• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထီးချိုင့်အနောက်ခြမ်း တိုက်ပွဲများအတွင်း ကျေးရွာများ မီးရှို့ခံရ

by ဧရာဝတီ
26 April 2023
in သတင်း
A A
ဧပြီလ ၂၄ ရက်နေ့က တောမရွာအား မီးရှို့နေပုံ/ Tigyaing Revolution – TR

ဧပြီလ ၂၄ ရက်နေ့က တောမရွာအား မီးရှို့နေပုံ/ Tigyaing Revolution – TR

8.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် အနောက်ခြမ်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှု များပြားသည် ဆိုသော သတင်းများ ထွက်လာပြီးနောက် ကျေးရွာများ ဆက်တိုက်မီးရှို့ခံနေရကြောင်း သိရသည်။

အင်အား ၁၂၀ခန့်ပါ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်သည် ဧပြီ ၂၀ ရက်ကစတင်ကာ ထီးချိုင့်မြို့ အနောက်ဘက် ၈မိုင်ခန့်အကွာရှိ တောမ၊ ဝဲကြီး၊ မုခ်ဝ၊ ဖုန်ကုန်း၊ မရသိမ်၊ ကျူတောင် စသည့်ရွာများ အပါအဝင် ရွာ ၆ ရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဖုန်ကုန်းရွာကို မီးရှို့သွားကြတယ်၊ အိမ် ၂၀ လောက်ပါသွားတယ်လို့ သိရတယ်၊ ဖုန်ကုန်းကနေ မီးရှို့ပြီးတော့ မရသိမ်ရွာကို ဆက်ဝင်ပြီး ရှို့နေကြတယ်၊ ရွာတွေထဲကနေ ရွှေငွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း သူတို့စိတ်ကြိုက် မွှေနှောက် ရှာဖွေနေကြတယ်လို့ သိရတယ်၊ တပ်တွေကတော့ မပခတပ်( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)တွေရယ်၊ သပိတ်ကျင်းတပ်နယ်က တပ်တွေရယ်၊ ငါးအိုးအခြေစိုက်တပ်တွေပူးပေါင်းပြီးတော့ အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာပါ”ဟု ပြောသည်။

အဆိုပါဒေသသည် ဧရာဝတီမြစ် အနောက်ဖက်ခြမ်းတွင် တည်ရှိပြီး ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ဆက်စပ်နေသလို ရှမ်းပြည်နယ် မိုးမိတ်ခရိုင် မဘိမ်းဒေသများနှင့် ဆက်စပ်နေသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
81
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
22

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
32

ဧပြီ ၂၂ရက်မှစ၍ ထီးချိုင့်မြို့နယ် အနောက်ခြမ်း မင်းဝံတောင်ကြောတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့(PDF)တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂ရက်အကြာတွင် တိုက်ပွဲများ ပိုပြင်းထန်လာသဖြင့် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ၃ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှုးအပါအဝင် ၅၀ ဦးထက် မနည်းသေဆုံးခဲ့သဖြင့် တိုက်လေယာဉ် ၅ စင်းအထိ အသုံးပြုကာ လေကြောင်းမှ တိုက်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

၎င်းက “မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ လက်နက်ကြီးပစ်ကူတွေပါ ပေးခဲ့ရ တဲ့ အထိ ဖြစ်ခဲ့တယ်၊ သူတို့ဘက်က အကျများတော့ လေကြောင်းကနေ တိုက်ခိုက်မှု ၆ ကြိမ်ထိ လုပ်ခဲ့တာ၊ မနက်ပိုင်းမှာ မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၅ စင်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့သလို နေ့လယ်ပိုင်းကျတော့ တံတားဦး က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံးတလုံးစီ ပစ်ချခဲ့တယ်၊ မြေပြင်ကနေလည်း တောမရွာကို မီးရှို့တယ်”ဟု ပြော သည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ဗျူဟာမှူးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှုးကြီး ကိုကိုသက်ဆိုသူဖြစ်ကြောင်း၊ ဧပြီ ၂၄ ရက်နေ့ ညဦးပိုင်းက Mi 17 ရဟတ်ဖြင့် ဗျူဟာမှူး၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများကို သယ်ဆောင် သွား ကြောင်း အတွင်းသတင်းများအရ သိရကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးများက ပြောသော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီက မင်းဝံတောင်ရိုးတကြောကို လေကြောင်းတိုက်ခိုက်မှုနှင့်အတူ မြေပြင်စစ်ကြောင်းများက မီးရှို့နေသဖြင့် ထီးချိုင့်မြို့အနောက်ဘက် ၈မိုင်ခန့်အကွာတွင်ရှိသော တောမ၊ ဝဲကြီး၊ မုခ်ဝ၊ ဖုန်ကုန်း၊ မရသိမ်၊ ကျူတောင်ကျေးရွာမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူတဦးက“ဒေသခံတွေကတော့ စဖြစ်ကတည်းက ဘေးလွတ်တဲ့ နီးစပ်ရာ ရွာတွေနဲ့ တောဘက်တွေမှာ တိမ်းရှောင်နေကြရပါတယ်၊ လက်ရှိမှာက ရာသီဥတုက မမှန်တော့ ကျန်းမာရေးအခက်အခဲ တွေ ရှိတယ်၊ အစားအသောက် အခက်အခဲ နည်းနည်းရှိတယ်၊ သောက်ရေကတော့ အရမ်းကြီး ခက်ခဲတာမျိုး မရှိပါဘူး၊ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေအပြင် မြေပြင်ကလည်း စစ်ကြောင်းက ရွာကို စီးနင်းပြီး မီးရှို့နေကြတော့ ထိခိုက်ဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး၊ ပြည်သူတွေလည်း ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရ တာ တွေ ရှိနိုင်တယ်”ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအချို့မှာ ဗုံးခိုကျင်းများအတွင်း ဝင်ရောက် ပုန်းအောင်းချိန်၌ ဗုံးခိုကျင်း ပြိုကျခဲ့ သဖြင့် စစ်ဘေးရှောင်ကူညီနေသူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးထားရ ကြောင်း သိရသည်။

တောမဒေသခံတဦးက “တိုက်ပွဲစဖြစ်ကတည်းက ကလေး လူကြီး အကုန်လုံးထွက်ပြေးကြရတာ၊ စစ်တပ်က ဝင်လာလို့ ပြေးမိပြေးရာ ပြေးလာကြရတာပဲ၊ အခု သူတို့တွေက ရွာထဲကို ဝင်ပြီး စိတ်ကြိုက်မွှေနှောက် နေကြတယ်၊ မီးရှို့နေကြတယ် လို့ ကြားရတော့ ကျနော်တို့ ရင်ထိတ်နေရတယ်၊ ရွာမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို မီးရှို့ခံရရင် ကျနော်တို့ ဘာမှကို ကျန်မှာ မဟုတ်တော့ဘူး၊ ကူကယ်ရာမဲ့တဲ့အခြေအနေမှာ ဘယ်လိုဆက်ပြီး ရပ်တည်ရမလဲဆိုတာ တွေးတောင် မတွေးရဲဘူး”ဟု ပြောသည်။

ပြီးခဲ့သော ဧပြီလ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပေလမ်းကုန်း၊ကျွန်းတောကုန်းနှင့် ပျဉ်းလေး ပင်ရွာ (၃)ရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရ သည်။

You may also like these stories:

ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

ထီးချိုင့်ဒေသခံများကို စစ်တပ်က ဖမ်းဆီး

Your Thoughts …
Tags: KIAစစ်ကောင်စီတပ်ထီးချိုင့်မြို့နယ်ပကဖဗျူဟာမှူးမီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

Next Post
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ တပ်ဖွဲ့ဝင်များ / KNDF

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၂)

သရက်ချောင်းမြို့နယ်ဆိုင်းဘုတ် / Dawei Watch

ဖမ်းဆီးခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်လာ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved