• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သမ္မတ ဇယ်လန်စကီးကို ယူကရိန်းတွေ ဘာလို့ ဒေါသထွက် ဆန္ဒပြကြသလဲ

by Nataliya Gumenyuk
28 July 2025
in သူ့အတွေး သူ့အမြင်
A A
သမ္မတ ဇယ်လန်စကီးကို ယူကရိန်းတွေ ဘာလို့ ဒေါသထွက် ဆန္ဒပြကြသလဲ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကိယက်ဗ်မြို့တွင် ဆန္ဒပြနေသူများ / AFP

4.9k
VIEWS
Share on FacebookShare on Twitter

စစ်အတွင်း ယူကရိန်း၏ ဒီမိုကရေစီအကြောင်း ပြည်ပမှ လုပ်ဖော်ကိုင်ဘက်များ မေးကြသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ အများအားဖြင့် ထိုမေးခွန်းများသည် စစ်ဖြစ်နေသောနိုင်ငံတွင် နိုင်ငံရေးလွတ်လပ်မှုသည် အလိုအလျောက် ပျောက်ကွယ်သွားသလားဟု ယူဆသော မေးခွန်းများဖြစ်သည်။ အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်းများ သို့မဟုတ် ဝေဖန်မှုများ လုပ်နိုင်၊ မလုပ်နိုင် စာရေးသူကို သူတို့ မေးကြသည်။

ယူကရိန်းသည် စစ်ဖြစ်နေသော ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီး ဒီမိုကရေစီသည် သေရေးရှင်ရေးဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံသည် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ စာရေးသူ ဖြေနေကျအဖြေမှာ “ဘယ်အချိန်မှာ ဆန့်ကျင်ဆန္ဒပြရမယ်ဆိုတာ ပြည်သူတွေ သိတယ်” ဆိုသည့် အဖြေဖြစ်သည်။

မည်သည့်အချိန်တွင် လုံခြုံရေးဌာနများသို့ အာဏာအလွန်အကျွံ စုပြုံရောက်သွားသည်၊ မည်သည့်အချိန်တွင် ပါလီမန်၏ အခန်းကဏ္ဍကို ဘေးဖယ်ထားသည်နှင့် မည်သည့်အချိန်တွင် ဝန်ကြီးချုပ်နှင့် ပါလီမန်အမတ်များ လွတ်လပ်အမှီအခိုကင်းစွာ မလုပ်ဆောင်နိုင်သည်ကို ပြည်သူများ သိကြသည်။ မည်သည့်အချိန်တွင် ကန့်သတ်ထားသည်များကို ချိုးဖောက်ကြောင်း ယူကရိန်းပြည်သူများ သိကြသည်။

မည်သည့်အချိန်တွင် လုံခြုံရေးဌာနများသို့ အာဏာအလွန်အကျွံ စုပြုံရောက်သွားသည်၊ မည်သည့်အချိန်တွင် ပါလီမန်၏ အခန်းကဏ္ဍကို ဘေးဖယ်ထားသည်နှင့် မည်သည့်အချိန်တွင် ဝန်ကြီးချုပ်နှင့် ပါလီမန်အမတ်များ လွတ်လပ်အမှီအခိုကင်းစွာ မလုပ်ဆောင်နိုင်သည်ကို ပြည်သူများ သိကြသည်။ မည်သည့်အချိန်တွင် ကန့်သတ်ထားသည်များကို ချိုးဖောက်ကြောင်း ယူကရိန်းပြည်သူများ သိကြသည်ဟု စာရေးသူ ပြောရမည်ဖြစ်သည်။

မကြာခင်က ထို ကန့်သတ်ထားသည်များကို ချိုးဖောက်သွားသည်ဟု အများအပြားက ဆုံးဖြတ်လိုက်ကြသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြည်သူထောင်ပေါင်းများစွာသည် အဂတိလိုက်စားမှုတိုက်ဖျက်သည့် အင်စတီကျူးရှင်း နှစ်ခု၏ လွတ်လပ်အမှီအခိုကင်းမှုကို ထိပါးသည်ဟု သူတို့ယုံကြည်သည့် ဥပဒေကို ကန့်ကွက်ဆန္ဒပြရန်နှင့် ထိုဥပဒေပယ်ချရေး သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို တောင်းဆိုရန် ကိယက်ဗ်မြို့တွင် စုဝေးကြသည်။

ထိုအင်စတီကျူးရှင်း နှစ်ခုမှာ ယူကရိန်း အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို (NABU) နှင့် အထူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေချုပ်ရုံး (SAPO) တို့ ဖြစ်သည်။

ထိုဆန္ဒပြပွဲတွင် အများစုသည် ငယ်ရွယ်ကြပြီး အများအပြားသည် ၂၀၁၄ ခုနှစ် ဂုဏ်သိက္ခာ တော်လှန်ရေး (Revolution of Dignity) အတွင်းက ကလေးငယ်များဖြစ်မည်။ ၎င်းတို့၏ ကြွေးကြော်သံများတွင် “အဲဒီဥပဒေကို ပယ်ချ၊ လွတ်လပ်အမှီအခိုကင်းသော အင်စတီကျူးရှင်းများကို ဖိအားပေးမှု အလိုမရှိ” စသည်တို့ ပါဝင်သည်။

စစ်အုပ်ချုပ်ရေးရှိသော်လည်း ရဲနှစ်ဦးတည်းကိုသာ အနီးနားတွင် ချထားသည်။ အခြေအနေသည် အားတက်စရာကောင်းသည်။ ထိုဆန္ဒပြပွဲသည် ရုရှားက ၂၀၂၂ ခုနှစ်တွင် အင်အားသုံး ကျူးကျော်ပြီးနောက် အကြီးမားဆုံး ဆန္ဒပြပွဲလည်းဖြစ်သည်။ အလားတူ ဆန္ဒပြပွဲများ ယူကရိန်းမှ အခြားမြို့ ၁၀ မြို့ခန့်တွင် ဖြစ်ပွားသည်။

သို့သော် ထိုနေ့ည နှောင်းပိုင်းတွင် သမ္မတ ဇယ်လန်စကီးက ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုသည်။

လွတ်လပ်မှုသည် ငါတို့ဘာသာရေးဟူသော ဆိုင်းပုဒ်ကြီးကို ကီယေ့ဗ်မြို့လည်ခေါင်တွင် တွေ့ရပုံ

လူအများအပြားကို တုန်လှုပ်သွားစေသည်မှာ ထိုဥပဒေ၏ အကြောင်းအရာသာမကဘဲ ထိုဥပဒေကို တွန်းအားပေးသည့် အမြန်နှုန်းနှင့် ပုံစံလည်းဖြစ်သည်။ ထိုဥပဒေကို မဆီမဆိုင် တရားဥပဒေစိုးမိုးမှု ပြုပြင်ပြောင်းလဲရေးများအတွင်း ထည့်သွင်းထားသည့် ပြင်ဆင်ချက်အဖြစ် တရက်အတွင်း အတည်ပြုပြီး ချက်ချင်းလိုလို လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

ရုရှားကျူးကျော်မှု စတင်ချိန်နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံသားများသည် အလွန်ထူးခြားသည့် ညီညွတ်မှုနှင့် နိုင်ငံသားတာဝန်ကျေမှုအဆင့်ကို ပြသခဲ့ကြသည်။ နိုင်ငံသားများသည် နိုင်ငံတော် အင်စတီကျူးရှင်းများအပေါ် အသစ်တဖန် ပြန်လည်ယုံကြည်မှုကိုလည်း ပြသကြသည်။ ယခင်က ကာလကြာမြင့်စွာ သံသယဖြင့် ကြည့်ခဲ့သူများသည်ပင် နိုင်ငံတော် အင်စတီကျူးရှင်းများကို ယုံကြည်မှု ပြသခဲ့သည်။

ပြည်သူများသည် အတိတ်က မပြည့်စုံမှုများကို ပြန်ကြည့်ရန်၊ ဝေဖန်မှုများကို ဆိုင်းငံ့ထားကြရန်နှင့် ဆက်လက် ရှင်သန်ရေးနှင့် အောင်ပွဲကို အာရုံစိုက်ရန် စိတ်အားထက်သန်ကြသည်။ ထို့ကြောင့်ပင် ပြည်ပမှ ဝေဖန်မှုများရှိသော်လည်း စစ်ကာလ ရွေးကောက်ပွဲများအတွက် ပြည်တွင်းတွင် တိုက်တွန်းမှု ကြီးကြီးမားမား မရှိပေ။

ငွေကုန်ကြေးကျများပြီး အန္တရာယ်ဖြစ်နိုင်ခြေရှိကာ စစ်အတွင်း အခြေခံဥပဒေအရ တားမြစ်ထားသည့် ရွေးကောက်ပွဲများသည် လက်ရှိအခြေအနေများတွင် မဖြစ်နိုင်ကြောင်း ယူကရိန်းနိုင်ငံသားများ သေချာစွာ နားလည်သဘောပေါက်ကြသည်။ သို့သော် ယခုကိစ္စသည် မတူကွဲပြားသည့်ကိစ္စဖြစ်သည်။

ငွေကုန်ကြေးကျများပြီး အန္တရာယ်ဖြစ်နိုင်ခြေရှိကာ စစ်အတွင်း အခြေခံဥပဒေအရ တားမြစ်ထားသည့် ရွေးကောက်ပွဲများသည် လက်ရှိအခြေအနေများတွင် မဖြစ်နိုင်ကြောင်း ယူကရိန်းနိုင်ငံသားများ သေချာစွာ နားလည်သဘောပေါက်ကြသည်။ သို့သော် ယခုကိစ္စသည် မတူကွဲပြားသည့်ကိစ္စဖြစ်သည်။

ထိုဥပဒေသည် အစိုးရအပေါ် အများပြည်သူ ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးသည့် စမ်းသပ်မှုတခု ဖြစ်လာသည်။ ထိုထက်ပင်မကဘဲ နိုင်ငံသားများနှင့် နိုင်ငံတော်အကြား ရေးသားမထားသည့် လူမှုပဋိညာဉ် ဆက်လက် ရှိ မရှိ စစ်ဆေးခြင်းလည်း ဖြစ်သည်။

ယူကရိန်း ပါလီမန်က အတည်ပြုသည့် ဥပဒေကြမ်း ၁၂၄၁၄ ဟု တရားဝင်ခေါ်သော ထိုဥပဒေတွင် ယူကရိန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်ကို အခြေခံကျကျ ပြောင်းလဲစေသည့် ကြီးမားသော အပြောင်းအလဲများ ပါဝင်သည်။ ယခုအခါ ရှေ့နေချုပ်သည် NABU နှင့် SAPO အပေါ် ကျယ်ပြန့်သော အာဏာများရရှိသွားပြီး စုံစမ်းစစ်ဆေးမှုများ၊ အမှုနှင့်ပတ်သက်သည့် အချက်အလက်များကို သိရှိခွင့်၊ အဖွဲ့ဖွဲ့စည်းခွင့်နှင့် အခြားတရားဥပဒေ စိုးမိုးရေးဌာနများက လွှဲပြောင်းပေးပို့သည့်အမှုများကို ပိတ်ခွင့်အပါအဝင် ထိန်းချုပ်မှုများကို ရှေ့နေချုပ်က ရရှိသွားသည်။

ယူကရိန်း ထောက်လှမ်းရေးဌာန (SBU) က NABU ရုံးများကို ဝင်ရောက်ရှာဖွေပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်က ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု နှစ်ခုအတွက် NABU ဝန်ထမ်း သုံးဦးကို စွဲချက်တင်ကာ တရက်မျှသာ ကြာသေးသည့်အချိန်တွင် ထိုဥပဒေကို မဲခွဲခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များ၏ အချိန်ကာလသည် မျက်ခုံးပင့်စရာဖြစ်စေသည်။

NABU ၏ အဆိုအရ ပြဋ္ဌာန်းချက်သစ်များသည် SAPO ၏ လွတ်လပ်အမှီအခိုကင်းမှုကို ထိထိရောက်ရောက် ဖျက်ဆီးလိုက်ပြီး NABU နှင့် SAPO တို့ကို ရှေ့နေချုပ်၏ ထိန်းချုပ်မှုအောက်တွင် ထားလိုက်သည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်းတည်ဆောက်ထားသည့် ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံအဆောက်အအုံသည် အနောက်တိုင်း ဘဏ္ဍာရေးနှင့် နိုင်ငံရေးထောက်ခံမှုအတွက် အဓိကကျသည့် ကြိုတင်စည်းကမ်းသတ်မှတ်ချက် ဖြစ်ကြောင်း NABU က ပါလီမန်အမတ်များကို သတိပေးသည်။

စစ်မြေပြင်ရောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီး/AFP

အင်စတီကျူးရှင်းများအနေဖြင့် NABU နှင့် SAPO တို့သည် အပြစ်အနာအဆာကင်းသည်တော့ မဟုတ်ပေ။ တရားဝင်နှင့် မှတ်တမ်းတင်မထားသည့် အစိုးရ၏ ကိုယ်စားလှယ်များက နိုင်ငံရေးပြဿနာကြောင့် စုံစမ်းစစ်ဆေးမှုများ၊ အခြား တရားဥပဒေစိုးမိုးရေးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ရုရှားအကျိုးစီးပွားကို လိုလားသည့် လူပုဂ္ဂိုလ်များ စိမ့်ဝင်သည်ဆိုသည့် စွပ်စွဲချက်များက စိုးရိမ်ဖွယ် ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများ၏ အရည်အသွေးကိုလည်း ဝေဖန်ကြသည်။ အချို့ စုံစမ်းစစ်ဆေးမှုများသည် နှစ်ပေါင်းများစွာကြာသော်လည်း ရလဒ်ထွက်မလာပေ။ ထင်ရှားသော စီးပွားရေးသမားများ သို့မဟုတ် အရာရှိဟောင်းများကို စုံစမ်းစစ်ဆေးမှုများ အပါအဝင် အခြားအမှုများသည် ရွေးချယ်အရေးယူမှု ဖြစ်သည်ဟု စွပ်စွဲခံရသည်။ NABU ၏ စုံစမ်းစစ်ဆေးမှုများသည် သမ္မတ ဇယ်လန်စကီးနှင့် နီးကပ်သည့် လူပုဂ္ဂိုလ်များကိုပင် ထိခိုက်စေသည်ဆိုသည့် ကောလာဟလများ အမြဲတမ်းရှိသည်။

အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ ထိုအင်စတီကျူးရှင်းများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏ ဆုံးဖြတ်ချက်နှင့်လည်း ပတ်သက်နေသည်။

ယူကရိန်းနိုင်ငံသားများက အလေးအနက် တန်ဖိုးထားသည့် ဥရောပပေါင်းစည်းရေးသည် ဥရောပသမဂ္ဂက စိတ်အားထက်သန်စွာ မလုပ်ဆောင်တော့ပုံရသည်။ ပြည်ပ မိတ်ဖက်များအနေဖြင့် ခပ်ကင်းကင်းနေရန် ပိုမိုလွယ်ကူပြီး “ယူကရိန်းက အဆင်သင့် မဖြစ်သေး” ဟု ကွယ်ရာတွင် ပြောလာသည်။

ပိုမိုနက်ရှိုင်းသော ပြဿနာမှာ ယူကရိန်း၏ တရားဥပဒေစိုးမိုးရေးဌာနများတွင် မည်သည့်ဌာနမှ စံချိန်မမီပေ။ စစ်ပွဲအတွင်းသာမကဘဲ စစ်ပွဲမတိုင်မီကလည်း စံချိန်မမီပေ။ သို့သော် အဂတိလိုက်စားမှုနှင့် ပြစ်ဒဏ်ကင်းလွတ်နေမှုကြောင့် နှစ်ပေါင်းများစွာ ပျက်စီးနေသည့် တရားဥပဒေစိုးမိုးမှုစနစ်တွင် NABU နှင့် SAPO တို့သည် အယုံကြည်ရဆုံး အစိတ်အပိုင်းများ ဆက်လက်ဖြစ်နေသည်။

ပိုမိုနက်ရှိုင်းသော ပြဿနာမှာ ယူကရိန်း၏ တရားဥပဒေစိုးမိုးရေးဌာနများတွင် မည်သည့်ဌာနမှ စံချိန်မမီပေ။ စစ်ပွဲအတွင်းသာမကဘဲ စစ်ပွဲမတိုင်မီကလည်း စံချိန်မမီပေ။ သို့သော် အဂတိလိုက်စားမှုနှင့် ပြစ်ဒဏ်ကင်းလွတ်နေမှုကြောင့် နှစ်ပေါင်းများစွာ ပျက်စီးနေသည့် တရားဥပဒေစိုးမိုးမှုစနစ်တွင် NABU နှင့် SAPO တို့သည် အယုံကြည်ရဆုံး အစိတ်အပိုင်းများ ဆက်လက်ဖြစ်နေသည်။

ထိုဌာနများသည် အဆင်မပြေသည့်အချိန်တွင် ဖျက်သိမ်းရန် ထူထောင်ထားသည့် ဌာနများမဟုတ်ပေ။ ဆန္ဒပြသူများသည် အပြစ်အနာအဆာကင်းသည့် အင်စတီကျူးရှင်းများဆိုသည့် စိတ်ကူးယဉ်မှုကို ခုခံကာကွယ်နေခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးကို ထိန်းချုပ်မှုဖြင့် အစားမထိုးရဆိုသည့်မူကို ခုခံကာကွယ်နေခြင်း ဖြစ်သည်။

ဆန္ဒပြပွဲများ ဆက်လက်ဖြစ်နေနိုင်သည်။ အစိုးရအနေဖြင့် တုံ့ပြန်ရမည်ဖြစ်သည်။ စစ်ဖြစ်နေသည်မှာ မှန်သည်။ သို့သော် ဒီမိုကရေစီနိုင်ငံတခုတွင် ရှေ့ဆက်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နည်းလမ်းရှိနေသည်။ ထိုဥပဒေကို ရုပ်သိမ်းရန်၊ ပြင်ဆင်ရန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်သည်။

ထိုကိစ္စကို ထောက်လှမ်းရေးဌာနနှင့် ညနှောင်းပိုင်းဆွေးနွေးပွဲတခုဖြင့် မဖြေရှင်းနိုင်သလို သမ္မတ ဇယ်လန်စကီးက တရားဥပဒေစိုးမိုးရေး အကြီးအကဲများနှင့် ဓာတ်ပုံရိုက်ပြီးလည်း မဖြေရှင်းနိုင်ပေ။ ထိုကိစ္စသည် စစ်မှန်သော အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။

ပြီးခဲ့အပတ် ကိယက်ဗ်မှ ဆန္ဒပြသူများသည် သတင်းစကားတခု ပေးပို့နေသည်။ စစ်အတွင်း အစိုးရ အာဏာအကန့်အသတ် မည်မျှ ရှိသင့်သည်နှင့်ပတ်သက်သည့် မေးခွန်းများရှိပါက ထိုမေးခွန်းများကို ဇူလိုင်လ ၂၂ ရက်နေ့က ဖြေဆိုပြီးဖြစ်သည်။

(The Guardian ပါ Nataliya Gumenyuk ၏ Why are Ukrainians angry with Zelenskyy? Because even during wartime, some red lines must not be crossed ကို ဘာသာပြန်သည်။ နာတာလီယာ ဂူမန်ယုခ်သည် ယူကရိန်းသတင်းသမားနှင့် Public Interest Journalism Lab ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။)

You may also like these stories:

စစ်ရေးအကူငွေများ အဂတိလိုက်စားမှု ပြဿနာ ယူကရိန်း ခေါင်းခဲစရာ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
361
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

အမေရိကန်-ယူကရိန်း ထိပ်တိုက်တွေ့မှုနှင့် မြန်မာ့အပေါ် ရိုက်ခတ်မှု ဆန်းစစ်ချက်

ယူကရိန်း ပင့်ကူအိမ် စစ်ဆင်ရေးကို နွေဦးတော်လှန်ရေးက အတုယူနိုင်သလား

ယူကရိန်းစစ်ပွဲတွင် တရုတ်နှင့် မြောက်ကိုရီးယား ဝင်ပါခြင်းက စိုးရိမ်ရ

Your Thoughts …
Tags: ကျုးကျော်စစ်တရားဥပဒေစိုးမိုးရေးဒီမိုကရေစီယူကရိန်းရုရှားရွေးကောက်ပွဲအဂတိလိုက်စားမှုဥရောပသမဂ္ဂ
Nataliya Gumenyuk

Nataliya Gumenyuk

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

Next Post
ချင်းတော်လှန်ရေးတပ်တွေ မညီညွတ်ရင် ဘာဖြစ်မလဲ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်တွေ မညီညွတ်ရင် ဘာဖြစ်မလဲ (ရုပ်/သံ)

တိုင်းနဲ့ ပြည်နယ် ၄ ခုမှာရေကြီးနစ်မြုပ် (ရုပ်/သံ)

တိုင်းနဲ့ ပြည်နယ် ၄ ခုမှာရေကြီးနစ်မြုပ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved