• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီတိုင်းတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

by ဧရာဝတီ
25 July 2023
in သတင်း
A A
တနင်္သာရီတိုင်းတွင်  ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

ထားဝယ်ဒေသအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေးနေပုံ/GiHman Humanitarian Aid Initiate Committee-Tanintharyi

396
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ မြို့နယ်များတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများ အဖြစ်များနေပြီး ကုသရေး ဆေးဝါးများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး အစရှိသည့် မြို့နယ် ၄ ခုရှိ စစ်ရှောင်များတွင် ခြင်မှတဆင့် ကူးစက်သည့် ရောဂါများဖြစ်သော ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ- တနင်္သာရီ၊ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် အသိပညာပေးရေးဆိုင်ရာ တာဝန်ခံ ကိုသူရသက်နောင် က “အာဏာမသိမ်းခင်တုန်းကဆိုရင် ငှက်ဖျားက နည်းသွားပြီ။ တတိုင်းလုံးပေါင်းမှ ၂၀၊ ၃၀ လောက်ပဲ။ အခုဆို ငှက်ဖျားက တော်တော်များလာတယ်။ အခုဖြစ်ပွားတာက စစ်ဘေးရှောင် ဒေသတွေ ဖြစ်တဲ့ ကျေးလက်ဒေသတွေမှာ အများကြီး ဖြစ်တာပေါ့။ ဒါကြောင့် သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့ အသိပညာပေးရေးတွေ ကြိုတင်ကာကွယ်ဖို့အတွက် အသိပညာပေးတာ” ဟု ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
53
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
215
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
43

ယင်းကော်မတီသည် ထားဝယ်ခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပညာပေးခြင်း လုပ်ငန်းများကို လုပ်ကိုင် နေသောအဖွဲ့ဖြစ်ပြီး အေးဒီစ်ခြင်ကျားမှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန် အသိပညာပေး ခြင်းနှင့် ရေတွင် ပေါက်ဖွားသော ပိုးလောက်လန်းများနှိမ်နင်းနိုင်ရန်အတွက် Abate( အဘိတ်)ဆေးခတ်ခြင်းများကို လုပ်ဆောင်ပေးလျှက်ရှိသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားဖြစ်ပွားမှုထက် ယခုနှစ်တွင် ပိုမိုဖြစ်ပွားနေကြောင်း အဆိုပါ ကော်မတီမှ CDM ပြုလုပ်ထားသည့် ကျန်းမာရေး လုပ်သားတဦးက ယခင်ကာလ မြေပြင်ကွင်းဆင်းမှု အခြေအနေနှင့် နှိုင်းယှဉ် ပြောဆိုသည်။

ထားဝယ်ခရိုင်တွင် အထွေထွေဖျားနာမှုများအနက်မှ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်သူ တလလျှင် အနည်ဆုံး လူ ၅၀ ရှိနေကြောင်း၊ ယင်းစာရင်းသည် ၎င်းတို့ လက်လှမ်းမီသလောက်သာ ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားမှုပိုများ နေနိုင်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ကိုသူရသက်နောင်က “ကူးစက်မှုနှုန်းများလာတာက အကြောင်းရှိပါတယ်။ စစ်ဘေးကာလ အတွင်းမှာဆိုတော့ စစ်ရှောင် ရတော့ နေရာအတည်တကျ မရှိဘူး။ ဇွန်၊ ဇူလိုင်က အများဆုံးပဲ။ ဒါတောင် ကျနော်တို့ဆီက စာရင်းပဲရှိသေးတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ ဖျားနာသူ များပြားလာပြီး ၁၅ နှစ်အောက် ကလေးများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြား ကြောင်း၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများတွင် ပြင်းထန်လက္ခဏာများလည်း တွေ့ရပြီး သေဆုံးသူများ ပင်ရှိကြောင်း စစ်ရှောင်အရေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်အဖွဲ့များထံမှ သိရသည်။

ငှက်ဖျားရောဂါသည် အနော့ဖလိ ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားပြီး သာမန်ငှက်ဖျားရောဂါနှင့် ပြင်းထန်ငှက်ဖျား ရောဂါဟူ၍ ရှိကာ ပြင်းထန်ရောဂါသည် အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည် အထိဖြစ်နိုင်ကြောင်း၊ ရောဂါ လက္ခဏာများမှာ အဖျားတက် ချမ်းတုန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ပုံမှန်မဟုတ်သည့် သွေးယို စီးခြင်း အစရှိသည်တို့ ဖြစ်တတ်ကြောင်း၊ အဓိကအားဖြင့် ခြင်ကိုက်မခံရစေရန် သတိထားကာကွယ်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကူးစက်မှု မြင့်နေချိန် ရောဂါကုသရေးအတွက် ဖျားနာ၊ ချောင်းဆိုး၊ နှာစေးပျောက်စေသည့် အခြေခံဆေးဝါးမှ စကာ ငှက်ဖျားကာကွယ်ဆေးအထိ လိုအပ်ချက်များ ရှိနေကြောင်း၊ ဆေးဝါးများ သယ်ဆောင်ရာတွင်လည်း စစ်တပ်၏ စစ်ဆေး ဖမ်းဆီးဖျက်ဆီးမှုလည်း ကြုံတွေ့နေရကြောင်း ထားဝယ်အရှေ့တောဒေသတနေရာတွင် ကျန်းမာရေးစောင့် ရှောက်ပေးနေသော သူပုန်လူငယ်ဆေးတပ်ဖွဲ့မှ သိရသည်။

သူပုန်လူငယ်ဆေးတပ်ဖွဲ့မှ ကုသရေးတာဝန်ခံ ရဲမေတဦးဖြစ်သော မေ က “ကိုယ်မှာလိုက်တဲ့ ဆေးပစ္စည်းတွေ လာပြီဆိုပြီး ဝမ်းသာနေတာ။ ပစ္စည်းတွေ ဘယ်လိုစီမံရမလဲ ဝိုင်းတိုင်ပင်တုန်းမှာပဲ ဖုန်းဝင်လာတာ။ ကားတော့ ဖမ်းခံလိုက်ရပြီ။ ကားထဲက ပစ္စည်းတွေကို ချပြီးတော့ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီ တခုမှ ပါမလာတော့ဘူးတဲ့။ ပြည်သူက လှူထားတဲ့ ပိုက်ဆံတွေလည်း ဆုံးရှုံးသွားတာပေါ့” ဟု ပြောသည်။

၎င်းတို့ ဆေးများ တင်လာသည့် ကားကို စစ်ကောင်စီတပ်က လမ်းတွင် ဖမ်းဆီးပြီး ပစ္စည်းများအား ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်အစတွင် ဖြစ်ခဲ့ပြီး ထိုကဲ့သို့ ဆေးပစ္စည်းများ ဖမ်းဆီး ဖျက်ဆီး ယူဆောင်သည့် ဖြစ်စဉ်များသည် စစ်ပဋိပက္ခဖြစ်ပွားရာ ဒေသများ ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထိုကဲ့သို့ စစ်တပ်က ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် ကုသရေးကိရိယာများကိုပါ ကန့်သတ်ချက် အမျိုးမျိုး ချမှတ်ထားသည့်အပြင် ဆရာဝန်၊ သူနာပြုများကိုပါ ဖမ်းဆီး ထောင်ချခြင်းများကြောင့် ပြည်သူများအနေဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများကို မရရှိတော့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသအချို့သို့ ဆေးပို့ဆောင်ရေး အခက်အခဲကြောင့် HIV ဖြစ်ပွားချိန် သောက်သုံးရသည့် ART (Antiretroviral Therapy) ဆေးများပင် ရရှိနိုင်ရန် ခက်ခဲမှုများ ရင်ဆိုင်နေရကြောင်း ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ- တနင်္သာရီထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် တနင်္သာရီ၊ ရေဖြူ၊ လောင်းလုံး နှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပြီး တတိုင်းလုံးတွင် စစ်ရှောင် သုံးသောင်းကျော်အထိ ရှိနေကြောင်း၊ ၎င်းတို့အတွက် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်ချက်ရှိနေကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့များထံမှ သိရသည်။

You may also like these stories:

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ

ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ

ကယားစစ်ရှောင်စခန်းများတွင် ကလေးငယ် အများအပြား ဖျားနာနေ

Your Thoughts …
Tags: ခြင်ငှက်ဖျားတနင်္သာရီတိုင်းထားဝယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို ဖြုတ်ချရန် မွတ်ဆလင်များလည်း ပူးပေါင်း တော်လှန်

စစ်ကောင်စီကို ဖြုတ်ချရန် မွတ်ဆလင်များလည်း ပူးပေါင်း တော်လှန်

by Lorcan Lovett နှင့် ကျော်ဝင်း
22 October 2024
7.1k

မွတ်စလင် တပ်ခွဲ ၃ ၏ ပင်မစခန်းတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်အနည်းငယ် အပါအဝင် တပ်ခွဲတွင်း ကွဲပြားစုံလင်မှု ရှိနေသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

by ဧရာဝတီ
31 July 2023
6.2k

မကြာသေးမီက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မမှူးနှင့် တပ်ရင်းမှူး အချို့တို့အား မိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းများရောင်းစားမှုနှင့်ပတ်သက်၍ ဖမ်းဆီးကာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အား ရာထူးမှ အနားပေးခဲ့ပြီး ၎င်း၏ နေရာတွင်စစ်ကိုင်းတိုင်းအခြေစိုက် အမှတ်...

ထားဝယ်မြို့ မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်၊ ကလေးများ သေဆုံး ဒဏ်ရာရ

ထားဝယ်မြို့ မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်၊ ကလေးများ သေဆုံး ဒဏ်ရာရ

by ဧရာဝတီ
4 June 2024
2.4k

ပြီးခဲ့သည့် မေလ ၁၃ရက်တွင် စာသင်ကျောင်းနှင့် အနည်းငယ်သာကွာဝေးသော အိမ်ရှေ့ပြင်ဂိတ်၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း ကျန်ခဲ့သော ဗုံးဖြစ်နိုင်ကြောင်း

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

by ဧရာဝတီ
16 September 2023
2.1k

စစ်ရေးလှုပ်ရှားမှု များပြားလာသည့် တနင်္သာရီတိုင်း၌ ယခုလအတွင်း စစ်ကောင်စီက ရေတပ်စစ်သင်္ဘောများ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာနေကြောင်း မြိတ်ခရိုင်တပ်ရင်း-၁၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော-PDF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

by ဧရာဝတီ
16 July 2025
2k

ထိုင်းနယ်စပ်တွင် နတ်အိမ်တောင်စခန်းတခုသာကျန်ရှိတော့ပြီး ထိုစခန်းသည် စစ်ကောင်စီအတွက် ဝင်ငွေ များစွာရှိနေသော ဂတ်စ်ပိုက်လိုင်းများ၏ လုံခြုံရေးအရ အရေးပါ၊ အချက်အချာကျသည့် စခန်းတခုဖြစ်ကြောင်း

Next Post
ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနေရာတွင် ဝမ်ယိကို ပြန်ခန့်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနေရာတွင် ဝမ်ယိကို ပြန်ခန့်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved