• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်

by အီဂေါဗလာဇီဗစ်
11 June 2021
in သူ့အတွေး သူ့အမြင်
A A
ဧပြီလအတွင်း ဂျကာတာတွင် ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာသည်ကို အဖွဲ့အတွင်းရေးမှူး လင်မ်ဂျော့ဟွိုင်က ကြိုဆိုစဉ် 

ဧပြီလအတွင်း ဂျကာတာတွင် ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာသည်ကို အဖွဲ့အတွင်းရေးမှူး လင်မ်ဂျော့ဟွိုင်က ကြိုဆိုစဉ် 

21.1k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ မအောင်မြင်သော အာဏာသိမ်းရန် အားထုတ်မှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံမှ လူသားချင်းစာနာမှုအကျပ်အတည်းသည် နေ့စဉ် ပိုမိုနက်ရှိုင်းလာနေသည်။ နိုင်ငံပြင်ပမှ လူများအတွက် ထိုလူသားချင်းစာနာမှု ကပ်ဘေးသည် ဝေးကွာသော အာကာသထဲမှ ကြယ်တလုံး ပေါက်ကွဲသည်နှင့် အလားသဏ္ဍာန်တူနေသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးသော်လည်း အလင်းရောင်နှင့် လှိုင်းများသည် မိမိတို့ထံသို့ ရောက်မလာသေးပေ။

လုံလုံလောက်လောက် အာရုံစိုက်စေမည့် ကြီးမားသော တောင်းဆိုမှု၊ ကြီမားသောဖြစ်ရပ်များ လုံလုံလောက်လောက် မဖြစ်ပေါ်သေးပါ။ ထိုအခြေအနေသည် မကြာမီပြောင်းလဲတော့မည်ကို လက်ရှိအကျပ်အတည်း၏ ဖြစ်ပျက်ပုံနှင့် အတိမ်အနက်ကို နားလည်သော မည်သူမဆို သိနိုင်သည်။ စီးပွားရေးသည် ရပ်တန့်နေပြီးဖြစ်သည်။ နိုင်ငံသားသန်းပေါင်းများစွာသည် ဝင်ငွေမရှိသည်မှာ လအတန်ကြာပြီဖြစ်ပြီး အနည်းငယ်မျှသော အရန်ငွေကြေးများလည်း ကုန်ခန်းနေပြီဖြစ်သည်။ လူအများအပြားသည် နိုးထလာသည့် စစ်မြေပြင်အသစ်အဟောင်းများအကြားတွင် ပိတ်မိနေသည်။ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် သောင်းနှင့်ချီသော ထိခိုက်လွယ်သူများသည် မြန်မာစစ်တပ်၏ ဒဏ်ခတ်သော စစ်ဆင်ရေးများမှ ထွက်ပြေးနေရသည်။ အိန္ဒိယမျိုးစိတ် ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံ၏ အနောက်ဖက်နယ်စပ် ချင်းပြည်နယ်မှ စတင်ပြီး အလျှင်အမြန်ကူးစက်နေသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကိုယ်စားလှယ်အဖွဲ့တခုသည် ဇွန်လ ၄ ရက်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး လူသားချင်းစာနာမှု အကျပ်အတည်းကိစ္စ”များကို ဆွေးနွေးသည်။ မြန်မာနိုင်ငံမှ လူသားချင်းစာနာမှု အကျပ်အတည်းသည် မကြာမီ အရေးပေါ်ကြီးထွားလာတော့မည်ဖြစ်သောကြောင့် နောက်ထပ် ဆွေးနွေးမည့်သူများ အလျှင်အမြန် ဝင်ရောက်လာသည်ကို မိမိတို့ တွေ့ရဦးမည်ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စကို သေသေချာချာ ဆွေးနွေးရန် လိုပါသည်။

လူသားချင်းစာနာမှုအကူအညီဆိုသည်မှာ “ဘုရားလို ကိုးကွယ်စရာ” ဖြစ်နေ၍ ထုံးစံအားဖြင့် မိမိတို့ မေးခွန်းမထုတ်ချင်၊ မဝေဖန်ချင်ဆုံးသော ကိစ္စဖြစ်သည်။ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံပါဝင်နေသာ ပဋိပက္ခတခုအတွင်း တနိုင်ငံလုံးသည် ကျဆုံးနိုင်ငံ သို့မဟုတ် အုပ်စုပေါင်းစုံ တိုက်ခ်ိုက်နေကြသော စစ်ပွဲအတွင်း ကျရောက်သွားပြီး အရပ်သားများ အကြီးအကျယ် ဒုက္ခခံစားရတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရချိန်တွင် လူသားချင်းစာနာမှုဝါဒ တခုကိုသာ ရွေးစရာကျန်တော့သည့် သဘောဖြစ်နေသည်။

မိမိနိုင်ငံဖြစ်သော ဘော့စနီးယားတွင် “နိုင်ငံတကာ လူသားချင်းစာနာမှု” များ ရရန် အားထုတ်ခဲ့ရသူတဦးအနေဖြင့်လည်းကောင်း၊ ရံပုံငွေရှာပြီး လူသားချင်းစာနာမှုအကူအညီများကို ပေးခဲ့သူတဦးအနေဖြင့် မိမိသည် အတွေ့အကြုံအချို့ကို မျှဝေလိုပြီး မေးခွန်းအနည်းငယ်ထုတ်လိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေမျိုးတွင် လူသားချင်းစာနာမှု အကူအညီသည် လွန်စွာပြဿနာများသည့် အသွင်ဆောင်ပြီး ထိုအချက်ကို သတိပြုမိလျှင်ကောင်းသည်ဟု မိမိယုံကြည်သည်။

ထိုပြဿနာရှိသော အသွင်သဏ္ဍန်များသည် မည်သည်တို့နည်း။ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း အချက်အလက်များစွာ ရှိသောကြောင့် တချက်ချင်း တင်ပြသွားမည်ဖြစ်သည်။

မကြာသေးမီက ASEAN ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်အကြောင်း စတင်ဆွေးနွေးမည်။ လူသားချင်းစာနာမှုအကူအညီများက မည်သည့်အချိန်တွင် မည်သို့ ပြဿနာဖြစ်လာသည်ကို ကောင်းစွာပြသနေသောကြောင့် ဖြစ်သည်။

ပိုမိုနက်ရှိုင်းလာသော အကျပ်အတည်းတခုအတွက် အဖြေရှာရန် နိုင်ငံတကာလုပ်ငန်းစဉ် အဆင်ပြေချောမွေ့အောင် တဦးတဖွဲ့က ကြိုးစားလိုသောအခါ အရေးပါသည့် ဆွေးနွေးစရာ အများအပြားရှိပါသည်။ သို့သော် အခြားကိစ္စများကို မဆွေးနွေးသေးပါ။ လူသားချင်းစာနာမှုအကျပ်အတည်းကို တုံ့ပြန်ရန်လိုအပ်ချက်ကိုသာ ဦးစားပေးမည်။

စစ်တပ်က နိုင်ငံကို စစ်ပွဲဆင်နေသည့် အရေးပါသော ပြဿနာကို ကိုင်တွယ်ရမည့်အစား၊ နိုင်ငံတော်အကြမ်းဖက်မှုနှင့် ထောင်နှင့်ချီသောသူများကို စနစ်တကျ ဖမ်းဆီးမှုများကို ကိုင်တွယ်ရမည့်အစား၊ မြန်မာနိုင်ငံရေးတွင် ပတ်သက်သူများအကြား နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုသည့် အရေးပါသော ပြဿနာကို ဆွေးနွေးရမည့်အစား ASEAN သည် ၎င်း၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို စွန့်လွှတ်ကာ ဆွေးနွေးရန် ကျန်သည့် တခုတည်းသော အရေးပါသည့် ကိစ္စသည် လူသားချင်းစာနာမှု ကိစ္စဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအချက်သည် ပထမဆုံး ပြဿနာရှိသော အချက်ဖြစ်သည်။ လူသားချင်းစာနာမှုအကျပ်အတည်းက အခြားပြဿနာများနေရာတွင် ဝင်ပြီး အဓိက ဦးစားပေးဖြစ်လာသောအခါ လူသားချင်းစာနာမှုဝါဒသည် အကြမ်းဖက်မှု၊ ပဋိပက္ခနှင့် နက်ရှိုင်းလာသော အကျပ်အတည်းကို အဆုံးသတ်ရန် အမှန်တကယ်အရေးပါသော ပြဿနာများကို မကိုင်တွယ်နိုင်ခြင်းကို ဖုံးကွယ်ရန် စတင်ဖြစ်လာသည်။

အခြားပြဿနာတခုမှာ လူသားချင်းစာနာမှုနည်းလမ်းသည် တာဝန်ရှိမှုပြဿနာကို ဝေဝါးစေခြင်းဖြစ်သည်။ စစ်နှင့် အကြမ်းဖက်မှုအခြေအနေတွင် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ခွင်ရရန်လိုသောအခါ လက်နက်နှင့် နယ်မြေထိန်းချုပ်ထားသူနှင့် ညှိနှိုင်းရသည်။ ထိုသူသည် မှန်သည်၊ မှားသည်၊ တရားဝင်သည်၊ တရားမဝင်သည်၊ စစ်ရာဇဝတ်ကောင်ဖြစ်သည်၊ မဖြစ်သည်ကို ထည့်မစဉ်းစားနိုင်တော့ပေ။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ “ပဋိပက္ခမှ ဘက်အားလုံး”အကြောင်း ပြောရမည်။ “ချုပ်တည်းရန်” ပြောရမည်။ “လူသားချင်းစာနာမှု စိုးရိမ်ပူပန်မှုများနှင့် ဦးစားပေးများ” အကြောင်း ပြောရမည် ဖြစ်သည်။

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖန်တီးပေါ်ပေါက် ဆက်လက် ဖြစ်ပေါ်နေစေသည်မှာ ဘက်တဘက်တည်း၏ ရန်လို၊ အကြမ်းဖက်၊ လူသတ်၊ ဖိနှိပ်သော အပြုအမူကြောင့် ဖြစ်သည်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး တိုက်ရိုက် အပြည့်အ၀ တရားမဝင် စစ်အုပ်ချုပ်ရေး ပြန်လည်ချမှတ်ရန်နှင့် အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ ထိုအချက်သည် လက်ရှိမြန်မာအကျပ်အတည်းကို ဖြစ်စေသည့် တခုတည်းသော အကြောင်းရင်းဖြစ်သည်။ ထိုကိစ္စတွင် ဘက်နှစ်ဘက်မရှိဘဲ ယနေ့တိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက်ရှိအကျပ်အတည်း ပြေလည်စေရေးတွင် တခုတည်းသော အတားအဆီးဖြစ်နေသည်။

ဆိုးရွားလှသည့် အကျိုးဆက်များရှိသော်လည်း ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းကို မီးထိုးပေးပြီး ပတ်ပတ်လည် တိုက်ခိုက်ကြမည့် စစ်ပွဲတခုအဖြစ် တင်းမာလာစေခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူသည် အာဏာသိမ်းမှုတွင် အနိုင်ရပြီး ကျစ်လစ်ခိုင်မာအောင် လုပ်နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ သူသည် ထိုယုံကြည်မှုကို ပွေ့ဖက်နေခြင်းမှာ သူ၏ မှားယွင်းလှသော အာဏာမက်သည့် ရည်မှန်းချက်ကြောင့်သာမက သူချုပ်ကိုင်ထားသည့် လွန်စွာကြီးမားလှသော စစ်အင်အားကြောင့်လည်းဖြစ်သည်။ ထို့ကြောင့်ပင် သူသည် စေ့စပ်ညှိနှိုင်းမှုမလုပ်ဘဲ သူ၏တပ်များက ဖမ်းဆီးအကြမ်းဖက်မှုများကိုလည်း မထိန်းချုပ်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံရေးအဖြေထွက်စေမည့် စေ့စပ်ညှိနှိုင်းမှုများကို ငြင်းပယ်နေခြင်းဖြစ်သည်။

မည်သည့်အဆင့် လူသားချင်းစာနာမှု အားထုတ်မှုမဆို ထိုနောက်ခံအခြေအနေကို ပြောင်းလဲစေမည် မဟုတ်ပေ။ စစ်ကောင်စီအကြီးအကဲသည် ASEAN ကို လူသားချင်းစာနာမှုအကျပ်အတည်းကိုသာ အာရုံစိုက်စေပြီး တချိန်တည်းတွင် သူသည် ခုခံမှုများကို အားအင်ကုန်ခန်းသည်အထိ ချေမှုန်းသွားရန် ပြည်သူများကို ဆက်လက်စစ်ဆင်မည်ဖြစ်သည်။ တချိန်တည်းတွင်လည်း ရုရှးာနှင့် တရုတ်တို့၏ နောက်ကွယ်မှ ထောက်ခံမှုဖြင့် သူသည် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှု အဖွဲ့များ မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်ခွင့်ပေးမည် မဟုတ်ပေ။ ကုလသမဂ္ဂအေဂျင်စီများမှတဆင့် အနောက်တိုင်းသြဇာ ဝင်ရောက်လာမည်ကို ရှောင်ရှားရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဂျပန်တို့အနေဖြင့် ASEAN ၏ လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှုများအတွက် အကုန်အကျခံရန် ကြိုဆိုနေမည်ဖြစ်ပြီး စစ်ကောင်စီအကြီးအကဲနှင့် တရုတ်တို့သည် ထိုနိုင်ငံများနှင့် အဖွဲ့များကို တတ်နိုင်သမျှ ဝေးဝေးတွင်ထားရန် အစွမ်းကုန် လုပ်ဆောင်ကြမည်ဖြစ်သည်။ အခြား နိုင်ငံတကာ လူသားချင်းစာနာမှု အစိုးရမဟုတ်သော အဖွဲ့အစည်းများကို စစ်ကောင်စီ၏ ဝန်ကြီးဌာနများနှင့် သတင်းတပ်ဖွဲ့က တင်းကျပ်စွာစောင့်ကြည့်ပြီး နိုင်ငံတွင်းတွင် လုပ်ကိုင်ခွင့် ပေးမည်ဖြစ်သည်။ ထိုသို့လုပ်ကိုင်ခွင့်ပေးခြင်းကလည်း ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများကို လှည့်စားရန် အပြသာဖြစ်ပြီး စစ်ကောင်စီသည် ပေါ်ပေါက်နေသော အခြေအနေတွင် “အကောင်းဆုံးလုပ်နေသည်” ဟု ထင်မြင်လာစေရန် ဖန်တီးခြင်းသာ ဖြစ်သည်။

ထိုသို့သော လူသားချင်းစာနာမှု အကူအညီလုပ်ငန်းသည် အရပ်သားများ ခံစားနေရသော ဒုက္ခများကို လျှော့ချပေးမည့်၊ မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း သက်သာစေမည့်၊ အကျပ်အတည်းဖြေရှင်းရေးတွင် အကျိုးပြုမည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းမဟုတ်ပေ။ ထိုသို့သော လူသားချင်းစာနာမှုလုပ်ငန်းသည် စစ်ကောင်စီက ပြည်သူများအပေါ် စစ်အနိုင်ရစေရန် စစ်ကောင်စီကို ကူညီခြင်းနှင့် စစ်အာဏာရှင်စနစ်သစ် ခိုင်မာအောင် စစ်ကောင်စီအကြီးအကဲကို ကူညီခြင်းဖြင့် အန္တရာယ်ကျရောက်စေနိုင်သည်။

စစ်ကောင်စီကို အချိန်နှင့် တရားဝင်မှုပေးသော မည်သည့်ကိစ္စမဆို၊ စစ်ကောင်စီ၏ အကြမ်းဖက်နိုင်စွမ်း အင်အားကို ခ်ိုင်မာစေသော မည်သည့်ကိစ္စမဆို၊ မြန်မာပြည်သူများ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်စွမ်း ကင်းမဲ့စေသည့် မည်သည့်ကိစ္စမဆိုသည် အကျပ်အတည်းကို ပိုမိုရှည်ကြာ နက်ရှိုင်းစေသည်။

ထိရောက်မှုမရှိဘဲ နောက်ထပ်လပေါင်းများစွာ ဆက်လက်ဆွေးနွေးနေရမည့် ASEAN ၏ “လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှု”နှင့် ASEAN “ညီညွတ်ရေးစိတ်ဓါတ်”ဖြင့် “မစွက်ဖက်ရေး” မင်းအောင်လှိုင်နှင့် ဆွေးနွေးပွဲများသည် ၎င်းတို့ အနိုင်ရနိုင်သည်ဆိုသည့် စစ်ကောင်စီ၏ ယုံကြည်မှုကို အားပေးရာရောက်သည်။ ထို့ကြောင့် အကြမ်းဖက်မှုများဆက်လက်ဖြစ်ပေါ်နေပြီး စစ်ပွဲသည် ပိုမိုပြင်းထန်ကာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာပြီး လူသားချင်းစာနာမှုအကျပ်အတည်းသည်လည်း ပိုမိုပြင်းထန်လာမည် ဖြစ်သည်။

ASEAN နှင့် နိုင်ငံတကာအသိုက်အဝန်းမှ အခြားသူများအတွက် အခြားရွေးစရာတခု ရှင်းရှင်းလင်းလင်း ရှိနေပြီး ထိုကိစ္စကို နှောင့်နှေးမှုမရှိဘဲ အကောင်အထည်ဖေါ်သင့်သည်။

နောက်ထပ်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ဆွေးနွေးရမည်ဖြစ်သည်။ NUG သည် မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းရေး ASEAN က လုပ်ဆောင်ပေးသည့် မည်သည့် ဆွေးနွေးညှိနှိုင်းမှုမဆိုတွင် တရားဝင် တင်းပြည့်ကျပ်ပြည့် ပါဝင်ခွင့်ရှိကြောင်း စစ်ကောင်စီခေါင်းဆောင်နှင့် စစ်တပ်ကို ရှင်းရှင်းလင်းလင်း ပြောကြားထားရပါမည်။

မြန်မာနှင့်ပတ်သက်သည့် ASEAN ၏ နောက်ထပ် မည်သည့် အထူးအစည်းအဝေးမဆိုတွင် NUG ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားရမည်။

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို လျှို့ဝှက်ပြီး အရှက်တရားကင်းမဲ့စွာဖြင့် နောက်ကွယ်မှ ဆန့်ကျင်နေမည့်အစား ASEAN သည် ကုလသမဂ္ဂ၏ မြန်မာအပေါ် လက်နက်ပိတ်ပင်မှုကို တက်ကြွစွာ ထောက်ခံရပါမည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုသည် အခြေအမြစ်မရှိကြောင်း၊ တရားဝင်မှု မရှိကြောင်း၊ နိုင်ငံကို ကပ်ဘေးအန္တရာယ်တွင်းသို့ ဆွဲချလိုက်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြတ်သားသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ရပါမည်။ အနာဂတ် မည်သည့် အသွင်ကူးပြောင်းမှုကိုမဆို စစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံးက သဘောတူပြီး အရပ်သားများက ဦးဆောင်မည်ဆိုသည့် စည်းကမ်းချက်ကို ချမှတ်ရပါမည်။ အနာဂတ် မည်သည့်ရွေးကောက်ပွဲမဆိုကို စစ်ကောင်စီက မချမှတ်ဘဲ အရပ်သားများဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်ဦးဆောင်မည်ဆိုသည့် စည်းကမ်းချက်ကို ချမှတ်ရပါမည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖမ်းဆီး သို့မဟုတ် ထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုရမည်ဖြစ်ပြီး ထိုစည်းကမ်းချက်ကို ရက်စွဲတခုသတ်မှတ်ပြီး ထိုရက်အတွင်း လိုက်နာခြင်းမရှိက မြန်မာနိုင်ငံကို ASEAN အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့မည်ဆိုသည့် ခြိမ်းခြောက်မှုဖြင့် ဖိအားပေးရပါမည်။ နောက်ထပ်မည်သည့် ဖမ်းဆီးမှုသစ်မျှ မဖြစ်စေရန် တင်းကျပ်စွာ တောင်းဆိုရပါမည်။

နိုင်ငံတော်အကြမ်းဖက်မှုနှင့် စစ်ဆင်ရေးအားလုံး ချက်ခြင်းရပ်ရန် တောင်းဆိုရပါမည်။ ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၎င်းတို့ကိုယ်၎င်းတို့ ချုပ်တည်းအောင် လုပ်ဆောင်ရန်မှာ ခက်ခဲလှသော ကိစ္စမဟုတ်ပေ။ မည်သို့ဆိုစေကာမူ ထိုတပ်ဖွဲ့များ၏ လှုပ်ရှားမှုများသည် ၎င်းတို့ကိုယ် ၎င်းတို့ခုခံကာကွယ်ရန်သာဖြစ်ပြီး ထိုသို့ ခုခံကာကွယ်ကြခြင်းမှာလည်း စစ်တပ်နှင့် ရဲ၏ ဖမ်းဆီးမှုများ၊ သိမ်းကြုံးသတ်ဖြတ်မှုများ၊ ဝင်ရောက်စီးနင်းမှုများနှင့် ဒဏ်ခတ်သည့် စစ်ဆင်ရေးများကြောင့်သာဖြစ်သည်။ စစ်ကောင်စီ၏ နိုင်ငံတော်အကြမ်းဖက်မှု ရပ်လိုက်သည်နှင့် အခြားပါဝင်ပတ်သက်သူများ စိတ်ချမ်းသာကြမည်ဖြစ်ပြီး ၎င်းတို့၏လှုပ်ရှားမှုများကို ၎င်းတို့ ချုပ်တည်းကြမည်ဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
11
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
500
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
193

EAO ထိန်းချုပ်ဒေသများရှိ ဒုက္ခသည်များနှင့် စစ်ဘေးရှောင်များကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ချက်ခြင်း လူသားချင်းစာနာမှု အကူအညီများ ပေးပို့ပါ။ EAOs နှင့် NUG တို့သည် ၎င်းတို့ကို ဖိတ်ကြားပြီး ASEAN ၊ ကုလသမဂ္ဂတို့နှင့် နားလည်မှု စာချွန်လွှာတခု သဘောတူ လက်မှတ်ရေးထိုးရသည်ကို လိုလားကြမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ လူသားချင်းစာနာမှု လုပ်ငန်းဆိုင်ရာပြဋ္ဌာန်းချက်များကို စစ်ကောင်စီ သဘောတူရန်အတွက် စောင့်နေစရာ မလိုပါ။

စစ်ကောင်စီသည် မြန်မာန်ိုင်ငံနှင့် မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်မဟုတ်ဘဲ န်ိုင်ငံအတွင်းသို့ အကူအညီများ ဝင်ရောက်မည့် စည်းကမ်းချက်များကို ဆုံးဖြတ်ရာတွင် မည်သည်နည်းဖြင့်မျှ ပါဝင်ခွင့်မပေးသင့်ပါ။ အကူအညီများသည် ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်လာပြီး စစ်တပ်က ထိန်းချုပ်မထားသည့် ဒေသများသို့ ရောက်သွားကြောင်း စစ်ကောင်စီက ရှင်းရှင်းလင်းလင်း သိသွားသောအခါ စစ်ကောင်စီကိုယ်စားလှယ်များသည် ၄င်တို့ ထိန်းချုပ်ထားသော ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများပေးခွင့်ကို အလျှင်အမြန် ဖွင့်ပေးလိမ့်မည်။ ၎င်းတို့နောက်ကျကျန်နေသည်ကို စစ်ကောင်စီက လိုလားမည်မဟုတ်ပေ။

ခိုင်မာယုံကြည်မှုရှိသော လုပ်ရပ်များသည် စစ်ကောင်စီအကြီးအကဲထံမှ စိတ်ကောင်းစေတနာကောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အသနားခံနေရခြင်းထက် ပိုမိုထိရောက်ပါသည်။ သူ့တွင် မည်သည့်လူသားချင်းစာနာမှု စိုးရိမ်ပူပန်မှုမျှ ရှိမနေပါ။

ယခုဆွေးနွေးသည့် ရွေးစရာနည်းလမ်းသည် ပြည်သူများ လွန်စွာလိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီ လမ်းကြောင်းများကို အလွန် လျှင်မြန်စွာ ပွင့်သွားစေမည်ဖြစ်ပြီး တချိန်တည်းတွင် လက်ရှိမြင့်မားနေသည် ပဋိပက္ခကို လျှော့ချနိုင်ခြေနှင့် မိမိတို့ကို ပိုမိုနီးစပ်သွားစေသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် လွန်စွာဖိနှိပ်ရှည်ကြာသည့် နောက်ထပ်စစ်အာဏာရှင်စနစ်တခု ခိုင်မာလာခြင်းကို ရှောင်ရှားနိုင်ရေးအတွက်လည်း မိမိတို့ကို အထောက်အကူပြုမည်ဖြစ်သည်။

(Igor Blazevic သည် Prague Civil Society Centre မှ အဆင့်မြင့်အကြံပေးဖြစ်သည်။ သူသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း Educational Initiatives အစီအစဉ်အရ မြန်မာန်ိုင်ငံတွင် သင်တန်းနည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ ‘Humanitarian’ Focus Does Harm and Prolongs Myanmar’s Crisis ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဘော့စနီးယားအတွေ့အကြုံမှ မြန်မာကို ကြည့်ခြင်း

အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း

စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်

Your Thoughts …
Tags: Aseanအာဏာသိမ်း
အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
Makeup Artist မေဦး  / May Oo's Facebook

စစ်တပ်နဲ့ ပြည်သူ ဝေးကွာသွားတဲ့အကြောင်း ပြောပြထားတဲ့ မေဦး

ချင်းပြည်နယ်၊ ဟားခါးမြို့ တနေရာ

ဟားခါးနှင့် ထန်တလန်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ နီးပါး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved