ကရင်နီဒေသ လက်နက်ကိုင်တိုက်ပွဲများ
ကရင်နီပြည်နယ်သည် နွေဦးတော်လှန်ရေးတွင် တပြည်နယ်လုံး တက်ကြွစွာ ပါဝင်ခဲ့သည့်ပြည်နယ် ဖြစ်သည်။ လက်ရှိ ကရင်နီပြည်နယ်အဖြစ်သတ် မှတ်ထားသော လွိုင်ကော်၊ ရှားတော၊ ဒီးမော့ဆို၊ ဖရူးဆိုး၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ် ခုနစ်ခုတွင်သာမက ကရင်နီလူမျိုး ၉၀ ရာခိုင်နှုန်းကျော်နေထိုင်သည့် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်နှင့် ကရင်နီလူမျိုးများ နေထိုင်မှုရှိသော ပင်လောင်းမြို့နယ်များတွင်ပါ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုများ ဖြစ်နေသည်။
နွေဦးတော်လှန်ရေးကာလ ကရင်နီတွင် တွေ့ရသည်မှာ မူလ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ရှိရာမှ KNPP တခုသာ နွေဦးတော်လှန်ရေးတွင် ဗြောင်အတိအလင်း ခေါင်းဆောင်မှုပေး ရပ်တည်နေပြီး ကလလတနှင့် ကယန်းပြည်သစ်တို့၏ နိုင်ငံရေးအခန်းမှာ မပေါ်လွင်ခဲ့ပေ။ သို့သော်လည်း ကရင်နီပြည်နယ်၏ ထူးခြားချက်မှာ ပြည်နယ်အတွင်းရှိ ကလလတနှင့် ကယန်းပြည်သစ်အပါအဝင် BGF နှင့် ပြည်သူ့စစ် အမည်ပြောင်းထားသည့် အဖွဲ့များသည် အခြားဒေသများကဲ့သို့ မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး ကရင်နီတော် လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်း မပြုကြပေ။
နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်၌ တွေ့ရသည့် ထူးခြားချက်တခုမှာ ကရင်နီနိုင်ငံရေး မျိုးဆက်သစ်များ အားကောင်းမောင်းသန် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၁၄/၂၀၁၅ ခန့်မှစ၍ ကရင်နီတွင် နိုင်ငံရေးလှုပ်ရှားမှုများ အဆက်မပြတ် လုပ်ကိုင်လာခဲ့ကြသည့် ကရင်နီနိုင်ငံရေးမျိုးဆက်သစ်များသည် နွေဦးတော်လှန်ရေးတွင် ကရင်နီအမျိုးသား ကိုယ်ပိုင်လက္ခဏာနှင့် အင်အားစုကြီးတခုအဖြစ် ထွက်ပေါ်လာသည်။
၂၀၁၄/၂၀၁၅ ခန့်မှစ၍ ကရင်နီတွင် နိုင်ငံရေးလှုပ်ရှားမှုများ အဆက်မပြတ် လုပ်ကိုင်လာခဲ့ကြသည့် ကရင်နီနိုင်ငံရေးမျိုးဆက်သစ်များသည် နွေဦးတော်လှန်ရေးတွင် ကရင်နီအမျိုးသား ကိုယ်ပိုင်လက္ခဏာနှင့် အင်အားစုကြီးတခုအဖြစ် ထွက်ပေါ်လာ၏။
ကရင်နီတွင် အခြားဒေသများကဲ့သို့ မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်သည့် အဖွဲ့များစွာ ထွက်ပေါ်ခဲ့သော်လည်း KNDF သည် အခြားအဖွဲ့များထက် သိသာစွာ အားကောင်းသည်။ ဒေသအလိုက် ပေါ်ထွက်လာသော PDF, KRU စသည့် အဖွဲ့များအပြင် KNDF သည် ကရင်နီပြည်နယ်တခုလုံး လက္ခဏာဆောင်သည့် အဖွဲ့အစည်းအဖြစ် ပေါ်ထွက်လာသည်။ ထို့ပြင် မြို့နယ်အလိုက် ဖွဲ့စည်းပေါ်ထွက်လာသော PDF, KRU, KG-Z စသည့်အဖွဲ့များသည်လည်း မြို့နယ်အလိုက် အားကောင်းသည်ဖြစ်ရာ ကရင်နီပြည်နယ်၏ ခုခံစစ်ပွဲသည် ပြင်းထန်သည်။ အဘယ်ကြောင့်ဆိုသော် ကရင်နီဒေသတွင် အခြေစိုက်ထားသော မြန်မာစစ်တပ်သည်လည်း အင်အားမနည်းလှပေ။
ကရင်နီနယ်မြေမှ မြန်မာစစ်တပ်

နယ်မြေသေးငယ်ပြီး လူဦးရေနည်းပါးသော်လည်း ကရင်နီပြည်နယ်အတွင်း မြန်မာစစ်တပ် အခြေစိုက်တပ်ချထားသည်မှာ မနည်းလှပေ။
ကရင်နီပြည်နယ်သည် မြန်မာစစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိသည်။ ရပခ၏ လက်အောက်တွင် လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု အခြေစိုက်သည်။
ကရင်နီပြည်နယ်သည် မြန်မာစစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိသည်။ ရပခ၏ လက်အောက်တွင် လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု အခြေစိုက်သည်။
ရပခ – တောင်ကြီး၊ ဒကစ – လွိုင်ကော်၊ စဗခ – ဘောလခဲတို့သည် ကရင်နီဒေသ လုံခြုံရေးနှင့် စစ်ဆင်ရေးများအား တိုက်ရိုက်တာဝန်ယူထားကြပြီ ၎င်း၏ လက်အောက်တွင် ကရင်နီဒေသအခြေစိုက်တပ်များအဖြစ်
– လွိုင်ကော် – ခလရ ၅၄
– ဖားဆောင်း – ခလရ ၁၃၄၊ ခလရ ၁၃၅
– ဘောလခဲ – ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀
– ဖရူးဆိုး – ခမရ ၄၂၈၊ ခမရ ၅၃၁
– မိုးဗြဲ – ခမရ ၄၂၂
– လောပိတ – ခလရ ၇၂
– လွယ်လင်လေး – ခမရ ၅၃၀ စသည်ဖြင့် ကရင်နီဒေသအတွင်း အခြေစိုက်တပ်ရင်း ၁၁ ရင်း ထားရှိသည်။
ထို့ပြင် အမှတ် ၇ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ ၇) အား ဖယ်ခုံတွင် အခြေစိုက်၍ဖွဲ့ထားသည်။ ကရင်နီဒေသတွင်းရှိ စကခ ၇ လက်အောက်ခံ တပ်များမှာ
– လွိုင်ကော် – ခလရ ၂၅၀၊ ခလရ ၂၆၁
– ဒီးမော့ဆို – ခလရ ၁၀၂
– ဖယ်ခုံ – ခမရ ၃၃၇ ၊ ခမရ ၄၂၁
– ငွေတောင် – ခမရ ၄၂၇ စသည်ဖြင့် အခြေစိုက်တပ်ရင်း ခြောက်ရင်းရှိသည်။
စကခ ၇ လက်အောက်ခံ အခြားတပ်ရင်း လေးရင်းမှာ ကရင်နီဒေသနှင့်ကပ်လျက် ဆီဆိုင်၊ ဘန်းယဉ်တို့တွင် အခြေစိုက်သည်။ စကခ ၇ သည် ဒကစ – လွိုင်ကော်၊ စဗခ – ဘောလခဲတို့ကဲ့သို့ ကရင်နီဒေသ လုံခြုံရေးနှင့်စစ်ဆင်ရေးအတွက် တိုက်ရိုက်တာဝန်မရှိပါ။ စစ်ဆင်ရေးတာဝန်ကျရာ ဒေသများသို့သွားရပြီး နောက်တန်းအခြေစိုက် တပ်ရင်းတွင် ဌာနချုပ်တပ်ခွဲတခွဲသာ ကျန်လေ့ရှိသည်။
ထို့ပြင် လွိုင်ကော်တွင် အမြောက်တပ် – အမတ ၃၅၆၊ အမတ ၃၆၂၊ ငွေတောင်တွင် အမတ ၃၆၀ စသည့် အမြောက်တပ်ရင်း သုံးရင်းအခြေစိုက်သည်။
ထို့ပြင် လွိုင်ကော်တွင် အမှတ် ၃ လေကြောင်းရန်ကာကွယ်ရေး၊ စစ်ဆင်ရေးဌာနချုပ် အခြေပြုထားသည့်အပြင် အမှတ် ၂၀၁၀ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း အခြေစိုက်သည်။ ၇၂၂ ထပရ ခွဲ (ထောက်ပို့)၊ အမှတ် ၆၄၃ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် ၆ အလုပ်ရုံတပ်စု (လျှပ်/စက်)၊ ကုတင် ၁၀၀ ဆန့် အမှတ် ၇ စစ်ဆေးရုံတို့အား လွိုင်ကော်တွင် အခြေပြုသည်။
သို့ဖြစ်ရာ ကရင်နီဒေသတွင် မြန်မာစစ်တပ်သည် ဒကစ တခု၊ စဗခ တခု၊ စကခ တခု၊ ခြေလျင်/ခြေမြန်တပ်ရင်း ၁၇ ရင်း၊ အမတ သုံးရင်း၊ လေကြောင်းရန် တရင်းနှင့် လက်ရုံးတပ်များပါ အခြေစိုက်ဖွဲ့စည်းထားသည်။
နယ်မြေ ပိုကျယ်ပြန့်ပြီး လူဦးရေ ပိုများပြားသည့် ချင်းပြည်နယ်ထက် ကရင်နီဒေသတွင် အခြေစိုက်သည့် မြန်မာစစ်တပ်အရေအတွက် သုံးဆခန့် များပြားသည်ကို တွေ့ရသည်။ နေပြည်တော် လုံခြုံရေးအတွက် ဤသို့များပြားစွာ နေရာချထားပုံရသည်။
ကရင်နီပြည်နယ်ထက် နယ်မြေကျယ်ပြန့်ပြီး လူဦးရေများပြားသည့် ချင်းပြည်နယ်တွင် အခြေချစစ်ဗျူဟာ (စဗခ) နှစ်ခုနှင့် ခြေလျင်/ခြေမြန် တပ်ရင်း ခြောက်ရင်းသာ အခြေစိုက်သည်ဖြစ်ရာ ထိုသို့ နှိုင်းယှဉ်လျှင် ကရင်နီဒေသတွင် အခြေစိုက်သည့် မြန်မာစစ်တပ်အရေအတွက် သုံးဆခန့် များပြားသည်ကို တွေ့ရသည်။ နေပြည်တော် လုံခြုံရေးအတွက် ဤသို့များပြားစွာ နေရာချထားပုံရသည်။
၂၀၂၁/၂၂ ကရင်နီစစ်မျက်နှာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများအား အကြမ်းဖက်ဖြိုခွဲမှုများ စတင်လာပြီးနောက် ကရင်နီဒေသတွင်လည်း ရရာလက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်မှုသည် ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ဒီးမော့ဆိုတိုက်ပွဲမှ အစပြုခဲ့ပြီး ကရင်နီဒေသတခုလုံးအား လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။

ကရင်နီဒေသတွင်း၌ မြန်မာစစ်တပ်မှ လွိုင်ကော် ဒကစ လက်အောက်ခံတပ်ရင်းများ ရှိသော်လည်း စကခ ၇ ဖယ်ခုံ လက်အောက်ခံတပ်ရင်းများမှာ ရှမ်းမြောက်၌ စစ်ဆင်ရေးဝင်နေရသည်။ နောက်တန်း တပ်ရင်းဌာနချုပ်များ၌ ဌာနချုပ်တပ်ခွဲနှင့် အိမ်ထောင်သည်များသာ ရှိသည်။
လျင်မြန်စွာ ပျံ့နှံ့လာသည့် ကရင်နီဒေသ လက်နက်ကိုင် ပုန်ကန်တော်လှန်မှုအား ဒကစ လွိုင်ကော်လက်အောက်ခံ တပ်များနှင့် ထိန်းမနိုင်တော့ရာ ရပခ တိုင်းလက်အောက်ခံ တပ်များဖြစ်သည့် ခမရ ၅၁၀၊ ခလရ ၂၈၇ စသည့်တပ်အချို့ကို ထပ်မံဖြည့်တင်းရာမှ နောက်ပိုင်းတွင် တပ်မ ၆၆ တခုလုံးအား ကရင်နီစစ်မျက်နှာတွင် ထပ်မံဖြည့်တင်းခဲ့ရသည်။
မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကရင်နီပြည်နယ်တွင်
– အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၂၈၄ ဦး
– စစ်ရှောင်သေဆုံးသူ ၁၁၆ ဦး
– KNDF/PDF/KA ကျဆုံးသူ ၁၈၄ ဦး
– တိုက်ပွဲအကြိမ်အရေတွက် ၅၄၅ ကြိမ်
– လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ်
– ဘာသာရေးအဆောက်အုံး ပျက်စီးခံမှု ၂၇ လုံး
– ပျက်စီးသွားသည့်အိမ် ၁၂၉၃ လုံး
– မတရားဖမ်းဆီးခံရသူ ၂၇၈ ဦး ရှိသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (Progressive Karenni People Force) က ပြုစုသော စာရင်းများအရ သိရသည်။ ထို့ပြင် ကရင်နီဒေသအတွင်း စစ်ဘေးဒုက္ခသည် ၂ သိန်းခန့်ရှိခဲ့သည်ဟု သိရသည်။
တပ်မ ၆၆ သည်လည်း အထိနာခဲ့ပြီး တပ်မ ၆၆ မှ သေဆုံး၊ ဒဏ်ရာရ၊ အရေးယူခံရသူ တပ်ရင်းမှူး ကိုးဦးရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ္စမတ်အကြိုနေ့တွင် ဖရူးဆိုးမြို့နယ်၊ မိုဆိုကျေးရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းသည် စစ်ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအား ဖမ်းဆီးပြီး ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၄၀ ခန့်အား သွေးအေးအေးဖြင့် မီးရှို့သတ်ဖြတ်ခဲ့သကဲ့သို့ အခင်းဖြစ်ပွားစဉ် လာရောက်ဖြန်ဖြေ တားဆီးရန် ရောက်လာသော နယ်ခြားစောင့်တပ်ရင်း ၁၀၀၄ မှ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခဲ့သည်။
KA/KNDF/PDF တပ်ဖွဲ့များမှာလည်း ၂၀၂၁/၂၀၂၂ ခုနှစ်များတွင် လေ့ကျင့်သား ပြည့်ဝခဲ့သကဲ့သို့ စစ်ရေးအတွေ့အကြုံများ ရလာသည်။ ထို့ပြင် လက်နက်တပ်ဆင်နိုင်မှုလည်း ပိုကောင်းလာပြီး မြန်မာစစ်တပ်ကို ကောင်းစွာ တိုက်ခိုက်လာနိုင်သည်
KA/KNDF/PDF တပ်ဖွဲ့များမှာလည်း ၂၀၂၁/၂၀၂၂ ခုနှစ်များတွင် လေ့ကျင့်သား ပြည့်ဝခဲ့သကဲ့သို့ စစ်ရေးအတွေ့အကြုံများ ရလာသည်။ ထို့ပြင် လက်နက်တပ်ဆင်နိုင်မှုလည်း ပိုကောင်းလာပြီး မြန်မာစစ်တပ်ကို ကောင်းစွာ တိုက်ခိုက်လာနိုင်သည်။ ကရင်နီဒေသအများစုကို ထိန်းချုပ်လာနိုင်သည့်အပြင် ပင်လောင်းနှင့် ဆီဆိုင်ဒေသတို့ကိုပါ ထိုးဖောက်လာနိုင်ခဲ့သည်။
၂၀၂၁/၂၀၂၂ ခုနှစ် နှစ်နှစ်တာကာလအတွင်း ကရင်နီစစ်မျက်နှာတွင် မြန်မာစစ်တပ်မှ ၁,၅၀၀ နှင့်အထက် ထိခိုက်သေဆုံးနိုင်သည်။ KA/KNDF/PDF ဘက်ကလည်း ကျဆုံးသူ ၂၀၀ နီးပါးရှိခဲ့သည်။ ကရင်နီစစ်မျက်နှာတွင် ကရင်နီတော်လှန်ရေး အင်အားစုများအနေနှင့် မိမိဘက်က ကျဆုံးရဲဘော်အား ကောင်းမွန်စွာ အခမ်းအနားဖြင့် သင်္ဂြိုဟ်နိုင်သည်ကို တွေ့ရသော်လည်း မြန်မာစစ်တပ်ဘက်က ၎င်းတို့တပ်ဖွဲ့ဝင်များ အလောင်းကို သင်္ဂြိုဟ်ရန်ဝေးစွ၊ အလောင်းပင် မကောက်နိုင်ဘဲ စွန့်ပစ်ခဲ့ထားရသည်ကို တိုက်ပွဲအတော်များများ၌ တွေ့နေသည်။ ဤသည်မှာ စစ်မြေပြင်တွင် မြန်မာစစ်တပ် လက်တွေ့ အခြေမလှသည့် ဖြစ်ရပ်ဖြစ်သည်။
ပင်လောင်းမြို့နယ် အနောက်ခြမ်းတွင် ကရင်နီရွာများရှိရာ ထိုနယ်မြေတွင် ကရင်နီ PDF များ လှုပ်ရှားသကဲ့သို့ ပအိုဝ်း၊ အင်းသား၊ ရှမ်းတောင်နှင့် နေပြည်တော် PDF များ ပူးပေါင်းလှုပ်ရှားကြရာဒေသ ဖြစ်သည်။ ပင်လောင်းမြို့နယ်အတွင်း အောက်ပါ PDF များကို တွေ့ရှိရသည်။

(၁) ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF-KK)
(၂) ကရင်နီပြည်သူ့တော်လှန်ရေး တပ်ပေါင်းစု (KRU)
(၃) ရင်း ၈၀၄ (နေပြည်တော် PDF)
(၄) ရင်း ၁၀၀၁ (မိုးဗြဲ PDF ရင်း – ၁)
(၅) ရင်း ၁၀၀၂ (ဖယ်ခုံ PDF ရင်း – ၁)
(၆) ရင်း ၁၀၀၃
(၇) ရင်း ၁၀၀၅ (ရှမ်းတောင် PDF)
(၈) ရင်း ၁၀၀၇ (မိုးဗြဲ PDF ရင်း – ၂)
(၉) ရင်း ၁၀၀၈ (ရှမ်းတောင် PDF)
(၁၀) ရင်း ၁၀၀၉ (အင်းလေး IPDF)
(၁၁) ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)
(၁၂) ကရင်နီတပ်မတော် (KA)
(၁၃) ဖက်ဒရယ်ဒီမိုကရေစီ ညီနောင်များတပ်ဖွဲ့ (FDBF)
ကရင်နီတပ်များအပြင် NUG လက်အောက်ခံ PDF တပ်ရင်းများစွာ ဝင်ရောက်လှုပ်ရှားနေသည်ကို တွေ့ရသည်။ ပင်လောင်းဒေသသည် မြန်မာစစ်တပ်၏ဌာနချုပ် နေပြည်တော်ကို ခြိမ်းခြောက်နေသည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် မြန်မာစစ်တပ်က စစ်ရေးအရ တိုးမြှင့်ထိုးစစ်ဆင်သည်ကို တွေ့ရသည်။
ကရင်နီတပ်များအပြင် NUG လက်အောက်ခံ PDF တပ်ရင်းများစွာ ဝင်ရောက်လှုပ်ရှားနေသည်ကို တွေ့ရသည်။ ပင်လောင်းဒေသသည် မြန်မာစစ်တပ်၏ဌာနချုပ် နေပြည်တော်ကို ခြိမ်းခြောက်နေသည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် မြန်မာစစ်တပ်က စစ်ရေးအရ တိုးမြှင့်ထိုးစစ်ဆင်သည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် ကရင်နီစစ်မျက်နှာ
မြန်မာစစ်တပ်သည် ၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ ရှမ်းမြောက်မှတပ်များကို စတင်ထုတ်နုတ်ခဲ့သည်။ ရှမ်းမြောက်မှ ထုတ်နုတ်လာသည့် စကခ ၂ တခုလုံးနှင့် စကခ ၇ မှ အနည်းဆုံး တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့ရှိ စကခ ၁၈ မှ အနည်းဆုံးတပ်ရင်း သုံးရင်းပါ ဗျူဟာတခုအား ကရင်နီစစ်မျက်နှာတွင် ထပ်မံဖြည့်တင်းသည်။ စကခ ၁၈ မှ ဗျူဟာတခုသည် သံလွင်အရှေ့ခြမ်း ရှားတောမြို့နယ်သို့ ဝင်ရောက် ထိုးစစ်ဆင်သည်။
စကခ ၂ နှင့် စကခ ၇ မှ တပ်များကမူ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲဒေသများသို့ စစ်ဆင်ရေး ဝင်ရောက်လာခဲ့သည်။ အနည်းဆုံး တပ်ရင်း ၁၆ ရင်းခန့် ထပ်မံဖြည့်တင်းခဲ့သည်။ ၂၀၂၁/၂၀၂၂ အတွင် တိုင်း/ဒကစ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ မှ ကိုးရင်းခန့်၊ စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ တွင် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့သည်။
သို့သော် မူလရှိသည့် တပ်မ ၆၆ မှာ အထိနာပြီး ဖွဲ့စည်းပုံပျက်လုနီးပါးဖြစ်နေကာ ကရင်နီဒေသသို့ ၇ ရင်းခန့်သာ စေလွှတ်နိုင်တော့သည်။ ထို့ပြင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ၏ စစ်ထွက်အင်အားသည် သိသာစွာလျော့ကျနေသည်။ တပ်မ ၆၆ တပ်ရင်းများသည် စစ်ထွက်အင်အား ၅၀ မှ ၆၀ ခန့်သာရှိသည်ဟု စစ်မြေပြင်သတင်းအရ သိရသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ကရင်နီစစ်မျက်နှာတွင် မြန်မာစစ်တပ်က ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၃,၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်သည်ကို တွေ့ရသည်။ စစ်မျက်နှာသည်လည်း ပို၍ ကျယ်ပြန့်လာခဲ့သည်။ တချိန်တည်းတွင် ကရင်နီပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူးဆိုး၊ ရှားတော၊ ဘောလခဲ မြို့နယ် လေးမြို့နယ်အားလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
ကရင်နီစစ်ပွဲအတွင်း အထိနာနေသော မြန်မာစစ်တပ်သည် အရပ်ဘက်အဆောက်အအုံများ၊ အရပ်သားများ၊ စစ်ဘေးဒုက္ခသည်များကိုပါ ပစ်မှတ်ထားပြီး လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပါ တိုက်ခိုက်ခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန် မတ်လဆန်းမှစတင်ပြီး ကရင်နီဒေသတွင် ပြုလုပ်ခဲ့သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသည် တိုးမပေါက်ခဲ့ပေ။ ကရင်နီတော်လှန် ရေးတပ်ဖွဲ့များက ကောင်းစွာ ဟန့်တားနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန် မတ်လဆန်းမှစတင်ပြီး ကရင်နီဒေသတွင် ပြုလုပ်ခဲ့သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသည် တိုးမပေါက်ခဲ့ပေ။ ကရင်နီတော်လှန် ရေးတပ်ဖွဲ့များက ကောင်းစွာ ဟန့်တားနိုင်ခဲ့သည်။
ထိုသို့ စစ်မြေပြင်တွင် ထင်တိုင်းမပေါက်သည့်အခါ ပင်လောင်းမြို့နယ်တွင်း၌ စကခ ၂ လက်အောက်ခံ ခလရ ၉၊ ခလရ ၂၄၇၊ ခလရ ၂၄၈၊ ခမရ ၅၁၆ တပ်များသည် အရပ်သားများအား အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု ထပ်မံကျူးလွန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက် ညနေခင်း ၄ နာရီဝန်းကျင်တွင် မြန်မာစစ်တပ်သည် ပင်လောင်းမြို့နယ်ရှိ နန်းနိန်ကျေးရွာ အနီးပတ် ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် ဘုန်းကြီး သုံးပါးတို့အား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး PDF ဟု စွပ်စွဲကာ ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
ထိုဖြစ်စဉ်အား မြန်မာစစ်တပ်က ကရင်နီနှင့် ပအိုဝ်းကြား လူမျိုးရေးပဋိပက္ခ ဖန်တီးရန် ကြိုးစားခဲ့သော်လည်း ကရင်နီတပ်ဖွဲ့များဘက်မှ သက်သေအထောက်အထား ခိုင်လုံစွာပြနိုင်သည့်ပြင် မူဆိုးနှင့် နန်းနိန် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့် မြန်မာစစ်တပ်မှ စစ်သားများအားလည်း လက်ရဖမ်းမိလာခဲ့ရာ မြန်မာစစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် အထောက်အထား ပို၍ခိုင်လုံခဲ့သည်။
KNDF ၏ စစ်ရေးသတင်းထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ တလတာကာလအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် ငါးခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို လွိုင်ကော်မြို့နယ်နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ စစ်မျက်နှာ နှစ်ဖက်ညှပ်၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မြန်မာစစ်တပ်အား KA, KNDF, PDF နှင့် မဟာမိတ်တပ်များ ပြင်းပြင်းထန်ထန် ခုခံသည်။ KNPP/KA က စစ်ဒေသ သုံးခုခွဲ၍လည်းကောင်း၊ KNDF က ၎င်းတို့တပ်ရင်း ၂၁ ရင်းအား အနည်းဆုံး ဗျူဟာ ခြောက်ခု ဖွဲ့စည်း၍လည်းကောင်း၊ NUG/MOD က ၎င်းတို့ PDF တပ်ရင်း ၁၀ ရင်းနှင့် ဒေသခံ PDF များအား အလယ်ပိုင်းတိုင်းအဖြစ် ဖွဲ့စည်း၍လည်းကောင်း ဒေသအလိုက် မဟာမိတ်ဖွဲ့တိုက်ခိုက်ခဲ့ကြသည်။
မတ်လ တလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ၂၈၁ ဦး သေဆုံးကာ၊ ၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံနယ်စပ်တိုက်ပွဲများနှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မတ်လ တလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ၂၈၁ ဦး သေဆုံးကာ၊ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။
မြန်မာစစ်တပ်၏ မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်၂၂၈ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီမှ သံဃာတော် သုံးပါး အပါအဝင် အရပ်သားပြည်သူ ၂၅ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထို့အတူ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂၉ ဦး ထိခိုက်ခဲ့သည်။
မတ်လအတွင်း မြန်မာစစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများအတွင်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင် ၁၃ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ရပြီး တဦးသည် သေနတ်တလက်နှင့်တကွ KNDF ထံသို့ လာရောက်ခိုလှုံခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာစစ်တပ်မှ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းခြင်းများအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားများအား သယ်ယူခြင်းများအတွက် စစ်သုံးရဟတ်ယာဉ်များကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နှင့်အထက် ပျံသန်းသွားလာခဲ့သည်။

မတ်လတလတာအတွင်း မြန်မာစစ်တပ်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင် KNDF မှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရပြီး တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များသည် မြန်မာစစ်တပ်ထံမှ လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နှင့် ခဲယမ်းအမြောက်အများ အပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ပြင်းထန်သော တိုက်ပွဲများကြောင့် ကရင်နီဒေသတွင် စစ်ဘေးဒုက္ခသည် ၃ သိန်းခန့်အထိ မြင့်တက်လာသည်ဟု လေ့လာစောင့်ကြည့်သူ၊ အကူအညီပေးနေသူများက ဆိုကြပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင် တပ်အင်အားဖြည့်တင်းပြီး ကရင်နီဒေသကို ထိုးစစ်ဆင်ခဲ့သော်လည်း မြန်မာစစ်တပ် ထင်တိုင်းမပေါက်ခဲ့ဘဲ အထိနာခဲ့သည်။ သို့သော်လည်း ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၏။
ကရင်နီဒေသသည် နေပြည်တော်အား ခြိမ်းခြောက်နိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ မြန်မာစစ်တပ်အနေနှင့် ကျားကုတ်ကျားခဲ ခံစစ်ဆင်မည့်အပြင် အခြားဒေသများမှ တပ်အင်အား ထုတ်နုတ်၍ရပါက ကရင်နီစစ်မျက်နှာတွင် မြန်မာစစ်တပ်က ထပ်မံအားဖြည့်မည့် အလားအလာရှိသည်။ သို့သော် လောလောဆယ်တွင် အခြားဒေသမှတပ်များ ထုတ်နုတ်ရန် မလွယ်ကူသေးပေ။
ကရင်နီဒေသသည် နေပြည်တော်အား ခြိမ်းခြောက်နိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ မြန်မာစစ်တပ်အနေနှင့် ကျားကုတ်ကျားခဲ ခံစစ်ဆင်မည့်အပြင် အခြားဒေသများမှ တပ်အင်အား ထုတ်နုတ်၍ရပါက ကရင်နီစစ်မျက်နှာတွင် မြန်မာစစ်တပ်က ထပ်မံအားဖြည့်မည့် အလားအလာရှိသည်။
သို့သော် ကရင်နီဒေသတွင် မူလကတည်းက မြန်မာစစ်တပ်တပ်အင်အား အများအပြား ချထားသည့်အပြင် ယခုလည်း တပ်အင်အားများ ရသလောက် ထပ်မံဖြည့်တင်းထားသည်။ တဖက်တွင် ကရင်နီတော်လှန်ရေး အင်အားစုများသည်လည်း အားကောင်းမောင်းသန် ရှိသည့်အပြင် ရှမ်း၊ ပအိုဝ်း၊ နေပြည်တော် PDF, အလယ်ပိုင်းတိုင်း PDF စသည့် မဟာမိတ်အင်အားစုများကလည်း အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြရာ ကရင်နီစစ်မျက်နှာတွင် တော်လှန်သူများကလည်း အားကောင်းသည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် ရှိသည့်တပ်များနှင့် ခံစစ်ဆင်ခြင်း၊ အရှိန်မြှင့်တိုက်ခိုက်ခြင်းများ ပြုလုပ်မည့်အပြင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ တိုးချဲ့ပြုလုပ်သွားမည်ကို ကရင်နီစစ်မျက်နှာတွင် ဆက်လက်တွေ့ရမည်။
တဖက်ကလည်း ကရင်နီတော်လှန်ရေး အင်အားစုများ၏ မာမာထန်ထန် တုံ့ပြန်မှုကို တွေ့ရမည်မှာ သေချာသလောက်ရှိပြီး မြန်မာစစ်တပ် ထင်တိုင်းပေါက်ရန် မဖြစ်နိုင်သကဲ့သို့ ရှုံးပွဲဆက်နေသည်။ မည်သို့ဖြစ်စေ ၂၀၂၃ ခုနှစ်အတွင်း ကရင်နီစစ်မျက်နှာ၌ ဆက်လက်၍ စစ်ရှိန်ကောင်းနေသည်ကို တွေ့ရဦးမည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ
ကယားတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
“အာဏာရှင်စနစ်ကို အနိုင်ယူချင်တယ်” ဆိုတဲ့ လက်ဝှေ့မယ် ဘရော်နီကာ