• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မလေးရှားမှာ ဒုက္ခရောက်နေသူတွေကို ပူးပေါင်းကယ်ဆယ်လို့ မရဘူးလား

by ထူးချစ်
23 July 2020
in သူ့အတွေး သူ့အမြင်
A A
ကွာလာလမ်ပူရှိ ရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်ရောဂါစစ်ရန် ခေါ်ဆောင်လာစဉ် / Benar News

ကွာလာလမ်ပူရှိ ရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်ရောဂါစစ်ရန် ခေါ်ဆောင်လာစဉ် / Benar News

12.1k
VIEWS
Share on FacebookShare on Twitter

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ကမာ္ဘ့ကပ်ဘေး ကိုဗစ်ရောဂါကြောင့်   အလုပ်လုပ်မဲ့ဖြစ်ပြီး မြန်မာပြည်သို့ ပြန်လိုကြသည့် အဓိကအားဖြင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာ့တပ်မတော်၏ အကူအညီဖြင့် ပြန်ခေါ် နိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အရေးပေါ်အဆိုတင်သွင်းမှုကို လွှတ်တော်တွင် ဆွေးနွေးခွင့်မပြုဘဲ လက်ရှိ အာဏာရ ပါတီမှ လွှတ်တော်အမတ်များ၏ ကန့်ကွက်ခဲ့သည့် သတင်းများသည် လူမှုကွန်ရက်နှင့် သတင်းဌာနတချို့တွင် ကနဦးသတင်းများ တက်လာသည်။

လူမှုကွန်ရက်များမှ တက်လာသည့် သတင်းတိုင်းသည် သတင်းမှန်များ ဖြစ်သည်ဟု မယုံကြည်သလို လက်မခံမိသည့်အလျောက် မြန်မာပြည်တွင်းမှ အတည်ပြုပေးနိုင်မည့် မိတ်ဆွေများကို ဆက်သွယ် မေးမြန်းခဲ့ရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k

အဆိုပါကိစ္စရပ်အား လွှတ်တော်တွင် ဆွေးနွေးနေသည်ကို ကြည့်ရှုခဲ့မှသာလျှင် ကျနော့်အနေဖြင့် အတည်ပြုနိုင်ခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမား အရေးကိစ္စများကို နှစ်ပေါင်းများစွာ လုပ်လာခဲ့သည့် လူတယောက်အနေဖြင့် လွန်စွာ အံ့သြတုန်လှုပ်ခဲ့ပြီး မယုံနိုင်စရာ ဖြစ်ခဲ့ရသည်။ အစိုးရအနေဖြင့် မလုပ်တန်ရာဟု ထင်ခဲ့မိသည်။

ယခုတော့ တကယ်ဖြစ်သွားခဲ့သည်။ ဧရာဝတီမှ နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ပြည်ခိုင်ဖြိုးပါတီမှ အရေးပေါ် အဆိုတင်သွင်းမှုကို “မရိုးသားဘူး”ဟု လက်ရှိအာဏာရ ပါတီ၏ ဥပဒေပြု လွှတ်တော်အမတ်များမှ ထင်မြင်သောကြောင့် အဆိုကို ကန့်ကွက်ကြကြောင်းလည်း သိရသည်။

 အာဏာရပါတီ၏ စွပ်စွဲပြောဆိုသလို မရိုးသားမှုများလည်း ဖြစ်နိုင်ပါသည်။ သို့သော် သေရေးရှင်ရေးသဖွယ် အရေးတကြီး ခံစားနေရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကမူ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်စေချင် နေကြပါသည်။

အဆိုပါ အရေးပေါ်အဆို ခေါ်ဆိုမှုသည် နိုင်ငံသားအခွင့်အရေး၊ လူသားချင်းစာနာမှု၊  အမျိူးသမီး အခွင့်အရေးများနှင့် ဆက်စပ်ပတ်သက်နေသည်။ တိုက်ရိုက်ပတ်သက်နေသလို ယင်းကိစ္စများအား ဖြေရှင်းရာ၌လည်း တပ်မတော်အပါအဝင် အခြားအဖွဲ့အစည်းများဖြင့် အတူတကွဆောင်ရွက်ခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်နိုင်ပါသည်။

ယခုလို အရေးကိစ္စမျိုးများကို ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးပါမည်ဟု ကမ်းလှမ်းလာမှုများအား  မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ဦးဆောင် တိုက်တွန်းသည် ဖြစ်စေ၊  နိုင်ငံရေးအရ ရိုးသားခြင်း၊ မရိုးသားခြင်း ဟု ထည့်မတွက်ဘဲ ဒုက္ခရောက်နေသည့် နိုင်ငံသားများ၏ မျက်နှာတခုတည်းကိုသာ ထောက်ရှုပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးသင့်ပါသည်။

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်ကတည်းက မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အဖြစ်နိုင်ဆုံးနည်းလမ်းများဖြင့် အမြန်ဆုံး ခေါ်ယူပေးနိုင်ရန် အစိုးရ၊ ဘာသာရေးခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား မေတ္တာရပ်ခံပေးခဲ့သည့်အပြင် သတင်းမီဒီယာများမှလည်း အမြန်ဆုံးခေါ်ယူရန် လိုအပ်ကြောင်းနှင့် အမြန်ဆုံး ပြန်လည်မခေါ်နိုင်ပါက မိမိကိုယ်ကိုယ်သတ်သေမှုများ အပါအဝင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လိမ့်မည်ဟု မိမိ၏အမြင်များကို ပြောကြားပြီး အစိုးရအား အပြုသဘော အကြံပြုခဲ့ဖူးပါသည်။

မကွေးတိုင်းဒေသကြီးအစိုးရ၏ မေတ္တာရပ်ခံချက်ဖြင့် မလေးရှားတွင် အမှန်တကယ် ဒုက္ခရောက်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော်၏ စာရင်းများလည်း ပေးပို့ခဲ့ဖူး၏။ မိမိတို့ တတ်နိုင်သည့်ဘက်မှ အစိုးရအား ကူညီဆောင်ရွက်နေခဲ့ပါသည်။

မလေးရှားရောက်ရွှေ့ပြောင်းအလုပ်သမားများဖြင့် လူမှုကွန်ရက်တွင် အုပ်စုဖွဲ့ပြီး ပုံမှန်ဆက်သွယ်မှုများ ရှိနေသဖြင့် ၎င်းတို့၏ နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာပေါင်းစုံကို ကြားနေရသည်။

ငိုယိုပြောဆိုလာသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် လူပွဲစားများ၏ မက်လုံးပေး၊ စည်းရုံးဆက်သွယ်လာမှုများကို နေ့စဉ်ကြားနေရသည်။

မလေးရှားနိုင်ငံ၏ နယ်စပ်များကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ခိုးဝင်လာသူများလည်း နေ့စဉ်ဆိုသလို အဖမ်းခံနေရသည်။ မလေးရှားနိုင်ငံတွင် ပိတ်မိနေသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် နေထိုင်သူ မလေးရှားနိုင်ငံတွင် စားသောက်ဆိုင်လုပ်ငန်းလုပ်ခဲ့ဖူးသည့် စားသောက်ဆိုင်အလုပ်သမ တဦးက ယခုလို ပြောပြခဲ့ဖူးသည်။

“ ကျမတို့ကို အဓိကကူညီပေးနေတာက မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာပရဟိတအသင်းတွေက ကူညီနေတာပါ။ အဓိကအားဖြင့် စားရေးသောက်ရေးကိစ္စနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေကို ကူညီပေးနေတာပါ။ ရေရှည်ဆိုရင်တော့ သူ့တို့ အနေနဲ့လည်း အခက်အခဲရှိနိင်ပါတယ်။ မြန်မာသံရုံးအနေနဲ့ကတော့ ကူညီပေးနေတာ ဘာမှမရှိသေးပါဘူး။ မြန်မာပြည်ကို ပြန်ဖို့ စာရင်းပေးထားတာလည်း ဘယ်လိုအခြေအနေ ရှိတယ်၊ဘယ်တော့လောက်ပြန်ရမယ် ဆိုတာကိုလည်း တိတိကျကျ ကျမတို့ မသိရပါဘူး”ဟု ပြောပြသည်။

ယခုအခါ သူ့အနေဖြင့် အလုပ်ရှင်က ပေးထားသည့် မြို့နှင့် ဝေးသော ခြံကြီး ၁ ခြံထဲတွင် နေထိုင်နေသည့် အကြောင်း၊ နေ့စဉ်အဖမ်းအဆီးများကြောင့် အမြဲတမ်း စိုးရိမ်နေရသည့်အကြောင်းနှင့် မြန်မာပြည်ကို အမြန်ဆုံး ပြန်ချင်ကြောင်း ငိုယိုပြောနေသည့် အသံဖိုင်ကို ပို့ပေးခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေသည့် ဘဝတူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တတ်နိုင်သည့်ဘက်က ကူညီ ဆောင်ရွက်ပေးသည့် ကိုအောင်အောင်မှလည်း ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနိုင် ရန် အရေးပေါ် အဆိုတင်သွင်းမှုနှင့် ပတ်သက်ပြီး အာဏာရပါတီ၏ ကန့်ကွက်မှုကို ၎င်းတို့အနေဖြင့် စိတ်ပျက်မိကြောင်း၊ ဘာကြောင့် ကန့်ကွက်ခဲ့ရသည်ကို အသံဖိုင်ပေးပို့ကာ ကျနော့်အား မေးခွန်းထုတ်ခဲ့ပါသည်။

“ အားလုံးက ဝိုင်းကူမယ်ဆိုတော့ အစိုးရအနေနဲ့လည်း အများကြီး အထောက်အကူရနိုင်ပါတယ်။ သက်သာတာပေါ့၊ စစ်တပ်ကလည်း သူတို့မှာ ရှိတဲ့လူသားရင်းမြစ်နဲ့ တပ်မတော်၏ သယ်ယူပို့ဆောင်ရေး ယန္တရားများ အသုံးပြုပြီး ကူညီ မယ်လို့ ပြောနေတာ၊  ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ဘဲ ကူညီ၊ ကူညီ အစိုးရအနေနဲ့ လက်ခံသင့်တာပေါ့၊ သူတို့ကို ဝိုင်းကူညီဖို့ ပြောတဲ့အဆိုကို ဘာကြောင့် ကန့်ကွက်ရတာလဲ ဆိုတာ ကျနော်တို့ (လုံးဝ) စဉ်းစားလို့ မရဘူး၊ လွှတ်တော် အမတ်တွေပြောသလို Quarantine စင်တာတွေ မလုံလောက်လို့ ဆိုရင်လည်း ကူညီပေးချင်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း တွေနဲ့ တိုင်ပင်ညှိနှိုင်းမယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ယခု မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးတွင် ငါတို့ အာဏာရထားတယ်၊ ငါတို့ကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတယ်။

ငါတို့ ပဲ ဆောင်ရွက်မယ်၊ မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့မှ ပူးပေါင်းပြီး မဆောင်ရွက်ဘူးဆိုတဲ့ အတွေးနဲ့ စနစ်တကျ ရေရှည်မှာဆောင်ရွက်လို့ ရနိုင်မှာ မဟုတ်ဘူးဟု ထင်သည်။

ကြုံ၍ ကမာ္ဘကျော် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ပြောချင်သည်။ ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ရခိုင်အမျိုးသားလူငယ် ၂ ဦး ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းထဲတွင် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဘန်ခဝန် အကျဉ်းထောင်ထဲသို့ ထောင်ဝင်စာ သွားရောက်ကြည့်ပေးခဲ့ပြီး သေဒဏ်ကျ လူငယ်နှစ်ဦးအား အားပေး စကားများ ပြောကြားခဲ့ဖူးသည်။

ထိုင်းအစိုးရအား အဆိုပါလူငယ်များ လွတ်မြောက်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့ဖူးသည်။ အဆိုပါကာလများတွင်လည်း တပ်မတော်အနေဖြင့် နိုင်ငံရေးအမြတ်ထုတ်သည် နာမည်ဝင်ယူသည်ဟု ဝေဖန်မှုများ ကြားခဲ့ရဖူးပါသည်။

လက်ရှိအစိုးရမှ ဦးဆောင်ပြီး လိုအပ်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးနေသည်ဟု မြန်မာအစိုးရမှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါလူငယ်များအား ကူညီဆောင်ရွက်ပေးမှုများသည် မည်သည့် အခြေအနေသို့ ရောက်နေပြီဆိုသည်ကို ပွင့်ပွင့်လင်းလင်း ချပြပြောဆိုမှုများ ယနေ့အချိန်အထိ မတွေ့ခဲ့ရသေးပါ။

ထို့အပြင် အစိုးရအနေဖြင့် သေဒဏ်ကျခံနေရသည့် လူငယ် ၂ ဦးအား ထောင်ဝင်စာပုံမှန်တွေ့နိုင်အောင်ပင် မစီစဉ်ပေးခဲ့ပါ။ ထို့နည်းတူ ယခင် ဦးသိန်းစိန်အစိုးရမှ လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်ပြီး ကူညီပံ့ပိုးနိုင်ရန် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် စုပေါင်းဖွဲ့စည်းပေးခဲ့သည့် “လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီ” နှင့် “ထိုင်းနိုင်ငံတွင် ဖွဲ့စည်း ဖူးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး” ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ခဲ့သည့် အပြင် ဖျက်သိမ်းထားသည့်သဘော ဖြစ်နေပါသည်။

ကျနော့်ကိုယ်ပိုင်အမြင်အရ မလေးရှားတွင် ပိတ်မိကာ ဒုက္ခပေါင်းစုံ ခံစားနေရသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်မခေါ်နိုင်ခဲ့ပါက တောက်လျှောက်ပြောလာခဲ့သည့် မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ပေါ်လာနိုင်ပါသည်ဟု သုံးသပ်မိသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ လက်ရှိတွင် လူကုန်ကူးခံနေကြရပြီးဖြစ်ရာ ကိုယ့်ကိုယ်ကိုသတ်သေမှုများ ဖြစ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင် ရွှေ့ပြောင်းအလုပ်သမများ အနေဖြင့် ကလေးမွေးဖွားရန် အခက်အခဲများ ဖြစ်နေသည်။ မလေးရှားအာဏာပိုင်တို့က အဖမ်းအဆီးများနေသလို နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံခဲ့သူတွေရှိနေရာ မလေးရှားရဲကို ပိုက်ဆံပေးပြီးလွတ်မြောက်ဖို့ ကြိုးစားနေကြရသည်။ ရွာတွင် ကျန်ခဲ့သည့် ပိုင်ဆိုင်မှုကို ရောင်းချကာ တရားမဝင်လမ်းက ပြန်ရန် ကြိုးစားနေကြရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက ကူညီသည်ဖြစ်စေ အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ဒုက္ခပင်လယ်ဝေနေသော မိမိနိုင်ငံသားများ၏မျက်နှာကို ထောက်ရှုပြီး နိုင်ငံရေးသဘောထားကြီးသင့်ပါသည်။

ဒုက္ခရောက်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ခေါ်ယူရေး အရေးပေါ်အဆိုကို ကန့်ကွက်သည့် ကန့်ကွက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများသည် အာဏာရပါတီနှင့် အစိုးရ၏ တာဝန်သာဖြစ်ပါကြောင်း။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

ကြံ့ခိုင်ရေးပါတီ၏ လုပ်သားများ ပြန်ခေါ်ရေး အရေးကြီးအဆို“မရိုးသားဘူး”လို့ NLD ပြော

ဂျပန်သို့ မြန်မာလုပ်သားစေလွှတ်မှု ပြန်လည်စတင်ရန် မျှော်လင့်နေ

လူကုန်ကူးမှု အဆိုးဝါးဆုံး စာရင်းဝင်နိုင်ငံ မြန်မာ ဖြစ်နေဆဲ

မလေးရှားမှ တရားမဝင်လုပ်သား ၁၅၀၀ ကျော် နေရပ်ပြန်ရန် သံရုံး၌ စာရင်းပေးထား

Your Thoughts …
Tags: မလေးရှားရွှေ့ပြောင်းအလုပ်သမား
ထူးချစ်

ထူးချစ်

Contributor

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

by ဧရာဝတီ
12 July 2024
4.3k

စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးရေးတို့ကို

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
4k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

Next Post
ဇူလိုင်လ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် ရှင်းလင်းပြောကြားနေစဉ်  / Pyidawungsu hluttaw Facebook

ကိုဗစ် ကုစားမှု အစီအစဉ် တနိုင်ငံလုံး လွှမ်းခြုံနိုင်ရန် အစိုးရတွင် အခက်အခဲရှိနေ

လာမယ့် နိုင်ငံရေး အခင်းအကျင်း ပြည်နယ်အစိုးရဖြစ်ဖို့ ANP ယုံကြည်နေ (ရုပ်/သံ)

လာမယ့် နိုင်ငံရေး အခင်းအကျင်း ပြည်နယ်အစိုးရဖြစ်ဖို့ ANP ယုံကြည်နေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved