• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

လက်နက်အင်အားသာ ရှိရင်တော့ ဒီယာဉ်တန်းကို အပြတ်တိုက်ချင်တယ်

by ဧရာဝတီ
31 March 2022
in အင်တာဗျူး
A A
CDF မင်းတပ် တပ်ဖွဲ့ ဝင်များ  / CDF

CDF မင်းတပ် တပ်ဖွဲ့ ဝင်များ / CDF

14.8k
VIEWS
Share on FacebookShare on Twitter

မုံရွာ၊ ပခုက္ကူ ကားလမ်းအတိုင်း ချင်းတောင်တန်းသို့ တက်လာသည့် သံချပ်ကာ၂ စီး အပါအဝင် အစီး ၈၀ ကျော်ပါ စစ် ယာဉ်တန်းကို မင်းတပ်မြို့နယ် CDF အဖွဲ့က၂၆ ရက်မှ စတင်ကာ ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

ထို့ကြောင့် ယခုရက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများအပြင် ဒေသခံ စစ်ရှောင်များ၏ အခက်အခဲ များကို သိရှိနိုင်ရန်အတွက် CDF- Mindat ပြန်ကြားရေး တာဝန်ခံ ဆလိုင်းဟာအွမ်ကို ဧရာဝတီက ဆက်သွယ် မေး မြန်းထားပါသည်။

မေး။ ။ မင်းတပ်မှာ အခု လက်ရှိ တိုက်ပွဲတွေ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒီစစ်ယာဉ်တန်း လာမယ်ဆိုတာကို ကျနော်တို့မှာလည်း အတွင်းသတင်း ရတာ ရှိပါတယ်။ ဒီယာဉ်တန်း လာ မယ် ဆိုတာကို သိတဲ့အတွက် ကျနော်တို့က တိုက်ပွဲတချို့ကို မဖော်ဆောင်ဘဲနဲ့ ဒီယာဉ်တန်းကိုပဲ တိုက်ပွဲဝင်ဖို့ စနစ် တကျ ပြင်ဆင်ထားတဲ့ သဘော ရှိပါတယ်။ မတ်လ ၂၆ ရက်က စပြီး တိုက်ပွဲဖြစ်တယ်။ (စစ်ကောင်စီ) ဘက်က ၅ ယောက် သေတယ်။ ဒဏ်ရာ တချို့ ရတယ်။ ကျနော်တို့ဘက်က အထိအခိုက် မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်။

၂၇ ရက်မှာလည်း တိုက်ပွဲ ဖြစ်တယ်။ ဒါပေမယ့် အထိအခိုက် အကျအရှုံး မပြောနိုင်တဲ့အတွက် ဒီသတင်းကို ကျနော်တို့ မထုတ်ပြန်ဘူး။ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေ ဖြတ်ထားတဲ့အတွက်၂၆ ရက်က သတင်းကို ၂၈ ရက်မှ ရတယ်။ ဒီနေ့ (မတ် ၂၉) က တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး ၁၅ ယောက်လောက် ကျပြီး အများအပြား ဒဏ်ရာ ရပါတယ်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
121
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
110

ဒီယာဉ်တန်းကိုပဲ ကျနော်တို့ တတ်နိုင်သလောက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ။ ယာဉ်တန်းကို ဖြစ်နိုင်ရင်တော့ လက် နက် အင်အားသာ ရှိရင်တော့ အပြတ် တိုက်ပွဲဝင်ချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ရှိတဲ့ အင်အားနဲ့ ရှိသမျှ လက်နက် အင်အားနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဝင်နေပါတယ်။

မေး။ ။ ဒီစစ်ယာဉ်တန်း ဘာကြောင့် လာတယ်လို့ သိထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ သတင်းအရတော့ မတူပီကို ရိက္ခာ ပို့ဆောင်တယ်လို့ သတင်း အတိအကျ ရထားပါတယ်။ အင် အား အတိအကျကိုတော့ ပြောဖို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ မှန်းတာကတော့ ၂၀၀ နဲ့ ၂၅၀ ကြားမှာ ရှိနိုင်တယ်လို့ ခန့် မှန်းပါတယ်။

မေး။ ။ ဒီလိုမျိုး စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ တက်လာတဲ့အခါမှာ တိုက်ပွဲတွေ ပြင်းထန်နေတော့ CDF-Mindat ဘက်ကရော ဘယ်လို အခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ တခြား PDF အဖွဲ့တွေမှာလည်း အခက်အခဲပေါင်းများစွာ ရှိတယ်ပေါ့။ ဒီလို အခက်အခဲတွေကို နားလည်ပေ မယ့် ကျနော် ဆိုလိုချင်တာက သူတို့ (စစ်ကောင်စီ) မုံရွာကပဲ ထွက်လာလာ၊ ပခုက္ကူကပဲ ထွက်လာလာ ပခုက္ကူနဲ့ ပေါက်မြို့နယ်မှာက ဘာတိုက်ပွဲ တစုံတရာမှ မရှိခဲ့ဘူး။ အေးအေးချမ်းချမ်းနဲ့ ဖြတ်လာတယ်။ ပုံတောင်ပုံညာကို ကျော် လာမှ YPDF တို့ မိုင်းဆွဲ တိုက်ခိုက်မှုကို ခံရတယ်။ ကျောက်ထုကို ရောက်လာတယ်။ ကျောက်ထုကနေ အပေါ် ရောက် လာတော့ ကျနော်တို့နဲ့ ထိပ်တိုက် တွေ့တယ်။ မတူပီ နယ်စပ်အထိ ကျနော်တို့ မင်းတပ် CDF နဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်တယ်။ မတူပီရောက်တော့ မတူပီ CDF နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်တယ်။

ပခုက္ကူက PDF တွေ၊ ပေါက်မြို့နယ်က PDF တွေ သူတို့ အခက်အခဲကို နားလည်ပေမယ့် ဒီလောက် ယာဉ်တန်းကြီး လာနေတာကို တစုံတရာ တိုက်ခိုက်မှု မရှိတာပေါ့နော်။ ဒီအကြိမ်နဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။ သူတို့ရှိတဲ့ အင်အားနဲ့ အားလုံး ရပ်တန့်သွားအောင်တော့ မလုပ်နိုင်ဘူးဆိုတာ ကျနော်လည်း သိတယ်။ ကျနော်တို့တောင် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဝင်နေရတာ ဒါတောင် သူတို့ (စစ်ကောင်စီ) က တဖြည်းဖြည်းနဲ့ ရှေ့ကို တိုးနေဆဲပဲပေါ့။

စစ်ကောင်စီကို ဘယ်အရပ်ဒေသ၊ ဘယ်ပြည်သူလူထုကမှ လက်မခံဘူး၊ ဆန့်ကျင်တယ် ဆိုတာကို တနည်းနည်းနဲ့ ပြရ မှာ ဖြစ်တယ်။ အခု အခြေအနေက မုံရွာက ထွက်လာလည်း ပုံတောင်ပုံညာ ရောက်သည်အထိ သူတို့က အေးအေး လူလူနဲ့ ဒီဘက်ကို ရောက်လာတယ်ပေါ့။ ကျနော်တို့ရဲ့ ခံစားချက်က ပြည်သူလူထုက လက်မခံဘူး ဆိုတာကို တိုက်ပွဲနဲ့ သက်သေပြဖို့ လိုအပ်လာပြီလို့ ထင်တယ်။

မုံရွာ- ပခုက္ကူ လမ်းအတိုင်း မင်းတပ်သို့ တက်သည့် စစ်ကောင်စီ၏ စစ်ယာဉ်တန်းနှင့် လမ်းကြောင်းပြ မြေပုံ

အဲဒီဘက်က ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်တွေအနေနဲ့ နောက်နောင်များမှာ ရှိလာဦးမယ်ဆိုရင် ဒီလို ယာဉ် တန်းတွေကို တတ်နိုင်တဲ့ဘက်က တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို ပြောချင်ပါတယ်။ ဒီပွဲက ပြည်သူလူထု တရပ်လုံး ထကြွမှ အောင်မှာ ဖြစ်တဲ့အတွက် အားလုံး ရရာ လက်နက်ဆွဲကိုင်ပြီးတော့ တိုက်ပွဲဝင်ဖို့ ပြောချင်တာပါ။

မေး ။ ။ ယာဉ်တန်းမှာ သံချပ်ကာကားပါ ပါတယ်လို့ သိထားရတော့ စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်တဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ သူတို့ (စစ်ကောင်စီ) ကတော့ ကျနော်တို့ ရှိနိုင်မယ်ထင်ရတဲ့ တောင်ကုန်းတွေ လျှိုတွေထဲကို တောက် လျှောက် လက်နက်ကြီးနဲ့ပစ်၊ စစ်သေနတ်တွေနဲ့ ပစ်ပြီးတော့ တဖြည်းဖြည်း တက်လာတဲ့ သဘောပါ။ ကားတန်းက ဖြည်းဖြည်းနဲ့ တနေ့ကို ၂ မိုင် ၃ မိုင် ရွေ့နေတဲ့ သဘောတော့ ရှိပါတယ်။

မေး ။ ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ CDF-Mindat က ထုတ်ပြန်ထားတော့ ဘယ်လိုပုံစံမျိုးလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ ။ မင်းတပ် CDF ကတော့ စစ်ကောင်စီနဲ့ ထိပ်တိုက် တွေ့တဲ့ ပွဲတိုင်း ပြင်းပြင်းထန်ထန် တုံ့ပြန်တာ ရှိပါတယ်။ မတူပီနဲ့ မင်းတပ်နဲ့ မိုင် ၁၀၀ ကြားထဲမှာတော့ လွန်ခဲ့တဲ့ စစ်ကြောင်း၂ ကြောင်းမှာလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါ တယ်။ ကျနော်တို့ တိုက်ပွဲတွေကတော့ ဒီနေ့က စပြီး နောက်တပတ် ဆယ်ရက်အတွင်းကတော့ မတူပီနယ်ထဲကို မရောက်ခင် အထိပေါ့။ မတူပီ CDF အနေနဲ့ကလည်း တိုက်ပွဲ ဝင်ပါလိမ့်မယ်။ ကျနော်တို့ မင်းတပ် CDF နယ်ထဲ တောက်လျှောက်ကတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့တော့ ရှိပါတယ်။

မေး။ ။ ဒီလို တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ တိုက်ပွဲအရဆိုရင် ၃ ကြိမ်ဖြစ်တယ်။ လောလောဆယ်က တချို့သတင်းတွေ မထုတ်ပြန်ဘူးဆိုတာ မသေချာရင် မထုတ်ပြန်ဘူး။ ၃ ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပေမယ့် ၁ ပွဲက တစုံတရာ အကျအဆုံးကို ဘာမှ မသိရသေးတဲ့အတွက် မထုတ်ပြန်ခဲ့ဘူး။ ပထမမှာ ၅ ယောက် ကျတယ်။ အခု တခေါက်မှာ ၁၅ ယောက် ကျတယ်။ အများအပြား ဒဏ်ရာရ တယ်။ ကျနော်တို့ဘက်က လုံးဝ အထိအခိုက် မရှိဘဲ ကောင်းကောင်း တိုက်ထုတ်နိုင်တဲ့ ပွဲလို့ ယူဆရတယ်။ ဒါက တော့ ကျနော်တို့အတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အနိုင်ရတယ်။ ပြင်းထန်ပြီးကာမှ အကျအဆုံး မရှိတဲ့ တိုက်ပွဲ ဆိုတော့ ကျနော်တို့ အောင်ပွဲလို့ပဲ ယူဆပါတယ်။

မေး ။ ။ ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ မင်းတပ်- မတူပီ လမ်းတလမ်းလုံးကို ဖုန်းလိုင်းတွေ အကုန်လုံး ဖြတ်တောက်ထားပါတယ်။ သတင်းအမှောင်ချ ဖို့အတွက် ဖုန်းလိုင်းတွေ အကုန်လုံး ဖြတ်တောက်ထားတယ်။ ကျနော်တို့မှာ ဆက်သွယ်ရေး အခက်အခဲတွေ အရမ်း ကြုံရပါတယ်။ ၂၆ ရက်က ဖြစ်တဲ့ တိုက်ပွဲကို ၂၈ ရက်မှ ထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးပေါ့။ ကျနော်တို့မှာ တပ်ရင်း တခု နဲ့ တခုကြား ချိတ်ဆက်မှု၊ သတင်းပို့မှုတွေက အရမ်း အခက်အခဲ ဖြစ်တာပေါ့။ အရင် တိုက်ပွဲ ၂ ပွဲထက်စာရင် ဆိုး ရွားတယ်လို့ ပြောရမှာပေါ့။ အရင်တုန်းက ယာဉ်တန်းတွေမှာဆိုရင် ဖုန်းလိုင်းဖြတ်တောက်မှုတွေ မကြုံရပါဘူး ခင်ဗျ။

မေး။ ။ ဒေသခံ ပြည်သူတွေရဲ့ ရိက္ခာ အခြေအနေတွေအပြင် လတ်တလော ဘာအခက်အခဲတွေ တွေ့ကြုံနေရလဲ။

ဖြေ။ ။ စစ်ကြောင်း ၁ ကြောင်းသွားမယ်ဆိုရင် မင်းတပ်-မတူပီ လမ်းနဲ့ အနီးကပ်ဆုံး ရွာတွေ ရွှေ့ပြောင်းရတယ်။ အခု က လောင်စာဆီ ပြဿနာဖြစ်တဲ့အတွက် ပြည်သူလူထုက ဆိုင်ကယ်တွေ၊ ကားတွေ အသုံးမပြုနိုင်ဘူး။ ကလေးတွေ ရော၊ လူကြီးတွေကိုရော ထမ်းရ၊ ပြောင်းရ၊ ရွှေ့ရ ဆိုတော့ ယာဉ်တန်း တခုလာရင်တော့ စစ်ရှောင် အပြစ်မဲ့ ပြည်သူ တွေအနေနဲ့ကတော့ ဒုက္ခကြီးကြီး ရောက်တယ်ပေါ့။ စစ်ကောင်စီကတော့ ယာဉ်တန်းကို တိုက်ခိုက်လို့ အထိနာပြီ ဆိုရင် လမ်းနဲ့ အနီးစပ်ဆုံး ရွာတွေကို လက်နက်ကြီးနဲ့ ထုတာမျိုးတွေ ရှိတော့ အနီးစပ်ဆုံးမှာ မနေကြဘဲ ရွှေ့ကြပြောင်း ကြရတော့ အရမ်း ဒုက္ခရောက်ပြီး ခက်ခဲ ပင်ပန်းမှု ရှိတယ်။

ဆေးဝါးနဲ့ ဆက်သွယ်မှု ဆိုတာတော့ အားလုံး သိတဲ့အတိုင်းပဲ ကားဂိတ်တွေမှာဆိုရင် အမျိုးသားဝတ်တဲ့ ဘောင်းဘီ ကအစ၊ မီးခြစ်ဆို သယ်ခွင့် မရတာတွေ ဒါမျိုးတွေ အစစအရာရာ ထိန်းချုပ်ထားတာ အခုမှ မဟုတ်တဲ့အတွက် အခက် အခဲကတော့ ပြောစရာကို မလိုဘူး ထင်ပါတယ်။ ဒါကတော့ တောက်လျှောက် ကျပ်ထားတာပေါ့။

ရွာတွေက ပြောင်းရွှေ့ရတာ မရွှေ့ရင် သူတို့ ယာဉ်ကြောင်းကို ဖြတ်တောက်မှု ရှိတဲ့ အနီးက ရွာတွေကို လက်နက်ကြီး တွေနဲ့ ပစ်ပြီးတော့ အပြစ်မဲ့ ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ပဲ ပြောလို့ရတယ် တိုက်ပွဲမှာ ပစ်ခတ်တာ မဟုတ်တော့ဘဲနဲ့။ ကျနော်တို့ ချင်းလူမျိုးတွေက ခေတ်အဆက်ဆက်မှာ ဖွံ့ဖြိုးမှု နောက်ကျတယ်။ ခက်ခက်ခဲခဲနဲ့ တောင်ပေါ်တွေမှာ ရွာတွေ တည်ဆောက်ခဲ့တယ်။ ဒီရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လူမျိုးတုံး သတ်ဖြတ်မှုလို့ကို ယူဆလို့ရတဲ့ အပြစ်မဲ့ ပြည်သူတွေကို တိုက်ပွဲအတွင်းမှာတင် မဟုတ်ဘဲနဲ့ ပစ်ခတ်မှုတွေ ရှိပါတယ်။

မေး ။ ။ မင်းတပ်မှာ CDF ရဲ့ အုပ်ချုပ်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ မင်းတပ်မြို့ကို ၈၅ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။ မင်းတပ်မြို့နဲ့ အနီးနား ၂ ရွာ ၃ ရွာကလွဲရင် ကျနော်တို့ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရပါတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ မြို့ပေါ်မှာပဲ နေ တယ်။ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ မြို့ပေါ်တိုက်ပွဲတွေကို ကြီးကြီးမားမား မဆင်တာ ရှိတယ်။ သူတို့ ထိုးစစ်ဆင် လာရင် ထိုးစစ်ဆင်တဲ့ တလျှောက်တော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ ပွင့်လင်းရာသီဖြစ်ရင် သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်မယ် ဆိုတာလည်း ကျနော်တို့ သိတယ်။ ကျနော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်သွားဖို့ စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိဦးမလဲ။

ဖြေ။ ။ ကျနော်တို့ မင်းတပ် CDF အနေနဲ့ တိုက်ပွဲကို ပြင်းပြင်းထန်ထန် ပြုလုပ်သွားမယ်လို့ ကတိပေးနိုင်ပါတယ်။ ကျန် တဲ့ ပြည်သူ့တပ်ဖွဲ့တွေအနေနဲ့လည်း ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ပွဲဝင်သွားဖို့ နဲ့ မပါဝင်သေးတဲ့ အဖွဲ့့တွေက လည်း တတ်နိုင်တဲ့ အင်အားနဲ့ စစ်ကောင်စီကို ဘယ်မြို့နယ်၊ ဘယ်ရွာကမှ အလိုမရှိဘူး ဆိုတာ ပြသဖို့ အချိန်ရောက် နေပြီလို့ ယူဆပါတယ်။ ဒါ နောက်တောင်ကျနေပါပြီ။

You may also like these stories:

စစ်ကောင်စီက ရဲတပ်ဖွဲ့ ဥပဒေသစ် ပြဋ္ဌာန်းခြင်းဖြင့် ဖိနှိပ်ရေးယန္တရား တိုးမြှင့်

မင်းတပ်တွင် စစ်ကောင်စီတပ်များကို CDF များဝင်တိုက်

Your Thoughts …
Tags: စစ်ကောင်စီယာဉ်တန်းတိုက်ပွဲမင်းတပ် CDFမင်းတပ်-မတူပီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

Next Post
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်ရှိ Dolby ကဇာတ်ရုံတွင် ကျင်းပသည် ၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် စင်မြင့်ပေါ်၌ မင်းသား ဝီလ်စမစ်က အစီအစဉ် တင်ဆက်သူ ခရစ်ရော့ခ်ကို ပါးရိုက်လိုက်စဉ်  / AFP

မြန်မာတွေ အကြမ်းဖက်မှုနဲ့ ယဉ်ပါးလာပြီလား

၂၀၁၉ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Invest Myanmar Summit ၏ ရန်ကုန်တိုင်းပြခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာကြည့်စဉ် / NYDC

ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved