• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကမ္ဘာ့အချမ်းသာဆုံး လူများက ကမ္ဘာ့အဆင်းရဲဆုံး ကလေးများကို မစာနာကြ

by Nicholas Kristof
10 February 2025
in သူ့အတွေး သူ့အမြင်
A A
ကမ္ဘာ့အချမ်းသာဆုံး လူများက ကမ္ဘာ့အဆင်းရဲဆုံး ကလေးများကို မစာနာကြ

ဘီလျံနာများက ကလေးများအတွက် ထောက်ပံ့မှုများ ဖြတ်တောက်သည်မှာ ရက်စက်ရာရောက်သည် / Olivier Jobard / MYOP

2.7k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အချမ်းသာဆုံးလူသည် ကမ္ဘာ့အဆင်းရဲဆုံး ကလေးများ၏ အသက်များကို ကယ်ဆယ်နေသည့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ကို ဖျက်ဆီးခြင်းအတွက် ဂုဏ်ယူပြီး ထိုအေဂျင်စီကို “သစ်တိုသစ်စ ကြိတ်စက်အတွင်း ပစ်ထည့်လိုက်သည်” ဟု ပြောသည်။

စာရေးသူ၏ တွက်ချက်မှုအရ အီလွန်မတ်စ်၏ ပိုင်ဆိုင်မှုသည် ကမ္ဘာမှ အဆင်းရဲဆုံးလူ ၁ ဘီလီယံ၏ စုစုပေါင်း ပိုင်ဆိုင်မှုထက် ပိုမိုများပြားနိုင်သည်။ ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီးနောက် မတ်စ်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုသည် USAID ၏ နှစ်စဉ်အသုံးစရိတ် တခုလုံးထက် များစွာ ပိုမိုကြီးထွားလာသည်။ USAID ၏ နှစ်စဉ် အသုံးစရိတ်သည် ဖက်ဒရယ်အသုံးစရိတ်၏ ၁ ရာခိုင်နှုန်းအောက်သာရှိသည်။

မတ်စ်နှင့် သမ္မတ ထရမ့်ကဲ့သို့ ကျေနပ်အားရဖြစ်နေသည့် ဘီလျံနာများက ကလေးများအတွက် ဆေးဝါးထောက်ပံ့မှုများ ဖြတ်တောက်သည်မှာ ရက်စက်ကြမ်းကြုတ်သည်။ သမ္မတ ဂျွန် အက်ဖ် ကနေဒီက ထိုအေဂျင်စီကို တည်ထောင်ရန် အဆိုပြုစဉ် ထောက်ပြသည့်အတိုင်းဆိုပါက ထိုကိစ္စသည် အမြော်အမြင်နည်းခြင်း ဖြစ်သည်။

အကူအညီ ဖြတ်တောက်ခြင်းက “အန္တရာယ်များပြီး ရေရှည်မှာ ပိုမိုအကုန်အကျ များစေတယ်။ ကျနော်တို့ လုံခြုံရေးကို အန္တရာယ်ကျရောက်စေပြီး ကျနော်တို့ ကြွယ်ဝချမ်းသာမှုကို ဒုက္ခရောက်စေမယ်” ဟု မစ္စတာ ကနေဒီ ပြောခဲ့သည်။

ထို့ကြောင့်ပင် ရုရှားက ထရမ့်၏ လုပ်ရပ်ကို ချီးကျူးခြင်း ဖြစ်နိုင်သည်။

ကနေဒီနှင့် ဆန့်ကျင်ဘက် ထရမ့်အစိုးရသည် ရက်စက်ကြမ်းကြုတ်မှု၊ လျစ်လျူရှုမှုနှင့် အမြင်ကျဉ်းမြောင်းခြင်းတို့ကို စုပေါင်းလုပ်ဆောင်နေပြီး ထိုသို့ ပေါင်းစပ်ခြင်းသည် အမေရိကန် လူသားချင်းစာနာမှု အကူအညီအပေါ် တိုက်ခိုက်မှုတွင် အထူးသဖြင့် ထင်ရှားပုံရသည်။

ကနေဒီနှင့် ဆန့်ကျင်ဘက် ထရမ့်အစိုးရသည် ရက်စက်ကြမ်းကြုတ်မှု၊ လျစ်လျူရှုမှုနှင့် အမြင်ကျဉ်းမြောင်းခြင်းတို့ကို စုပေါင်းလုပ်ဆောင်နေပြီး ထိုသို့ ပေါင်းစပ်ခြင်းသည် အမေရိကန် လူသားချင်းစာနာမှု အကူအညီအပေါ် တိုက်ခိုက်မှုတွင် အထူးသဖြင့် ထင်ရှားပုံရသည်။

အမေရိကန် ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးကြောင့် လူတဦးသေဆုံးပြီးဖြစ်ကာ ကပ်ရောဂါဖြစ်မည်ကို စိုးရိမ်မှု ကြီးထွားနေသည်။ သို့သော် ထရမ့်က ပြည်ပအကူအညီ ဆိုင်းငံ့ခြင်းသည် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ကြက်ငှက်တုပ်ကွေး လေ့လာစောင့်ကြည့်ရေးကို ရပ်ဆိုင်းသွားစေသည်ဟု အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသောအဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးကောင်စီက ပြောသည်။

USAID ထောက်ပံ့သော အာဖရိကရှိ ကလေးသူငယ်များကာကွယ်ဆေးထိုးရေးစင်တာတခု

၂၀၁၄ ခုနှစ်က အနောက်အာဖရိကတွင် အီဘိုလာ ဖြစ်ပွားသောအခါ အမေရိကန် တုန်လှုပ်မှုကို သတိရပါသလား။ (ထိုစဉ်က ထရမ့်သည် အထူးသဖြင့် စိတ်ကစဉ့်ကလျား ဖြစ်နေသည်။) နောက်ဆုံးတွင် အီဘိုလာ ကပ်ရောဂါကို ရှောင်လွှဲနိုင်ခဲ့ပြီး တစိတ်တပိုင်းအားဖြင့် ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီယာလီယွန်တို့တွင် USAID ၏ လုပ်ငန်းများကြောင့် ထိုသို့ ရှောင်လွှဲနိုင်ခြင်း ဖြစ်သည်။

ထိုသို့ဖြစ်နေစဉ် နောက်တကြိမ် အီဘိုလာဖြစ်ပွားမှု ယူဂန်ဒါတွင် ဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်မှု ၂၃၄ ခု ဖော်ထုတ်ထားပြီး ဖြစ်သည်။ ပုံမှန်အားဖြင့် USAID သည် ထိုသို့ဖြစ်ပွားခြင်းကို ကူညီနှိမ်နင်းမည်ဖြစ်သော်လည်း ထရမ့်နှင့် မတ်စ်တို့က ထိုလုပ်ငန်းကို ရပ်ဆိုင်းထားသည်။

မာဘတ်ဗိုင်းရပ်စ်ဟုခေါ်သည့် အခြား သွေးလွန်တုပ်ကွေး တန်ဇန်းနီးယားတွင် လွန်ခဲ့သောလက ဖြစ်ပွားသည်။ အကူအညီပေးရေး လုပ်သားများသည် ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အလျင်အမြန် လုပ်ဆောင်သော်လည်း ထရမ့်က အမေရိကန် ပြည်ထောင်စုကို တာဝန်မဲ့ ပျက်ကွက်အောင်လုပ်ကာ ကမ္ဘာကို ထပ်၍ အထိနာစေသည်။

ဖွင့်ဟပြောဆိုရလျှင် ၂၀၁၂ ခုနှစ်တွင် USAID သည် စာရေးသူ၏ဇနီးနှင့် စာရေးသူရေးသော “Half the Sky” စာအုပ်ကို အခြေခံကာ အိန္ဒိယနှင့် အာဖရိကအတွက် ဂိမ်း အချို့ ပြုလုပ်သည်။ ထိုကိစ္စအတွက် USAID က စာရေးသူတို့ကို အခကြေးငွေ မပေးသော်လည်း ထိုဂိမ်းများသည် သန်ချခြင်း၊ မိန်းကလေးများ ပညာရေးနှင့် ဘေးကင်းသော ကိုယ်ဝန်ဆောင်မှုကို အားပေးမြှင့်တင်ရာတွင် အလုပ်ဖြစ်သည်။

တကမ္ဘာလုံးတွင် USAID လုပ်ကိုင်ဆောင်ရွက်မှုကို စာရေးသူ တွေ့ဖူးပြီး အကောင်းအဆိုး ဒွန်တွဲနေသည့် အခင်းအကျင်းတခု ဖြစ်သည်။ USAID သည် မဆုံးနိုင်လောက်အောင် ဗျူရိုကရေစီဆန်ပြီး ၎င်းက ပေးသည့် အကူအညီ၏ အလွန်များပြားသော အစိတ်အပိုင်းသည် လိုအပ်နေသည့် ပြည်ပမှ ပြည်သူများထံ မရောက်ဘဲ လက်ဝါးချင်းရိုက် ညှိယူသည့် Beltway ဓားပြများဟုခေါ်သော အမေရိကန် ကန်ထရိုက်တာများထံသို့ ရောက်ကုန်သည်။

တကမ္ဘာလုံးတွင် USAID လုပ်ကိုင်ဆောင်ရွက်မှုကို စာရေးသူ တွေ့ဖူးပြီး အကောင်းအဆိုး ဒွန်တွဲနေသည့် အခင်းအကျင်းတခု ဖြစ်သည်။ USAID သည် မဆုံးနိုင်လောက်အောင် ဗျူရိုကရေစီဆန်ပြီး ၎င်းက ပေးသည့် အကူအညီ၏ အလွန်များပြားသော အစိတ်အပိုင်းသည် လိုအပ်နေသည့် ပြည်ပမှ ပြည်သူများထံ မရောက်ဘဲ လက်ဝါးချင်းရိုက် ညှိယူသည့် Beltway ဓားပြများဟုခေါ်သော အမေရိကန် ကန်ထရိုက်တာများထံသို့ ရောက်ကုန်သည်။

သို့သော် USAID သည် လုပ်အားဖြုန်းတီးသော နေရာတခုဖြစ်သည်ဆိုသည့် အိမ်ဖြူတော်၏ စွပ်စွဲချက်သည် အခြေအမြစ် မရှိပေ။ အမေရိကန်အစိုးရသည် ဟားမတ်စ်များသို့ပေးသည် ကွန်ဒုံးအတွက် ဒေါ်လာ သန်း ၁၀၀ ကုန်သည်ဆိုသည့် ထရမ့်၏ ပြောကြားချက်ကဲ့သို့ပင် ဖြစ်သည်။ (ယခင်က ဒေါ်လာ သန်း ၅၀ ပေးရသည်ဟု ပြောပြီး ယခုအခါ ၂ ဆ တိုးလိုက်သည်။)

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

အမျိုးသားကွန်ဒုံး တခုအတွက် အမေရိကန် ပြည်ထောင်စုသည် ၃.၃ ဆင့် သုံးရသောကြောင့် ထိုပမာဏ အတိုင်းဆိုပါက ကွန်ဒုံး ၃ ဘီလီယံ ရှိလိမ့်မည်ဖြစ်သည်။ ဟားမတ်စ်များ ထိုမျှများပြားသော ကွန်ဒုံးများကို တနှစ်အတွင်း ကုန်အောင်သုံးရမည်ဆိုပါက နေ့စဉ် ၃၂၅ ကြိမ် လိင်ဆက်ဆံရမည် ဖြစ်သည်။

ထိုသို့ အမှန်တကယ်ဖြစ်ပါက ဟားမတ်စ်ကို တိုက်ခိုက်ရေးတပ်အဖြစ်မှ အစ္စရေးဗုံးကြဲသည်ထက် ပိုမိုထိရောက်စွာ ရှင်းလင်းနိုင်မည် ဖြစ်သည်။

မည်သို့ဆိုစေ မကြာသေးမီ နှစ်များအတွင်း ဂါဇာတွင် ကွန်ဒုံးအတွက် အမေရိကန်အကူအညီ အမှန်တကယ် ပမာဏမှာ ဒေါ်လာ သန်း ၁၀၀ မဟုတ်ဘဲ သုညဒေါ်လာသာ ဖြစ်သည်။

ထရမ့်၏မူဝါဒများသည် သူ၏စကားများကဲ့သို့ပင် ဆင်ခြင်မှု ကင်းမဲ့သည်။ USAID ကို ပြန်လည် ဖွဲ့စည်းတည်ဆောက်မှု အချို့ကို စာရေးသူ ကြိုဆိုမည်ဖြစ်သည်။ သို့သော် ယခုဖြစ်နေသည့်ကိစ္စမှာ ပြန်လည် ဖွဲ့စည်းတည်ဆောက်ခြင်း မဟုတ်ဘဲ ဖျက်သိမ်းခြင်းဖြစ်ပြီး မိမိတို့ အမေရိကန်၏ တန်ဖိုးများနှင့် အကျိုးစီးပွားများကို အလားတူ ထိုးနှက်ခြင်း ဖြစ်သည်။

မတ်စ်က USAID သည် “ရာဇဝတ်အဖွဲ့အစည်းတခု” ဖြစ်သည်ဟု ဝေဖန်သည်။ လက်တွေ့တွင် USAID ဝန်ထမ်းများသည် ပြည်သူ့ဝန်ဆောင်မှု အကောင်းဆုံး အစဉ်အလာများဖြင့် အသက်ကို စတေးခဲ့ကြသည်။ USAID ၏ အောက်မေ့ဖွယ် တံတိုင်းတွင် ဆူဒန်၊ ဟေတီ၊ အာဖဂန်နစ္စတန်နှင့် အီသီယိုပီးယားကဲ့သို့သော နေရာများတွင် အေဂျင်စီအတွက် တာဝန်ထမ်းဆောင်နေရင်း သေဆုံးသူ ၉၉ ဦးကို ဂုဏ်ပြုထားသည်။

မတ်စ်က USAID သည် “ရာဇဝတ်အဖွဲ့အစည်းတခု” ဖြစ်သည်ဟု ဝေဖန်သည်။ လက်တွေ့တွင် USAID ဝန်ထမ်းများသည် ပြည်သူ့ဝန်ဆောင်မှု အကောင်းဆုံး အစဉ်အလာများဖြင့် အသက်ကို စတေးခဲ့ကြသည်။ USAID ၏ အောက်မေ့ဖွယ် တံတိုင်းတွင် ဆူဒန်၊ ဟေတီ၊ အာဖဂန်နစ္စတန်နှင့် အီသီယိုပီးယားကဲ့သို့သော နေရာများတွင် အေဂျင်စီအတွက် တာဝန်ထမ်းဆောင်နေရင်း သေဆုံးသူ ၉၉ ဦးကို ဂုဏ်ပြုထားသည်။

နှစ်အတန်ကြာအတွင်း USAID ၏ စစ်မှန်သော တိုးတက်မှုများကို စာရေးသူ တွေ့ခဲ့သည်။ လွန်ခဲ့သောနှစ်က ကြေညာခဲ့သည့် ခဲဆိပ်တက်ခြင်းကို ဖြေရှင်းရန် ၎င်း၏ အများပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန် ခေါင်းဆောင်မှု စံနမူနာပုံစံ ဖြစ်သည်။ ထို့ပြင် ခရီးစဉ်များမှ သိရသည်မှာ ထိုအချက်သည် စာရေးသူအတွက် USAID အပေါ် နားလည်မှုဖြစ်သည်။

ကလေးမွေးဖွားစဉ် ရရှိသည့် ဆိုးရွားသော ဒဏ်ရာ (ကလေးမွေးဖွားစဉ် မွေးလမ်းကြောင်းနှင့် ဆီးအိမ် သို့မဟုတ် ကျင်ကြီးစွန့်ရာလမ်းကြောင်းတို့အကြား မတော်တဆ ထိခိုက်ဆက်စပ်မိခြင်း – obstetric fistula) ခံစားရသည့် အမျိုးသမီးများနှင့် မိန်းကလေးများသည် ဒေါ်လာ ၆၀၀ ကုန်ကျသည့် ခွဲစိတ်မှုပြုလုပ်ရပြီး ဆက်လက် ရှင်သန်နိုင်သည်ကို စာရေးသူ တွေ့ဖူးသည်။ ထိုလုပ်ငန်းသည် USAID က ထောက်ပံ့နေသည့် လုပ်ငန်းဖြစ်သည်။

ဆင်ခြေထောက်ရောဂါ (elephantiasis) ကြောင့် ကပ်ပယ်အိတ် လွန်စွာကြီးမားပြီး သွားလာသောအခါ ဘီးတပ် ကုလားထိုင်ဖြင့် သွားလာရသည့် အမျိုးသားများကို စာရေးသူ တွေ့ဖူးသည်။ USAID သည် ထိုရောဂါကို တိုက်ဖျက်ခဲ့ပြီး ဖြစ်ပွားမှုနည်းအောင် လုပ်ခဲ့သည်။

USAID ထောက်ပံ့သော မွန်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်း

ငှက်ဖျားကြောင့် သေလုမျောပါးဖြစ်နေသည့် ကလေးများကို စာရေးသူ တွေ့ဖူးပြီး စာရေးသူ ကိုယ်တိုင်တွင်ပင် ငှက်ဖျားရောဂါ ရှိသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း USAID သည် ထိုရောဂါနှင့် ပတ်သက်ပြီး အဓိကကျသည့် ခြေလှမ်းများ လှမ်းနိုင်ခဲ့သည်။

အာဖရိက တောင်ပိုင်းအား AIDS က ဖျက်ဆီးခဲ့သည်ကို စာရေးသူ တွေ့ဖူးသည်။ ထို့နောက် သမ္မတ ဂျော့ ဒဗလျူ ဘုရှ်၏ PEPFAR ဟု ခေါ်သည့် AIDS တိုက်ဖျက်ရေး သမိုင်းဝင် အစီအစဉ်ဖြစ်ပြီး USAID က တစိတ်တပိုင်းအားဖြင့် အကောင်အထည်ဖော်သည့် ထိုအစီအစဉ်က အခြေအနေကို ပြောင်းလဲသွားစေသည်။

လီသိုဆိုနှင့် မာလာဝီတွင် လူသေဆုံးမှု လွန်စွာ ကျဆင်းလာသောကြောင့် အခေါင်းပြုလုပ်သူများ လုပ်ငန်းမကောင်းကြောင်း ညည်းညူသည်ကို စာရေးသူ တွေ့ဖူးသည်။ PEPFAR သည် လက်ရှိအချိန်အထိ အသက်ပေါင်း ၂၆ သန်းကို ကယ်ခဲ့သည်။ (ထရမ့်၏ အကူအညီ ဖြတ်တောက်မှုကြောင့် လာမည့်လများတွင် အသက်ပေါင်းမည်မျှ သေဆုံးရမည်ကို စာရေးသူ ရေတွက်နိုင်၊ မတွက်နိုင် စောင့်ကြည့်ရမည်။)

မျက်ခမ်းစပ်ရောဂါ၊ မျက်စိ ယားယံပြီး အမြင်ကွယ်ခြင်းနှင့် မျက်စိတိမ်တို့ကြောင့် လူလတ်ပိုင်းရောက်မှ အမြင်ဆုံးရှုံးပြီး ခံစားရသည့် လူမှုအသိုက်အဝန်းများကို စာရေးသူ တွေ့ဖူးသလို USAID က ထိုသို့ မျက်စိကွယ်ခြင်းကို ကူညီတားဆီးပေးသောကြောင့် ပြောင်းလဲလာသည်ကိုလည်း တွေ့ဖူးသည်။

USAID ကို လက်တွေ့မဆန်သည့် ရူးသွပ်သူများက စီမံအုပ်ချုပ်နေသည်ဟု ထရမ့်က လှောင်ပြောင်သည်။ ကလေးငယ်များ၏ အသက်ကို ကယ်ခြင်း၊ မိန်းကလေးများ စာတတ်မြောက်ရေးနှင့် အမြင်ကွယ်မှု တားဆီးရေးသည် လက်တွေ့မဆန်သည့် ရူးသွပ်မှု ဖြစ်ပါသလား။

USAID ကို လက်တွေ့မဆန်သည့် ရူးသွပ်သူများက စီမံအုပ်ချုပ်နေသည်ဟု ထရမ့်က လှောင်ပြောင်သည်။ ကလေးငယ်များ၏ အသက်ကို ကယ်ခြင်း၊ မိန်းကလေးများ စာတတ်မြောက်ရေးနှင့် အမြင်ကွယ်မှု တားဆီးရေးသည် လက်တွေ့မဆန်သည့် ရူးသွပ်မှု ဖြစ်ပါသလား။

ထိုသို့ဆိုလျှင် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်မှ ကလေးငယ်များအား လိင်ကုန်ကူးခြင်းကို တိုက်ဖျက်ရန် International Justice Mission မှ ဧဝံ‌ဂေလိ ခရစ်ယာန်များ USAID ၏ ထောက်ခံမှုဖြင့် ပြုလုပ်သည့် ထူးချွန်ပြောင်မြောက်သော လုပ်ငန်းကို မည်သို့ သဘောထားမည်နည်း။ ကလေးငယ်များကို အတင်းအဓမ္မပြုခြင်းမှ ကာကွယ်ခြင်းသည် လက်တွေ့မဆန်သည့် ရူးသွပ်မှု ဖြစ်သည်ဟု ထရမ့် ယူဆပါသလား။

ထရမ့်၏ လုပ်ရပ်များသည် မရေမရာ တရားဝင်မှုမျိုး ဖြစ်သည်။ USAID ကို ကွန်ဂရက်က တည်ထောင်ထားသောကြောင့် သာမက ရလဒ်များကို အငြင်းမပွားနိုင်သောကြောင့်လည်း ဖြစ်သည်။ မိမိတို့၏တန်ဖိုးများကို မြှင့်တင်ပေးပြီး အကျိုးစီးပွားကို ကာကွယ်ရန် ကနေဒီ တည်ထောင်ခဲ့သော ထိုအေဂျင်စီကို တိုက်ခိုက်မှုကြောင့် ကမ္ဘာတဝန်းမှ ကလေးများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာ မရ ဖြစ်နေသည်။

အိမ်ဖြူတော်မှ ဘီလျံနာကြီးများအတွက် ထိုကိစ္စသည် ကစားပွဲတခုနှင့် တူနေသည်။ သို့သော် နှလုံးသားရှိသူ မည်သူမဆိုအတွက် ထိုကိစ္စသည် ကလေးငယ်များ၏ အသက်များနှင့် မိမိတို့ကိုယ်တိုင်၏ လုံခြုံမှုဖြစ်သည်။ ယခု ဖြစ်ပွားနေသော ဖြစ်ရပ်များသည် တုန်လှုပ်ခြောက်ခြားစရာ ကောင်းသည်။

(New York Times ပါ Nicholas Kristof ၏ The World’s Richest Men Take On the World’s Poorest Children ကို ဘာသာပြန်သည်။)

You may also like these stories:

USAID ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထိန်းချုပ်

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

ထရမ့်၏ အမိန့်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း

Your Thoughts …
Tags: USAIDကျန်းမာရေးဒေါ်နယ်ထရမ့်လိင်ကုန်ကူးမှုလူသားချင်းစာနာမှု အကူအညီလူ့အခွင့်အရေးအမေရိကန်အီလွန်မတ်စ်
Nicholas Kristof

Nicholas Kristof

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

by Igor Blazevic
16 December 2023
17.3k

၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုများအပြီးတွင် သံတမန်စစ်ဆင်ရေး ၀၁၂၄ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ) က ဆက်လက် လိုက်ပါရမည်ဖြစ်သည်။

Next Post
အောက်မြန်မာပြည် စရခရုံးအတွက် ကွပ်ကဲရေးမှူးသစ်ခန့်အပ်

အောက်မြန်မာပြည် စရခရုံးအတွက် ကွပ်ကဲရေးမှူးသစ်ခန့်အပ်

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved