• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရှမ်းမြောက်စစ်ပွဲ အပစ်ရပ်သတဲ့လား

by မိုးစက်ငြိမ်းချမ်း
13 December 2023
in သူ့အတွေး သူ့အမြင်
A A
ရှမ်းမြောက်စစ်ပွဲ အပစ်ရပ်သတဲ့လား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက မင်းအောင်လှိုင်အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုးကိုင်ထားပုံ သရုပ်ဖော်ပုံကို ကိုင်ဆောင်ထားစဉ် / AFP

10.2k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေး အရှိန်ဟုန်ပြင်းနေသည့်ကာလတွင် ကိုးကန့်အဖွဲ့ အပစ်ရပ်သည်ဆိုသည့်သတင်းများ ထွက်ပေါ်လာ၏။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မြန်မာစစ်တပ် ကိုယ်စားလှယ်များ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ မှ ဒီဇင်ဘာလကုန်အထိ ရက် ၂၀ အပစ်ရပ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။

လက်တွေ့တွင်လည်း အချို့စစ်မျက်နှာများတွင် ကိုးကန့်တပ်များ အပစ်ရပ်ထားသည်ကို တွေ့ရ၏။ သို့သော် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ တိုက်ပွဲများကိုမူ ဆက်လက်တွေ့နေရ၏။ သုံးဖွဲ့ ပေါင်းတိုက်သည့် တိုက်ပွဲတပွဲလည်း တွေ့ရ၏။ လောက်ကိုင် အချို့နေရာများတွင် တိုက်ပွဲဖြစ်နေသည်ကို တွေ့ရ၏။ နှစ်ဖက်ဆွေးနွေးနေသည့် သတင်းအား စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၁ ရက်ညက သတင်းထုတ်ပြန်သော်လည်း အပစ်ရပ်သည့် သဘောတူညီချက် မပါပါ။

တရုတ်နယ်စပ်မှရသည့် သတင်းများအရ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ် ကိုယ်စားလှယ်များ ကူမင်းတွင် တရုတ်၏ တိုက်တွန်းချက်ကြောင့် ဆွေးနွေးခဲ့ကြသည် မှန်သော်လည်း မည်သည့် သဘောတူညီချက်မှ မရသည့်အပြင် မိနစ်အနည်းငယ်မျှသာ တွေ့ဆုံခဲ့သည်ဟု သိရ၏။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ဆွေးနွေးပွဲကို အတည်ပြု သတင်းထုတ်ပြန်သည်ကို မတွေ့ရ‌ပေ။ တရုတ်နယ်စပ်မှရသည့် သတင်းများအရ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ် ကိုယ်စားလှယ်များ ကူမင်းတွင် တရုတ်၏ တိုက်တွန်းချက်ကြောင့် ဆွေးနွေးခဲ့ကြသည် မှန်သော်လည်း မည်သည့် သဘောတူညီချက်မှ မရသည့်အပြင် မိနစ်အနည်းငယ်မျှသာ တွေ့ဆုံခဲ့သည်ဟု သိရ၏။

စစ်ကောင်စီတပ်နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့

တပြည်လုံးအနှံ့ လက်နက်ကိုင် တော်လှန်မှုများ ကြုံတွေ့နေရသည့် စစ်တပ်သည် အာဏာသိမ်းပြီးနောက် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကို အထူးသတိထား၏။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ပွဲအတွင်း ပါဝင်မလာအောင် ကြိုးစားသည်ကို တွေ့ရ၏။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် AA နှင့် အပစ်ရပ်ခဲ့သကဲ့သို့ ၂၀၂၁ တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ဖောင်းဆိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ထိုးစစ်ကို ရပ်ဆိုင်းခဲ့၏။ TNLA နှင့် ပတ်သက်လျှင်လည်း ၂၀၂၂ နှစ်ကုန် ကုန်းသာ တိုက်ပွဲမှအပ ထိုးစစ်များကို ရပ်တန့်ထားခဲ့၏။

ယခင်က မောက်မာထောင်လွှားစွာ ဆက်ဆံခဲ့သည့် မြောက်ပိုင်းသုံးဖွဲ့အား ယခုအခါ လေပျော့လေးနှင့်ဆက်ဆံပြီး အချိုသပ်ရန် စစ်ကောင်စီက ကြိုးစားလာသည်။ မြောက်ပိုင်းသုံးဖွဲ့နှင့်တွေ့ရန် တရုတ်၏ အကူအညီယူခဲ့၏။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်တကြိမ်၊ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင်တကြိမ် မိုင်းလားတွင် စစ်တပ်ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းသုံးဖွဲ့ကိုယ်စားလှယ်များ တွေ့ဆုံခဲ့၏။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ ဒီဇင်ဘာ ၆ ရက်နေ့က ဘေဂျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံစဉ်

ဒုတိယအကြိမ်တွင် မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့အား ပို၍ အလေးထားသည်။ အကြောင်းမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် လူထောင်ချီပါဝင်သည့် MNDAA တပ်မဟာ ၆၁၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲ ပြုလုပ်ခဲ့သည်။ တဖက်ကလည်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ တနင်္သာရီတို့တွင် တိုက်ပွဲများ ကျယ်ပြန့်လာနေ၏။

စစ်တပ်အတွက် အဓိကပြဿနာမှာ တပ်အင်အား မလုံလောက်တော့ခြင်းဖြစ်၏။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ မည်မျှအားသာသည်ဖြစ်စေ ကြည်းတပ်မရှိဘဲ မြေပြင်အား မထိန်းချုပ်နိုင်ပေ။

စစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် သဘောတူညီတချို့ ရယူနိုင်ရန် အထူးကြိုးပမ်းလာသည်ကို တွေ့ရ၏။ ဆွေးနွေးပွဲကို သုံးရက်ခန့် ဆွေးနွေးရန် ပြင်ဆင်လာခဲ့သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့အား အခွင့်အရေးအချို့၊ မက်လုံးအချို့ပေး၍ အချိုသပ်ရန် ကြံစည်လာပုံရ၏။

သို့ဖြစ်ရာ စစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် သဘောတူညီတချို့ ရယူနိုင်ရန် အထူးကြိုးပမ်းလာသည်ကို တွေ့ရ၏။ ဆွေးနွေးပွဲကို သုံးရက်ခန့် ဆွေးနွေးရန် ပြင်ဆင်လာခဲ့သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့အား အခွင့်အရေးအချို့၊ မက်လုံးအချို့ပေး၍ အချိုသပ်ရန် ကြံစည်လာပုံရ၏။

အပစ်ရပ်ရေး သဘောတူညီချက်ရရန် NCA လက်မှတ်ရေးထိုးရေးကိုပင် စကားမဟတော့ပေ။ သို့သော် မြောက်ပိုင်းသုံးဖွဲ့က စစ်တပ်ဖက်ကပြောသည်ကိုသာ နားထောင်ပြီး ပြန်လှန်ဆွေးနွေးခြင်း မပြုသဖြင့် ဘာရလဒ်မှ မထွက်ခဲ့ပေ။ ဒုတိယရက် မနက်တွေ့ပြီး ဆွေးနွေးပွဲပြီးသွားခဲ့၏။

စစ်လာ တထောင်၊ စစ်ခံ “မသာ”

ဤသို့ဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်လာပြီး စစ်တပ်အတွက် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်မျက်နှာသစ် နှစ်ခုဖွင့်ခဲ့ရ၏။ AA, TNLA, MNDAA အင်အား သုံးသောင်းခန့်နှင့် ရင်ဆိုင်ခဲ့ရ၏။ စစ်ကောင်စီတပ်သည် မျှော်လင့်ထားသည်ထက် ပို၍ အထိနာခဲ့သည်။ စခန်းပေါင်း ၂၀၀ ကျော်နှင့် မြို့များစွန့်လွှတ်ခဲ့ရသည်။

သံချပ်ကာကား၊ တင့်ကား၊ ၁၅၅ မမ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အများ ဆုံးရှုံးခဲ့၏။ ပြန်လှန်ထိုးစစ် စတင်ရန် ကြိုးစားမှုများ ပျက်စီးသွား၏။ ဗျူဟာကုန်းကဲ့သို့ စခန်းကြီးများ ကျဆုံးသွား၏။ မြောက်ပိုင်းသုံးဖွဲ့၏ ကျားကုတ်ကျားခဲ တိုက်ခိုက်မှုအောက်တွင် စစ်တပ်စခန်းများသည် တရက်နှင့်မကျလျှင် နှစ်ရက်တွင် ကျသည်။ ၁၀ ရက်နှင့် မကျလျင် ရက် ၂၀ တွင်ကျ၏။ ရက် ၂၀ နှင့်မကျလျင် ရက် ၄၀ တွင်ကျ၏။

စစ်တပ်က သူ၏စစ်တပ်အား “စစ်လာ တထောင်၊ စစ်ခံ တရာ” သဘောတရားဖြင့် ခံစစ်ဆင်ခိုင်းသည်။ ဆိုလိုသည်မှာ ထိုးစစ်ဆင်လာသည့် အင်အား တထောင်ခန့်အား အင်အား တရာဖြင့် ကောင်းစွာ ဟန့်တား ခံစစ်ဆင်နိုင်သည်ဟူ၍ ဖြစ်၏။ မြေပြင်စစ်ကူ မပေးနိုင်သော စစ်တပ်ခေါင်းဆောင်များက အောက်ခြေကို လမ်းညွှန်သည့် စစ်ကောင်စီတပ် စစ်ရေးသဘောတရား ဖြစ်သည်။

လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူသာ ပေးနိုင်သည့် ဗျူဟာကုန်းစခန်းကြီးများသည်ပင် ရေရှည်တွင် မခံနိုင်။ နေစဉ်ရက်ဆက်တိုက်ပွဲများတွင် စစ်ခံတရာ၏ အင်အားများသည် တဖြေးဖြေး ယုတ်လျော့လာပြီး “စစ်ခံတရာ” လည်း ” စစ်ခံမသာ ” ဖြစ်ပြီးသကာလ စခန်းများ တခုပြီးတခု လက်လွှတ်ရတော့သည်။

သို့သော် လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူသာ ပေးနိုင်သည့် ဗျူဟာကုန်းစခန်းကြီးများသည်ပင် ရေရှည်တွင် မခံနိုင်။ နေစဉ်ရက်ဆက်တိုက်ပွဲများတွင် စစ်ခံတရာ၏ အင်အားများသည် တဖြေးဖြေး ယုတ်လျော့လာပြီး “စစ်ခံတရာ” လည်း ” စစ်ခံမသာ ” ဖြစ်ပြီးသကာလ စခန်းများ တခုပြီးတခု လက်လွှတ်ရတော့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေသည်ကို အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ် / AFP

ထို့ပြင် အင်အား ဆယ်ဂဏန်းသာရှိသည့် စခန်းငယ်များသည် အလွယ်တကူ တိုက်ခိုက်ခံရပြီး ကျဆုံးသဖြင့် အင်အားရာဂဏန်းရှိ စခန်းများအဖြစ် ပူးပေါင်းရသဖြင့် စခန်းငယ်အများအပြား လက်လွှတ်ရပြီး နယ်မြေထိန်းချုပ် စိုးမိုးနိုင်မှုများ လက်လွှတ်ရ၏။

အကျိုးသက်ရောက်မှု ကွင်းဆက်

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီး ရှမ်းမြောက်သို့ စစ်ကူ တပ်ရင်း ၃၀ ခန့် ထုတ်နုတ်ပို့ရသဖြင့် အခြားဒေသများတွင် လစ်ဟာလာသည်။ ရခိုင်ဆိုလျှင် စစ်ကူအဖြစ် လက်ရုံးတပ်များအား စုပေါင်းစပ်ပေါင်းလုပ်၍ အနည်းငယ်သာ ပို့နိုင်သည်။ ရခိုင်သို့ စစ်ကူ လောက်လောက်လားလား မပို့နိုင်။

ထို့ကြောင့် ရခိုင်တွင် စစ်တွေအတိုက်ခံရမည်စိုးသဖြင့် အငူမော်ဘက်မှ တပ်များကို ပြန်ရုပ်ပြီး စစ်တွေမြို့လုံခြုံရေးယူသည်ကို တွေ့ရပြီး ချိန်ခါလီ၊ ဒုံပိုက်၊ အငူမော်နယ်မြေကို AA က စိုးမိုးသွားနိုင်သည်။

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်များတွင်လည်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဖြစ်ပေါ်လာရာ ၁၀၂၇ စစ်ဆင်ရေး၏ သက်ရောက်မှု ပါဝင်သည်ဟု ဆိုရမည်။ စခန်းရာနှင့်ချီ အသိမ်းခံရပြီး မြို့များပါအသိမ်းခံရသည့်အပြင် တပ်ရင်းလိုက် လက်နက်ချမှုများ တောက်လျှောက်တွေ့လာရရာ စစ်တပ်တွင်း စိတ်ဓာတ်ကျဆင်းမှုသည် ဆိုးဆိုးဝါးဝါး ဖြစ်လာသည်။

သို့ဖြစ်ရာ စစ်တပ်ပြိုကွဲနိုင်သည့်အခြေ ဆိုက်လာသည့်အပြင် အာဏာလက်လွှတ်ရသည့် အခြေအနေသို့ ရောက်လာပြီဖြစ်သော စစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် အပစ်ရပ်ရေးကို ဗန်းပြပြီး နိုင်ငံရေးကစားရန် နည်းမျိုးစုံ ကြိုးပမ်းလာ၏။ ဤအတွက် အချို့ကို ထိုးကျွေးရန် ပြင်ဆင်လာသည်ကို တွေ့ရ၏။

တရုတ်ကို ခြေသလုံးဖက် ‌တောင်းပန်ခြင်း

ရှမ်းပြည်မြောက်ပိုင်း စစ်မျက်နှာတွင် အလဲလဲအကွဲကွဲဖြစ်နေသော မြန်မာစစ်တပ်သည် အခြေအနေကို ထိန်းနိုင်ရန် မြောက်ပိုင်းသုံးဖွဲ့အား အပစ်ရပ်ရေး ဖိအားပေးပါရန်၊ ဩဇာသုံးပေးရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးအထိ တောင်းပန်သည်ဟု တရုတ်သတင်းဌာနအချို့က ဖော်ပြကြသည်။

ရိုးရိုးတောင်းပန်ခြင်း မဟုတ်ဘဲ ခြေသလုံးဖက်၍ တောင်းပန်ခြင်းဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသို့ မီးရထားလမ်းဖောက်ခွင့် ပေးပါမည်ဟူ၍ တိုင်းပြည်ကို ရောင်းစားပြီး တောင်းပန်ကြောင်း တွေ့ရ၏။

မြောက်ပိုင်းသုံးဖွဲ့ကို ဘာပေးမလဲ

တရုတ်ကိုသာမက မြောက်ပိုင်းသုံးဖွဲ့ကိုပါ စစ်တပ်က အခွင့်အလမ်း မပေးဘဲ အပစ်ရပ်ရန် မဖြစ်နိုင်ပေ။ အများခန့်မှန်းပြောဆိုနေကြသည်မှာ လောက်ကိုင်၊ တာရွှေထန်ဒေသမှ စစ်တပ်ရုပ်သိမ်းပေးပြီး MNDAA နှင့် အပစ်ရပ်တော့မည်ဟု ဆိုနေသည်။

လက်ရှိ MNDAA က ထိန်းချုပ်ထားသည့် ကွမ်းလုံ၊ နန့်ဆလပ်၊ သိန္နီ၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကြူကုတ် ပန်ဆိုင်း၊ ကျင်စန်းကျော့တို့နှင့် ပတ်သက်၍ မြန်မာစစ်တပ်က လက်လွှတ်ဆုံးရှုံးခံရန် ခက်ခဲသကဲ့သို့ MNDAA ကလည်း အသက်သွေးပေးပြီး တိုက်ယူထားသော ကိုးကန့်ဒေသအတွက် ဗျူဟာမြောက်သောဒေသများကို လက်လွှတ်ရန် မလွယ်ပေ။

ထိုသို့ဆိုပါကလည်း လက်ရှိ MNDAA က ထိန်းချုပ်ထားသည့် ကွမ်းလုံ၊ နန့်ဆလပ်၊ သိန္နီ၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကြူကုတ် ပန်ဆိုင်း၊ ကျင်စန်းကျော့တို့နှင့် ပတ်သက်၍ မြန်မာစစ်တပ်က လက်လွှတ်ဆုံးရှုံးခံရန် ခက်ခဲသကဲ့သို့ MNDAA ကလည်း အသက်သွေးပေးပြီး တိုက်ယူထားသော ကိုးကန့်ဒေသအတွက် ဗျူဟာမြောက်သောဒေသများကို လက်လွှတ်ရန် မလွယ်ပေ။

ဒုတိယအချက်မှာ MNDAA နှင့် ညီနောင်များဖြစ်သည့် AA ၏ ရက္ခိတ အိပ်မက်၊ TNLA ၏ တအာင်းပြည်နယ်စသည့် ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်မှု မရှိဘဲ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ရန် ခက်ခဲသည်။

တတိယအချက်မှာ မြောက်ပိုင်းသုံးဖွဲ့နှင့်အတူ တွဲတိုက်ပွဲဝင်နေသည့် PDF, ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) စသည့် တပ်ဖွဲ့များနှင့် ပတ်သက်၍လည်း ချန်လှပ်စဉ်းစား၍ မရပေ။

တဆက်တည်း ပြောရလျှင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းသုံးဖွဲ့သည် မြန်မာပြည်လူထု၏ ‌နိုင်ငံရေးအရ ထောက်ခံမှုရထားသည်ကို ကောင်းစွာသိရှိကြပြီး အနာဂတ်နိုင်ငံရေး ရည်မှန်းချက်များအတွက်လည်းကောင်း၊ ပထမဆုံးအကြိမ်ရထားသည့် ပြည်မ လူထု၏ နိုင်ငံရေးအရ ထောက်ခံမှုကိုလည်းကောင်း မြောက်ပိုင်းသုံးဖွဲ့သည် စွန့်လွှတ်ကြလိမ့်မည်မဟုတ်။

ကိုးကန့် အပစ်ရပ်သည်ဆိုသော်လည်း

ကွမ်းလုံတွင် ကိုးကန့်နှင့် မဟာမိတ်တပ်များက စစ်ကောင်စီ သံချပ်ကာကားတစီးကို သိမ်းယူမောင်းနှင်နေစဉ်/Kokang

သို့နှင့် ရှမ်းမြောက်တွင် ကိုးကန့်တပ်များ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်မှစ၍ ဒီဇင်ဘာလကုန်အထိ အရက် ၂၀ အပစ်ရပ်သည်ဟု သတင်းထွက်ပေါ်လာသည်။ တချိန်တည်း ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ချက်တွင် “၁၀၂၇ စစ်ဆင်ရေး စတင်သည့် အချိန်ကတည်းက ထုတ်ပြန်ထားသော မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန်နှင့် မြန်မာပြည်သူလူထုတရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရက်မှ ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိပါသည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး ရက် ၅၀ နီးပါးသို့ ရောက်ရှိလာခဲ့ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့သည် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် ရန်သူ့စခန်းကြီး၊ ငယ်များနှင့် လက်နက်ချ အညံ့မခံဘဲ ခုခံထွက်ပြေးနေသော ရန်သူ့တပ်ဖွဲ့ဝင်များအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်လျက်ရှိသည်

၁၀၂၇ စစ်ဆင်ရေး ရက် ၅၀ နီးပါးသို့ ရောက်ရှိလာခဲ့ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့သည် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် ရန်သူ့စခန်းကြီး၊ ငယ်များနှင့် လက်နက်ချ အညံ့မခံဘဲ ခုခံထွက်ပြေးနေသော ရန်သူ့တပ်ဖွဲ့ဝင်များအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဖော်ပြသည်။

တဆက်တည်း ရခိုင်ပြည်နယ်တွင် နှုံးဘူးဗျူဟာကုန်းအား ထိုးစစ်ဆင်သည့် ၂၇ ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့၏။ ဗျူဟာမှူးအပါအဝင် အများအပြားကျဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့၏။ ပေါက်တောမြို့နှင့် အခြားနေရာများတွင်လည်း တိုက်ပွဲဖြစ်ပွားဆဲဖြစ်၏။

TNLA ကလည်း ၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လားရှိုးမြို့နယ်၊ အီနိုင်းရွာ ကင်းစခန်း၊ နမ့်ဆန်မြို့နယ်ရှိ ကောင်းမူးဆိုင် စစ်တပ်စခန်း၊ နမ့်ဆန်ရဲ စခန်း၊ ကွတ်ခိုင်မြို့သစ်ရှိ ပြည်သူ့စစ် စခန်းများအား တိုက်ခိုက်သိမ်း ပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်နိုင်ခဲ့၏။

ထို့ပြင် နမ့်ခမ်းစခန်းသစ်ကုန်း၊ မန်တုံရှိ ခလရ ၁၃၀ တပ်စခန်းတို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်တပ်စခန်းအား မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဖော်ပြသည်ကို တွေ့ရ၏။ လောက်ကိုင်အနီးတွင် MNDAA က တိုက်ခိုက်နေသည်ကိုလည်း ဖော်ပြသည်ကို တွေ့ရ၏။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
113
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661

ထို့ပြင် ကိုးကန့်အပစ်ရပ်သည်ဆိုခြင်းနှင့် ပတ်သက်၍ မြောက်ပိုင်းသုံးဖွဲ့က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးရာ စောင့်ကြည့်ရန်လိုအပ်သည်။

တရုတ်သဘောထား

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်၏ဖိအားကို ရင်ဆိုင်နေရ၍ စစ်တပ်နှင့် မဖြစ်မနေ စကားပြောနေရသည်။ သို့ဖြစ်ရာ တရုတ်က ဤသို့ အဘယ်ကြောင့် ဖိအားပေးနေပါသနည်း၊ တရုတ်ကမူ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက်ဟု အကြောင်းပြသည်။

သို့သော် ဤအချက်သည် အဓိကအချက် ဖြစ်ပုံမရပေ။ အချို့က တရုတ်တို့၏ အကျိုးစီးပွားများ၊ စီးပွားရေး ခြေလှမ်းများအတွက်ဟု ဆိုကြသည်။ ဤသည်မှာလည်း လက်ငင်းလိုလားချက် ဟုတ်ပုံမရ‌။ အနာဂတ်ခြေလှမ်းများအတွက်ဖြစ်ပုံရသည်။ ယခုလို မြန်မာပြည်အခြေအနေတွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ စိတ်မချရသည်ကို တရုတ်တို့ ကောင်းစွာသိ၏။

တရုတ်အစိုးရက ၂၀၂၃ ခုနှစ်အတွင်း အလေးထားပြောဆိုနေသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်။ အဓိက တရုတ်သဘောထားမှာ မြန်မာစစ်တပ်ပြိုကွဲသွားပါက မြန်မာပြည်သည် ပြိုကွဲသွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားမည်။ အချင်းချင်းတိုက်ခိုက်ကြပြီး တိုင်းပြည်တည်ငြိမ်မှု ကင်းမဲ့မည်။

တည်ငြိမ်မှုမရှိလျှင် တရုတ်တို့အတွက် ရေရှည်အကျိုးမရှိ။ မြန်မာစစ်တပ်ရှိမှသာ အပြန်အလှန် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မည်ဆိုသည့် ကြည့်မြင်မှုအပေါ်မှ ဝင်ရောက် စေ့စပ်နေခြင်းဖြစ်၏။ ထို့ပြင် လက်တွေ့ အကျိုးစီးပွားအဖြစ် “ကျားဖြန်” ပြဿနာဖြေရှင်းရေးကို စဉ်းစား၏။

တည်ငြိမ်မှုမရှိလျှင် တရုတ်တို့အတွက် ရေရှည်အကျိုးမရှိ။ မြန်မာစစ်တပ်ရှိမှသာ အပြန်အလှန် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မည်ဆိုသည့် ကြည့်မြင်မှုအပေါ်မှ ဝင်ရောက် စေ့စပ်နေခြင်းဖြစ်၏။ ထို့ပြင် လက်တွေ့ အကျိုးစီးပွားအဖြစ် “ကျားဖြန်” ပြဿနာဖြေရှင်းရေးကို စဉ်းစား၏။

တရုတ် စဉ်းစားမှုသည် စစ်တပ် ဗဟိုပြု အထိုင်ဟောင်းပေါ်မှ မြန်မာပြည်ပြဿနာကို ချဉ်းကပ်နေခြင်း ဖြစ်သည်။ ဤသို့ ချဉ်းကပ်မှုကြောင့် မြန်မာပြည်ပြဿနာ ပြေလည်ရန် မလွယ်ကူပါ။ ကိုးကန့်ကို လောက်ကိုင် ပေးရုံနှင့် မပြီးပါ။ ရက္ခိတ အိပ်မက်နှင့် တအာင်းပြည်နယ်ကို ၂၀၀၈ အခြေခံဥပဒေ၊ အပစ်အခတ်ရပ်စဲရေး NCA တို့နှင့် မရနိုင်ပေ။

ထို့ပြင် မြန်မာပြည် တည်ငြိမ်ရေးအတွက်ဆိုလျှင် NUG /PDF များ၊ KNDF, CDF များ မပါဝင်ဘဲ EAO များဖြစ်သည့် ကချင် KIA, ကရင် KNU, ချင်း CNF, ကရင်နီ KNPP, ABSDF စသည့် တပ်ဖွဲ့များ မပါဝင်ဘဲမဖြစ်နိုင်ပေ။ EAO များကို ခွဲထုတ်ပြီး PDF ကို ဦးတည်ချေမှုန်းရန် ကြံရွယ်ချက်ကို အားလုံးက သဘောပေါက်နေရာ မြန်မာစစ်တပ် အကြံကို EAO များက လက်ခံလိမ့်မည်မဟုတ်။

တရုတ်တို့အနေနှင့် မြန်မာအရေးတွင် စစ်တပ်အထိုင်ဟောင်းမှ စဉ်းစားနေသရွေ့ မြန်မာအရေးကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်။ နယ်စပ်ရှိ အဖွဲ့အချို့အား ဖိအားပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်ဖြစ်သော်လည်း မြန်မာပြည်တပြည်လုံး အရေးအား ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

သွေးခွဲရန် နိုင်ငံရေးကစားခြင်း

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု

ထို့ကြောင့် နယ်စပ်ဒေသ သတင်းအရင်းအမြစ်များအရ သိရသည်မှာ –

၁။ မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်တပ်ကိုယ်စားလှယ်တို့ တရုတ်၏တောင်းဆိုမှုအရ ယူနန်ပြည်နယ်၊ ကူမင်းတွင် တွေ့ဆုံခဲ့ကြသော်လည်း မိနစ်အနည်းငယ်သာကြာပြီး မည်သည်သဘောတူညီချက်မှ မရပါ။

၂။ MNDAA ၏ အချို့နေရာများတွင် အပစ်ရပ်ထားခြင်းသည် နေရာအချို့တွင် စစ်ရှိန်လျှော့ရန် ဖြစ်ပြီး လောက်ကိုင်တွင်မူ တရုတ်က ဝရမ်းထုတ်ထားသော ပယ်ဆောက်ချိန်တို့အား ဖမ်းဆီးနိုင်ရေးအတွက် တရုတ်တို့၏ တောင်းဆိုချက်အရ စစ်ရှိန်လျော့ခြင်းမျှသာ ဖြစ်၏။

၃။ စစ်တပ်နှင့် အပစ်ရပ်သဘောတူခြင်းမရှိသကဲ့သို့ လောက်ကိုင်မှ စစ်ကောင်စီတပ် ဆုတ်ပေးမည်ဆိုသည်မှာလည်း မဟုတ်ပေ။ ထို့အတူ မြောက်ပိုင်းညီနောင်များကြား သဘောထားကွဲသည် ဆိုသည်မှာလည်း မဟုတ်ပေ။

၄။ မြောက်ပိုင်းသုံးဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် တွေ့ဆုံသည်မှာ ယခုအကြိမ်သည် ပထမအကြိမ် မဟုတ်ပါ။ ယခုအကြိမ်နှင့်ပါဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်ပြီး သုံးကြိမ်လုံး မည်သည့်သဘောတူညီချက်မှ မရှိသေးပါ။

ပြဿနာမှာ မြန်မာစစ်တပ်ကလည်း သူ၏ အကျပ်အတည်းမှထွက်ရန်၊ မြောက်ပိုင်းညီနောင်များနှင့် ပတ်သက်ပြီး မြန်မာလူထုကြား ထောက်ခံမှုကျဆင်းရန်၊ သွေးခွဲရန် နိုင်ငံရေးကစားသည်။

တရုတ်ကလည်း မြန်မာစစ်တပ် အထိုင်မှ မြန်မာပြည်ပြဿနာကို ကြည့်မြင်ပြီး “ကျားဖြန်ပြဿနာ” ဖြေရှင်းရန် ကြိုးစားသည်။ “ငြိမ်းချမ်းရေးကို စားပွဲဝိုင်းပေါ်မှသာ ရနိုင်သည်” ဆိုသည့် ငြိမ်းချမ်းရေး ပွဲစားများကလည်း အစက ငါမပြောလားဟူ၍ ဝင်နှောင့်သည်။ နိုင်ငံရေးနှင့် သတင်းသုံးသပ်သူများကလည်း အချက်အလက်အခိုင်အမာ မရရှိသေးဘဲ သတင်းဦးသကဲ့သို့ သုံးသပ်ချက် ဦးအောင် ကြိုးစားသည်။

တရုတ်ကလည်း မြန်မာစစ်တပ် အထိုင်မှ မြန်မာပြည်ပြဿနာကို ကြည့်မြင်ပြီး “ကျားဖြန်ပြဿနာ” ဖြေရှင်းရန် ကြိုးစားသည်။ “ငြိမ်းချမ်းရေးကို စားပွဲဝိုင်းပေါ်မှသာ ရနိုင်သည်” ဆိုသည့် ငြိမ်းချမ်းရေး ပွဲစားများကလည်း အစက ငါမပြောလားဟူ၍ ဝင်နှောင့်သည်။ နိုင်ငံရေးနှင့် သတင်းသုံးသပ်သူများကလည်း အချက်အလက်အခိုင်အမာ မရရှိသေးဘဲ သတင်းဦးသကဲ့သို့ သုံးသပ်ချက် ဦးအောင် ကြိုးစားသည်။

သို့နှင့် ကိုးကန့်နှင့် လောက်ကိုင်သည် အမှားများစွာနှင့် သတင်းကြီးဖြစ်သွား၏။ သတိပြုရန် လိုသည်မှာ မြောက်ပိုင်းသုံးဖွဲ့သည် မြန်မာစစ်တပ်၊ တရုတ်တို့နှင့် ကောင်းစွာ အတွေ့အကြုံရှိကြ၏။ မြန်မာစစ်တပ်ကို အယုံအကြည်ရှိကြသူများ မဟုတ်သကဲ့သို့ ရည်မှန်းချက် ကြီးမားသူများဖြစ်၏။ မြောက်ပိုင်းသုံးဖွဲ့သည် ၎င်းတို့ ပထမဆုံးအကြိမ် ရရှိထားသည့် ပြည်မလူထု၏ နိုင်ငံရေးအရ ထောက်ခံမှုကို လက်လွှတ်ခံမည့်သူများ မဟုတ်သကဲ့သို့ ဤအချိန်သည် စစ်အစိုးကို ထိုးနှက်ရမည့် အချိန်အခါကောင်းမှန်း သိကြသည်။

လက်နက်ကိုင် စစ်ပွဲသည် အချိန်တိုတွင် မပြီးပါ။ စစ်ရှိန်မြှင့်သည့်အချိန် ရှိသကဲ့သို့ စစ်ရှိန်လျှော့ချရသည့် အချိန်လည်း ရှိသည်။ မိမိတပ်ဖွဲ့ အနားပေးရန် လိုအပ်သည့်အချိန်လည်း ရှိသည်။ အင်အားစုဆောင်းရသည့် အချိန်လည်းရှိ၏။ တခါတရံ စစ်တိုက်ရင်း စားပွဲဝိုင်းထိုင်ရသည်လည်းရှိ၏။ တလှိုင်းနှင့်တလှိုင်းကြားတွင် အနိမ့်သို့ပြန်ဆင်းလေ့ရှိသည်။ သို့သော် တလှိုင်းပြီး တလှိုင်း ရှေ့ဆက်ရန်သာ ရှိပါသည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAAPDFTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေးလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူအပစ်အခတ်ရပ်စဲရေးအမျိုးသားပြန်လည်သင့်မြတ်ရေး
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ

စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved