• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ASEAN က မြန်မာစစ်ရာဇဝတ်ကောင်များကို ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဖိတ်မှာလား

by ဧရာဝတီ
11 October 2021
in အယ်ဒီတာ့အာဘော်
A A
ဖေဖော်ဝါရီလ ရန်ကုန်တွင် အာဆီယံအား ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ

ဖေဖော်ဝါရီလ ရန်ကုန်တွင် အာဆီယံအား ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ

31.8k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် အကြီးအကျယ် ဒုက္ခရောက်ရပြန်ပြီ ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းပြီး အဆုံးမသတ်သေးသော ဖရိုဖရဲအခြေအနေများ၊ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခများသည် ထိုဒေသဆိုင်ရာအဖွဲ့အစည်းအတွက် ခေါင်းကိုက်စရာများဖြစ်နေသည်။ မြန်မာက ASEAN ကို ကမ္ဘာ့အမြင်တွင် သနားစရာကောင်းသော ရယ်စရာ သတ္တဝါအဖြစ်မြင်အောင် ဖြစ်စေခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

မြန်မာဗိုလ်ချုပ်များသည် ASEAN ကို မည်သည့်အခါကမျှ ရိုသေလေးစားခြင်း မရှိပေ။ ယခင်ဗိုလ်ချုပ်များ လုပ်ခဲ့သည့် ထုံးစံအတိုင်း လက်ရှိစစ်ကောင်စီသည် ASEAN ၏ မစွက်ဖက်ရေးမူနှင့် ဘုံသဘောတူညီချက်ရှာသည့် နည်းလမ်းကို သွေးတိုးစမ်းနေသည်။ ထိုဗိုလ်ချုပ်များသည် ASEAN အခြေအနေကို ကောင်းစွာနားလည်ပြီး ASEAN က အလျှော့ပေးရမည်ကို ကြိုတင်မြင်နိုင်ကြသည်။ ထိုဗိုလ်ချုပ်များ၏ ကျေးဇူးကြောင့်ပင် ASEAN သည် ၎င်းတို့အပေါ် ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အပြင်းအထန် ရုန်းကန်နေရသည်။

အောက်တိုဘာလ ၂၆ မှ ၂၈ အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါ ဆာရီ ဘီဂါဝန်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံကို ဖိတ် မဖိတ်ဆိုသောကိစ္စအား ASEAN အဖွဲ့ဝင်များအကြား အပြင်းအထန် ဆွေးနွေးနေရသည်။ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပါက ASEAN သည် စစ်ရာဇဝတ်ကောင်ကို လက်ကမ်းကြိုသောကြောင့် ရှုတ်ချခံရမည်ဖြစ်သည်။

နောက်ဆုံးတွင် ASEAN သည် ထိုငါးခုံးမတကောင်ကို နှာခေါင်းပိတ်ပြီး လက်ခံရန် ဆုံးဖြတ်လိုက်ရနိုင်သည်။ ထိုသို့ဖြစ်ပါက မြန်မာ အာဏာသိမ်း စစ်ဗိုလ်ချုပ်သည် ထိပ်သီးဆွေးနွေးပွဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ASEAN သည် ကျင့်ဝတ်သိက္ခာကင်းမဲ့ကြောင်း တိတိကျကျကြေညာနိုင်မည်ဖြစ်သည်။ အဖိနှိပ်ခံမြန်မာနိုင်ငံသားများ အတွက်သာမက ဒေသတွင်းမှ ဒီမိုကရေစီအင်အားစုများအတွက်ပါ ထိုထိပ်သီးဆွေးနွေးပွဲသို့ ထိုသူ တက်ရောက်ခြင်းထက် ပိုမို ဆိုးရွားသောအရာ မရှိနိုင်တော့ပေ။

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပါက ASEAN သည် စစ်ရာဇဝတ်ကောင်ကို လက်ကမ်းကြိုသောကြောင့် ရှုတ်ချခံရမည်ဖြစ်သည်။

ထိုစစ်အာဏာသိမ်းခေါင်းဆောင်သည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို ပြန်လည်ထိန်သိမ်းရန် သူပေးထားသော ကတိကို သူပြန်ဖေါက်ဖျက်သည်ဟု ဆိုကာ မြန်မာနိုင်ငံကို လာမည့် ထိပ်သီးဆွေးနွေးပွဲတွင် ချန်လှပ်ထားရန် ASEAN ခေါင်းဆောင်များ ဆွေးနွေးနေကြောင်း ASEAN အထူးသံတမန်က ပြောထားသည်။ ထိုသို့လုပ်ရန် မလေးရှားက လူသိရှင်ကြားပြောကြားသောကြောင့် စစ်ကောင်စီပြောခွင့်ရသူက ထိုသို့ပြောခြင်းသည် ပုဂ္ဂလိက မှတ်ချက်သာဖြစ်ကြောင်း ပြောကြားပြီးနောက် ရက်အတန်ကြာတွင် အထူးသံတမန်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့က ဂျကာတာတွင် ကျင်းပသည့် အရှေ့တောင်အာရှခေါင်းဆောင်များ လူကိုယ်တိုင်တက်ရောက်သည့် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို သဘောတူထားသည်။ ထိုဘုံသဘောတူညီချက်က အကြမ်းဖက်မှု ရပ်ရန်၊ လူသားချင်းစာနာမှုအကူအညီ ခွင့်ပြုရန်၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊ ဆွေးနွေးပွဲများကို ကြားဝင်ဆောင်ရွက်ပေးရေးအတွက် ASEAN အထူးသံတမန်ခန့်ရန် တို့ကို တောင်းဆိုသည်။

ASEAN သည် ထိပ်သီးဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် အလေးအနက် စဉ်းစားနေကြောင်း ASEAN အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူဆွတ်က ပြီးခဲ့သည့်အပတ်အတွင်း သတင်းထောက်များကိုပြောသည်။ “ကျနော်တို့ ဒီကိစ္စကို အလေးအနက် စဉ်းစားနေကြောင်းပဲ ကျနော် လောလောဆယ်ပြောနိုင်ပါသေးတယ်” ဟု ဘန်ဒါဆာရီ ဘီဂါဝန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် သူပြောသည်။

အခြား ASEAN အဖွဲ့ဝင်များကလည်း ထိုသို့သော စိတ်ကူးများရှိကြောင်း သူပြောပြီး မလေးရှားနိုင်ငံက လူသိရှင်ကြား ပြောကြားလိုက်သည့် ပြောကြားချက်များသည် ASEAN အပေါ် ဖိအားပေးမည်ဖြစ်ကြောင်း လေ့လာသူများက ပြီးခဲ့သည့်အပတ် အစောပိုင်းက ပြောကြားသည်။

ASEAN သည် ထိပ်သီးဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် အလေးအနက် စဉ်းစားနေကြောင်း ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူဆွတ်က သတင်းထောက်များကိုပြောသည်။

အခြေအနေ တိုးတက်မှုမရှိလျင် စစ်ကောင်စီ ခေါင်းဆောင်ကို ASEAN ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ရန် ခက်ခဲကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာက တွစ်တာတွင် ပြီးခဲ့သော တနင်္လာနေ့က ရေးသားသည်။

စစ်ကောင်စီက ASEAN ၏ ပဋိပက္ခဖြေရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိက မြန်မာစင်ပြိုင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း မလေးရှားက ပြောသည်။ မလေးရှားသည် ASEAN အဖွဲ့ဝင်များတွင် ထိုသို့ပြောကြားသည့် ပထမဆုံးဖြစ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

စစ်ကောင်စီဘက်က တိုးတက်မှုမရှိသောကြောင့် စိတ်ပျက်ကြောင်း ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ဗီဒီယိုဖြင့်ကျင်းပသည့် ASEAN နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ပြောခဲ့သည်။

သို့သော် အချို့သော ASEAN အဖွဲ့ဝင်များသည် အဖွဲ့၏ ထိရောက်မှုမရှိသော ဝင်ရောက်မစွက်ဖက်ရေး မူကိုသာ ဆုပ်ကိုင်နေပြီး မြန်မာပြဿနာများကို သနားစရာကောင်းလောက်အောင် နားမလည်ကြောင်း ပြသကြသည်။ ၎င်းတို့သည် ပြဿနာကို နားမလည်ချိန်တွင် မြန်မာပြည်သူများသည် ပိုမိုအကြမ်းဖက် သတ်ဖြတ်ခံနေရပြီး မြန်မာနိုင်ငံသည် အခြေအနေ ပိုမိုဆိုးရွားလာနေသည်။ စစ်ကောင်စီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် တုန်လှုပ်စက်ဆုပ်စရာ ရာဇဝတ်မှုများကို ကျူးလွန်နေကြသည်။

ASEAN သည် ပြဿနာကို နားမလည်ချိန်တွင် မြန်မာပြည်သူများ ပိုမိုအကြမ်းဖက် သတ်ဖြတ်ခံနေရပြီး မြန်မာနိုင်ငံသည် အခြေအနေ ပိုမိုဆိုးရွားလာနေသည်။

ကုလသမဂ္ဂ၏ အဆိုအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၁၁၀၀ ကျော် သတ်ဖြတ်ခဲ့ကြောင်း အများအပြားမှာ စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ဖြိုခွဲစဉ် သေဆုံးခြင်း ဖြစ်ပြီး ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးထားသည်။

ထို့ကြောင့် ယခုအခါ လူအများအပြားသည် လက်နက်ကိုင်တော်လှန်လိုနေကြပြီး စစ်ကောင်စီနှင့် စစ်ကောင်စီက ရွေးကောက်ခံအစိုးရကို ဖြုတ်ချခြင်းအား ဆန့်ကျင်နေကြသည်။ စစ်ကောင်စီသည် နိုင်ငံတခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် အာဏာသိမ်းရန် အားထုတ်မှု အဆင့်တွင်သာ ရှိနေသေးသည်။

ASEAN ၏ စာနာထောက်ထားမှုကို ဖေါ်ပြနိုင်သည့် တခုတည်းသော နည်းလမ်းမှာ စစ်ကောင်စီနှင့် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မည်သည့် တရားဝင်မှုမျှ မပေးရန်သာဖြစ်သည်။

ထိုပြဿနာသည် ASEAN က ဖန်တီးသည့် ပြဿနာသာဖြစ်ကြောင်း ရှုထောင့်အမျိုးမျိုးမှ ကြည့်လျင်ပင် မြင်နိုင်သည်။ မြန်မာနိုင်ငံ၏ ရှည်လျှားလှသော စစ်အာဏာရှင်စနစ် သမိုင်းနှင့် ၎င်းတို့ကျူးလွန်သော ဗြောင်ကျသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် ASEAN အတွက် အခက်ခဲဆုံး ပြဿနာဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ လက်ရှိနှင့် လက်ဟောင်း စစ်အာဏာရှင်များသည် ASEAN ဒိုင်းအောက်တွင် အကာအကွယ်ယူပြီး အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို သွေးတိုးစမ်းကာ ASEAN ၏ မစွက်ဖက်ရေးမူကို အလွဲသုံးစား လုပ်နေသည်။ ရလဒ်မှာ မြန်မာပြည်သူများက သို့မဟုတ် သန်းပေါင်းများစွာသော ဒေသတွင်း နိုင်ငံမှပြည်သူများက ASEAN လုံး၀လေးစားမှု မရှိတော့ခြင်းပင်ဖြစ်သည်။

ASEAN ၏ စာနာထောက်ထားမှုကို ဖေါ်ပြနိုင်သည့် တခုတည်းသော နည်းလမ်းမှာ စစ်ကောင်စီနှင့် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မည်သည့် တရားဝင်မှုမျှ မပေးရန်သာဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် ASEAN မြန်မာနိုင်ငံမှ ပြည်သူသန်းပေါင်းများစွာ၏ အသံကို နားထောင်ရမည်ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Will ASEAN Invite Myanmar’s War Criminals to Its Summit? ကို ဘာသာပြန်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် Asean အထူးသံတမန်၏တောင်းဆိုမှု ငြင်းပယ်ခံရ

စစ်ကောင်စီကို အရေးယူမည့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း အမေရိကန်လွှတ်တော်၌ တင်သွင်း

စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ

Your Thoughts …
Tags: Aseanထိပ်သီးဆွေးနွေးပွဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘရူနိုင်းနိုင်ငံမြန်မာစစ်ရာဇဝတ်ကောင်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

Next Post
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး

/ မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved