• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ်-မြန်မာ နယ်စပ်စည်းရိုးဆောက်ရခြင်း၏ နောက်ကွယ်

by Bertil Lintner
24 December 2020
in သူ့အတွေး သူ့အမြင်
A A
ယူနန်ပြည်နယ်စပ် ဝမ်ဒင်းမြို့တွင် တည်ဆောက်ထားသော နယ်စပ်တံတိုင်း အစိတ်အပိုင်းကို ၂၀၂၀ စက်တင်ဘာလအတွင်း တရုတ်ဆိုရှယ်မီဒီယာပေါ် တက်လာသည့် ဗီဒီယိုမှ ဖြတ်ယူထားပုံ 

ယူနန်ပြည်နယ်စပ် ဝမ်ဒင်းမြို့တွင် တည်ဆောက်ထားသော နယ်စပ်တံတိုင်း အစိတ်အပိုင်းကို ၂၀၂၀ စက်တင်ဘာလအတွင်း တရုတ်ဆိုရှယ်မီဒီယာပေါ် တက်လာသည့် ဗီဒီယိုမှ ဖြတ်ယူထားပုံ 

6.1k
VIEWS
Share on FacebookShare on Twitter

မဟာအဝေးပြေးလမ်းမကြီးများနှင့် မြန်နှုန်းမြင့်ရထားလမ်းများကဲ့သို့ မြန်မာနိုင်ငံနှင့်လမ်းပမ်းဆက်သွယ်ရေးစီမံကိန်း အများအပြားအဆိုပြုထားသော်လည်း မည်သည့်အတွက် တရုတ်နိုင်ငံသည် ၂၂၂၇ ကီလိုမီတာရှည်သော မြန်မာနှင့်နယ်စပ်တွင် မည်သည့်အတွက် အဆင့်မြင့်နည်းပညာ တံတိုင်းတခု တည်ဆောက်နေရသည်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူများနှင့် သံတမန်များအကြား နားမလည်နိုင်ဖြစ်နေကြသည်။

ထောက်လှမ်းရေး ကင်မရာများ၊ အနီအောက်ရောင်ခြည်သုံး အာရုံခံ ကိရိယာများတပ်ဆင်ထားသည့် ဗို့အားမြင့်မားစွာလွှတ်ထားသော ထိုတံတိုင်းသည် ကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးရန် ဖြစ်ပါသလား။ မြန်မာနိုင်ငံသည် ကနဦးတွင် ကိုဗစ်-၁၉ ကူးစက်မှု မရှိကြောင်းပြောကြားခဲ့ပြီးနောက်ပိုင်းတွင် အလွန်မြင့်မားစွာ ကူးစက်နေသည်။ စက်တင်ဘာလက မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်လာသော လူများတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း တွေ့ရှိပြီးနောက် တရုတ်နယ်စပ်မြို့ဖြစ်သော ရွှေလီကို ပိတ်ဆို့လုနီးပါးဖြစ်စေသည်။

သို့တည်းမဟုတ် ဘေ့ဂျင်းသည် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေး၊ သားရိုင်းတိရစာ္ဆန်ထုတ်ကုန်များနှင့် အခြား တရားမဝင်သောအရာများ ကုန်သွယ်ခြင်းကို တားဆီးရန် ရည်ရွယ်ပါသလား။

သို့တည်းမဟုတ် ထိုတံတိုင်းသည် အမေရိကန် အခြေစိုက် လွတ်လပ်သော အာရှအသံက ဒီဇင်ဘာလလယ်တွင် ဖေါ်ပြသကဲ့သို့ တရုတ်မှ အစိုးရဆန့်ကျင်သူများ ထွက်ပြေးခြင်းကို တားဆီးရန် ဖြစ်ပါသလား။

သို့တည်းမဟုတ် ဘေ့ဂျင်းသည် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေး၊ သားရိုင်းတိရစာ္ဆန်ထုတ်ကုန်များနှင့် အခြား တရားမဝင်သောအရာများ ကုန်သွယ်ခြင်းကို တားဆီးရန် ရည်ရွယ်ပါသလား။

သို့တည်းမဟုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ဧရာဝတီ သတင်းဌာနနှင့် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောကြားသကဲ့သို့ အင်အားနည်းသော အိမ်နီးချင်းကို အင်အားပြသနေခြင်းလား။“ကျနော်တို့နိုင်ငံဟာ ဘက်စုံမှာ အားနည်းနေတယ်။ ကျနော်တို့ဟာ (တရုတ်နိုင်ငံရဲ့) တနည်းမဟုတ် တနည်း အနိုင်ကျင့်တာကို ခံနေရတယ်” ဟု စိုင်းထွန်းအေးပြောသည်။

ကိုဗစ်-၁၉ နှင့် မူးယစ်ဆေးမှောင်ခိုခြင်းသည် တံတိုင်းတည်ဆောက်ရခြင်းနောက်ကွယ်မှ အကြောင်းရင်းဟု ဆိုနိုင်သော်လည်း မကြာသေးမီနှစ်များအတွင်း မည်သည့် အစိုးရဆန့်ကျင်သူမျှ တရုတ်မှ မြန်မာသို့ ထွက်ပြေးလာသည်ကို မတွေ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။

ထိုဆောင်းပါး၏ ခေါင်းစဉ်မှာ ”စကားက အင်္ဂလိပ်၊ ယုံကြည်တော့ ခရစ်ယာန်၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က အမေရိကန် လိုလားသလား” ဟု ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ၏ ဖြစ်နိုင်ခြေရှိသော အခြားတဖက်သို့ စီးဆင်းမှုကို ထိန်းချုပ်လိုခြင်းကြောင့် ပိုမိုဖြစ်နိုင်ပေသည်။ ထုံးစံအားဖြင့် နိုင်ငံတော်ကို ဆန့်ကျင်သော လှုပ်ရှားမှုများ ဆိုသည်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုကို စိန်ခေါ်မှုများကို ခေါ်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မှ တရုတ်-မြန်မာ နယ်စပ်အများစုကို တရုတ်လုံခြုံရေးဌာနများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် တပ်ဖွဲ့များဖြစ်သော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နှင့် လူမျိုးစုအရ တရုတ်ဖြစ်သော ကိုးကန့် ဒေသခံတပ်ဖွဲ့ တခုက ထိန်းချုပ်ထားသော်လည်း မြောက်ပိုင်း ကချင်ပြည်နယ်တွင်မူ ထိုသို့မဟုတ်ပေ။

၂၀၁၈ ခုနှစ် ဝဒေသတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းများကို ဝတပ်သားများက ဖျက်စီးနေစဉ်

နိုဝင်ဘာလ ၂၇ ရက်နေ့က လူဖတ်များပြီး ပုဂ္ဂလိကပိုင်ဖြစ်သော်လည်း ပြင်းထန်သော တရုတ်အမျိုးသားရေး အယူအဆရှိသည့် တရုတ်ဝက်ဆိုက် Toutiao က စာရေးသူအမည်မပါဘဲ ရှည်လျားသော ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့သည်။

ထိုဆောင်းပါး၏ ခေါင်းစဉ်မှာ ”စကားက အင်္ဂလိပ်၊ ယုံကြည်တော့ ခရစ်ယာန်၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က အမေရိကန် လိုလားသလား” ဟု ဖြစ်သည်။

အစိုးရကလိုလားသည့် ဝါဒဖြန့်ချိမှု ခြေရာလက်ရာများ အားလုံးနှင့် ပြည့်စုံသည့် ထိုဆောင်းပါးက တရုတ်တွင် ဂျိန်းဖောဟု ခေါ်သော ကချင်များသည် ၁၉၄၁ ခုနှစ်မတိုင်မီ တချိန်က တရုတ်ပိုင်သော်လည်း ဗြိတိသျှကိုလိုနီ မြန်မာတွင် ထည့်သွင်းခဲ့သည့် ကချင်တောင်တန်းမှ လူများပင်ဖြစ်ကြောင်း မှားယွင်းစွာ ဖေါ်ပြသည်။

UWSA, NDAA နှင့် ကိုးကန့်တို့ ထိန်းချုပ်ထားသောဒေသသည် ပြဿနာမဟုတ်ကြောင်း ထိုဆောင်းပါးရှင်က အခိုင်အမာပြောသော်လည်း ၎င်းတို့သည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအဖြစ်သာ ဆက်လက်နေလိုကြောင်း ရေးသားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ကချင်တိုင်းရင်းသား လက်နက်ကိုင်များ၏ နောက်ကွယ်မှ ရည်မှန်းချက်မှာ လွတ်လပ်ရေးဖြစ်ကြောင်းနှင့် ကချင်ပြည်သူများသည် အမေရိကန်တို့နှင့် နီးစပ်သူများဖြစ်ကြောင်း ထိုးဆောင်းပါးရှင်က ဆက်လက်ရေးသားသည်။

ကချင်တို့တွင် အမေရိကန် သာသနာပြုများထံမှ ရရှိထားသော ရောမအက္ခရာ အခြေပြု စာရေးသားမှု စနစ်ရှိပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်တပ်များနှင့် အတူ ဂျပန်တပ်များကို တိုက်ခ်ိုက်ခဲ့သူများ ဖြစ်ကြောင်းလည်း ထိုဆောင်းပါက ဖေါ်ပြသည်။ ထိုဆောင်းပါးတွင် ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ကချင်ရိန်းဂျားတဦးနှင့် အမေရိကန်စစ်သားတဦးတို့၏ ရုပ်တုကို ပြသသည့် ဓါတ်ပုံကိုလည်း ဖေါ်ပြထားသည်။

ထိုဆောင်းပါးရှင်က ဆက်လက်ပြီး “မကြာသေးမီ နှစ်များအတွင်း KIA နှင့် အမေရိကန်ပြည်ထောင်စု အကြား ဆက်ဆံရေးသည် လျှော့ကျခြင်း မရှိပေ” ဟု ရေးသားပြီး ဝဲန်ဘန် Wenbang အဖွဲ့ချုပ်ဟု ခေါ်သည့် ကချင်အဖွဲ့အစည်း တခုသည် ထိုင်းနိုင်ငံတွင် ဌာနချုပ်ရှိပြီး အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ၏ အထောက်အပံ့ခံကာ တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ဂျိန်းဖောများနေထိုင်သည့် ဒေသများပါဝင်သည့် လွတ်လပ်သော နိုင်ငံကို ထူထောင်လိုကြောင်း အခိုင်အမာဆိုပြန်သည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ကချင်ပြည်နယ်ကို ထူထောင်ခြင်းကို ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ ထောက်ခံမှုဖြင့် လုပ်ခဲ့ကြောင်း ထိုဆောင်းပါးရှင်ကဆိုပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် ထိုစဉ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ အကြီးအကဲ ဗိုလ်ချုပ် ဆမ်လွတ် ဂွန်မော်ကို အမေရိကန်ပြည်ထောင်စုသို့ ဖိတ်ခေါ်ခဲ့ကြောင်း ပြောသည်။

ထိုဆောင်းပါးရှင်က ဆက်လက်ပြီး “မကြာသေးမီ နှစ်များအတွင်း KIA နှင့် အမေရိကန်ပြည်ထောင်စု အကြား ဆက်ဆံရေးသည် လျှော့ကျခြင်း မရှိပေ” ဟု ရေးသားပြီး ဝဲန်ဘန် Wenbang အဖွဲ့ချုပ်ဟု ခေါ်သည့် ကချင်အဖွဲ့အစည်း တခုသည် ထိုင်းနိုင်ငံတွင် ဌာနချုပ်ရှိပြီး အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ၏ အထောက်အပံ့ခံကာ တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ဂျိန်းဖောများနေထိုင်သည့် ဒေသများပါဝင်သည့် လွတ်လပ်သော နိုင်ငံကို ထူထောင်လိုကြောင်း အခိုင်အမာဆိုပြန်သည်။

ဂျိန်းဖောခေါ် ကချင် အများစုသည် နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်

ဝဲန်ဘန် Wenbang ဆိုသောအမည်မှာ တရုတ်စာဖြင့် ဝန်ပေါင် Wunpawng ဟုရေးပြီး မြန်မာနိုင်ငံမှ ကချင်များက ၎င်းတို့၏ မျိုးနွယ်စု အားလုံးကို ခြုံငုံခေါ်ဝေါ်သော အမည်ဖြစ်သည်။ ထိုအဖွဲ့မှာ ထိုင်းနိုင်ငံတွင် အမှန်တကယ်ရှိသော ကချင်နိုင်ငံရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ကချင်အမျိုးသားအဖွဲ့ Kachin National Organization ကို ဆိုလိုပုံရပြီး ထိုအဖွဲ့ကို အဓိကအားဖြင့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုမှ အဝေးရောက် ကချင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆောင်းပါးရှင်က ဆက်လက်ပြီး ထို့ကြောင့် အမေရိကန်တို့သည် တရုတ်နိုင်ငံတောင်ပိုင်းတွင် ကချင်ကို နယ်ရုပ်အဖြစ်သုံးကာ မွှေနှောက်ချင်နေသည်မှာ ထင်ရှားလှသည်ဟု ဆက်လက်ရေးသားပြန်သည်။ အမှန်မှာ ကချင်အများစုသည် နှစ်ခြင်းခရစ်ယာန်များဖြစ်ကြသော်လည်း KIA နှင့် ဗာတီကန်အကြား ဆက်ဆံရေးသည် နီးကပ်ပြီး ဥရောပနှင့် အမေရိကန် အဖွဲ့အစည်းများသည် KIA နှင့် မြန်မာအစိုးရ စစ်တပ်အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသည့် ကချင်ပြည်သူများကို ကူညီနေကြသည်ဟု ဆိုသည်။

ထိုဆောင်းပါးရှင်ကို ယုံကြည်ရပါက ပိုမိုစိတ်ပူစရာကောင်းသည်မှာ မြန်မာနိုင်ငံမှ ကချင်များသည် တရုတ်နိုင်ငံတွင် ထောက်လှမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး တရုတ်မှ ဂျိန်းဖောများထဲ တပ်ဖွဲ့ဝင်များနှင့် ကေဒါများအတွက် လျှို့ဝှက် လူသစ်စုဆောင်းနေခြင်းဖြစ်သည်။

Toutiao မှ ဆောင်းပါးကို သတင်းမမှန်သော အလွတ်တန်းစာရေးသူတဦး၏ အော်ဟစ်သံအဖြစ် အရာမသွင်းဘဲ ထားနိုင်သော်လည်း ထိုဝက်ဆိုက်တွင် ထိုဆောင်းပါး၏ ထင်ရှားမှုနှင့် ဝေဖန်ကောက်ချက်ချသည့် အခန်းတွင် ထောက်ခံရေးသားမှုများကမူ အစိုးရ ဆင်ဆာတည်းဖြတ်မှုက ထိုဆောင်းပါးကို တိတ်တဆိတ်ထောက်ခံနေကြောင်း ပြသနေသည်။

ထိုဆောင်းပါးရှင်က ဆက်လက်ပြီး ထိုအချက်သည် တရုတ်နိုင်ငံအတွက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်မတော် ကို KIA က ထောက်ခံမှုသည်လည်း စိတ်ပျက်စရာကောင်းသည်ဟု ဆိုသည်။ ထိုတပ်ဖွဲ့ကို ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်တွင် ထူထောင်ခဲ့သည်။

သို့သော် လှိုဏ်ခေါင်းတဖက်တွင် အလင်းရောင် ရှိနေပုံရကြောင်းလည်း ဆောင်းပါးရှင်က အကောင်းမြင်ရေးသားထားကာ ကချင်အများအပြားသည် တရုတ်ဘာသာစကားကို လေ့လာကာ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် စစ်ဘေးခံနေရသော ကချင်ပြည်နယ်၏ စီးပွားရေးတွင် ပေါ်လာနေသည်ဟု ဆိုသည်။

Toutiao မှ ဆောင်းပါးကို သတင်းမမှန်သော အလွတ်တန်းစာရေးသူတဦး၏ အော်ဟစ်သံအဖြစ် အရာမသွင်းဘဲ ထားနိုင်သော်လည်း ထိုဝက်ဆိုက်တွင် ထိုဆောင်းပါး၏ ထင်ရှားမှုနှင့် ဝေဖန်ကောက်ချက်ချသည့် အခန်းတွင် ထောက်ခံရေးသားမှုများကမူ အစိုးရ ဆင်ဆာတည်းဖြတ်မှုက ထိုဆောင်းပါးကို တိတ်တဆိတ်ထောက်ခံနေကြောင်း ပြသနေသည်။

တရုတ်နိုင်ငံတွင် ထုတ်ဝေသမျှ အရာရာကို စောင့်ကြည့်နေသည်။

ထိုဆောင်းပါးသည် တရုတ်-မြန်မာ နယ်စပ်နှစ်ဖက်လုံးမှ ခရစ်ယာန်အုပ်စုများနှင့် လူမှုအသိုင်းအဝန်းများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်သော ပူပန်မှုများနှင့်လည်း ကိုက်ညီနေပြန်သည်။ ခရစ်ယာန်ဖြစ်စေ၊ မွတ်ဆလင်ဖြစ်စေ၊ ဖာလွန်ဂေါင်ဖြစ်စေ လူမှုအသိုင်းအဝန်း အခြေပြု ကိုးကွယ်ယုံကြည်မှု လှုပ်ရှားမှုများသည် အစိုးရ ဆန့်ကျင်ရေးသမားများထက် အာဏာရ ကွန်မြူနစ်များ၏ စိတ်ဓါတ်ရေးရာ လွှမ်းမိုးမှုကို ပိုမိုကြီးမားစွာ ခြိမ်းခြောက်နေပုံရသည်ဟု တရုတ်ရေးရာကျွမ်းကျင်သူများက ဆိုကြသည်။ အစိုးရဆန့်ကျင်သူများကို ထောင်ချထားခြင်းဖြင့်ဖြစ်စေ အနောက်နိုင်ငံများတွင် ပြည်ပြေး အဖြစ် လွှတ်ပေးလိုက်ခြင်းဖြင့်ဖြစ်စေ အလွယ်တကူ လုပ်ဆောင်နိုင်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် UWSA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီက ခရစ်ယာန် သာသနာပြုများ မည်သည်တို့ လုပ်ဆောင်နေသည်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်သည် မည်သည်ဖြစ်သည်ကို လေ့လာရန် ၎င်းတို့၏ စစ်ဖက်နှင့် အုပ်ချုပ်ရေး အရာရှိများကို အမိန့်ထုတ်လိုက်သည်။ ထိုအမိန့်ကို တောင်တန်းဒေသ ၀ လူမျိုးများ၏ တရုတ်ဘာသာစကားဖြင့်မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့အစည်းများသုံးသည့် တရုတ်ဘာသာစကားဖြင့် ရေးသားထုတ်ပြန်ခြင်းဖြစ်သည်။

UWSA ဝတပ်သားများအား စစ်ရေးပြအခမ်းအနားတခုတွင် မြင်ရစဉ်

ထိုကြေညာချက်တွင် ခရစ်ယာန်ဘုရားကျောင်းသစ်များ တည်ဆောက်ခြင်းနှင့် ၀တောင်တန်းဒေသမှ ကျောင်းများတွင် ဘာသာရေးသင်ကြားခြင်းကိုလည်း ပိတ်ပင်ထားသည်။

ထိုကြေညာချက်သည် အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်သူ တရုတ်လူမျိုးစု John Cao ကို ၂၀၁၈ ခုနှစ် မတ်လတွင် ဖမ်းဆီးကာ တရုတ်-မြန်မာနယ်စပ်ကို တရားမဝင်ဖြတ်ကျော်မှုဖြင့် ဇွန်လတွင် ထောင် ၇ နှစ်ချလိုက်ပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် ဝက်ဆိုက်ဖြစ်သော ယနေ့ခရစ်ယာန် ဝက်ဆိုက်၏ အဆိုအရ Cao သည် ၀တောင်တန်းတွင် ကျောင်းသား ၂၀၀၀ တက်ရောက်သည့် ကျောင်း ၁၆ ကျောင်း တည်ဆောက်ပေးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံမှ ခရစ်ယာန်များ၏ အကူအညီဖြင့် Cao သည် လွန်စွာ ဆင်းရဲသော ထိုဒေသအတွက် အဝတ်အထည်နှင့် အခြားပစ္စည်း တန် ၁၀၀ ယူဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ခရစ်ယာန် ဘာသာကို ၀ ဒေသသို့ ၁၉၂၀ ခုနှစ်များက ပထမဆုံး ဆောင်ယူလာသူမှာ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုများဖြစ်ပြီး ခရစ်ယာန်ဘာသာသည် ၀ဒေသတွင် အများစု ကိုးကွယ်သည့် ဘာသာမဟုတ်သော်လည်း ကိုးကွယ်မှု သိသိသာသာရှိကြောင်း သိရသည်။ ၁၉၇၀ ခုနှစ်များ အစောပိုင်းတွင် ၀တောင်တန်းကို တရုတ်နိုင်ငံကထောက်ခံသည့် ဗမာပြည်ကွန်မြူနစ်ပါတီက သိမ်းပိုက်သော်လည်း ဝတပ်ဖွဲ့ဝင်များ၏ ၁၉၈၉ ခုနှစ် ပုန်ကန်မှုအပြီးတွင် UWSA ကိုဖွဲ့စည်းလိုက်သည်။

ကွန်မြူနစ်အုပ်ချုပ်ရေး အဆုံးသတ်သွားသောကြောင့် ၀တောင်တန်းတွင် ခရစ်ယာန် ပြန်လည်ထွန်းသစ်လာပြီး အနည်းဆုံး အစဦးပိုင်းတွင် စစ်ဖက်နောက်ခံရှိသူအချို့ပါသည့် ထိုင်းနိုင်ငံအခြေစိုက် အမေရိကန် သာသနာပြုများသည် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်းတွင်မူ Cao သည် ၀တောင်တန်းသို့ ရောက်သည့် တဦးတည်းသော ပြည်ပ သာသနာပြုဖြစ်နိုင်သော်လည်း ကျန်ဘုရားကျောင်း ဝန်ထမ်းအများအပြားမှာ မြန်မာနိုင်ငံမှ ကချင်များဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန် ကျမ်းစာကို ဖြန့်ချိခြင်းအပြင် ထိုကိစ္စနောက်ကွယ်တွင် အမေရိကန်ရှိနေသည်ဟု တရုတ်တို့ ယုံကြည်ခြင်းဖြစ်နိုင်သည်။

သတ်မှတ်ထားသည့်အတိုင်းဖြစ်ပါက တံတိုင်းတည်ဆောက်ရေးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်တည်ဆောက်ခြင်းဖြစ်သည်ဟူသည့် အယူအဆက ယုံနိုင်စရာ မရှိဖြစ်နေသည်။

Toutiao ဆောင်းပါးတွင် ဖေါ်ပြထားသော ပူပန်မှုများသည် တရုတ်နိုင်ငံအနေဖြင့် နောက်ထပ်တံတိုင်းတခု တည်ဆောက်ရသည့် အကြောင်းရင်း အပြည့်အစုံဖြစ်သည်ဟု ဆိုလျှင် ပေါ့ပေါ့ဆဆ တွေးတောရာရောက်သည်။ သို့သော် ဒေသခံ သတင်းရင်းမြစ်များက ထိုအချက်များသည် တရုတ်အစိုးရ ဆန့်ကျင်သူများ မြန်မာနိုင်ငံသို့ ပြေးလာမည်ကို စိုးရိမ်ခြင်းထက် ပိုမို လက်ခံနိုင်ဖွယ်ရှိကြောင်း ပြောသည်။

သတ်မှတ်ထားသည့်အတိုင်းဖြစ်ပါက တံတိုင်းတည်ဆောက်ရေးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်တည်ဆောက်ခြင်းဖြစ်သည်ဟူသည့် အယူအဆက ယုံနိုင်စရာ မရှိဖြစ်နေသည်။

တရုတ်နိုင်ငံသည် တန်ပြန်တော်လှန်ရေးသဘောတရားများနှင့် အခြားမလိုလားအပ်သောပြည်ပအတွေး အခေါ်များ ဝင်ရောက်လာနိုင်သည့် အားနည်းသော နေရာအနည်းငယ်အနက်မှ တနေရာကို လုံခြုံအောင် ပြုလုပ်လိုသည်။

အနာဂတ်တွင် ရှည်လျားပြီး မလုံခြုံသော မြန်မာ-တရုတ်နယ်စပ်ကို ဘေ့ဂျင်း၏ အမျိုးသားလုံခြုံရေးအလို့ငှာ လုံခြံခိုင်ခံ့အောင် ပြုလုပ်ထားပြီး ဖြတ်ကျော်သူ မည်သူကိုမဆို ခွဲခြားသိရှိစေရန် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ချိန်တွင် အနီးကပ်စောင့်ကြည့်နေတော့မည် ဖြစ်သည်။

(Asia Times ပါ Bertil Lintner ၏ China building great wall on its soft southern underbelly ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ

တရုတ်လေယာဉ်တင် သင်္ဘောများ နီးကပ်လာမှုကြောင့် ထိုင်ဝမ်စစ်သင်္ဘောများ အသင့်ပြင်

မြန်မာနယ်စပ်က သူပုန်များကို တရုတ်ကူညီနေဟု အိန္ဒိယစွပ်စွဲ

Your Thoughts …
Tags: UWSAကချင် ခရစ်ယာန်တရုတ် ကွန်မြူနစ်ပါတီတရုတ်-မြန်မာ နယ်စပ်အမေရိကန်
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

Next Post
ကူးစက်မြန် B117 အမျိုးအစားဟာ စင်ကာပူနိုင်ငံမှာ ပြည်တွင်းကူစက်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။

စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ခံထားရကြောင်း အတည်ပြု

ကမ္ဘာကျော် “Metro-Goldwyn-Mayer” စတူဒီယို

ဟောလိဝုဒ် စတူဒီယို “MGM” ကို ဒေါ်လာ ၅ ဘီလီယံဖြင့် ရောင်းချမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved