• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွိုင်ကော် ရပ်ကွက်တချို့မှ ဆုတ်ရသော်လည်း ကရင်နီတပ်တို့ ပြန်စစ်ဆင်

by မိအိသဉ္ဇာမြင့်
6 July 2024
in သတင်း
A A
လွိုင်ကော် ရပ်ကွက်တချို့မှ ဆုတ်ရသော်လည်း ကရင်နီတပ်တို့ ပြန်စစ်ဆင်

၂၀၂၂ ခုက မြို့ပေါ်တိုက်ပွဲတွင် တွေ့ရသည့် လွိုင်ကော် PDF များ (Loikaw PDF)

2.7k
VIEWS
Share on FacebookShare on Twitter

ကရင်နီ(ကယား)ပြည်နယ် မြို့တော်လွိုင်ကော်၌ စစ်ကောင်စီက လူနှင့် လက်နက် အများအပြားသုံး၍ တိုက်ခိုက်သဖြင့် ကရင်နီတပ်များ ရပ်ကွက်တချို့မှ ဆုတ်ခွာပေးခဲ့ရသော်လည်း ယခုအခါ ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

ဇွန်လကုန်ပိုင်းက လွိုင်ကော်တက္ကသိုလ်အနီးရှိ နာနတ်တောရပ်ကွက်နှင့် ဒေါဥခူရပ်ကွက်များမှ ဆုတ်ခွာပေးခဲ့ရပြီး ယခု အခါ နမ့်ဘော်ဝမ်၊ မိုင်းလုံး၊ ဧက ၅၀၀ စသည် မြို့ပေါ် ရပ်ကွက်များကို စစ်တပ်စခန်းများကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တို့က တိုက်ခိုက်နေခြင်းဖြစ်သည်။

KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက” လွိုင်ကော်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတုန်းပါ။ စစ်ကောင်စီ ဝပ်ကင်းတွေနဲ့ သူတို့အထိုင်ချထားတဲ့နေရာတွေကို တိုက်နေတုန်းပါ”ဟု ပြောသည်။

ဇွန်လ ၅ရက်က မိုင်းလုံးရပ်ကွက် ဝန်းကျင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရပ်ကွက်အနီးရှိ ခြေလျင်တပ်ရင်း ခလရ ၅၄မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဇွန်လ၄ရက်တွင်လည်း နမ့်ဘော်ဝမ်ရပ်ကွက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ဘော်ဝမ်ဈေးထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက”သေသွားတဲ့အထဲ ကလေးလေးလည်း ပါတယ်။ ဒဏ်ရာရရတဲ့သူတွေလည်း ရှိတယ်။ အကုန်လုံးကလည်း ကိုယ့်ဘာသာ အသက်လုပြေးကြတော့ ဘယ်သူတွေ သေသွားလဲတော့ မသိလိုက်ဘူး”ဟု ပြောသည်။

လွိုင်ကော်မြို့ရှိ စစ်ကောင်စီစခန်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်နေသောကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် နီးကပ်သောနေရာများတွင် နေထိုင်းခြင်း မပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေး ပြောဆိုကြသည်။

ယခုနှစ် ဇွန်လအတွင်း လွိုင်ကော်မြို့ရှေ့တန်းတနေရာတွင် တွေ့ရသော KNDF တပ်ဖွဲ့ဝင်များ/ KNDF- B02

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက လွိုင်ကော်ကို ကရင်နီတော်လှန်ရေးတပ်များက ၈၀ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။ ထို့နောက် မေလ ဒုတိယအပတ်မှစ၍ ရှမ်းပြည်နယ် ပအိုဝ်းဒေသ ဆီဆိုင်ဘက်မှ စစ်ကောင်စီအင်အား ၅၀၀ကျော် လွိုင်ကော်မြို့ထဲ ရောက်ရှိလာသောကြောင့် မြို့တွင်း လက်ကျန်အင်အားများနှင့် ပူးပေါင်းမိပြီး အင်အား၂ထောင်နီးပါးဖြင့် စစ်ကြောင်းပြန်ထိုးနေခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က “ကျည်အခက်အခဲကြောင့် ခဏဆုတ်တဲ့သဘောပါ၊ အခုထိလည်း တခြားနေရာတွေမှာ ကျနော်တို့ ရှိနေပါတယ်။ ဒါပေမယ့် လောလောဆယ်က ကျနော်တို့လည်း အင်အားဖြည့်ဖို့ထက် ကျည်မလောက်လို့ ဆုတ်ပေးလိုက် တဲ့သဘောပါ “ဟု ပြောသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် ကရင်နီပူးပေါင်းတပ်များက “၁၁၁၁” စစ်ဆင်ရေးကို စတင်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်း၊ လွိုင်ကော်တက္ကသိုလ်၊ ဌာနဆိုင်ရာ ရုံးများနှင့်စစ်ကောင်စီအထိုင်ချစခန်း ၁၂ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီဘက်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ ကွန်ပြူတာတက္ကသိုလ်၊ လွိုင်ကော်အကျဉ်းထောင်၊ နည်းပညာတက္ကသိုလ်၊ ခြေလျင်တပ်ရင်း ခလရ ၅၄တို့၌ အထိုင်ချ တပ်စွဲနေခြင်း ဖြစ်သည်။

လွိုင်ကော်မြို့တွင် ၄လနီးပါး တိုက်ပွဲများ ငြိမ်သက်ခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်များရှိ ရှမ်းစု၊ မင်းစု၊ ဒေါနိုးကူး၊ ဒေါတမ၊ နောင်ယား၊ ဈေးပိုင်း၊ ကြည်သာယာ၊ နမ်းဘော်ဝမ်၊ မင်္ဂလာ၊ ပန်းကန်၊ မိုင်းလုံးစသည့် ရပ်ကွက်များမှ ဒေသခံအများအပြား ပြီးခဲ့သည့် မေလမှစ၍ နေရပ်ပြန်လာကြသော်လည်း ယခုအခါ တိုက်ပွဲပြင်းထန်သဖြင့် ပြန်လည် တိမ်းရှောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံတဦးက “ဘာမှတောင် မယူနိုင်ဘူး။ အသက်လုပြီး ပြန်ပေးကြရတာ။ ပြည်သူတွေကတော့ ဒုက္ခရောက်တာပေါ့။ သူများရပ်ရွာမှာ တောင့်မခံနိုင်တော့လို့ ပြန်လာကြတာ။ အထိုင်ချလို့တောင် မပြီးသေးဘူး။ ခု ပြန်ပြေးရပြန်ပြီ” ဟု ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့က တွေ့ရသော လွိုင်ကော်၊ သီရိမင်္ဂလာဈေးကြီး / ကန္ဒရဝတီ

စစ်ကောင်စီမှ ပြီးခဲ့သည့်ဧပြီလကတည်းက လွိုင်ကော်မြို့ခံများ နေရပ်ပြန်လာရန် ပြောဆိုထားပြီး ပညာရေး၊ ကျန်းမာ ရေးနှင့် စည်ပင်ဝန်ထမ်းများ ပြန်ခေါ်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ရပ်ကွက်များ၌ အုပ်ချုပ်ရေး လုပ်ငန်းများ ဖော်ဆောင်နေသလို လျှပ်စစ်မီးများ၊ အင်တာနက်လိုင်းများ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးထားပြီး ဈေးများလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

စစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ထားပြီး၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်လိုသောကြောင့် ဒေါဥခူရပ်ကွက်နှင့် ‌နာနတ်တောရပ်ကွက်များကို ပိုမိုစစ်ကြောင်းထိုးခြင်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့က အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ မီဒီယာတွေမှာ တချိန်လုံးပြနေပြီး လွိုင်ကော်ကို ပြည်သူတွေလည်း အဆက်မပြတ်ပြန်လာဖို့ ခေါ်နေတာလေ။ အခြေခံကျောင်းတွေ ဖွင့်ပြပြီးပြီဆိုတော့ တက္ကသိုလ်ကိုလည်း သူတို့ပြန်ရအောင် ကြိုးစားဦးမှာပဲ” ဟု ပြောသည်။

လူဦးရေ ၁၂၀,၀၀၀နီးပါးရှိသော လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလမှ စတင်သည့် “၁၁၁၁”စစ်ဆင်ရေး ကြောင့် ဒေသခံ ၈၀ရာခိုင်နှုန်းခန့် စစ်ရှောင်ခဲ့ကြရခြင်းဖြစ်သည်။

You may also like these stories:

တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ကရင်နီစစ်ရှောင်တို့ရဲ့ ဝိုးတဝါး အိမ်ပြန်လမ်း

ကရင်နီပြည် မော်ချီးမြို့ကို KNDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: KAKNDFလွိုင်ကော်
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
17 November 2023
14.4k

ကွမ်းလုံတိုက်ပွဲသည် နေပြည်တော်အား ကိုင်လှုပ်လိုက်ပြီ ဖြစ်၏။ ထို့အတူ ယခင်က မြို့သိမ်းတိုက်ပွဲဟုပြောလျှင် လှောင်ပြောင်သရော်ခဲ့သူများလည်း ပါးစပ်ပိတ်သွားကြ၏။

Next Post
ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

မိုးမိတ်၌ တိုက်ပွဲများ ပြန်ဖြစ်

မိုးမိတ်၌ တိုက်ပွဲများ ပြန်ဖြစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved