• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်သည့် နိုင်/ကျဉ်း ၁၇ ဦးကို ဆက်လက်တိုက်ပိတ်ထား

by ဧရာဝတီ
16 August 2023
in သတင်း
A A
အာဇာနည်နေ့ လှုပ်ရှားမှုလုပ်သည့် နိုင်/ကျဉ်း ၁၇ ဦးကို ဆက်လက်တိုက်ပိတ်ထား

သာယာဝတီအကျဉ်းထောင်

462
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း သာယာဝတီထောင်တွင်း အာဇာနည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သဖြင့် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအနက် ၁၇ ဦးမှာ ယနေ့တိုင် တိုက်ပိတ်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများဟု ဆိုကာ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၅ ဦးကို ထောင်အာဏာပိုင်တို့က တိုက်ပိတ်ခဲ့ခြင်းဖြစ်ပြီး၊ သြဂုတ် ၁၃ ရက်က အမျိုးသမီး ၁၄ဦးကို အိပ် ဆောင်များသို့ ပြန်ပို့ခဲ့သော်လည်း အမျိုးသား ၁၆ ဦးနှင့် မရွှန်းအိဖြူ တို့ကိုမူ ဆက်လက် တိုက်ပိတ်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ဧရာဝတီကို ပြောသည်။

၎င်းတို့အားလုံးမှာ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ် ၃ နှစ်မှ တသက်တကျွန်းထိ ကျခံနေရသူများဖြစ်ပြီး အမျိုးသမီး များမှာ အသက် ၂၀ ကျော်မှ ၅၄ နှစ်ခန့်အထိပါဝင်ကာ တိုက်အမှတ် ၂၀ ၌ တဦးချင်းစီခွဲ၍ တိုက်ပိတ်ထားခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ တိုက်ပိတ်ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးထဲမှ ၂ ဦး သေဆုံးသွားသည်ဟူသော သတင်း များ ထွက်ပေါ်ခဲ့သော်လည်း မဟုတ်ကြောင်း၊ သေဆုံးသည့် အကျဉ်းသား ၂ ဦးမှာ တခြားပြစ်မှုဖြင့် အကျဉ်းကျနေသူ တဦးနှင့် ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပြီး ၎င်းတို့မှာ ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းက ဆက်ပြောသည်။

၎င်းက “တိုက်ပိတ်ခံထားရတဲ့သူတွေက အခုထိ နေကောင်းကျန်းမာပါတယ်။ သေဆုံးတာမရှိပါဘူး။ နှစ်ယောက်သေ ဆုံးတာက တိုက်ပိတ်ခံရသူတွေမဟုတ်ပါဘူး။ တယောက်က တခြားရာဇဝတ်မှုနဲ့ ဆေးရုံတက်နေရတဲ့တယောက် ရောဂါနဲ့ သေတယ်ပေါ့။ နောက်တယောက်ကတော့ ရန်ကုန်ကပြောင်းလာတဲ့တယောက် သူကလည်း ရောဂါနဲ့ပဲသေ ဆုံးသွားတာပဲ” ဟု ဆိုသည်။

သေဆုံးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သော နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာ သာယာဝတီအကျဉ်းထောင်အတွင်း အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့မှုဖြင့် တိုက်ပိတ်ရိုက်နှက်ခံရသူများထဲပါဝင်သည့် သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ် ကိုသန်းတိုးအောင်နှင့် နိုင်ငံရေးအကျဉ်းသား ဦးလှစိုးတို့ ဖြစ်ကြောင်း သိရ သည်။

ကိုသန်းတိုးအောင်သည် ၂၀၂၁ တွင် သန်လျင်မြို့နယ်၌ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများအက်ဥပဒေတို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်မှသာယာဝတီထောင်သို့ ၂၀၂၂ ခုနှစ်အတွင်းက ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။

ဦးလှစိုးမှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် နေထိုင်သူဖြစ်ပြီး အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသူ ဖြစ်သည်။

ဩဂုတ် ၁ ရက် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲ၌ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၅၄ ဦး လွှတ်ပေးခဲ့သော်လည်း ထိုထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်း သားများအရေးဆောင်ရွက်သူများထံမှ သိရသည်။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင် ပြောင်းခံရ

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ

အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထောင်ပြောင်းရွှေ့ခံရ

နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို

Your Thoughts …
Tags: နိုင်ငံရေးအကျဉ်းသားအာဇာနည်နေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

Next Post
စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

UNOCHA အကြီးအကဲ ခရီးစဉ် ဘေးသင့် ပြည်သူတွေအတွက် အကျိုးရှိမှာလား

UNOCHA အကြီးအကဲ ခရီးစဉ် ဘေးသင့် ပြည်သူတွေအတွက် အကျိုးရှိမှာလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved