• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းက မြန်မာလုပ်သား သုံးသိန်း ခေါ်ယူမည့်အပေါ် စိုးရိမ်မှုများရှိနေ

by ဧရာဝတီ
20 April 2023
in သတင်း
A A
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

2.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလုပ်သား သိန်းနှင့်ချီ ရှိနေချိန်တွင် ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က မြန်မာလုပ်သား သုံးသိန်းကျော်ခေါ်ယူမည်ဟု ထုတ်ပြန်ခဲ့သည့်အပေါ် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက စိုးရိမ်မှုရှိနေကြသည်။

ကိုဗစ်ကန့်သတ်ချက်များကို ဖျက်သိမ်းလိုက်ပြီးနောက်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီး လုပ်သားလိုအပ်ချက် သုံးသိန်းကျော်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ( FTI) ၏ ဒုတိယဥက္ကဌ Mr. Suchat Chantaranakharat က ယခုလအတွင်း ပြောကြားခဲ့သည်။

ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ ဒီနှစ်မှာမှ လုပ်သားဦးရေကို လျှော့ချတာထိပါ ကြုံတွေ့လာရတဲ့ အခြေအနေမျိုးမှာ အခုလိုမျိုး သူ့ရဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လုပ်သား ၃ သိန်းကျော် ထပ်မံလိုအပ်တယ်လို့ ပြောလာတာက နိုင်ငံတွင်းမှာ ရှိနေပြီးသား လုပ်သားတွေရဲ့ ပုံမှန်အလုပ်အကိုင်တွေကို ချင့်ချိန်ပြီးပေးနေရတဲ့ အနေအထားမျိုးမှာ အသစ်ထပ်မံတိုးလာမယ့် လုပ်သားတွေအတွက် တကယ်ရော လုပ်ငန်းခွင်တွေမှာ အလုပ်အကိုင်တွေကို ပေးနိုင်ပါ့မလား။ အဲဒါကို စိုးရိမ်ပါတယ်“ ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း မူလရှိပြီး အလုပ်သမားများကို လျှော့ချနေသည့်အခြေအနေတခုတွင် လုပ်သားဦးရေများစွာ ထပ်မံ ရောက်ရှိလာမည်ဆိုပါက အဆိုပါ အလုပ်သမားများအတွက် ပုံမှန်ဝင်ငွေနှင့် အလုပ်အကိုင် ရရှိစေရန် အာမခံ ပေးနိုင်ခြင်း ရှိ၊ မရှိဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဦးအောင်ကျော်က ဆိုသည်။

ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက် တိုးမြင့်လာခြင်းဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီချက် (MoU)စနစ်ဖြင့် နိုင်ငံခြားအလုပ်သမား ပို့ဆောင်မှု ကြန့်ကြာနေခြင်းကိုလည်း အမြန်ဆုံး ဖြေရှင်းရန် ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ( FTI) က ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနသို့ အကြံပြုပြောဆိုထားသည်။

ယခုခေါ်ဆိုမည့် လုပ်သား ၃ သိန်းတွင် MoU စနစ်ဖြင့် ခေါ်ယူမည့်အစီအစဉ် ပါဝင်သလို ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားများကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီး သင့်တော်သည့် အလုပ်များတွင် ထည့်သွင်းခန့်ထားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာပြည်တွင်း စစ်တပ်၏ အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာသည့်အချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားဝင်အနေဖြင့်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာခဲ့ပြီး ယခုကဲ့သို့ လုပ်သားခေါ်ယူမည်ဆိုသောသတင်းများကြောင့်လည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
90
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

ဦးခိုင်ကြီးက “မြန်မာနိုင်ငံဘက်မှာ ဒီသတင်းကြီးပျံ့သွားရင် ပိုက်ဆံတွေကြိုကောက်ဖို့ အခွင့်သာသွားတာပေါ့။ MoU နဲ့ လာလို့ရမယ်ဆိုတဲ့ သတင်းဖြန့်လိုက်တာနဲ့ လယ်တွေခြံတွေအကုန်လုံး ပေါင်ပြီးပေးကြတာပေါ့။ သူတို့အတွက် အခွင့်အရေးရသွားတာပေါ့။ ကြားက ပွဲစားတွေ အေဂျင်စီတွေအတွက် အခွင့်အရေးရသွားတယ်။ ဒါကြီးကို အကြောင်းပြပြီး ပိုက်ဆံတွေစုပြီး အလုပ်သမားတွေပို့မယ်။ အလိမ်ခံရမှာတွေ အများကြီး ပေါ်လာဖို့ရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အလုပ်သမားများကို ထိုင်းနိုင်ငံသို့ MoU အစီအစဉ်ဖြင့် ၂၀၂၂ မေလတွင် ပြန်လည်စေလွှတ်ခဲ့သော်လည်း နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေ မလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ်ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ဖြုတ်ခံရခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေကြရပြီး အလုပ်လက်မဲ့လူဦးရေ သိန်းနှင့်ချီရှိနေကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။

ယခု ဧပြီ ၂ ရက်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စမွတ်ဆာခွန်ရှိ ကျောက်သွေးစက်ရုံတခုမှ MoU မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် မတ် ၂၆ ရက်ကလည်း ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကမ္ဘောဒီးယား နယ်စပ် ဆာကယောက်မြို့ရှိ ကြက်သားစက်ရုံတခုမှ မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ယောက်အား အလုပ်ရှင်သူဌေးက ဒေဝါလီခံရသည်ဆိုကာ လျော်ကြေးငွေမပေးဘဲ အလုပ်ရပ်နားခဲ့သည်။

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ Cal-Comp Electronics စက်ရုံ၌ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MoU) ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁,၀၆၀ ဦးမှာ လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူအင်အားလျှော့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မတ် ၃၀ ရက်တွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ MoU ဖြင့်ဝင်ရောက်ခဲ့သူများ

ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း၌ လုပ်သားများလျော့ချခံနေရသော်လည်း လုပ်သားလိုအပ်ချက် သုံးသိန်းခန့်ရှိသည်ဟု ပြောဆိုနေခြင်းသည် ၎င်းတို့အချင်းချင်းကြားတွင်လည်း သတင်းအချက်အလက် ရှင်းရှင်းလင်းလင်း မရရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်က ပြောသည်။

၎င်းက “အောက်ခြေမှာဖြစ်နေတဲ့ အရာတွေအားလုံးကို အထက်က သိချင်မှသိမှာပဲ။ ဒီနိုင်ငံမှာဆိုရင် ခရိုင် ၇၇ ခုရှိတယ်။ ခရိုင်အလိုက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးပြီးမှ စီမံဆောင်ရွက်ကြတာဆိုတော့ ဘယ်ခရိုင်မှာ လုပ်သားဦးရေ ဘယ်လောက်ပိုလျှံပြီးတော့မှ အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ ဦးရေ ဘယ်လောက်ရှိနေပြီလဲ ဆိုတာကို ဆင့်ကဲဆင့်ကဲ မသိနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ တခြားသောနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေ ၅ သန်း ရှိသည့်အနက် ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်သူ ၃ ဒဿမ ၅ သန်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားပြီး ၂၀၂၂ မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့ အထိ ထိုင်းနိုင်ငံအတွင်းသို့ MoU မြန်မာလုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများဖြင့် ချိတ်ဆက်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

Your Thoughts …
Tags: MOUတရားမဝင်မြန်မာလုပ်သားအလုပ်လက်မဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

by ဧရာဝတီ
7 August 2024
6.2k

ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာသူများကို စစ်ကောင်စီက ပြည်ပပြန်ထွက်ခွင့် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ် ၁ ရက်တွင် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ပြန်လှည့်ခဲ့ရကြောင်း

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
6.2k

အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
မင်းအောင်လှိုင်ကို TIME100 ဟုခေါ်သည့် ဧပြီလအတွင်း ထုတ်ပြန်သည့် "၂၀၂၃ ခုနှစ်အတွက် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀" တွင် ထည့်သွင်းထားသည်

တိုင်းမ်မဂ္ဂဇင်း၏ ဆိုးရွား မှားယွင်းသော အကဲဖြတ်ချက်

အပူဒဏ် ခံနိုင်ကြစေဖို့

အပူဒဏ် ခံနိုင်ကြစေဖို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved