• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းဘီယာ လုပ်ငန်း မြန်မာတွင် ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံမည်

by ဧရာဝတီ
28 July 2023
in သတင်း
A A
ထိုင်းဘီယာ လုပ်ငန်း မြန်မာတွင် ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံမည်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က အာရှ-ပစိဖိတ် စီးပွားရေး ကော်ပိုရေးရှင်း (APEC) အစည်းအဝေးကို ဘန်ကောက်တွင် ကျင်းပရာ ThaiBev အဖျော်ယမကာလုပ်ငန်းက နိုင်ငံတကာ မီဒီယာစင်တာတွင် ဘားဖွင့်ထားစဉ် / AFP

2.1k
VIEWS
Share on FacebookShare on Twitter

စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် Fraser and Neave Limited (F&N) သည် မြန်မာနိုင်ငံတွင် အဖျော်ယမကာလုပ်ငန်းစု Win Brothers နှင့် ပူးပေါင်းပြီး ဘီယာစက်ရုံတခု တည်ထောင်ရန် စင်ကာပူဒေါ်လာ ၁၉ ဒသမ ၂ သန်း (အမေရိကန် ဒေါ်လာ ၁၄ သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း F&N ၏ ကြေညာချက်တစောင်အရ သိရသည်။

ထိုဘီယာစက်ရုံကို နှစ် ၅၀ ငှားရမ်းထားသည့် မြေ ၃၅ ဧကတွင် တည်ဆောက်မည်ဖြစ်ကြောင်း ထိုင်း ဘီလျံနာ ချာရွန် စီရီဗဒန်နဘက်ဒီက ထိန်းချုပ်ထားသည့် ထိုကုမ္ပဏီက ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။ ထိုစက်ရုံ တည်ဆောက်မည့်နေရာနှင့် ချက်လုပ်မည့် ဘီယာအမည်ကို ဖော်ပြထားခြင်းမရှိပေ။

F&N က ၎င်းတို့သည် ချက်လုပ်ခွင့်လိုင်စင်အတွက် စင်ကာပူဒေါ်လာ ၁ ဒသမ ၃ သန်း ပေးထားပြီးဖြစ်ကြောင်း ပြောသော်လည်း မြေရရှိရေးလုပ်ငန်းများသည် မပြီးစီးသေးပေ။

“မြေယာရရှိရေးသည် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းခွင့်ပြုချက်၊ ထိုမြေကို စက်မှုမြေအဖြစ် ပြောင်းလဲရေး၊ မြေနှင့်ပတ်သက်သည့် ရေရှည်ငှားရမ်းခွင့် စသည့် မြေယာရယူရေး သဘောတူညီချက်ပါ စည်းကမ်းချက်များ ဖြည့်ဆည်းရေးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မြေယာရရှိရေး အကောင်အထည်ပေါ်မည်၊ မပေါ်မည်ကို သေချာသည်ဟု မဆိုနိုင်သေးပေ” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

F&N သည် Win Brothers နှင့် ဖက်စပ်လုပ်ငန်း Sapphire Brewery Myanmar Limited (SBML) ကို မတ်လတွင် ထူထောင်သည်။ F&N သည် SBML ၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ဦးဇော်ဝင်းပိုင် Win Brothers က ကျန်ရှယ်ယာများကို ပိုင်သည်။

SBML သည် စတင်ထူထောင်ချိန်မှ စတင်ပြီး မြန်မာတွင် ယမကာ ထုတ်လုပ်ရန် ဖြစ်နိုင်ခြေကို စူးစမ်း လေ့လာနေသည်ဟု F&N က စင်ကာပူစတော့အိတ်ချိန်းတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးဇော်ဝင်းသည် ဆာ့ဂျ်ပန်း၏ Seagram Myanmar တွင်လည်း ပါဝင်ပြီး ထိုလုပ်ငန်းသည် ပြင်သစ် အဖျော်ယမကာလုပ်ငန်း Pernod Ricard, Win Brothers, Yoma Strategic Holding နှင့် Delta Myanmar Capital တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်က တည်ထောင်ထားသည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။ ထိုကုမ္ပဏီသည် High Class, Imperial Blue နှင့် 100 Pipers ဝီစကီများကို မြန်မာတွင် ထုတ်လုပ်နေသည်။

F&N သည် Asia Pacific Breweries (APB) ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး မြန်မာဘီယာဈေးကွက်သို့ ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်လာသည်။ APB သည် စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် Myanmar Brewery ကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်ပြီး Myanmar Double Strong နှင့် Andaman Gold တံဆိပ် ဘီယာများကို ထုတ်လုပ်သည်။

၂၀၁၃ ခုနှစ်တွင် ThaiBev က F&N ကို ဝယ်ယူသည်။ နောက် နှစ်နှစ်ကြာသောအခါ MEHL က F&N ၏ Myanmar Brewery မှ ရှယ်ယာများကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့်ဝယ်ယူသည်။ ထိုကြောင့် F&N သည် မြန်မာ ဈေးကွက်မှ ထွက်ခွာသွားသည်။

သို့သော် ၎င်း၏မိခင်လုပ်ငန်း ThaiBev Public Company Limited သည် မြန်မာတွင် လုပ်ငန်းများ ဆက်လက် ချဲ့ထွင်နေသည်။ ၂၀၁၇ ခုနှစ်တွင် ထိုလုပ်ငန်းသည် မြန်မာပြည်တွင် ကျော်ကြားသော Grand Royal ဝီစကီထုတ်လုပ်သည့် Myanmar Distillery Company ၏ ရှယ်ယာ စုစုပေါင်း ၇၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူသည်။

မြန်မာစစ်ကောင်စီအောက်မှ ပြည်တွင်းအခွန်ဦးစီးဌာနသို့ အခွန်ကြေညာသည့် ဧပြီလက အစီရင်ခံစာအရ ThaiBev သည် အဖျော်ယမကာလုပ်ငန်းအတွက် စစ်ကောင်စီကို အခွန်အကြီးအကျယ် ပေးနေသာ နိုင်ငံခြားဖက်စပ်လုပ်ငန်းတခု ဖြစ်ကြောင်း မသမာမှုများ ဖော်ထုတ်နေသည့် Distributed Denial of Secrets အဖွဲ့က ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ရရှိသော အခွန်ကြေညာလွှာများကို လေ့လာမှုအရ Heineken, Carlsberg နှင့် ThaiBev တို့၏ လုပ်ငန်းခွဲများသည် စစ်ကောင်စီကို ကုန်စည်ခွန် (SGT) တခုတည်းအနေဖြင့်ပင် ကျပ်ငွေ ၄၉ ဒသမ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်း) ပေးဆောင်ကြောင်း ပြသနေသည်။

ထိုအုပ်စုတွင် အခွန်ပေးဆောင်မှုအများဆုံးမှာ ThaiBev ၏ Grand Royal ဖြစ်သည်။ ထိုလုပ်ငန်းခွဲသည် ၂၀၂၁ ခုနှစ် စတုတ္တ သုံးလတွင် စစ်ကောင်စီသို့ ကုန်စည်ခွန် ကျပ် ၂၅ ဒသမ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ သန်း) ပေးသည်။ ထိုကာလအတွင်း ThaiBev, Heineken နှင့် Carlsberg တို့က ပေးသည့် စုစုပေါင်းကူး သန်ရောင်းဝယ်ရေးခွန်နှင့် ဝင်ငွေခွန်မှာ ကျပ် ၁၂ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ သန်း) ရှိသည်။

ထိုကုမ္ပဏီ သုံးခု၏ မြန်မာမှ လုပ်ငန်းများသည် တနှစ်လျှင် စစ်ကောင်စီကို ကျပ် ၂၅၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅၅ သန်း) ပေးနေကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar က ခန့်မှန်းသည်။

ThaiBev သည် စစ်ကောင်စီသို့ ၎င်း၏ လုပ်ငန်းခွဲ F&N မှတဆင့် ၎င်းတို့ထုတ်လုပ်သော Chang Beer အတွက်လည်း အခွန်များ ပေးဆောင်နေသည်။

လေးနှစ်ကြာ ကင်းကွာနေပြီးနောက် F&N သည် ၂၀၁၉ ခုနှစ်တွင် မြန်မာဘီယာဈေးကွက်သို့ ပြန်လည် ဝင်ရောက်လာသည်။ အမေရိကန် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာခရိုနီ စီးပွားရေးအုပ်စု ရွှေသံလွင်၏ လုပ်ငန်းခွဲ မြန်မာစီးပွားဖက် သံလွင်ဧရာ စက်မှုထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် Chang beer ထုတ်လုပ်ရန် ရန်ကုန်တွင် Emerald Brewery ကို ထူထောင်သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thai Beer Titan to Invest US$14M in Another Brewery in Myanmar Thai Beer Titan to Invest US$14M in Another Brewery in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

Myanmar Distillery ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ထိုင်းသူဋ္ဌေး ပိုင်ဆိုင်ပြီ

ဘီယာဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြေလျှော့ရန် ထိုင်းလွှတ်တော်အမတ် ကြံစည်ထား

သပိတ်မှောက်သောကြောင့် စစ်တပ်ယမကာလုပ်ငန်း အရောင်းထက်ဝက်ကျ

ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်

Your Thoughts …
Tags: Fraser and Neave LimitedSBMLThaiBevWin Brothersထိုင်းအဖျော်ယမကာလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

မြန်မာစစ်တပ်ကို  အိန္ဒိယ ဘာကြောင့် ပေါင်းသလဲ

မြန်မာစစ်တပ်ကို  အိန္ဒိယ ဘာကြောင့် ပေါင်းသလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved