• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့

by ဆလိုင်းဟင်နရီလျန်
17 April 2020
in သူ့အတွေး သူ့အမြင်
A A
မီးလက်ဝရွာ နေအိမ်အောက် ဗုံးခိုကျင်းအတွင်းမှ ရခိုင်အမျိုးသမီးကြီး / အောင်ကျော်ထက် /  ဧရာဝတီ

မီးလက်ဝရွာ နေအိမ်အောက် ဗုံးခိုကျင်းအတွင်းမှ ရခိုင်အမျိုးသမီးကြီး / အောင်ကျော်ထက် / ဧရာဝတီ

27.8k
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၀၁၅ ခုနှစ်မှ အစပြုခဲ့သော စစ်မီးသည် အရှိန်တဟုန်းဟုန်း‌တောက်လာပြီး ယခုဆိုလျှင် ငြိမ်းသတ်၍ မရတော့မည့် အနေအထားသို့‌ရောက်ရှိနေပြီဟု ဆိုရပေမည်။ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တို့အကြားဖြစ်ပွား နေသည့်စစ်ပွဲတွင် ချင်း အမျိုးသားများသည် ဒုက္ခမျိုးစုံခံစားနေရပြီး အသက်၊ အိုးအိမ် များဆုံးရှုံးလျက် ရှိသည်။

ပလက်၀မြို့သည် ပထဝီဝင် အနေအထားအရ ချင်းပြည်နယ်၏ တောင်ဘက်စွန်းစွန်းတွင် တည်ရှိပြီး မတူပီခရိုင်တွင် တည်ရှိသောမြို့ဖြစ်ပါသည်။ အရှေ့ဘက်တွင် ကန်ပလက်မြို့နှင့် မင်းတပ်မြို့တို့ တည်ရှိပြီး အရှေ့မြောက်အရပ်တွင် မတူပီမြို့နယ်တည်ရှိသည်။ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့များဖြင့် ဆက်စပ်လျှက်တည်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြင့် လည်းကောင်းဆက်စပ်လျက်တည်ရှိပါသည်။ မြောက်အရပ်တွင်မူ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ခြင်းဆက်စပ်လျက် ရှိပါသည်။

ပထဝီအနေအထားအရဖြင့် ကြည့်မည်ဆိုလျှင် ပလက်၀မြို့နယ်သည် ချင်းပြည်နယ်၏ မြို့နယ် ၉ ခုတွင် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးပထဝီဝင်အရ အချက်အခြာ အကျဆုံးမြို့တမြို့ဖြစ်သည်။ ချင်းပြည်နယ်၏ တောင်ဘက်စွန်းစွန်းတွင် တည်ရှိသော ပလက်၀မြို့နယ်သည် စတုရန်းမိုင် ၃၁၂၇.၀၄ ခန့်ကျယ် ပြန့်သည်။

ပလက်၀မြို့သည် ရပ်ရွာပေါင်း ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး လူဦးရေ တသိန်းကျော် မှီတင်း နေထိုင်သည့် မြို့ဖြစ်သည်။ ချင်းအမျိုးသားဦးရေ ၈၀၀၀၀ ကျော်၊ ရခိုင်အမျိုးသားဦးရေ ၁၅၀၀၀ ကျော် အတူတကွ နေထိုင်သည့်မြို့ဖြစ်သည်။ မြန်မာအစိုးရစစ်တမ်းအရ အထက်တန်း၊ အလယ်တန်း နှင့် မူလတန်းကျောင်း စုစုပေါင်း ၃၈၄ ကျောင်းတည်ရှိသည်။ ဘာသာရေးအရ ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာကြီး နှစ်ပါးထွန်းကာရာဒေသ ဖြစ်သည်။

မြန်မာ့တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် ပြင်းထန်သော စစ်ပွဲများကြောင့် အပြစ်မဲ့ ချင်းအမျိုးသားတို့သည် ဒုက္ခပေါင်းမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းလျက်ရှိပါသည်။ ထိုအထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ နှင့် လယ်သမားဦးကြီးများ လူပေါင်းစုံ ပါဝင်နေပါသည်။

စစ်ပွဲများကြောင့် ကျောင်းပေါင်း၂၀၀ ကျော် ပိတ်ထားရသဖြင့် ကလေးငယ်များ ပညာသင်ခွင့် မရကြပေ။ ထို စစ်ပွဲကြောင့် ချင်းအမျိုးသားသေဆုံးသူဦးရေ ၃၅ ယောက်အထက်သို့ ရောက်ရှိနေပြီဟုသိရှိရသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ ၂၅ ဦး ကျော်သည် အရေးပေါ် လူနာအဖြစ် ကုသခံယူလျက်ရှိသည်။

စစ်ပွဲကို ရှောင်တိမ်းပြေးလွှားရင်း စစ်ရှောင်ဒုက္ခသည်များအဖြစ် ရှိနေသည့် ချင်းအမျိုးသား ဦးရေ ၈၀၀၀ ခန့်ရှိသည်။ မိမိတို့ မြို့ရွာတွင်မနေရဲ၊ မထိုင်ရဲ၊ တောင်ပြေး မြောက်ပြေး၊ သေနတ်ကျည်ဆံ နှင့် ဗုံး အမြောက်ဆံများကြား ပြေးလွှားရှောင်ရှားရင်း စစ်တလင်း၌ စစ်၏ မြေစာပင်သဖွယ် သေသူကသေ၊ ပြေးသူကပြေး၊ ထိုက်လန့်သူကထိုက်လန့်၊ နေစရာမရှိ စားစရာမရှိ၊ သောက်စရာရေမရှိဘဲ အသက်တချောင်း ရှင်သန်လုံခြုံဖို့ အတွက် မိမိ အသက်ကိုပင်ရင်းကာ ပြေးလွှားနေကြရသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့ ဒေသအား စစ်တလင်းအဖြစ် အသုံးမပြုရန် မြန်မာ့တပ်မတော် နှင့် ရခိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တို့အား အနူးအညွှတ် မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်။ ထို့အပြင် တိုက်ပွဲများအား ချက်ခြင်းရပ်တန့်ပေးရန် မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အားလည်း ချင်းပြည်နယ်၊ ပလက်၀မြို့ နှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများကို လျစ်လျူရှုမထားရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

လတ်တလော ကျရောက်လာသော ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီး၏ အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနေရခြင်းအပါအဝင် နိုင်ငံခေါင်းဆောင်ကြီးများသည်လည်း ခက်ခဲကြီးမားသော စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနေရသည်။ သို့သော် “ စစ်ပွဲတွေရပ်ဖို့ အချိန်တန်ပြီ” ဆိုသည့် စကားတစ်ခွန်းက ထိုစစ်ကြောင့်သေဆုံးသူများ၏ မိသားစုဝင်များ၊ ဒဏ်ရာကြောင့် ဆေးကုသခံယူနေ သောသူများ၊ စစ်ရှောင် ဒုက္ခသည်စခန်းတွင် မိမိ မပျိုးသော အသီးကို စားနေရသူများအတွက် စိတ်ခွန်အားတခုဖြစ်ပါလိမ့်မည်။

ခေါင်းဆောင်တဦးက မိမိ နောက်လိုက်များအား ပေးနိုင်သည့်အရာတခုမှာ မျှော်လင့်ခြင်း အိမ်မက်ပင် ဖြစ်သည် မဟုတ်လော။

မြန်မာ့တပ်မတော်ကိုလည်း ချင်းကျေးရွာများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် တောင်းဆိုလိုပါသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
169
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
402

နိုင်ငံတကာနှင့် ယဉ်ဘောင်တန်းနိုင်ရန် ခေတ်မှီတိုးတက်သော မြန်မာ့တပ်မတော်ကြီးကို တည်ဆောက်နေရာ စစ်ပွဲအတွင်းရှိ အားနည်းသူ အရပ်သားများ အထူးသဖြင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ စားရေရိက္ခာနှင့် အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးစေလိုပါသည်။

စစ်ကြောင့် ချင်းပြည်နယ်၊ ပလက်၀မြို့ ဒေသရှိ အရပ်သား ချင်းလူမျိုးများစွာ အသက်ဆုံးရှုံးပြီး မိမိ နေအိမ်များကိုစွန့်ကာ အိုးမဲ့၊ အိမ်မဲ့ စစ်ရှောင်ဒုက္ခသည် ဘ၀ အဖြစ်သို့ ရောက်ရှိကြရသည်။

ပလက်၀ ‌ဒေသ၌ မှီတင်းနေထိုင်ကြသော ချင်းလူမျိုးတို့သည် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်ကို တော်လှန် ပုန်ကန်သည့်သူများမဟုတ်။

မြန်မာ့တပ်မတော်သည် စည်းကမ်းရှိသော၊ ကျွမ်းကျင်သော၊ ခေတ်မှီသော၊ အတွေ့အကြုံရှိသော တပ်မတော်ဖြစ်သည် ဟုယုံကြည်မိပါသည်။ တိကျသော ပစ်မှတ်၊ မှန်ကန်သော သတင်းထောက်လှမ်းမှု၊ ကျွမ်းကျင်သောစစ်သည် အစရှိသည့် အရာများဖြင့် အရပ်သား ပြည်သူ ချင်းအမျိုးသားများ နစ်နာထိခိုက်၊ အသက်ဆုံးရှုံးမှု မရှိစေရန် ပြုစေလိုကြောင်း လေးစားစွာဖြင့် အနူးအညွှတ် မေတ္တာရပ်ခံပါသည်။

ရခိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ကိုလည်း ပန်ကြားလိုပါသည်။ ယခုလို ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီး ကျရောက်နေသောကာလကြီးတွင် ချင်းပြည်နယ်၊ ပလက်၀မြို့အား မိမိတို့ နိုင်ငံ‌‌ရေး အောင်မြင်မှုအတွက် စစ်မြေတလင်းအဖြစ် ဆက်လက်အသုံးမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရခိုင်တော်လှန်ရေးလက်နက်ကိုင်မှုက မိမိတို့ ချင်းလူမျိုးများ၏ဘ၀ ကံကြမ္မာကို မဖျက်စီးသင့် ပေ။ လူမျိုးတမျိုးနှင့် တမျိုး အကြား လေးစားကြရမည်။ သေနတ်ပြောင်းဝတွင် အာဏာရှိသကဲ့သို့ အပြုအမူများ ရှောင်ရှားစေလိုပါသည်။ ချင်းရွာများကို အခြေပြုပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခြင်းများကိုလည်း ရှောင်ရှားစေချင်ပါသည်။

သို့ဖြစ်၍ ချင်းပြည်နယ် ပလက်၀ဒေသတွင် ထိပ်တိုက်တွေ့ဆုံရမည့်တိုက်ပွဲများကို ရှောင်ရှားပေးရန် တောင်းခံအပ်ပါသည်။

ချင်းပြည်သူ/သားများသည် (နိုင်ငံတကာတွင်ရောက်ရှိနေကြသူများအပါအဝင်) ချင်းပြည်နယ်၊ ပလက်၀ဒေသတွင် စစ်မဖြစ်ရေး နှင့် စစ်ပွဲများ အမြန်ဆုံးရပ်တန့်စေရန် မိမိတို့၏ဆန္ဒများကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ဖော်ရန် လိုအပ်သောအချိန်ဖြစ်သည်။ ယခုအချိန်သည် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ခြင်းနှင့် တလုံးတ၀ ဖြစ်ခြင်းကို ပြသရမည့် အချိန် ဖြစ်သည်။

ချင်းပြည်နယ် အစိုးရသည် ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကိုငြိမ်းစေမည့် နည်းလမ်းများကို ရှာဖွေရမည်။ လိုအပ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်သင့်သည်။ သက်ဆိုင်ရာအထက်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး ချင်းပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်စေရန် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။

ချင်းအမျိုးသားတပ်ဦး (CNF)၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံတွင် သတ်မှတ်ထားသော “ချင်းအချင်းချင်း သွေးစည်းညီညွတ်ကြလော့” ဟူသည့် ကြွေးကြော်သံအတိုင်း ပလက်၀ဒေသတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ အမြန်ဆုံးရပ်တန့်စေရန်
ညီနောင်ချင်းများသွေးစည်းကြဖို့ အချိန်ရောက်ပြီ။

မြန်မာနိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်နှင့် ရခိုင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့၏ ခေါင်း‌ဆောင်များနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးနိုင်ရန် ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတိုက်တွန်းရမည်။

ငြိမ်းချမ်းရေးလူ့ဘောင်ကို တည်ထောင်ရန် ချစ်မြတ်နိုးသည့် အဖွဲ့အစည်များ ဖြစ်သည့်အားလျှော်စွာ ငြိမ်းချမ်းရေးကို ဗဟိုပြုသော နည်းလမ်းများကို အသုံးပြုလျှက် ပလက်၀ဒေသတွင် စစ်မီးအလျှင်အမြန်ငြိမ်းရေးအတွက် အပတ်တကုတ် ကြိုးစားအားထုတ်ကြရမည်။

မြန်မာ့နိုင်ငံရေး၏ ချောက်ကမ်းပါးတွင်းနက်ထဲသို့ မကျရောက်စေရန် ချင်းပြည်နယ်အစိုးရ၊ ချင်းပြည်သူ/သားများနှင့် ချင်းအမျိုးသားတပ်ဦးတို့ သတိမူထားရမည့်အရာများလည်း ရှိပါသည်။ ပလက်၀ဒေသရှိ ချင်းအမျိုးသားများအား မိမိတို့ လုံခြုံရေးအတွက် လက်နက်ပေး‌‌ဝေစေခြင်း၊ လက်နက်ကိုင်စေခြင်းနှင့် တပ်ဆင်ပေးခြင်းတို့ကို ကန့်ကွက်ကြရမည်။ လူမျိုးမုန်းတီး‌ရေးဝါဒကို လှုံဆော်ခြင်း နှင့် လူမျိုးရေးအခြေခံသောစစ်ပွဲများကို ဖန်တီးခြင်းမှ ရှောင်ကျဉ်ကြရမည်။ ထို့အပြင် ချင်းနယ်ခြားစောင့်တပ်ကို တည်ထောင်ခြင်း (သို့) ချင်းအမျိုးသားတပ်ဦးကို စေလွှတ်ခြင်း အစရှိသည်တို့က မြန်မာနိုင်ငံရေး အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သောကြောင့် ၎င်းကိုမည်သည့်အခါမျှအကောင်အထည်ဖော်ခြင်းမပြုသင့်ပေ။

အချုပ်အားဖြင့်ဆိုရလျှင် ချင်းပြည်နယ်၊ ပလက်ဝအား စစ်တလင်းအဖြစ် အသုံးမပြုရန် မြန်မာ့တပ်မတော်နှင့် ရခိုင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တို့အား လေးစားစွာဖြင့် မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။

(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)

You may also like these stories:

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)

အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ

Your Thoughts …
Tags: AACNFငြိမ်းချမ်းရေးပလက်ဝမြန်မာ့တပ်မတော်ရခိုင်စစ်ပွဲ
ဆလိုင်းဟင်နရီလျန်

ဆလိုင်းဟင်နရီလျန်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဦးကျော်ဝမ်းစိန်နှင့် ဦးအန့်ကန် / ဧရာဝတီ

နာဂခေါင်းဆောင်ဟောင်း ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

ကျန်းမာရေး ဝန်ထမ်းများကို အထူးခံစားခွင့် ပေးမည်ဟု အတိုင်ပင်ခံပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved