• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုလဲတိုက်ပွဲ ပိတ်မိနေသူများ ရှိသလို လူ ၁ သောင်းခန့် စစ်ရှောင်ရ

by ဧရာဝတီ
13 November 2024
in သတင်း
A A
ပုလဲတိုက်ပွဲ ပိတ်မိနေသူများ ရှိသလို လူ ၁ သောင်းခန့် စစ်ရှောင်ရ

၂၀၂၄ မေ ၁၁ ရက် BNRA တပ်မှ ဗိုလ်နဂါး လက်နက်ပေးအပ်ပွဲ/ BNRA

5.9k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် မိုင် ၃၀ကျော် ဝေးသည့် ပုလဲမြို့ကို ဗိုလ်နဂါး၏ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA)နှင့် မဟာမိတ်များက နိုဝင်ဘာ ၁၁ ရက်က ဝင်စီးရာ တိုက်ပွဲများဖြစ်နေပြီး မြို့တွင်း ပိတ်မိနေ သူများရှိသလို လေကြောင်းနှင့် လက်နက်ကြီးကြောင့် အနီးရှိ ရွာများမှ ဒေသခံ ၁ သောင်းခန့် စစ်ရှောင်နေရသည်။

နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခန့်မှ စ၍ ပုလဲထွေအုပ်ရုံးနှင့် ရဲစခန်း အတိုက်ခံရသဖြင့် စစ်တပ်ကလည်း အကြိမ် ၂၀ထက်မနည်း ဗုံးကြဲရာ အများအပြား မြို့တွင်း ပိတ်မိနေသလို မြကုန်း၊ အလယ်ဘုံ၊ အေး ကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ညောင်ကန်၊ ညောင်ကုန်း၊ မကျီးခွ၊ ဇောင်ချမ်းကုန်းစသော ရွာများလည်း ထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများထံက သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

“ဒီနေ့မနက်ခင်းကတည်းက အခုနေ့လယ်ပိုင်းထိဆိုရင် ၁၀ ကြိမ်ထက်မနည်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲ နေတယ်၊ လေကြောင်းက တိုက်ပွဲဖြစ်တဲ့ တည်နေရာတွေ မဟုတ်ဘဲနဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ပုလဲမြို့နဲ့ ကပ်နေ တဲ့ရွာတွေ ဘက်ကိုပါ ဗုံးကြဲနေတာတွေ လုပ်နေတယ်”ဟု စစ်ရှောင်ကူညီနေသူတဦးက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသော ပုလဲမြို့ပေါ်မှ စစ်ရှောင်များ/ယင်းမာပင်ခရိုင်တပ်ရင်း ၁၁

ပိတ်မိနေသူများတွင် မြို့ခံများအပြင် Non CDM ဝန်ထမ်းများ ပါဝင်နေပြီး တိုက်ပွဲပြင်းထန်နေသောကြောင့်အရဲစွန့်၍ ထွက်ပြေးလာသူများလည်း ရှိကြောင်း၊ ပိတ်မိသူအရေအတွက်အား အတိအကျ မသိရကြောင်း ၎င်းက ပြောသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “တိုက်ပွဲက ပြင်းထန်နေပါတယ်၊ သူတို့ဘက်က လေကြောင်းနဲ့ ပစ်ကူပေးပြီး တိုက် နေတယ်၊ ပြီးတော့ မြေပြင်ကနေ စစ်ကူတွေ ဝင်လာနိုင်အောင် ကြိုးစားနေတာမျိုးတွေလည်း ရှိနေတယ်၊ မြို့ကို ဝင်တိုက် နေတာဆိုတော့ သူတို့ဘက်ကလည်း အသည်းအသန်ကာကွယ်နေတာမျိုးပေါ့၊ ကျနော်တို့ဘက်က မြို့ထဲက စစ်ကောင်စီ အထိုင်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်၊ မြို့တွင်းထိ ဝင်ရောက်စီးနင်းထားနိုင်တယ်လို့ ပြောလို့ ရပါတယ်”ဟု ပြောသည်။

တော်လှန်ရေးတပ်များဘက်က မြို့တွင်းအား ဝင်ရောက်စီးနင်းစဉ် Non CDM အချို့ကို တွေ့ရှိသောကြောင့် စစ်ရေးအရ ထိန်းသိမ်းထားပြီး ဖုန်းများကို သိမ်းဆည်းထားကြောင်းလည်း သိရသည်။

တံတားဦးလေတပ်မှ တက်သည့် Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သလို လေယာဉ်မှလည်း ဗုံးများကြဲချခြင်းဖြစ်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိရာ ၇ ဦးခန့်မှာ ဗုံးနှင့်လက်နက်ကြီးထိမှန်၍ သေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပုလဲ ပအဖ)ထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်က မြို့ပေါ်ကို ဗုံးကြဲရာ ရဲစခန်းအရှေ့မြောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဝန်ထမ်း အိမ်ရာပေါ်သို့ ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးပြီး ဇနီးဖြစ်သူ ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း၊ ရဲစခန်း အနောက်ဘက် သုံးထပ်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော Non CDM ထွေအုပ်စာရေး ကိုဇင်မောင်မိသားစုကို ထိမှန်ခဲ့ရာ ဇနီးဖြစ်သူ မမျိုးဦးနှင့် သားဖြစ်သူ သေဆုံးကာ ကိုဇင်မောင်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

“စစ်ရှောင်တွေက နီးစပ်ရာဆွေမျိုးသားချင်းတွေ ပတ်သက်ဆက်နွယ်တဲ့ အသိတွေဆီမှာ သွားနေကြတာ များပါတယ်၊ လက်ရှိ က တိုက်ပွဲကာလဆိုတော့ အကုန်လုံးကိုတော့ ကူညီနိုင်တာမျိုး မရှိသေးဘူး၊ စစ်ရှောင်တွေကို ကျနော်တို့ လူသားစာနာ အဖွဲ့တွေက ထမင်းထုတ်ပို့ပေးတာမျိုးတော့ လုပ်ပေးနေတာရှိတယ်၊ သူတို့အတွက် နေစရာ ထိုင်စရာ စီစဉ်ပေးရတာမျိုး လည်း မရှိသေးပါဘူး”ဟု ပုလဲ ပအဖ လူသားချင်းစာနာမှုကူညီရေးတာဝန်ခံက ပြောသည်။

၂၀၂၄ မေ ၁၁ ရက် BNRA တပ်မှ ဗိုလ်နဂါး လက်နက်ပေးအပ်ပွဲ/ BNRA

ယနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့ဆေးရုံအနီးဝန်းကျင်မှ နေအိမ်များ မီးလောင်နေသလို ရတနာအေး ဂါတ်ကျောင်း၊ ပုလဲနု အဆောက်အဦများ ပြိုကျခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင်လည်း တိုက်လေယာဉ်ဖြင့် မြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၉ ရွာရှိပြီး အရှေ့ဘက် ဆားလင်းကြီး မြို့နယ်၊ မြောက်ဘက် ယင်းမာပင်၊ ကနီမြို့နယ်၊ ‌အနောက်ဘက် မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ တောင်ဘက် မကွေးတိုင်း မြိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ပုလဲမြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သလို ပုလဲမြို့တွင်းရှိ ရဲစခန်း၊ အထက်တန်းကျောင်း၊ ဆေးရုံနှင့် ဌာနဆိုင်ရာများ၊ အင်မထီးပျူစောထီးကျေးရွာများ၌သာ စစ်ကောင်စီတပ်များ စိုးမိုးထား နိုင်ကြောင်း သိရသည်။

ပုလဲမြို့ပေါ်သို့ ဗိုလ်နဂါး၏ တော်လှန်ရေးတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ချရန် လည်း တိုက်တွန်းနေကြောင်း၊ ထို့ကြောင့် ပိတ်မိနေသော ဝန်ထမ်းများအား ကယ်ထုတ်ကာ လေကြောင်းဖြင့် ရှင်းလင်း၍ စစ်ကူ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးရန် စစ်တပ်လော်ဘီတို့က တောင်းဆိုနေသည်။

ယခုအခါ စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ စစ်ရှောင် ပြည်သူများအတွက် လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေသလို လေကြောင်းလာသည်နှင့် ခံတုတ်ကျင်း၊ ဗုံးခိုကျင်းများအတွင်း ဝင်ရောက်နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။

You may also like these stories:

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

ပျူစောထီးတို့ ဖမ်းဆီးနှိပ်စက်သဖြင့် ပုလဲဒေသခံ ၄ဦး သေဆုံး

Your Thoughts …
Tags: BNRANon CDMစစ်ကူစစ်ရှောင်စီးနင်းပုလဲပေါင် ၅၀၀ဗုံးလေကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ချောင်းဦး ကံဇီးပျူရွာ အတိုက်ခံရမှု လက်နက်နှင့် လူ ၃၀ကျော် ဖမ်းမိဟု ဆို

ချောင်းဦး ကံဇီးပျူရွာ အတိုက်ခံရမှု လက်နက်နှင့် လူ ၃၀ကျော် ဖမ်းမိဟု ဆို

by ဧရာဝတီ
21 September 2024
8.7k

ကံဇီးပျူစောထီးကျေးရွာသို့ စစ်ကူသွားရောက်သည့် စစ်ယာဉ်တန်းနှင့် မအူစစ်ဆေးရေးဂိတ်မှ ထွက်လာသည့် မိုင်းရှင်းစစ်ကြောင်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

Next Post
ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

ထရမ့်က အီလွန်မတ်စ်ကို "အစိုးရစွမ်းဆောင်ရည်ဌာန" ဖွဲ့ ဦးဆောင်စေမည်

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် တိုက်နိုင်မည်မဟုတ် (ရုပ်/သံ)

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် တိုက်နိုင်မည်မဟုတ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved