• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းတွေ မဲဆွယ်ကြပြီ

by စွယ်တော်
29 October 2025
in သူ့အတွေး သူ့အမြင်
A A
ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းတွေ မဲဆွယ်ကြပြီ

အောက်တိုဘာ ၂၈ ရက် နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီ မဲစဆွယ်စဉ်/USDP

1.2k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်တပ်အတွင်းက စီနီယာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် စစ်တပ်၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စားလှယ်လောင်းများအဖြစ် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။

ထိုကိုယ်စားလှယ်လောင်းများတွင် စစ်တပ်တွင်း၌ အရေးပါသည့် ရာထူးနေရာများ၌ နေရာရခဲ့ကြရသူများဖြစ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း (OTS -66)၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီး လင်းအောင် (DSA-27)၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (OTS-75)၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ် (OTS-73)၊ အမှတ် (၃) စစ်ဆင်ရေးအထူးဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော် (DSA-28)၊ အမှတ် (၆) စစ်ဆင်ရေးအထူးဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး သက်ပုံ (DSA-29) စသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီးကြပြီဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က စစ်ကော်မရှင် (စကမ) ဖွဲ့စည်းမှုနှင့်အတူ စစ်ဘက်အဆင့် ရာထူးများမှ အပြီးတိုင် ဖယ်ရှားခံခဲ့ရသော ယူနီဖောင်းချွတ်များဖြစ်သည့် စစ်ကော်မရှင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဦးတင်အောင်စန်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦးတို့သည်လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအဖြစ် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွက်ပေါ်လာသည့်သတင်းအချို့အရ ဦးမြထွန်းဦးက စစ်ကျောင်းကြီးများရှိရာ ပြင်ဦးလွင်မြို့နယ်၊ ဦးညိုစောက ရေတပ်လူအင်အားများဖြည့်ရုံနှင့် အနိုင်ရနိုင်သည့် ကိုကိုးကျွန်းမြို့နယ်၊ ဦးအောင်လင်းဒွေးက စစ်ရုံးနှင့် စစ်တပ်ဌာနချုပ်များရှိရာ နေပြည်တော်နှင့် ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်တို့ ပါဝင်သည့် မန္တလေးတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃၊ ဦးသက်ပုံက မြို့ပေါ်တွင်သာ ရွေးကောက်ပွဲလုပ်နိုင်ဖွယ်ရှိသည့် စစ်ကိုင်းမြို့နယ်၊ ဦးစိုးတင့်နိုင်က ပွဲလမ်းသဘင်များ ကျင်းပခွင့်ပေးထားပြီး ပုံမှန်အခြေအနေဖြစ်နေကြောင်း ဖန်တီးထားသည့် မကွေးမြို့နယ် စသည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေးပါတီဆိုသော်လည်း ဒီမိုကရေစီအရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် စစ်တပ်ကျောထောက်နောက်ခံဖြင့် စစ်ဗိုလ်ချုပ်ဟောင်းများ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရရေး၊ စစ်ဗိုလ်ချုပ်များ၏ မိသားစု အကျိုးစီးပွားကို ကာကွယ်ရေးအတွက် အမျိုးသားရေးခေါင်းစဉ်တပ်ကာ ဆောင်ရွက်နေသည့် ပါတီသာ ဖြစ်သည်။

ထိုသို့ စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေးပါတီဆိုသော်လည်း ဒီမိုကရေစီအရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် စစ်တပ်ကျောထောက်နောက်ခံဖြင့် စစ်ဗိုလ်ချုပ်ဟောင်းများ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရရေး၊ စစ်ဗိုလ်ချုပ်များ၏ မိသားစု အကျိုးစီးပွားကို ကာကွယ်ရေးအတွက် အမျိုးသားရေးခေါင်းစဉ်တပ်ကာ ဆောင်ရွက်နေသည့် ပါတီသာ ဖြစ်သည်။

ယခု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် ကြံ့ခိုင်ရေးပါတီ မဲနိုင်ပြီး ရွေးကောက်ခံအစိုးရအဖြစ် တက်လာသည့် အခင်းအကျင်းမျိုးကို ပုံဖော်နေကြောင်း တွေ့ရသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲ အလွန်တွင် တပ်ချုပ်နှင့် အစိုးရခေါင်းဆောင်နေရာများမှ ဦးသန်းရွှေ အပြီးတိုင် အနားယူသွားသကဲ့သို့ အနားယူမည့်ပုံတော့ မပေါ်ပေ။ နိုင်ငံခြားခရီးစဉ်အချို့တွင် အာဏာပြန်လွှဲပေးမည်ဟု ပြောဆိုထားသော်လည်း ရွေးကောက်ပွဲအလွန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားမည်ဟုလည်း ပြောဆိုထားသည်ကို တွေ့ရပြန်သည်။

ထိုစကားများအရ မင်းအောင်လှိုင် အနေဖြင့် အာဏာကို အတိုင်းအတာ အကန့်အသတ်ဖြင့်သာ လွှဲပြောင်းပေးဖွယ်ရှိကြောင်း သုံးသပ်ရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်တွင်းခရီးစဉ်များတွင် ပြုလုပ်လေ့ရှိသည့် တပ်မိသားစုများနှင့် တွေ့ဆုံပွဲများတွင်လည်း ကာကွယ်ရေးအမြင်ရှိသူကိုသာ မဲပေးကြရန် ပြောကြားလျက်ရှိသည်ကို တွေ့လာရသည်။

ကာကွယ်ရေးအမြင်ဆိုသည်မှာ အရပ်သားကိုယ်စားလှယ်လောင်းများတွင် ရှိရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် ကာကွယ်ရေးအမြင်ရှိသူဆိုသည်မှာ စစ်တပ်မှ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းလာခဲ့ကြသည့် စစ်တပ်အရာရှိကြီးဟောင်း ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးကြရန် စည်းရုံးပြောဆိုခြင်းပင်ဖြစ်၏။

ကာကွယ်ရေးတာဝန်ခေါင်းစဉ်ဖြင့် အာဏာ ဆက်ကိုင်ထားလိုသည့် မင်းအောင်လှိုင်သည် ကာကွယ်ရေးအမြင်ရှိပါသည်ဆိုသည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ မဲနိုင်ရန် လိုအပ်၍လည်းဖြစ်သည်။ သို့မှသာ ကြံ့ခိုင်ရေးပါတီ အမတ်အများစုနေရာရမည့် လွှတ်တော်တွင် စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် ပေါင်းကာ သူလုပ်ချင်ရာ လုပ်နိုင် မည်ဖြစ်သည်။

ထိုသို့ ကာကွယ်ရေးအမြင်ရှိပါသည်ဆိုသည့် ကိုယ်စားလှယ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများသည်လည်း လာမည့် ရွေးကောက်ပွဲအတွက် လူမှုကွန်ရက်မီဒီယာကို အသုံးချကာ စည်းရုံးရေး ဆောင်ရွက်လျက်ရှိသည်။ အာဏာသိမ်း ငါးလအတွင်း ပြည်တွင်း၌ လူသုံးများသည့် Facebook နှင့် TikTok စသည့် လူမှုကွန်ရက်မီဒီယာများတွင် VPN ခံပြီးမှ သုံး၍ရအောင် စစ်ကော်မရှင်ဘက်က ကန့်သတ်ထားသည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများသည် ထိုလူမှုကွန်ရက်မီဒီယာများရှိ ၎င်းတို့၏ ကိုယ်ပိုင်အကောင့် အသီးသီးကို အသုံးချကာ ဝါဒဖြန့်နေကြပြန်လေသည်။ စစ်သားဘဝ အတွေ့အကြုံများကို စာရေးသားခြင်း၊ ရုပ်သံရိုက်ကူးတင်ဆက်ခြင်းနှင့် ယခင် ရုပ်သံမှတ်တမ်းဟောင်းများကို ပြန်တင်ခြင်းဖြင့် ကာကွယ်ရေးအမြင်ရှိသည့် တကယ့်နိုင်ငံရေးသမားကြီးများသဖွယ် ဝါဒဖြန့် စည်းရုံးလျက်ရှိကြသည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများသည် ထိုလူမှုကွန်ရက်မီဒီယာများရှိ ၎င်းတို့၏ ကိုယ်ပိုင်အကောင့် အသီးသီးကို အသုံးချကာ ဝါဒဖြန့်နေကြပြန်လေသည်။ စစ်သားဘဝ အတွေ့အကြုံများကို စာရေးသားခြင်း၊ ရုပ်သံရိုက်ကူးတင်ဆက်ခြင်းနှင့် ယခင် ရုပ်သံမှတ်တမ်းဟောင်းများကို ပြန်တင်ခြင်းဖြင့် ကာကွယ်ရေးအမြင်ရှိသည့် တကယ့်နိုင်ငံရေးသမားကြီးများသဖွယ် ဝါဒဖြန့် စည်းရုံးလျက်ရှိကြသည်။

ပထမဆုံး‌ သတိထားမိသူမှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဖြစ်သည်။ အနုပညာသမားအချို့နှင့် မကြာခဏ တွေ့ဆုံပြီး ရွေးကောက်ပွဲကို ထောက်ခံရန် စည်းရုံးလေ့ရှိသူ ဦးခင်ရီသည် သူ့ဘဝအကြောင်းများကို Khin Yi နာမည်အကောင့်များဖြင့် ဆိုရှယ်မီဒီယာများတွင် ထုတ်ဖော်ပြောဆိုလာသည်။

စစ်တက္ကသိုလ်ကျောင်းဆင်းပြီး အရာရှိငယ်ဘဝ ရှေ့တန်းကြားစခန်း လှိုင်းဘွဲ့မှ ရှေ့တန်းစခန်းသို့ လိုက်ရန် စောင့်ဆိုင်းစဉ် အလည်လွန်ပြီး စစ်ကြောင်းနှင့် မလိုက်နိုင်ဘဲ လွဲခဲ့ရသည့်အကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုက်ပွဲတွင် သေနတ် ၁၇ ချက် မှန်ပြီး သေစာရင်းသွင်းခံခဲ့ရသည့်အကြောင်းများကို စတင် ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် ရဲချုပ်တာဝန်ယူစဉ် အတွေ့အကြုံကိုပြောရာ၌ နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး ငါးဖမ်းသင်္ဘောမှ ဘိန်းဖြူအမြောက်အမြား ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ကို ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုသည့်ရုပ်သံကို ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက်အကောင့်မှတဆင့် ဖော်ပြခဲ့သည်။

၎င်းရုပ်သံအောက်တွင် ထိုမျှများပြားသည့် မူးယစ်ဆေးဝါးများကို လမ်းကြောင်းအဆင့်ဆင့် မည်သို့ ဖြတ်သန်းသယ်ဆောင်ခဲ့သနည်းဆိုသည့်မှတ်ချက်များကိုမူ ဦးခင်ရီ ပြန်လည် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။

ထိုသို့ စစ်သားဘဝ အတွေ့အကြုံများဖြင့် ကာကွယ်ရေးအမြင်ရှိပါကြောင်း ကြွားလုံးထုတ်ကြသူများအနက် သိပ်မကြာမီကမှ စစ်ယူနီဖောင်းချွတ်ထားရသည့် ဦးသက်ပုံမှာ အဆိုးဆုံးဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်စားလှယ်လောင်းများအနေဖြင့် လူမှုကွန်ရက်မီဒီယာမှတဆင့် စည်းရုံးရန် ညွှန်ကြားချက်ကို အတိအကျ လိုက်နာသူဖြစ်သည်။

ထိုသို့ စစ်သားဘဝ အတွေ့အကြုံများဖြင့် ကာကွယ်ရေးအမြင်ရှိပါကြောင်း ကြွားလုံးထုတ်ကြသူများအနက် သိပ်မကြာမီကမှ စစ်ယူနီဖောင်းချွတ်ထားရသည့် ဦးသက်ပုံမှာ အဆိုးဆုံးဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်စားလှယ်လောင်းများအနေဖြင့် လူမှုကွန်ရက်မီဒီယာမှတဆင့် စည်းရုံးရန် ညွှန်ကြားချက်ကို အတိအကျ လိုက်နာသူဖြစ်သည်။

စက်တင်ဘာလနှောင်းပိုင်းကစပြီး U Thet Pon အမည်ဖြင့် Facebook အကောင့်ဖွင့်ကာ ပို့စ်များတင်နေခဲ့သည်။ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝက ကျောင်းအုပ်ကြီး၏သားမက် ဦးသက်ပုံမှာ ယောက္ခမ၏ ဩဝါဒများကို စတင်ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် သူ၏အတွေ့အကြုံများနှင့်အတူ “နိုင်ငံ့ဝန်ထမ်းကောင်းဆိုတာ နိုင်ငံတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်ပါပဲ။ နိုင်ငံတော်ရဲ့ ရည်မှန်းချက်၊ အနာဂတ်တွေကို အကောင်အထည်ဖော်ရာမှာ ဝန်ထမ်းကောင်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဆိုသည့် ဝန်ထမ်းများကို ဆွဲဆောင်စည်းရုံးသည့် စာသားကိုလည်း ဖော်ပြထားပြန်သည်။

ထိုသို့သော စာသားများ ဖော်ပြထားသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံသည် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဘဝတွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုးစစ် စသည်တို့ကို ခုခံရသည့်တပ်များအား ကွပ်ကဲခဲ့ရဖူးပြီး လက်အောက်တပ်မှူးများကို မညှာမတာ ဖိအားပေး ခိုင်းစေခဲ့သူဖြစ်သည်။

မင်းအောင်လှိုင်အလိုကျ လက်အောက်ကို ဖိအားပေး စစ်တိုက်ခိုင်းခဲ့သဖြင့် အကျအဆုံးများပြီး စစ်တပ်အရာရှိကြီးအဆင့်များအထိပင် သေဆုံး၊ ဒဏ်ရာရ၊ အရေးယူခံရသည်အထိ ဖြစ်ခဲ့သော်လည်း လူမှုကွန်ရက်မီဒီယာပေါ်တွင် အတင်း စစ်သားစိတ် ပြည့်ဝသူ၊ အတင်း ခေါင်းဆောင်မှု ကောင်းသူအဖြစ် သူ့ကိုယ်သူ ပုံဖော်လျက် ရှိလေသည်။

အလားတူ နောက်တဦးမှာ မင်းအောင်လှိုင် အလွန်ကာလတွင် တပ်ချုပ်ဖြစ်လာမည်ဟု ရေပန်းစားခဲ့ဖူးသူ ဦးမြထွန်းဦး ဖြစ်သည်။ သူသည် ကစထမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူလည်း ဖြစ်သည်။

အလားတူ နောက်တဦးမှာ မင်းအောင်လှိုင် အလွန်ကာလတွင် တပ်ချုပ်ဖြစ်လာမည်ဟု ရေပန်းစားခဲ့ဖူးသူ ဦးမြထွန်းဦး ဖြစ်သည်။ သူသည် ကစထမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူလည်း ဖြစ်သည်။

အထက်လူကြီး အလိုကျ လိုက်ပါလုပ်ဆောင်တတ်သူဖြစ်ခဲ့သည့် သူသည်လည်း U Mya Tun Oo အမည်ဖြင့် ယခု အောက်တိုဘာလအတွင်း လူမှုကွန်ရက်မီဒီယာတွင် အကောင့်ဖွင့်လှစ်ခဲ့ပြီး ဝါဒဖြန့် စည်ရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

သို့သော် သူ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး (ပထမတန်း) ဘဝက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ မှ ဗိုလ်ချုပ် ထိန်မောင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းအား တင်ခဲ့ပြီး မကြာမီ Facebook အကောင့်ကို Facebook Team က ဖယ်ရှားခဲ့ကြောင်း တွေ့ရသည်။ ကာကွယ်ရေးအမြင်သာမက ငြိမ်းချမ်းရေး အတွေ့အကြုံပါ ရှိပါသည်ဟု ကြွားလုံးထုတ်လိုသော်လည်း အကောင့်ပါ ပျက်သွားခဲ့ရပုံရသည်။

နောက်ဆုံးတဦးမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ဟောင်း ဦးကံမြင့်သန်း ဖြစ်သည်။ သူကမူ တခြားလူများကဲ့သို့ ထင်ထင်ပေါ်ပေါ် ထွက်ပေါ်လာခြင်း မရှိဘဲ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်၏ မှတ်ချက်တခုကို ဆိုရှယ်မီဒီယာတွင် ပထမဆုံးတင်ခဲ့သည်။

ထိုမှတ်ချက်မှာ “မဲပေးရွေးချယ်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ထိန်းသူ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် ရှိသူများဖြစ်ရန် လိုအပ်ပြီး အမှန်တကယ် တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လို” ဆိုသည့် စာသားကို မင်းအောင်လှိုင်ပုံနှင့် တွဲ၍ တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မအူပင်မြို့နှင့် ပတ်သက်သည့်နေရာအချို့ကို သီချင်းနောက်ခံဖြင့် ဖန်တီးထားသည့်ရုပ်သံကို လူမှုကွန်ရက်မီဒီယာများတွင် တင်ထားခဲ့သည်ကို တွေ့ရသည်။ သူဦးစီးခဲ့ရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများမှ ထွက်သည့် ဗုံးသီးများအကြောင်းနှင့် အရပ်ဘက် ပစ်မှတ်များကို စစ်တပ်က ထိုဗုံးသီးများဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများအကြောင်းကိုမူ ယခုအထိ ဖော်ပြခြင်း မတွေ့ရသေးပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ စစ်ဗိုလ်ချုပ်ဟောင်းများကို လူမှုကွန်ရက်မီဒီယာသုံးရန် ညွှန်ကြားထားချိန်တွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတွင် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးမှုကို ခွင့်မပြုကြောင်း ကန့်သတ်လာသည်။

ထိုကန့်သတ်မှုသည် အခြားပြိုင်ဘက် ကိုယ်စားလှယ်လောင်းများထက် စစ်ဗိုလ်ချုပ်ဟောင်းများ၏ လုံခြုံရေးကို စိုးရိမ်၍ ဖြစ်နိုင်သည်။ ထိုကန့်သတ်မှုကို အကြောင်းပြု၍ စစ်ဗိုလ်ချုပ်ဟောင်းများသည်လည်း ယခုကဲ့သို့ လူမှုကွန်ရက်မီဒီယာသုံးပြီး သူတို့ တော်ကြောင်း တတ်ကြောင်းများပြောကာ ပိုမို ဝါဒဖြန့်စည်းရုံးနေကြပေဦးမည်။

သူတို့ အတွေ့အကြုံများသည် ရှင်ပြုစဉ်က ရွှေထီးဆောင်းခဲ့သလို စစ်တပ်အရာရှိဆိုသည့် အရှိန်အဝါဖြင့် လုပ်စား၍ကောင်းသည့် ခေတ်ကောင်းကိုမီခဲ့ကြသော စစ်ဗိုလ်ချုပ်များ၏ အတွေ့အကြုံများသာ ဖြစ်သည်။ ပြည်သူကိုမဆိုထားနှင့် အာဏာသိမ်းမှုကြောင့် ထိခိုက်သေဆုံးမှု များပြားလျက်ရှိသည့် လက်ရှိ စစ်တပ်တွင်းက စစ်သားများနှင့် တပ်မိသားစုဝင်အားလုံးကိုပင် စည်းရုံးနိုင်လောက်အောင် စိတ်ဝင်စားဖွယ်ကောင်းစရာ မဖြစ်နိုင်ပေ။

သူတို့ အတွေ့အကြုံများသည် ရှင်ပြုစဉ်က ရွှေထီးဆောင်းခဲ့သလို စစ်တပ်အရာရှိဆိုသည့် အရှိန်အဝါဖြင့် လုပ်စား၍ကောင်းသည့် ခေတ်ကောင်းကိုမီခဲ့ကြသော စစ်ဗိုလ်ချုပ်များ၏ အတွေ့အကြုံများသာ ဖြစ်သည်။ ပြည်သူကိုမဆိုထားနှင့် အာဏာသိမ်းမှုကြောင့် ထိခိုက်သေဆုံးမှု များပြားလျက်ရှိသည့် လက်ရှိ စစ်တပ်တွင်းက စစ်သားများနှင့် တပ်မိသားစုဝင်အားလုံးကိုပင် စည်းရုံးနိုင်လောက်အောင် စိတ်ဝင်စားဖွယ်ကောင်းစရာ မဖြစ်နိုင်ပေ။

ထိုစစ်ဗိုလ်ချုပ်ဟောင်းကြီးများအနေဖြင့် အမှန်တကယ် တော်ခဲ့တတ်ခဲ့ စစ်သားစိတ်ပီသခဲ့ပါက ယခုလို စစ်အာဏာသိမ်းကာလအတွင်း၌ အောက်ခြေတွင် အစုလိုက်အပြုံလိုက် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ လက်နက်ချ အညံ့ခံခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိမည်မထင်ဟု ယူဆမိပါသည်။ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမှန်တကယ်သာ စေတနာရှိရိုးမှန်ပါက ယခုကဲ့သို့ ဝါဒဖြန့် စည်းရုံးနေစရာပင် လိုမည်ဟု မထင်ကြောင်း တွေးတောမိပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
68
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
940

You may also like these stories:

ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး USDP ကို ပြောင်းကြပြန်ပြီ

ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ

ဒေါ်အောင်ဆန်းစုကြည် သံတိုင်နောက် ရောက်နေချိန် စစ်တပ်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် တန်းစီနေ

စစ်ဗိုလ်ချုပ်တို့သာမက ဝန်ကြီးတချို့လည်း ရွေးကောက်ပွဲ ဝင်မည်

ကြံ့ခိုင်ရေးပါတီအနိုင်ရဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

Your Thoughts …
Tags: SliderUSDPစစ်ကော်မရှင်မဲဆွယ်စည်းရုံးမှုရွေးကောက်ပွဲလူမှုကွန်ရက်မီဒီယာဝါဒဖြန့်ချိရေး
စွယ်တော်

စွယ်တော်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved