အနောက်ကမ္ဘာသည် ယူကရိန်း အကျပ်အတည်းကို အာရုံစိုက်နေစဉ် မြန်မာမှ တည်ငြိမ်မှုကင်းမဲ့ကာ ပြင်းထန်သောအခြေအနေသည် တရုတ်နဂါးအတွက် အကောင်းဆုံးစားကျက် ဖြစ်နေသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ ထွန်းသစ်စ ဒီမိုကရေစီအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လုယူလိုက်ချိန်မှ စတင်ပြီး ဘေဂျင်းသည် သယံဇာတကြွယ်ဝသော မြန်မာတွင် ကျွမ်းကျင်ပြောင်မြောက်စွာ လှုပ်ရှားသည်။
အပေါ်ယံအားဖြင့်ကြည့်ပါက ဘေဂျင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည် လျှောက်လှမ်းရေးကို ထောက်ခံသည့်ပုံ ဖော်နေသော်လည်း မြန်မာနိုင်ငံ အထီးကျန်ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် တရုတ်ချုပ်ကိုင်မှုကို ခံမည့် အခြေအနေအား မက်မောနေသည်။

ဘေဂျင်းသည် မြန်မာစစ်အုပ်စုကို လက်နက်တပ်ဆင်ပေးပြီး တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း လျှို့ဝှက်ကာ လက်နက်တပ်ဆင်ပေးသောကြောင့် နှစ်ဘက်လုံးသည် ဘေဂျင်းကို ဆက်လက်မှီခိုနေရပြီး ၎င်း၏ သြဇာအောက်သို့ အခိုင်အမာ ရောက်နေသည်။
တချိန်တည်းတွင် တရုတ်သည် ၎င်းကို လိုလားသော အဖွဲ့ဝင်များမှတဆင့် ၎င်းတို့ က ချင်သော ဇာတ်ကို တင်ဆက်ရန် နေပြည်တော်မှ အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်ပြီး သဘောထားကွဲနေသော အာဆီယံကို အလျင်အမြန် အသုံးချသည်။
ထို့ကြောင့် တရုတ်သည် ဒေသတွင်း သံတမန်ရေးကွဲလွဲမှုမှ အရေးပါသည့် ပြဿနာများကို အာဆီယံမှ တရုတ်အလိုတော်ရိများအတွက် ထားခဲ့ပြီး ၎င်းကိုယ်၎င်းတို့ ဒေသတွင်း တည်ငြိမ်ရေးကိုသာ စိတ်ဝင်စားသည့် တာဝန်သိသော မဟာအင်အားကြီးနိုင်ငံအဖြစ် ပုံဖော်သည်။
သို့သော် မီးရောင်အောက်မှ ပျောက်နေသည့်အချက်မှာ ဘေဂျင်းသည် သေနင်္ဂဗျူဟာအရ အရေးပါသည့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ၎င်း၏သြဇာအာဏာကို ခိုင်မာအောင် လုပ်နေခြင်းဖြစ်သည်။ ယခု ယူကရိန်းစစ်ပွဲ ဖြစ်လာသောအခါ အခွင့်ကောင်းချောင်းနေသော တရုတ်အတွက် ပိုမိုအခွင့်သာလာသည်။
ပြီးခဲ့သည့်အပတ် အစောပိုင်းတွင် မြန်မာစစ်ကောင်စီသည် CH-3 မောင်းသူမဲ့လေယာဉ်များ အပါအဝင် တရုတ်မှ လက်နက်ခဲယမ်း ပေးပို့မှုတခုကို လက်ခံရရှိသည်။ တချိန်တည်းတွင် မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ထိပ်တန်း ခေါင်းဆောင် ၅၀ သည် ကူမင်းတွင် ၆ လကြာ တရုတ်ဘာသာစကားသင်တန်း တက်ရောက်နေကြသည်။
၎င်းတို့ကို မန်ဒရင်း ဘာသာစကားသာမက တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်သော သဘောတရားရေးဆိုင်ရာ စည်းမျဉ်းများ၏ ရှုပ်ထွေးနက်နဲမှုများကိုလည်း သင်ကြားပေးမည်ဖြစ်သည်။
တရုတ်၏ ထိုကဲ့သို့သော အစီအစဉ်များသည် ရေရှည်သြဇာလွှမ်းမိုး ထိန်းချုပ်ထားရေးကို ရည်ရွယ်သည်။ ဥပမာအားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပုံစံမျိုး လုပ်လာပါက USDP ကဲ့သို့သော နိုင်ငံရေးအုပ်စုကို ပြုစုပျိုးထောင်ထားခြင်းသည် မြန်မာတွင် ဘေဂျင်း၏ ညွှန်ကြားချက်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် ဖြစ်သည်။
စီးပွားရေးမျက်နှာစာတွင်လည်း နေပြည်တော်သည် ကြီးမားလှသော တရုတ်စီးပွားရေးကို ပို၍ပို၍ မှီခိုလာရသည်။ တရုတ်သည် ယူနန်ပြည်နယ်နှင့် ရန်ကုန်၊ မန္တလေးအပါအဝင် ဘင်္ဂလား ပင်လယ်အော်ရှိ သေနင်္ဂဗျူဟာကျသော ဆိပ်ကမ်းများကို ဆက်သွယ်ပေးမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွင်းသို့ ရင်းမြစ်များကို ပုံအောထားသည်။

ထိုစီမံကိန်းသည် ချောင်ကျသည့် အနောက်တောင်ပိုင်းဒေသတွင် တရုတ်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရုံသာမက အိန္ဒိယပတ်ဝန်းကျင်မှ အရေးပါသော ရေကြောင်းအခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုမှတဆင့် အိန္ဒိယကို ဝိုင်းပတ်ထားရေး ရည်မှန်းချက်ကိုလည်း အောင်မြင်စေမည်ဖြစ်သည်။
ထိုရည်မှန်းချက်အတွက် တရုတ်၏ အခြားစီမံကိန်းများမှာ ရန်ကုန်-စစ်တွေလမ်းအတွက် ငွေကြေး ထောက်ပံ့ခြင်းနှင့် စစ်တွေတွင် စစ်ကောင်စီအတွက် ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေး ဖြစ်သည်။
ရန်ကုန်-စစ်တွေလမ်းသည် တရုတ်နိုင်ငံတောင်ပိုင်းမှ အိန္ဒိယသမုဒ္ဒရာသို့ အတိုဆုံး ကုန်းလမ်းဖြစ်ပြီး စစ်တွေသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှ အကြီးမားဆုံး မြို့ကြီးဖြစ်သော ကိုလ္လကတ္တားကို ဆက်သွယ်သည့် လမ်းကြောင်းတွင် ကြောက်မက်ဖွယ် တည်ရှိနေသည်။ ထို့ကြောင့် ထိုနေရာတွင် တပ်စွဲထားသည့် ရေတပ်သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပင်လယ်ပြင်ကို ခြိမ်းခြောက်နိုင်သည်။
ဘေဂျင်းက မြန်မာတွင် ပါဝင်ပတ်သက်နေခြင်းသည် မဟာအာဏာနိုင်ငံရေးတွင် တကြိမ်တခါတည်းသော ဖြစ်ရပ်မဟုတ်ပေ။ လစ်ဟာသွားသော စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေး နယ်ပယ်ကိုမဆို သိမ်းပိုက်ရေး အနောက်နိုင်ငံများနှင့် လမ်းခွဲလာသော မည်သည့်နိုင်ငံမဆိုမှ မတည်ငြိမ်မှုကို အမြတ်ထုတ်အသုံးချရန် ရည်ရွယ်သည့် မူဝါဒဆိုင်ရာ ရွေးချယ်မှုများအနက် တခုသာဖြစ်သည်။
စစ်အာဏာသိမ်းမှုများနှင့် နိုင်ငံရေး-စစ်ရေး အကျပ်အတည်းများကို အနောက်တိုင်းက ဒေါသနှင့် အရေးယူပိတ်ဆို့မှုများဖြင့် တုံ့ပြန်ချိန်တွင် ဘေဂျင်းကလည်း အလားတူ လိုက်ပါလုပ်ဆောင်နေသယောင် ဟန်ဆောင်သော်လည်း တချိန်တည်းတွင် ၎င်းတို့သြဇာ ထူထောင်ရေးနှင့် စီးပွားရေး သယံဇာတများကို ချောင်ပိတ်ဖမ်းရေး လုပ်ဆောင်ရန် တုံ့ဆိုင်းခြင်းမရှိပေ။

အာဖဂန်တွင် ကြောက်လန့်တုန်လှုပ်နေသည့် ခိုလှုံခွင့်တောင်းခံမည့်သူများသည် ထွက်ခွာသွားသော အမေရိကန် C-130 ဟာကျူလီ လေယာဉ်များမှ ပြုတ်ကျသေဆုံးနေစဉ် တရုတ်စက်ယန္တရားများသည် အာဖဂန်မှ မထုတ်ယူရသေးသော များပြားလှသော သယံဇာတများ၊ အထူးသဖြင့် မကြာမီ ဖြစ်ပေါ်လာတော့မည့် လျှပ်စစ်ကားတော်လှန်ရေးတွင် အဓိကအရေးပါသည့် လစ်သီယံကို မျက်စောင်းထိုးကာ သတ္တုတူးဖော်ရေး ကဏ္ဍအတွင်း ခိုးကြောင်ခိုးဝှက် ကျူးကျော်ဝင်ရောက်သွားသည်။
ရုရှားစီးပွားရေးသည် အရေးယူပိတ်ဆို့မှုများကြောင့် စုတ်ပြတ်သပ်လာနေချိန်တွင် တရုတ်သည် ၎င်းတို့၏ ယူနီယံပေး (UnionPay) ငွေပေးချေမှု ယန္တရားကို MasterCard နှင့် Visa တို့ ထွက်ခွာသွားသောနေရာတွင် တိုးချဲ့ရန် ကြိုးစားသည်။
၎င်း၏သြဇာကို ထူထောင်ရန် ရုပ်သေးများကို ကြိုးဆွဲမည့် ဘေဂျင်းလုပ်ရပ်သည် ယခုအခါမှ သုံးသည့် နည်းလမ်းမဟုတ်ပေ။ အိန္ဒိယသမုဒ္ဒရာတွင် ပင်လယ်ဓားပြ သောင်းကျန်းသည့် ကာလအတွင်း၊ ဆူဒန်မှ ဖရိုဖရဲ အခြေအနေများအတွင်း တကမ္ဘာလုံးက ပင်လယ်လမ်းကြောင်းများနှင့် ကုန်သွယ်ရေကြောင်း လုပ်ငန်းများကို ကာကွယ်ရန် ကြိုးစားနေချိန် တရုတ်သည် အကြောင်းကောင်းကောင်းပြပြီး ထိုရေပိုင်နက်များတွင် ပူးတွဲကင်းလှည့်ခြင်း၊ ကင်းလှည့်ရန် ရေတပ်သင်္ဘောများ ဖြန့်ကျက်ခြင်းကို ပြုလုပ်ခဲ့သည်။
တရုတ်၏ ထိုသေနင်္ဂဗျူဟာနှင့် လုပ်နည်းလုပ်ဟန်များသည် ထုံးစံအားဖြင့် နိုင်ငံရေး/ စစ်ရေး/ စီးပွားရေး အကျပ်အတည်းများနှင့် စတင်ပြီး ထိုသို့သော နိုင်ငံများသည် စီးပွားရေးအရ ကျေးဇူးကြွေးတင်ကာ မျှော်လင့်ချက်ကင်းမဲ့လောက်အောင် တရုတ်ကြွေးမြီများ တင်ရှိသွားပြီး နိုင်ငံတကာမျက်နှာစာတွင် ထိုနိုင်ငံများ၏ သီးခြားကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်တို့ ဆုံးရှုံးသွားစေခြင်းသာ။
သို့သော် ဘေဂျင်းသည် ဂျီဘူတီတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးကို အသုံးချပြီး အာဖရိက ဦးချိုဒေသအနီးတွင် ပြီးပြည့်စုံသည့် ရေတပ်စခန်းတခုကို တည်ထောင်လိုက်သည်။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ထိုနေရာမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့သာမက မြေထဲပင်လယ်၊ ပင်လယ်နက်နှင့် ပါရှန်ပင်လယ်ကွေ့ အထိပါ သြဇာပြနိုင်သည်။
မြန်မာသည် နောက်ဆုံးဥပမာဖြစ်သော်လည်း သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ပါကစ္စတန်၊ ဂျီဘူတီနှင့် အာဖဂန် ဥပမာများသည်လည်း တရုတ် သေနင်္ဂဗျူဟာနှင့် လုပ်နည်းလုပ်ဟန်များ၏ အတွင်းသရုပ်ကို ပြသနိုင်သည်။
တရုတ်၏ ထိုသေနင်္ဂဗျူဟာနှင့် လုပ်နည်းလုပ်ဟန်များသည် ထုံးစံအားဖြင့် နိုင်ငံရေး/ စစ်ရေး/ စီးပွားရေး အကျပ်အတည်းများနှင့် စတင်ပြီး ထိုသို့သော နိုင်ငံများသည် စီးပွားရေးအရ ကျေးဇူးကြွေးတင်ကာ မျှော်လင့်ချက်ကင်းမဲ့လောက်အောင် တရုတ်ကြွေးမြီများ တင်ရှိသွားပြီး နိုင်ငံတကာမျက်နှာစာတွင် ထိုနိုင်ငံများ၏ သီးခြားကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်တို့ ဆုံးရှုံးသွားစေခြင်းသာ။
(ရန်နိုင်သည် မြန်မာ့ရေးရာလေ့လာသူတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ The Dragon Fishes in Myanmar’s Troubled Waters ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား
စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်
တိုက်ပွဲအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ကြားခံစခန်းတခု ပျက်စီး
မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ
စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ