• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ချင်းပြည်သူများအတွက် ကောင်စီနှစ်ခု ပူးပေါင်း

by မေရီခိုင်
27 February 2025
in သတင်းတို
A A
ချင်းပြည်သူများအတွက် ကောင်စီနှစ်ခု ပူးပေါင်း

ပူးပေါင်းရေးဆွေးနွေးခဲ့သည့် ကောင်စီနှစ်ခုမှ ကိုယ်စားလှယ်များ / Salai Peter Thang(Facebook)

999
VIEWS
Share on FacebookShare on Twitter

ချင်းပြည်ကောင်စီ(Chinland Council)နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ(Chin National Council)အဖြစ် ဖွဲ့စည်းသွားမည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ၎င်းတို့က သတင်း ထုတ်ပြန်သည်။

ပြည်နယ်အတွင်း ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများမှ လက်ခံယုံကြည်ကြသောကြောင့် ကောင်စီသစ်တရပ်အဖြစ် ပေါင်းစည်းရန် သဘောတူညီခဲ့ကြောင်း ၎င်းတို့၏ ပူးတွဲထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်ကောင်စီတွင် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များပါဝင်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၌ ချင်းညီနောင် (Chin Brotherhood) တပ်ဖွဲ့များ ပါဝင်သည်။

ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်နိုင်ရေး ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဥပဒေပြဋ္ဌာန်းနိုင်ရန် အကောင်အထည်ဖော်သွားမည်ဟု ၎င်းတို့က ဆိုထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
126
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
138
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.4k

တီးတိန်မြို့နယ် ဒေသခံတဦးက “ဒါက တကယ့်ကို သတင်းကောင်းပါ။ ချင်းပြည် နှစ်ခြမ်းကွဲနေတာမျိုးကို ကျနော်တို့ မလိုချင်ဘူး။ အချင်းချင်း ပစ်ခတ်နေတာကိုလည်း သဘောမကျပါဘူး။ CC နဲ့ CB နှစ်ဖွဲ့ပေါင်းရင် ချင်းပြည်နယ်တခုလုံး လွတ်မြောက်ဖို့ မကြာတော့ဘူးလို့ ကျနော်ထင်တယ်။ ဒါကို ရေရှည်အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ အဖွဲ့အစည်းတရပ်ဖြစ်ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။

အဆိုပါပေါင်းစည်းမှုကိစ္စနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ချင်းပြည်ကောင်စီနှင့် ICNCC အဖွဲ့၏ တာဝန်ရှိ သူများကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည့် မီဇိုငြိမ်းချမ်းရေးအဖွဲ့ (Advocacy for Peace) ၏ စေ့စပ် ညှိနှိုင်းပေးမှုဖြင့် ကောင်စီနှစ်ခုမှ ကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောမြို့တွင် ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက် များ၌ ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ယခုဆွေးနွေးမှုသည် ချင်းကောင်စီအဖွဲ့ နှစ်ဖွဲ့၏ ၃ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းမှုလည်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်ကို ချင်းပြည်ကောင်စီ ကိုယ်စားပြုသူအဖြစ် ချင်းပြည်ကောင်စီ ဒုတိယဥက္ကဋ္ဌ-၁ ဆလိုင်းမင်းညို၊ ချင်းအမျိုးသားတပ်ဦး(CNA/CNF) ဒုဥက္ကဋ္ဌ-၁ ဦးထန်နင်းကီး၊ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဦးဇွမ်းမာန်(Jocob V .Zawma) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များဖြစ်ကြသည့် ICNCC သဘာပတိအဖွဲ့ဝင် ဦးဆလိုင်း လျန်လွယ်(ချင်းပြည်ဝန်ကြီးချုပ်ဟောင်း)၊ ဦးနေလင်းအောင်(မင်းတပ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်)၊ ချင်းညီနောင် အလှည့်ကျ သဘာပတိ- ဆလိုင်းဟောရှေ (Salai Hosea) တို့ စုစုပေါင်း ၆ ဦးက လက်မှတ်ရေးထိုးထားသည်။

You may also like these stories:

ချင်းပြည်နယ် တောင်ပိုင်းတခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်ခြင်း

ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်း တော်လှန်ရေးတပ်တို့ ထိန်းချုပ်ထား

ကွဲနေတဲ့ချင်းတပ်တွေ ပေါင်းစည်းစေချင်တယ် (ရုပ်/သံ)

Your Thoughts …
Tags: CBCNFကောင်စီချင်းချင်းအမျိုးသားကောင်စီမီဇိုရမ်ငြိမ်းချမ်းရေးအဖွဲ့
မေရီခိုင်

မေရီခိုင်

Similar Picks:

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
24.6k

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ်  သုံးသပ်ချက်

“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ် သုံးသပ်ချက်

by စွယ်တော်
9 August 2024
9k

အစပိုင်း နိဒါန်းပျိုးရာတွင် သူကြောင့် ဒုက္ခတခုမဟုတ်တခု ရနေကြသည့် ပြည်သူများကို ချစ်ခင်လေးစားရသော မိဘပြည်သူများဟု နှုတ်ဆက်လိုက်သေးသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

ထန်တလန် စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးမှုများ

ထန်တလန် စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးမှုများ

by ဧရာဝတီ
29 August 2023
6.9k

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းအား သြဂုတ် ၂၈ ရက်၌ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်သေဆုံးမှုများပြီး ပူးပေါင်းတပ်များ ယာယီနောက်ဆုတ်ခဲ့ရကြောင်း CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

by ခွန်ဘီလီ
16 November 2023
6.5k

တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။

Next Post
မြန်မာ-ထိုင်းနယ်စပ်က ငွေလိမ်စင်တာတွေ အရှုပ်တော်ပုံ

မြန်မာ-ထိုင်းနယ်စပ်က ငွေလိမ်စင်တာတွေ အရှုပ်တော်ပုံ

ဖမ်းမိ ကျားဖြန့်ခေါင်းဆောင်‌တွေဟာ တရုတ်တွေလို့ BGF ပြော (ရုပ်/သံ)

ဖမ်းမိ ကျားဖြန့်ခေါင်းဆောင်‌တွေဟာ တရုတ်တွေလို့ BGF ပြော (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved