• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန့်ဘလူနယ်မှ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း စစ်တပ် ပြန်ထိန်းချုပ်

by ဧရာဝတီ
29 August 2025
in သတင်း
A A
ကန့်ဘလူနယ်မှ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း စစ်တပ် ပြန်ထိန်းချုပ်

ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်းနှင့် ဒေသတွင်းပြ မြေပုံ (ဧရာဝတီ)

1.2k
VIEWS
Share on FacebookShare on Twitter

ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းကို စစ်တပ်က ပြန်ရရန် လုပ်ဆောင်လာရာ ကန့်ဘလူမြို့နယ် အတွင်းရှိ ယမနေ ရွာမှနေ စံပါယ်နံ့သာအထိ မိုင် ၃၀ ကျော်အား ပြန်ထိန်းချုပ်ပြီးနောက် အနီးရှိ ရွာများကို စစ်ကြောင်းထိုး ရှင်းလင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

တော်လှန်ရေးတပ်တို့က ရွှေဘို- မြစ်ကြီးနား လမ်းအပါအဝင် ဇီးကုန်း- မလယ်လမ်းဆုံ အနီးဝန်းကျင်ရှိ ကျီကျင်း၊ ဘူးကုန်း လမ်းခွဲ၊ ရေကြည်ဦး၊ မြေမွန်- ခင်ဦးမြို့နယ်အစပ်တို့ထိ စိုးမိုးထိန်းချုပ်ထားရာမှ ဩဂုတ် ၁၆ ရက်က စစ်တပ်နှင့် ပျူစော ထီးအင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ရာ ဩဂုတ် ၂၃ ရက်က PDF တပ်များ နောက်ဆုတ် ပေးလိုက်ရကြောင်း သိရသည်။

ဒေသတွင်းစစ်ရေးသတင်းများဖော်ပြနေသည့် Infinity Group မှ တာဝန်ရှိသူတဦးက “စစ်ကြောင်းထိုးတာက ဗျူဟာ လမ်း ကို ပြန်ရချင်လို့ နောက် ကွင်းလမ်းတွေကနေ ကျနော်တို့ဘက်က အခွန်ဂိတ်တွေဆီ ဝင်ငွေလမ်းကြောင်း ဖြတ်တောက် နိုင်ဖို့ပါ၊ ဒီလထဲမှာ စစ်ကိုင်းတိုင်းထဲက အဓိက မိန်းလမ်းတွေကို စစ်တပ် ပြန်ထိန်းချုပ်လာတဲ့သဘောပါ။ စစ်ကိုင်းဘက်ဆို စစ်ကိုင်း- ဆားတောင်လမ်းမကြီး၊ မုံရွာ- ရေဦးလမ်းကြီးပေါ်ကဆို အခု ရက်ပိုင်း မုံရွာ- ဘုတလင်ကားလမ်းမကို ပြန်ထိန်း လာတာ တွေ့ရတယ်။ ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းဆို အခု ကန့်ဘလူက အဓိက ထိန်းချုပ်ခံလာရတဲ့ သဘောပေါ့” ဟု ပြောသည်။

ယမနေရွာလမ်းဆုံအထိ စစ်တပ်ပြန်လည် ထိန်းချုပ်သွားနိုင်ခြင်းကြောင့် ကွင်းလမ်းအဖြစ်အသုံးပြုနေသည့် ပေကြီးလမ်း ခွဲနှင့် မလယ်လမ်းခွဲများမှ ခရီးသွားကားများ သွားလာ၍မရတော့ဘဲ ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းကြောင်းအတိုင်းသာ သွားလာရတော့မည်ဟု ဒေသခံများက ဆိုသည်။

ထို့အတူ လုံခြုံရေး အခြေအနေအရနှင့် ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ စစ်တပ် အထိုင်ဂိတ်များအား ရှောင်ကွင်းသည့် အနေဖြင့် ခရီးသွားကား၊ ကုန်တင်ယာဉ်များမှာ ဇီးကုန်း၊ စံပယ်နံ့သာ၊ မြေမွန်၊ ပေကြီး၊ ကောလင်းကွင်းလမ်းများအား အသုံးပြုနေရာမှ ဩဂုတ် ၂၃ ရက်မှစ၍ ယင်းကွင်းလမ်းများကို အသုံးပြုသွားလာခြင်းကို စစ်တပ် ပိတ်လိုက်ကြောင်း သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
19
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
668
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
195

အဆိုပါ ကွင်းလမ်းများမှာ စစ်ကိုင်းတိုင်းမှတဆင့် ကချင်ပြည်နယ်သို့ ခရီးသွားလာနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်အတွင်းက စတင် ဖြစ်ပေါ်လာခဲ့ပြီး ရွှေဘိုမြို့မှ မိုးညှင်းမြို့အထိ ဗျူဟာလမ်းပိုင်းမှမဟုတ်ဘဲ ကွင်းလမ်းများမှ မောင်းနှင်လျှင် ခရီးသည် တင်ယာဉ်ငယ်များမှာ နှစ်ရက်က မောင်းနှင်ရပြီး ကုန်တင်ကားများမှာ တပတ်ခန့်ထိ ကြာမြင့်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ် ထိန်းချုပ်လိုက်သည့် ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း ကန့်ဘလူမြို့နယ်အဝင်၌ ခရီးသွားကား၊ ကုန်တင် ကားများပိတ်မိလျက်ရှိကာ စစ်တပ်အထိုင်ဂိတ်များကလည်း အဆင်း၊ အတက်ကားများကို စစ်ဆေးမှုများ ပြုလုပ်နေသလို နေ့လယ် ၁၂ နာရီအထိ အဆင်းကားများကို လွှတ်ပေးနေပြီး ၁၂ နာရီနောက်ပိုင်း အတက်ကားများ စသဖြင့် ဖြတ်သန်း ခွင့်ပေးနေကြောင်း သိရသည်။

ကုန်ကားမောင်းသူတဦးက “စစ်တပ်အဖွဲ့တွေက ဗျူဟာလမ်းအတိုင်း မောင်းခိုင်းနေတယ်၊ ကွင်းလမ်းတွေက မိုးရာသီဆို တော့ ခရီးမတွင်ဘူး၊ ကွင်းလမ်းတွေက သွားရတာ ဒုက္ခအများကြီး ရောက်ရတယ်။ နောက်ပြီး ကွင်းလမ်းက သွားရင် မလို အပ်တဲ့ ကုန်ကျစရိတ်တွေလည်းရှိတော့ ဖြစ်နိုင်ရင်တော့ လမ်းကောင်းက သွားချင်တာပေါ့။ ဘယ်သူမဆို ဘေးကင်းချင် တယ်၊ စားရေးသောက်ရေး ရုန်းကန်နေကြရတာဆိုတော့ အရဲစွန့်ပြီး သွားနေကြရတာ” ဟု ပြောသည်။

ကွင်းလမ်းအဖြစ်အသုံးပြုနေသည့် ပေကြီးလမ်းခွဲနှင့် မလယ်လမ်းခွဲများမှ ဖြတ်သန်းသွားလာနေကြသည့် ယာဉ်များ/CJ

ကန့်ဘလူနယ် ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း ထိန်းချုပ်မှုများနှင့်အတူ စစ်ကြောင်းထိုးနေမှုကြောင့် ရေကြည်ဦး၊ ထိန်တော၊ ရီးဒွေး၊ သရက်တာ၊ ကျေးပင်အက်၊ ပေကြီး၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ ကျီကျင်းကျေးရွာများအပြင် ရွှေဘို- မြစ်ကြီးနားကား လမ်းတလျောက် ကျေးရွာများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဩဂုတ် ၂၅ ရက် ၂၆ ရက်တွင် ကျီကျင်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ ကန့်ဘလူမြို့နယ်အတွင်းရှိ ရွာမရွာသစ်၊ ထိန်တော (တ/မ)၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်း ရိုး၊ ကျေးပင်အက်ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ယင်းကျေးရွာများမှ နေအိမ် ၄၃၀၊ စာသင်ဆောင် ၄ ဆောင်တို့ မီးရှို့ခဲ့ရာ ကျေးပင်အက်ရွာမှ နေအိမ် ၂၃၀ ထိ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ကျေးပင်အက်ရွာသားတဦးက “ထိန်တောဘက်မှာ မီးရှို့သတ်ခံရတာ ၅ ယောက်ရှိတယ်လို့ သိရတယ်၊ ကျေးပင်အက်မှာ အလောင်း ၄ လောင်း တွေ့တယ်၊ ဘယ်သူဘယ်ဝါတော့ မှန်းလို့မရဘူး ပျောက်ဆုံးနဲ့ လိုက်စစ်နေရတာ၊ ဓားနဲ့ ရက်ရက် စက်စက် ခုတ်သတ်ပြီးမှ အလောင်းတွေကိုပါ မီးရှို့သွားတာ၊ တိမ်းရင်းရှောင်ရင်းနဲ့ ပျောက်ဆုံးနေတဲ့ သူတွေလည်း ရှိနေ တယ်၊ ကျနော်တို့ရွာကတင် ၂ ယောက်၊ သရက်တာက ၃ ယောက်၊ ရီးဒွေးက တယောက်၊ ထိန်တောက ၄ ယောက်လို့ သိ ထားတယ်။ အခုက မီးလောင်ပြင်မှာ ယာယီတဲထိုးနေဖို့တောင် အတော်ခက်ခဲသွားပြီ” ဟု ပြောသည်။

ကန့်ဘလူတောင်ခြမ်း ဗျူဟာလမ်းပိုင်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် အထိုင်ချတပ်စွဲနိုင်ရေး ကြိုးစားနေမှုများနှင့် အတူ ယမန်နေ့ညနေပိုင်းကလည်း မလယ်တိုက်နယ်ဘက်သို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေး ကြောင်း သိရသည်။

ကန့်ဘလူတောင်ခြမ်း မြေပြင်စစ်ရေးအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သောကြောင့် ကန့်ဘလူ- ထန်းကုန်း- ကာဘိုး–ဇီးကုန်းလမ်းပိုင်းတွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် လေကြောင်းအန္တရာယ် အထူးသတိထားကြရန်လည်း တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

You may also like these stories:

ပေါက် ရိက္ခာပို့စစ်ယာဉ်တန်း ပြန်ထွက်ရာလမ်းတလျောက် စစ်ကြောင်းထိုး မီးရှို့နေ

ရတနာသိင်္ဂီမိုင်း ပြန်ရပေမယ့် ကျောက်မဲမှာ စစ်တပ်ပိတ်ဆို့ခံနေရ

မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

Your Thoughts …
Tags: ကန့်ဘလူစစ်ကြောင်းထိုးစံပါယ်နံ့သာယမနေရွှေဘို- မြစ်ကြီးနားဗျူဟာလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
25.6k

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

by ဧရာဝတီ
25 December 2023
5.9k

မန္တလေးမြို့တွင် လူ ၁၀ ဦးကျော်ထိ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
5.8k

ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါထိုးပြီး ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

by ဧရာဝတီ
7 October 2024
5.1k

စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာမှု ကြောင့် သုံးဆယ်ပေးကျေးရွာမှ စတင် ဆုတ်ပေးထားရပြီး ယခုအခါစစ်တပ်က ယင်းရွာတွင် လက်နက်ကြီး အထိုင်ချထားကြောင်း

Next Post
ကျမတို့ ဒုတိယ ကချင်ပြည်နယ် မဖြစ်ချင်ဘူး (ရုပ်/သံ)

ကျမတို့ ဒုတိယ ကချင်ပြည်နယ် မဖြစ်ချင်ဘူး (ရုပ်/သံ)

ဘယ်သူအကြမ်းဖက်သမားလဲဟု KNU တုံ့ပြန်

ဘယ်သူအကြမ်းဖက်သမားလဲဟု KNU တုံ့ပြန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved