• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

လုံခြုံရေး တာဝန်ယူနိုင်တဲ့ စစ်ရှောင်စခန်းတိုင်းမှာ ယာယီ မဲရုံတွေ ဆောက်သွားမယ်

by ခိုင်ရိုးလ
11 October 2020
in အင်တာဗျူး
A A
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်  / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် / ခိုင်ရိုးလ / ဧရာဝတီ

17.8k
VIEWS
Share on FacebookShare on Twitter

လာမည့် နိုဝင်ဘာ ၈ ရက်တွင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကာ ထိုရွေးကောက်ပွဲမှတဆင့် ပြည် သူများက တိုင်းပြည်အနာဂတ်အတွက် မိမိတို့ နှစ်သက်သည့် လွှတ်တော် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးပြီး ရွေးချယ် တင်မြှောက်ကြမည် ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ နေ့စဉ် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း အပါအဝင် နေရပ် စွန့်ခွာ ထွက်ပြေးရမှုများ ရှိနေသည့်အပြင် ကိုဗစ်ရောဂါ ကူးစက်မှုများ ဆက်လက် ရှိနေသည့်အတွက် မဲဆန္ဒရှင် ပြည်သူ များအနေဖြင့် ရွေးကောက်ပွဲထက် မိမိတို့၏ အသက်ရှင် ရပ်တည်ရေးအပေါ် လုံးပမ်းနေကြရသည်။

ထိုသို့ အကျပ်အတည်းများ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ဆိုသည့် ကိစ္စရပ်များကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာပြီဆိုတော့ ရခိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ။

ဖြေ။ ။ လက်ရှိမှာ ကျနော်တို့က မဲစာရင်းတွေကို၂ ပတ် ကြေညာ ကပ်ထားပြီး ဖြစ်တယ်။ အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိပေါ့။ ကပ်ထားတဲ့အပေါ်မှာ အမည်စာရင်း မပါရင် လျှောက်ရမယ်။ အမည်စာရင်း ထပ်နေတာတွေ၊ မပါသေးရင် ပယ်ဖျက်ခွင့် တောင်းဆိုရမယ်။ ဒါတွေအပြင် မိမိ မဲဆန္ဒနယ်ရဲ့ အပြင်ဘက်မှာ ရောက်နေပြီးတော့ ရက် ၉၀ နဲ့အထက် နေ ထိုင်တဲ့လူတွေဆိုရင် လက်ရှိနေရာမှာ မဲပေးပိုင်ခွင့် ရရှိရေး ၃ (က) နဲ့ လျှောက်လို့ရတယ် ဆိုပြီး ဆောင်ရွက်နေတယ်။

နောက်တပိုင်းက ရွေးကောက်ပွဲ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တွေကို ပညာပေး သင်တန်းတွေ ပေးနေတယ်။ နောက် ပြီး နိုဝင်ဘာ ၈ ရက်မှာ သက်ဆိုင်ရာ မဲရုံတွေဆီ မဲလက်မှတ်တွေ ထုတ်ပေးဖို့အတွက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တွေက ရန်ကုန်မှာ မဲလက်မှတ်တွေ သွားထုတ်နေတာ ရှိပါတယ်။

မေး။ ။ လက်ရှိမှာ ကြိုတင်မဲ ပေးသူ ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားကို ရောက်နေတဲ့သူတွေကတော့ သက်ဆိုင်ရာ နေရာတွေကနေ မဲပေးနေ ကြပြီပေါ့။ နောက်ပြီးတော့ မဲဆန္ဒနယ်ရဲ့ အပြင်ဘက် ဆိုပေမယ့် ပြည်တွင်းမှာ အချုပ်ကျနေတဲ့သူတွေ ဆေးရုံဆေးခန်း သင်တန်းကျောင်းတွေနဲ့ တပ်မတော်သားတွေနဲ့ ပတ်သက်ပြီး ကြိုတင်မဲတွေကိုတော့ လက်ရှိမှာ ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် လူဦးရေ ၉၀၀၀ ကျော်ကတော့ ကြိုတင်မဲ လျှောက်ထားပြီး ပေးနေကြပြီ။

အဲဒီထဲမှာ တပ်မတော်သားနဲ့ အတူနေ အိမ်ထောင်စုဝင်တွေက လျှောက်ထားတာကတော့ ၈၀၀၀ ကျော်တယ်။ ကျန်တဲ့ သင်တန်းကျောင်း၊ ဆေးရုံ၊ အချုပ်တွေ ရှိတာပေါ့။ အချုပ်သားက ၃၄၅ ယောက်ရှိတယ်။ သင်တန်းမှာ ၁၂ ယောက်ပါပြီး အခြား ပါဝင်တာပေါ့။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဝန်ထမ်းအနေနဲ့ တမြို့နယ်ကို ၃ ယောက်နဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပေါင်းတော့ ၉၀ ကျော် ရှိတယ်။

မေး။ ။ မဲရုံတွေ ကိစ္စကို ဘယ်လိုစီစဉ်ထားလဲ။

ကိုဗစ်က အခုလိုမျိုး ကူးစက်ပြန့်ပွားနှုန်း ရှိနေမယ်ဆိုရင်၂၇၁၄ ရုံ လုပ်မယ်။ စာသင်ကျောင်း၊ ဓမ္မာရုံတွေ ကျဉ်းတယ်ဆိုရင် ဘောလုံးကွင်းတို့လိုစတဲ့ ကွင်းပြင်လိုနေရာမျိုးမှာ ထုတ်ပြီးတော့ မဲရုံလုပ်ပြီး မဲပေးခိုင်းမယ်။ ကိုဗစ်ကာလ မှာ Social Distancing ဖြစ်အောင် ပြင်မယ်။ အဲဒီလို လုပ်ထားတယ်။

ဖြေ။ ။ မဲရုံတွေကို လက်ရှိမှာ ၂ ပိုင်း ခွဲပြီး ပြင်ဆင်နေတယ်။ ပုံမှန်အခြေအနေမှာရှိတဲ့အခါ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မဲပေးဖို့ တမျိုးနဲ့၊ ကိုဗစ်ရောဂါဟာ အခုလိုမျိုး ပုံမှန် ကူးစက်နှုန်း ဆက်ရှိနေသေးရင် ရွေးကောက်ပွဲအတွက် မဲရုံက တမျိုး စီစဉ်နေတယ်ပေါ့။ ပုံမှန် သာမန်အနေအထားမှာ ဆိုရင် မဲရုံက၂၅၉၅ ရုံ ရှိမယ်။ အဲဒါကတော့ စာသင်ကျောင်းတွေ၊ ရပ် ကွက်တို့ ကျေးရွာတို့မှာ ရှိတဲ့ ဓမ္မာရုံတွေမှာ အကြမ်းဖျင်းအားဖြင့် စီစဉ်ထားတယ်။

ကိုဗစ်က အခုလိုမျိုး ကူးစက်ပြန့်ပွားနှုန်း ရှိနေမယ်ဆိုရင်၂၇၁၄ ရုံ လုပ်မယ်။ စာသင်ကျောင်း၊ ဓမ္မာရုံတွေ ကျဉ်းတယ်ဆိုရင် ဘောလုံးကွင်းတို့လိုစတဲ့ ကွင်းပြင်လိုနေရာမျိုးမှာ ထုတ်ပြီးတော့ မဲရုံလုပ်ပြီး မဲပေးခိုင်းမယ်။ ကိုဗစ်ကာလ မှာ Social Distancing ဖြစ်အောင် ပြင်မယ်။ အဲဒီလို လုပ်ထားတယ်။

ပြီးရင်မဲပေးတဲ့ မဲရုံ အဖွဲ့ဝင်တွေအတွက်ကို သုံးရမယ့် လက်သန့်ဆေးရည်တို့၊ Face Shield တို့ Mask အပါဝင် ကာကွယ် ရေး ဝတ်စုံတွေကို ပြင်ဆင်ထားတာ ရှိတယ်။ ကိုဗစ်ကူးစပ်မှုနှုန်း မကျသေးရင် အဲဒီလို လုပ်မယ်။

မေး။ ။ ရွေးကောက်ပွဲအတွက် လုံခြုံရေးအပိုင်းကို ဘာတွေ ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ လုံခြုံရေးကတော့ မဲရုံစောင့်တဲ့ ရွေးကောက်ပွဲ လုံခြုံရေး ရဲတွေကိုတော့ ပြည်နယ် ရဲတပ်ဖွဲ့ကပဲ ဆောင်ရွက်မှာပါ။ သူတို့ကတော့ လက်ရှိမှာ သင်တန်း ပေးနေတယ်လိုတော့ ကြားတယ်။ အသေးစိတ်တော့ မသိဘူး။ ကျနော်တို့နဲ့ကတော့ လုံခြုံရေးပိုင်းဆိုင်ရာက မပတ်သက်ဘူးလေ။

မေး။ ။ လက်ရှိ မဲစာရင်း ကပ်တဲ့ အခြေအနေက ဘယ်လိုရှိနေလဲ ရှင်းပြပေးပါ။

ဖြေ။ ။ လက်ရှိ မဲစာရင်းကပ်တဲ့ အခြေအနေက မဲဆန္ဒရှင် ဦးရေက စုစုပေါင်း ၁၆၄၇၁၉၉ ဦး ရှိတယ်။ အဲဒါကို ကပ်ပေးထား တာ။ အဲဒီအထဲက ပြင်ဆင်တာတွေလည်း လာဦးမှာလေ။ အဲဒီအထဲမှာ လျှပ်စစ်မီး မရှိတဲ့ မဲရုံက ၁၉၄၂ ရုံ ရှိတဲ့ဟာကို ဆိုလာမီးအိမ်တွေနဲ့ လုပ်ပေးမယ်။

မေး။ ။ မဲစာရင်း ကပ်တဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ။ ။ ပထမအကြိမ်တုန်းကလည်း မကပ်နိုင်တဲ့ ရွာ ၄၀ ကျော်လောက် ရှိခဲ့တယ်။ အဲဒီမှာ ရွာမရှိတော့လို့ ကပ်မရတာ။ နောက်ပြီး အုပ်ချုပ်မှု အဖွဲ့အစည်း မရှိဘူး။ သက်ကြီးရွယ်အိုတွေပဲ ရွာမှာ ကျန်နေတာလေ။ လူတွေက တိုက်ပွဲရှောင်တွေ ဖြစ်သွားတာ။ အဲဒီစခန်းတွေမှာ သွားကပ်ဖို့ ဆိုတာကလည်း ဟိုရွာက ၁၀၊ ဒီရွာက ဘယ်လောက်။ အဲဒီလို ရောနေတော့ ဘယ်ရွာအတွက်ကို ကပ်ပေးရမယ်ဆိုတာ ခက်ခဲသွားတယ်။

ဒါကြောင့် အဲဒီအတွက် မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးက ကြေညာသင်ပုန်းမှာပဲ ကပ်ပေးနိုင်တယ်။ သူတို့ရဲ့ ရပ်ကျေး စာရေး တွေက ကြီးကြပ်ပြီးတော့ သူတို့ရဲ့ ကျေးရွာက ဘယ်သူတွေ ပါတယ်။ မပါဘူး ဆိုတာလောက်ပဲ ပြောနိုင်တယ်။ ဒီရွာတွေ ကတော့ ဒေသ မတည်ငြိမ်မှုတွေကြောင့် ဖြစ်နေတာ။

မေး။ ။ စစ်ရှောင်စခန်းတွေမှာ မဲစာရင်းကပ်မှု အခြေအနေလေး ရှင်းပြပေးပါ။

ဖြေ။ ။ တချို့ စစ်ဘေးရှောင်စခန်းတွေမှာတော့ ပရဟိတ အဖွဲ့တွေကပဲ မဲစာရင်း ကပ်ပေးတာ ရှိတယ်။ သူတို့တွေကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ နည်းတယ်လေ။ လူသားချင်း စာနာမှုနဲ့သာ ကူညီပေးကြတာ။ မဲစာရင်းတွေကို သော့ခပ်ထား လိုက်တော့ ဘယ်သူ တာဝန်ယူမလဲ ဆိုတာ မရှိဘူးလေ။ အဲဒါကတော့ ဒီမဲစာရင်းတွေကို ဆုတ်ဖြဲလိုက်လို့လည်း နိုင်ငံပိုင် ပစ္စည်း ဆိုတော့ မရဘူးလေ။ ဒီဟာတွေကို လုံခြုံမှု မရှိဆိုတော့လည်း ပေးမကပ်ဘူး ဆိုတာလောက်တော့ ရှိတယ်။

တချို့ စစ်ဘေးရှောင်စခန်းတွေမှာတော့ ပရဟိတ အဖွဲ့တွေကပဲ မဲစာရင်း ကပ်ပေးတာ ရှိတယ်။

ကျန်တဲ့ အုပ်ချုပ်မှု အဖွဲ့အစည်း စနစ်တကျရှိတဲ့ စခန်းတွေဆိုရင် မဲစာရင်း ကပ်ပေးတယ်။ ဥပမာ ရသေ့တောင်မှာဆိုရင် အစိုးရ အသိအမှတ် မပြုထားသော်လည်း ဒါပေမယ့် သူ့စခန်းနဲ့သူ ရှိတဲ့ ကျောက်တန်းတို့လို တရွာလုံး နီးပါးလာနေတဲ့ နေရာတွေမှာဆိုရင် မဲစာရင်း ကပ်ပေးတယ်။ ဆိုလိုတာက စခန်းတာဝန်ခံတွေ အုပ်ချုပ်မှု စနစ်တကျနဲ့ စာရွက်စာတမ်းတွေ လုံခြုံမယ့် စခန်းတွေမှာ ကပ်ပေးတာ။

မေး။ ။ စစ်ဘေးရှောင်စခန်းက လူတွေ မဲပေးနိုင်ဖို့အတွက် ဘယ်လို စီစဉ်ထားလဲ။

ဖြေ။ ။ ဒါက မဲစာရင်းတောင် မကပ်နိုင်ဘူးဆိုရင်တော့ မဲရုံထောင်ဖို့က တော်တော်ခက်ခဲသွားတယ်။ ဒီနေရာမှာ ဘယ်သူမှ လုံခြုံရေး ယူပေးမှာ မဟုတ်တော့ဘူး။ အဲဒီတော့ တကယ်လို့ အခုဆိုရင် ပြည်ထောင်စု ကော်မရှင်ဆီကို ကျနော်တို့ဘက် က တခု တောင်းထားတာ ရှိတယ်။ ဘာလဲဆိုတော့ အဲဒီရွာမှ လူတွေ မရှိတော့ မဲရုံတွေ မရှိတော့ဘူးလေ။ ဆိုပါတော့ ကျောက်တန်းလို ရွာအတွက် မဲရုံ မလိုတော့ပြီ။ ဒါပေမယ့် ရသေ့တောင်မှာ တရွာနီးပါး ရှိတယ်။ ဆိုတာက ရွေးကောက်ပွဲ အတွက် မဲပေးရတော့မယ် ဆိုရင် ကျောက်တန်းကို သွားလို့လည်း အဆင်မပြေတော့ ဒီမှာ မဲရုံဖွင့်ပြီးတော့ ထည့်ခိုင်းမှာ ပေါ့။

အဲဒီရွာအတွက်လည်း ဒီမှာ ရွေးကောက်ပွဲ မဲရုံမှာ သုံးမယ့်ပစ္စည်း၊ အသုံးစရိတ်၊ မဲလက်မှတ်တွေ အဆင်သင့် ရှိပြီးသား။ ဆိုတော့ တကယ်လို့ အဲဒီလိုမျိုး မဲရုံကို စခန်းမှာ ပြောင်းပြီးတော့ ဖွင့်လှစ်ခွင့် မဲရုံပြောင်းရွှေ့ခွင့်ကို ပြည်ထောင်စု ကော် မရှင်ထံ တင်မယ်။ ခွင့်ပြုချက်ရရင် အဲဒီလူအများစု လက်ရှိ နေထိုင်တဲ့ မဲပေးလို့ရအောင် ဆောင်ရွက်နေတယ်။ စခန်း တိုင်းမှာ ယာယီမဲရုံတွေ ဆောက်ပြီးတော့ လုပ်မယ်။ လုံခြုံရေးအရ တာဝန်ယူနိုင်တဲ့ စခန်းတိုင်းမှာ လုပ်ပေးသွားမှာပါ။

မေး။ ။ ရခိုင်မှာ ဒေသ မတည်ငြိမ်မှုတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေမရှိတဲ့ မြို့နယ်တွေလည်း ရှိနေ တယ်လို့ ပြောဆိုနေကြတာ ရှိတယ်။ အဲဒီလို ဘယ်နှမြို့နယ်လောက် ဖြစ်လာနိုင်လဲ။

ဖြေ။ ။ အဲဒီကိစ္စကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပဲ လုပ်ပိုင်ခွင့် ရှိတာ။ ဒီအချက်အလက်တွေကိုလည်း ကာကွယ်ရေး၊ ပြည်ထဲရေးအပြင် ပြည်ထောင်စု အစိုးရကပဲ အချက်အလက် ပေးမှာ။ ဒီနေရာက ရွေးကောက်ပွဲ လုပ်ဖို့ သင့်တယ်/မသင့်ဘူး ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီးမှ နိုင်ငံတော်က တရားဝင် ကြေညာမှ သိရမှာ။ ကျနော်တို့ဘက်တော့ ၁၇ မြို့လုံး လုပ်ဖို့ ပြင်ဆင်ထားတာ။

ဒီနေရာက ရွေးကောက်ပွဲ လုပ်ဖို့ သင့်တယ်/မသင့်ဘူး ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီးမှ နိုင်ငံတော်က တရားဝင် ကြေညာမှ သိရမှာ။

မေး။ ။ ရခိုင်မှာ ရွေးကောက်ပွဲအတွက် အသုံးဆောင်ပစ္စည်းတွေရော အားလုံး အဆင်သင့် ဖြစ်နေပြီလား။

ဖြေ။ ။ အခု ကျနော်တို့ မဲရုံမှာ သုံးမယ့်ပစ္စည်းတွေမှာ အခုမှရောက်တဲ့ ပုံးတမျိုးတော့ ကျန်နေသေးတယ်။ ဒါတွေကို ပို့ပေး ရဦးမယ်။ နောက်တခုက မဲရုံရှေ့မှာ အသုံးပြုမယ့် Hand Gel တွေ၊ Mask တွေနဲ့ မဲရုံက ဝန်ထမ်းတွေ သုံးဖို့ အကာကွယ် ဝတ်စုံတွေ ဒါတွေကို ဝယ်ယူရဦးမယ်။ ပြီးမှ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ဆီကို ပို့ပေးမှာ။ အဲဒါလောက်ပဲ ကျန်တော့ တယ်။

မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ ဆိုတာတော့ နိုင်ငံတခုရဲ့ ရှေ့အနာဂတ် နောင် ၅ နှစ် အတွက်ကို ပြည်သူ လူထုက ဆန္ဒနဲ့အညီ လုပ်ပေးတဲ့ လုပ်ငန်းလေ။ ဒါကြောင့် အရေးကြီးတာပေါ့။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ ဒီ ကိုဗစ်ရောဂါက တော်တော်လေး ကို ကူးစက် မြန်နေတယ်။ ဆိုတော့ ပြည်သူတွေက ဒီနှစ်ခုကြားမှာ ကျန်းမာရေး ဝန်ကြီးဌာက ထုတ်ပြန်တဲ့ စည်းမျဉ်းစည်း ကမ်း၊ ဥပဒေတွေနဲ့ နေထိုင်ဖို့ လိုသလို၊ ရွေးကောက်ပွဲမှာလည်း နိုင်ငံသား တယောက် တာဝန်ဖြစ်တဲ့ မဲပေးခြင်းကို ဆောင် ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်စေချင်တာပေါ့။

ဒီလိုမျိုး ပူးပေါင်း ဆောင်ရွက်မှ မဲဆန္ဒရှင်ပြည်သူတွေလည်း အန္တရာယ် ကင်းမယ်။ ရွေးကောက်ပွဲ လုပ်ငန်းတွေလည်း အောင်မြင်မယ်။ ဒါမှ နိုင်ငံအတွက် အများကြီး အကျိုးမှာပေါ့။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးလည်း ဂရုစိုက်ပြီး ရွေး ကောက်ပွဲကိုလည်း ပူးပေါင်းပေးကြဖို့ ပြောချင်တယ်။

You may also like these stories:

မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင်

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

မြန်မာ့ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု တိုးတက်လာသည့် လက္ခဏာများ တွေ့နေရ

ပလက်ဝရှိ AA လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ

Your Thoughts …
Tags: စစ်ရှောင်စခန်းမဲစာရင်းရခိုင်ပြည်နယ်ရွေးကောက်ပွဲ
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့်ကျေးရွာသားများ  / ကျော်ဇေယျာဦး / ဟင်္သာတ

ဟင်္သာတတွင် NLD ထောက်ခံသူများ အကြမ်းဖက် တိုက်ခိုက်ခံရ

ဒါဟာ အချိန်အတော်ကြာ ကူးစက်မှုတွေ ပြန်မြင့်တက်နေရာကနေ ၃ ရက်လောက်ပဲ ကူးစက်မှုကျသွားချိန်မှာ ပထမအဆင့်ကို ပြန်ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ Social distancing ထိန်းချုပ်မှု ပထမအဆင့်သို့ ပြန်ဖြေလျှော့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved