆက်ဆံရေးမှာ အံ့သြစရာအကောင်းဆုံးကို ဖြစ်စေတယ်” ဟု အသုံးပြုသူတဦးက ရေးသားသည်။

“ကျေးဇူးတင်ပါတယ် နည်းပညာရေ” ဟုလည်း သူက ရေးသားသည်။

ကိုးကား ။ ။ CNN သတင်း This Chinese kissing device lets you smooch over the internet

You may also like these stories :

အဆင်ပြေ ပျော်ရွှင်နေတဲ့ ချစ်သူစုံတွဲ တွေမှာ ဘယ်လို အချက်တွေ ရှိနေသလဲ

“ချစ်သူများနေ့”မှာ ချောကလက် ဘာကြောင့် လက်ဆောင်ပေးကြလဲ

Your Thoughts …
Tags: Kissingerတရုတ်နည်းပညာမိုဘိုင်းဖုန်းလူမှုကွန်ရက်အင်တာနက်အနမ်းပေးစက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကယားပြည်နယ်တွင် မြန်မာစစ်တပ်သုံး M 14 မိုင်းတလုံး ရှင်းလင်းတူးဖော်ရရှိစဉ် / AFP

ကန့်ဘလူနယ်တွင် တနေ့တည်း ဒေသခံ ၉ဦး မိုင်းထိ၊ ကလေးတဦး သေဆုံး

ရွာကို မီးရှို့ခံရပြီးနောက် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြကြသော အညာက ရွာသူရွာသားများ

မီးရှို့ခံနေရသော တောင်သူလယ်သမားနေ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate