• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေး လျှော့ချမှုက ကုန်သည်များအတွက် မထူးခြား

by ဧရာဝတီ
9 August 2024
in စီးပွားရေး, သတင်း
A A
ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေး လျှော့ချမှုက ကုန်သည်များအတွက် မထူးခြား

ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမှ သင်္ဘောတင် ကွန်တိန်နာများ / ဧရာဝတီ

1.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီထိန်းချုပ် မြန်မာဗဟိုဘဏ်သည် မြန်မာကျပ်ငွေသို့ လဲလှယ်ရန် လိုအပ်သည့် ပို့ကုန်မှရသော နိုင်ငံခြားငွေပမာဏကို ၃၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပေးကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီသည် ပို့ကုန်သမားများအတွက် နိုင်ငံခြားငွေလဲလှယ်ရေးမူဝါဒကို၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် စတင်မိတ်ဆက်ပြီး ပို့ကုန်သမားများအနေဖြင့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေသို့ လဲလှယ်ရသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထိုသို့ ကျပ်ငွေ လဲလှယ်ရမည့် ပမာဏကို ၅၀ ရာခိုင်နှုန်းသို့ လျှော့ချပြီး လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင်မူ ထိုလိုအပ်သည့် ပမာဏကို ၃၅ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချသည်။

ပို့ကုန်သမားများသည် ၎င်းတို့၏ နိုင်ငံခြားငွေကြေး ဝင်ငွေကို ခွင့်ပြုချက်ရ နိုင်ငံခြားငွေလဲလှယ်သူများထံတွင် ဈေးကွက်ပေါက်ဈေးထက် လွန်စွာနိမ့်သည့် ပုံသေသတ်မှတ်နှုန်းဖြင့် လဲလှယ်ရသည်။

ကျပ်ငွေသို့ လဲလှယ်ရမည့် ပို့ကုန်ရငွေ ရာခိုင်နှုန်းကို ၂၅ ရာခိုင်နှုန်းသို့ လျှော့ချကြောင်းနှင့် ပို့ကုန်သမားများသည် ကျန်ဝင်ငွေကို ပြည်ပမှ ကုန်စည်နှင့် ဝန်ဆောင်မှုဝယ်ရန် ထိန်းသိမ်းထားနိုင်ကြောင်း ဩဂုတ်လ ၇ ရက်နေ့တွင် ဗဟိုဘဏ်က ကြေညာသည်။

ထိုသို့လဲလှယ်ရမည့်နှုန်း လျှော့ချခြင်းသည် ဩဂုတ်လ ၈ ရက်နေ့တွင် စတင် သက်ဝင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ဈေးကွက်ပေါက်ဈေးအောက်ဖြင့် အတင်းအကျပ် ငွေလဲစေခြင်းကို ထိုသို့ လျှော့ချခြင်းသည်ပင် ဝန်ထုတ်ဝန်ပိုး ဆက်လက် ဖြစ်နေပြီး ထိုအလေ့အထကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း ကုန်သည်များက အခိုင်အမာ တောင်းဆိုကြသည်။

ပို့ကုန်သမား ဦးတေက “ပို့ကုန်ရငွေကို ပြည်တွင်းသုံးငွေနဲ့ အတင်းအကျပ် လဲလှယ်တဲ့စနစ်ကို အဆုံးသတ်ဖို့ ကျနော်တို့ တောင်းဆိုနေတာ ကြာလှပြီ။ ၁၀ ရာခိုင်နှုန်းလောက် လျှော့ပေးတာဟာ သွားမရှိတော့တဲ့ အဘိုးကြီးကို ပဲကြီးလှော် ကျွေးတာနဲ့ အတူတူပဲ” ဟု ပြောသည်။

လွန်ခဲ့သော သီတင်းပတ်တွင် စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုမ္ပဏီ ၁၀၀ ကျော်သည် ၎င်းတို့၏ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ကျပ်ငွေသို့ လဲလှယ်ရန် ပျက်ကွက်သည်ဟုဆိုကာ ပို့ကုန်လိုင်စင်များကို ပြန်လည်ရုတ်သိမ်းပြီး အခြားကုမ္ပဏီ ၁၂ ခုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကို နှစ်ပတ်အတွင်း ကျပ်ငွေနှင့် လဲလှယ်ရမည်ဟု အမိန့်ထုတ်သည်။

ဗဟိုဘဏ်၏ ယခုကြေညာချက်သည် ကုမ္ပဏီများအပေါ် သက်ရောက်မှု မရှိကြောင်းနှင့် အမေရိကန် ဒေါ်လာ ၁၇ သန်းကို ကျပ်ငွေနှင် လဲလှယ်ရမည့် ကုမ္ပဏီများသည် ၃၅ ရာခိုင်နှုန်း စည်းမျဉ်းကို လိုက်နာရမည်ဖြစ်ကြောင်း လိုင်စင်ရုတ်သိမ်းခြင်းဖြင့် အပြစ်ပေးခံရသည့်ကုမ္ပဏီများနှင့်နီးစပ်သော ကုန်သည်များက ပြောသည်။

လိုင်စင်ရုတ်သိမ်းခံရသည့် ကုမ္ပဏီပိုင်ရှင်များသည် ထောင်ချခံရမည်ဖြစ်ပြီး ပိုင်ဆိုင်မှု သိမ်းဆည်းခံရမည့် ပို့ကုန်သွင်းကုန်ဥပဒေအရ စွဲချက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

စစ်ကောင်စီက ချမှတ်သည့် အတင်းအကျပ် ငွေလဲခိုင်းသည့် စည်းမျဉ်းများကို ပို့ကုန်သမားများက ဝေဖန်ပြီး ထိုစည်းမျဉ်းများ ဖျက်သိမ်းရန် တောင်းဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာချေးငွေ ရရှိမှု ဆုံးရှုံးနေစဉ် ပို့ကုန်နှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြိုလဲခြင်းကို ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံအတွင်းသို့ အမေရိကန်ဒေါ်လာ စီးဝင်မှု လုံးဝ မရှိသလောက် ဖြစ်သောကြောင့် စစ်ကောင်စီသည် ၎င်း၏ နိုင်ငံခြားသုံးအရန်ငွေကို ရောင်းချနေရသည်။

မြန်မာတွင် အမေရိကန်ဒေါ်လာ မလုံလောက်မှုနှင့် ဗဟိုဘဏ်က ချမှတ်သည့် အတင်းလုပ်ယူထားပြီး နိမ့်ကျသော ငွေလဲနှုန်းသည် နိုင်ငံခြားငွေလဲလှယ်ရေးအတွက် မှောင်ခိုဈေးကွက်ကို ပြန်လည် အသက်ဝင်စေသည်။

သို့သော် စစ်ကောင်စီသည် လက်နက်ဝယ်ရန် ငွေရှာနိုင်သည်။ အာဏာသိမ်းပြီး ပထမ နှစ်နှစ်အတွင်း စစ်ကောင်စီသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများမှ တင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Central Bank’s Latest Forex Conversion Move Fails to Impress Traders ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
2
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
10
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
5

နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ

ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ

မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ

မြန်မာ့ကုန်သွယ်ရေးအခြေအနေ အတော့်ကို ဆိုးရွားလာ

စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း

စစ်ကောင်စီ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူချိန် တန်ပြီ

Your Thoughts …
Tags: စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးနိုင်ငံခြားငွေလဲလှယ်ရေးပို့ကုန်လိုင်စင်ပို့ကုန်သွင်းကုန်ဥပဒေဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

လုပ်အားခ ဘတ် ၁၅ သိန်းကျော် မရသည့် မြန်မာအလုပ်သမားများ ထိုင်းအလုပ်ရှင်ကို အမှုဖွင့်

လုပ်အားခ ဘတ် ၁၅ သိန်းကျော် မရသည့် မြန်မာအလုပ်သမားများ ထိုင်းအလုပ်ရှင်ကို အမှုဖွင့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved