• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ပြည်သူ့လုံခြုံရေးစနစ် ပြည်သူပါမှအေးချမ်းမည်ဟု စစ်ခေါင်းဆောင် ပြော

by ဧရာဝတီ
26 August 2024
in Military, သတင်း
A A
ပြည်သူ့လုံခြုံရေးစနစ် ပြည်သူပါမှအေးချမ်းမည်ဟု စစ်ခေါင်းဆောင် ပြော

ဩဂုတ် ၂၅ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ် (CINCDS)

4k
VIEWS
Share on FacebookShare on Twitter

စစ်တပ် လက်အောက်ခံအဖြစ် ဖွဲ့စည်းမည့် ပြည်သူ့လုံခြုံရေးစနစ်၌ ပြည်သူပါဝင်မှ တည်ငြိမ်အေးချမ်းပြီး ပါတီစုံ ဒီမို ကရေစီစနစ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ယမန်နေ့ မန္တလေးမြို့ ခရီးစဉ်တွင် ပြော သည်။

နိုင်ငံအနှံ့ တိုက်ခိုက်ခံရပြီး စစ်ရေးအရ အထိနာနေသည့် စစ်တပ်က စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး လူငယ်များအား အဓမ္မလူသစ်စုခဲ့ရာမှ လက်ရှိတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားများကိုပါ စစ်သင်တန်း ပေးကာ ပြည်သူ့ လုံခြုံရေးစနစ်၌ ထည့်သွင်းရန် လုပ်ဆောင်နေသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများပါဝင်ပါက တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်” ဟု ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်ရင်းဌာနချုပ်များနှင့် မြို့များ လက်လွှတ်နေရသည့် စစ်တပ်သည် ဩ ဂုတ် ၁၆ ရက် ရက်စွဲဖြင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကွပ်ကဲရေးအဖွဲ့အား ဖွဲ့စည်းကာ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ရန် လုပ်ဆောင်လျက်ရှိသည်။

ထိုပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားများ ပါဝင်ဖွဲ့ စည်းမည့်အပေါ် ပြည်သူများကြား ဝေဖန်ကန့်ကွက်ပြောဆိုမှုများ ရှိနေသည်။

ရန်ကုန်မြို့မှာ နေထိုင်သူတဦးက “အသက်ကြီးပိုင်းတွေပါ ပါမယ်ဆိုတာ ပြောနေကြတာ ရှိတယ်။ နောက်တခုက အသက် ၂၀ ကနေ ၄၀ အထိ ဆွဲမယ်လည်း ပြောနေကြတယ်။ အခြေအနေက တော်တော် ဆိုးနေပြီ၊ သူတို့မှာအင်အား မရှိလို့လုပ် တာ၊ သူတို့ကို ယုံကြည်မှုလည်း မရှိကြတော့ဘူး။ သူတို့ဆီ ဘယ်သူမှလည်း စစ်မှုမထမ်းချင်ဘူး။ ဘယ်သူမှ လက်ခံမှာ လည်း မဟုတ်ဘူး” ဟု ပြောသည်။

စစ်တပ်အနေဖြင့် အသက် ၃၅ မှ ၆၅ အတွင်း အမျိုးသားများအား ၎င်းတို့ လက်အောက်ခံအဖွဲ့ဝင် ပါဝင်ရန် လုပ်ဆောင်လာ ခြင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အကန့်အသတ်မရှိ ဖမ်းဆီးငွေညှစ်နိုင်စေရန် လမ်းကြောင်းဖွင့်ပေးသည့် အခြေ အနေ တရပ်ဖြစ်ကြောင်းလည်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

၎င်းက “အသက် ၃၅ ကနေ ၆၅ သူတို့ ဖမ်းချင်တဲ့သူဖမ်းမယ်၊ ဘယ်သူ့ကို ဘယ်အရွယ်ခေါ်ရမယ်ဆိုတာလည်း မပြောဘူး။ အဲဒီတော့ မတက်ချင်တဲ့သူက ပိုက်ဆံပေးရမယ်၊ တော်လှန်ရေးဘက်ကို ကူနေတဲ့သူတွေက အားလျော့သွားမယ်။ စစ်တပ် က ကောင်တွေက သူ့ဟာသူ ငတ်ပြတ်နေတာ၊ သူ့စစ်သားတွေအတွက် ရပေါက်ရလမ်း အလှူခံပေးလိုက်တဲ့ အနေအထားလို့ ပြောရမယ်” ဟု ပြောသည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုကာ လူငယ်များအား လူသစ်စုဆောင်ကာ စစ်သင်တန်းပေးရာတွင်လည်း အဓမ္မ ဖမ်း ဆီးငွေညှစ်မှုများ၊ စစ်ကောင်စီအဖွဲ့ဝင်များအား လာဘ်ထိုးကာ လူစားထိုးမှုများရှိနေကြောင်း မင်းလှမြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။

စစ်ကိုင်းတိုင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ရိက္ခာတချို့ ပေးနေစဉ်/ MWD

၎င်းနှင့်နီးစပ်သည့် ပတ်ဝန်းကျင်တွင်ပင် လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ်တဦးအား ကျပ်သိန်း ၆၀ ဖြင့် ပြန်ရွေးခဲ့ရ ကြောင်း၊ စစ်မှုထမ်းစာရင်းပါသည့် ချမ်းသာသော မိသားစုများထံမှ စစ်တပ်အရာရှိနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့က ငွေကြေး ယူကာ တိမ်းရှောင်ခိုင်းသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

၎င်းက “စစ်တပ်၊ ရဲနဲ့ ပျူတွေက ဘုန်းကြီးကျောင်းတွေ၊ စစ်တပ်ထောက်ခံသူတွေအိမ်မှာ အထိုင်ချနေပြီး လမ်းဆုံတွေမှာ ဂိတ်ချပြီး တွေ့တဲ့ ယောက်ျားလေးဆွဲတာ၊ မိသားစုက နောက်ကလိုက်ပေါ့။ သိန်း ၅၀၊ ၁၀၀ တောင်းတာ၊ တယောက်ဆို ပြန်ရွေးတာ သိန်း ၆၀ ကုန်တယ်၊ ပြန်ပေးဆွဲနေသလိုပဲ။ မပေးနိုင်ရင် တပ်ထဲ တန်းထည့်တာ။ ကျနော်တို့ဘက်မှာ ယောက်ျား လေးတွေ အပြင် သိပ်မထွက်ရဲဘူး” ဟု ပြောသည်။

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့ရန် လုပ်ဆောင်စဉ် မန္တလေးမြို့ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် အိမ် ထောင်စု လူဦးရေစာရင်း ပြန်လည် ကောက်ခံခြင်း၊ စစ်မှုထမ်းစာရင်းပါသူ လူငယ်များအား အိမ်ပေါ်တက်ဆွဲခြင်း၊ စာရင်း တွင်ပါသူ မရှိပါက တွေ့ရှိသူအား ခေါ်ဆောင်သွားကာ လူချင်းပြန်လဲခိုင်းသည့် အခြေအနေများ ဖြစ်နေ ကြောင်း မန္တလေး မြို့ခံတဦးက ပြောသည်။

၎င်းက “အသက် ၃၅ နဲ့ ၆၅ တွေ ပါမယ်ဆိုတာ ထွက်ပေါ်လာတော့ စိုးရိမ်စိတ်တွေကြီးနေကြတယ်၊ အသက်ရွယ်တွေဆို တော့ ဘာမှလုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေမျိုး မရှိတော့ ကြုံလာမှပဲ ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်၊ စစ်မှုထမ်း စာရင်းပါတဲ့ လူငယ်တွေကို အိမ်ပေါ်အထိ တက် ဆွဲတဲ့ပုံစံမျိုးလဲ ခပ်စိပ်စိပ်လုပ်နေတဲ့ ပုံစံမျိုးရှိတယ်” ဟု ပြောသည်။

စစ်တပ်က ဖွဲ့စည်းရန်ပြင်ဆင်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့အား စစ်ကောင်စီ နယ်စပ်ရေးရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကွပ်ကဲမှုအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်၊ ကျေး ရွာအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များဖွဲ့ကာ တိုက်ပွဲနှင့်ကိုက်ညီသည့် လက်နက်တပ်ဆင်ခြင်း၊ ထိရောက်စွာတိုက်ပွဲဝင်နိုင်ရေး နည်းဗျူဟာများလေ့ကျင့်ပေးခြင်း၊ ရိက္ခာအချိန်မီ ဖြည့်တင်းနိုင်ရေး စီစဉ်ကွပ်ကဲရမည် ဖြစ် ကြောင်း ဗဟိုအဖွဲ့လုပ်ငန်းတာဝန်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များအား နောက်ပိုင်း နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးအပြင် ရှေ့တန်းအထိ ထောက်ပံ့ဆက်သွယ်ရေးနှင့် ဒဏ်ရာရသူများ ကယ်ထုတ်ရေး ထမ်းဆောင်ရန်လေ့ကျင့်ပေးခြင်း၊ ပြုန်းတီးအင်အားဖြည့်တင်းခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်း၊ ဒဏ်ရာရနှင့် တိုက်ပွဲကျဆုံးသူများအတွက် ထောက်ပံ့မှုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ရမည် ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

You may also like these stories:

ရပ်/ကျေးအဆင့်ထိ လက်နက်တပ်ဆင်ဖို့ စစ်ကောင်စီ လုပ်ဆောင်

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့

Your Thoughts …
Tags: စစ်ခေါင်းဆောင်စစ်မှုထမ်းပြည်သူ့ လုံခြုံရေးစနစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

by ဧရာဝတီ
17 August 2024
13.7k

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်း ဖြစ်ကာ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

by ဧရာဝတီ
30 September 2023
12.5k

စစ်ခေါင်းဆောင် ချီးမြှင့်မြှောက်စားခဲ့သူတဦးရဲ့ တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေ ပေါ်နေပေမယ့် “ကိုယ်ကျိုးစီးပွား ရှာတဲ့ အဖွဲ့ဝင်အချို့ကို အနားပေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်”လို့ အရိပ်အမြွက်ပြောရုံ၊ နေရာဖယ်ရှား ရုံက လွဲလို့ ဒီကနေ့တိုင် ပွင့်လင်းမြင်သာတဲ့ အရေးယူ စုံစမ်းမှုတွေမလုပ်ဘဲ...

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

by ဧရာဝတီ
14 October 2025
11.9k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇနီး‌ ဒေါ်ကြူကြူလှနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲအား စစ်ခေါင်းဆောင်၏ ကိုယ်ရံတော် (PSO)အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်ကြောင်း သိရသည်။

Next Post
မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved