• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပြုပြင်ပြောင်းလဲနိုင်သူ အနိုင်ယူမည့် နွေဦးတော်လှန်ရေး

by ဇုန်းရိန်
25 November 2025
in သူ့အတွေး သူ့အမြင်
A A
ပြုပြင်ပြောင်းလဲနိုင်သူ အနိုင်ယူမည့် နွေဦးတော်လှန်ရေး

ကရင်နီ/ကယားပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ လက်လုပ်သေနတ်ပေါ်တွင် နွေဦးတော်လှန်ရေးဟု ထိုးထွင်းရေးသားထားသည်/AFP

1.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နွေဦးတော်လှန်ရေး မကြာခင် ငါးနှစ်တင်းတင်း ပြည့်တော့မည်။ ပြည်သူလူထုလိုလားသည့် အောင်မြင်မှု ရလဒ်ကို ပိုင်ဆိုင်နိုင်ရန် ဘယ်လောက်နီးစပ်နေပြီနည်း။ သို့မဟုတ် ထိုရလဒ်ကို အမှန်တကယ် ပိုင်ဆိုင်နိုင်ရေးမှာ ဘယ်လောက်ဖြစ်နိုင်သနည်း။ လက်ရှိချိန်အထိ မှုန်ဝါးနေဆဲ အခြေအနေဟု ဆိုရမည်။

ဤတော်လှန်ရေးတွင် ပြိုင်ဘက်နှစ်ဖက်ဖြစ်သည့် တော်လှန်ရေးအင်အားစုနှင့် စစ်ကော်မရှင်တို့အနက် မည်သည့်ဘက်က ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပို၍လုပ်နိုင်ကြသနည်းဆိုသည့်အပေါ်တွင် မူတည်ပြီး ရလဒ်ထွက်ပေါ်လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြသွားပါမည်။

ပြင်ဆင်ခြင်းမှ အောင်မြင်ခြင်းသို့

“အောင်မြင်မှုသည် ပြင်ဆင်မှု (preparation) နှင့် အခွင့်အရေး (opportunity) တို့ ဆုံကြသည့်အခိုက် ဖြစ်သည်” ဆိုသည့် မှတ်ချက်စကားကို အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဟင်နရီ ဖို့ဒ်က ပြောခဲ့သည်။ လိုအပ်သော ပြင်ဆင်မှုကို လုပ်ဆောင်ထားနိုင်မည်ဆိုလျှင် အခွင့်အရေးနှင့် ကြုံသည့်အခါ ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မည်ဆိုသည့် သဘောပင်။ ဥပမာ – လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း တခုခုဖြင့် ခရီးသွားမည်ဆိုလျှင် သက်ဆိုင်ရာ လေဆိပ်၊ ကားဂိတ်/ဘူတာရုံ၊ သင်္ဘောဆိပ်သို့ အချိန်မီ ကြိုတင်ရောက်ရှိနိုင်မှ မိမိလိုရာခရီး ရောက်နိုင်မည် ဖြစ်သည်။

‘ပြင်ဆင်မှု’ ဟုဆိုရာတွင် ‘ပြုပြင်ပြောင်းလဲမှု’ လည်း ပါဝင်သည်။ ဥပမာ – အားကစားလောကတွင်လည်း မိမိပြိုင်ဘက်ကို အနိုင်ယူနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် လေ့ကျင့်ကြရခြင်း၊ နည်းပညာပိုင်းအတွက် အချိန်ယူလေ့ကျင့်ကြရခြင်း၊ ကျန်းမာရေးအတွက် အစားအသောက်များနှင့် အနေအထိုင်ကိုပါ ဆင်ခြင် စားသုံးနေထိုင်ခြင်းတို့ကို လုပ်ဆောင်ရသည်။

စစ်ရေးနှင့် နိုင်ငံရေးကို တုန်လှုပ်စေခဲ့သော “၁၀၂၇ စစ်ဆင်ရေး”

“၁၀၂၇ စစ်ဆင်ရေး”သည် စစ်ကောင်စီ (ယခု စစ်ကော်မရှင်) ကို ကိုင်လှုပ်စေခဲ့သည့် စစ်ဆင်ရေးဟုဆိုလျှင် မှားမည် မထင်ပါ။ အကျဥ်းချုပ်ဖော်ပြရလျှင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်များတွင်လည်း တော်လှန်ရေးစစ်ရှိန်ကို မြင့်စေခဲ့သောကြောင့် လူထုကို မျှော်လင့်ချက်ကြီးကြီး ပေးနိုင်ခဲ့သည်ဟု ဆိုရမည်ပင်။

ဤစစ်ဆင်ရေး အောင်မြင်ရသည့် အကြောင်းရင်းများထဲတွင် (၁) ညီနောင်မဟာမိတ် သုံးဖွဲ့၏ စုစည်းညီညွတ်မှု၊ (၂) ဒရုန်းနည်းပညာကို အသုံးပြုနိုင်မှု၊ (၃) ကျားဖြန့်နှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖြစ် အချိန်ကိုက် ပရိယာယ်ပုံဖော်နိုင်မှုဟူ၍ လေ့လာသူအများက မှတ်ချက်ပေးကြသည်။

ဤစစ်ဆင်ရေး အောင်မြင်ရသည့် အကြောင်းရင်းများထဲတွင် (၁) ညီနောင်မဟာမိတ် သုံးဖွဲ့၏ စုစည်းညီညွတ်မှု၊ (၂) ဒရုန်းနည်းပညာကို အသုံးပြုနိုင်မှု၊ (၃) ကျားဖြန့်နှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖြစ် အချိန်ကိုက် ပရိယာယ်ပုံဖော်နိုင်မှုဟူ၍ လေ့လာသူအများက မှတ်ချက်ပေးကြသည်။

ဤအချက်အားလုံးသည် ပြင်ဆင်မှုနှင့် သက်ဆိုင်နေပါသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ စုစည်းညီညွတ်မှုဆိုသည်မှာ အဖွဲ့အစည်းဖွံ့ဖြိုးမှု (organization development) ဖြစ်သည်။

ဒရုန်းနည်းပညာကို အသုံးချနိုင်မှု ဆိုသည်မှာလည်း ပြင်ဆင်မှုတရပ်ဖြစ်သည်။ နှစ်ချက်စလုံးသည် အချိန်ပေးပြီး တည်ဆောက်၊ ပြင်ဆင် ယူရသော အရာမျိုးပင်။

စစ်ဆင်ရေးကို ကျားဖြန့်နှင့် စစ်အာဏာရှင် တိုက်ဖျက်ရေးအဖြစ် အချိန်ကိုက် ပုံဖော်နိုင်မှုသည် အချိန်အခါ၊ အခြေအနေကို အခွင့်ကောင်းယူနိုင်ခြင်း ဖြစ်သည်။

ပြောင်းလဲမှုများဖြင့် နိုးထလာသော စစ်ကောင်စီ

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဆုံးရှုံးမှုများစွာနှင့် အရှက်ရခဲ့သည်။ စစ်ရေးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းများထဲတွင် ဒရုန်းနည်းပညာကို လက်တွေ့အသုံးမချနိုင်ခဲ့မှု ပါဝင်ကြောင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းလာသော လေတပ်အရာရှိတချို့က သုံးသပ်ပြကြသည်။

ထို့ကြောင့် လိုအပ်သော အပြောင်းအလဲများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒရုန်းတပ်ဖွဲ့သစ် ဖွဲ့စည်းနိုင်ခဲ့သည်။ အကြမ်းအားဖြင့် ဤဒရုန်းတပ်ဖွဲ့ကို ၁၀၂၇ စစ်ဆင်ရေး အပြီး ခြောက်လအကြာတွင် ဖွဲ့စည်းနိုင်သည့် သဘောပင်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တရုတ်ခရီးစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်ထုတ် ဒရုန်းများကို လေ့လာခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် တရုတ်ကူညီပေးထားသည့် စစ်တပ်၏ နည်းပညာမြင့် ဒရုန်းယာဥ်များသည် တော်လှန်ရေးအင်အားစုများအတွက် စိန်ခေါ်မှုကြီးတခု ဖြစ်နေကြောင်း သတင်းများတွင် ဖတ်ရသည်။ စစ်ကော်မရှင်အတွက် အောင်မြင်တခုဟု ဆိုရမည်။

ဆုံးရှုံးသွားသည့် စစ်သည်အင်အားကို ပြန်လည် ဖြည့်တင်းနိုင်ရန် စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်း၍ ထိုဥပဒေအရ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စတင်နိုင်ခဲ့သည်ကို တွေ့ရသည်။ ယခုဆိုလျှင် အပတ်စဥ် (၁၉) အထိ ရောက်နေပေပြီ။

ထို့ပြင် စစ်ကော်မရှင်သည် စစ်တပ်အတွင်းတွင်လည်း ထိပ်တန်းအရာရှိများကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း တွေ့ရသည်။ အောက်ဖော်ပြပါ ခုနှစ်အလိုက်နှင့်လများတွင် သိသာထင်ရှားသည့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။

ထို့ပြင် စစ်ကော်မရှင်သည် စစ်တပ်အတွင်းတွင်လည်း ထိပ်တန်းအရာရှိများကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း တွေ့ရသည်။ အောက်ဖော်ပြပါ ခုနှစ်အလိုက်နှင့်လများတွင် သိသာထင်ရှားသည့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၀၂၄ ခုနှစ် သြဂုတ်လ၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတို့တွင် စစ်တပ်တွင်း ထိပ်တန်းအရာရှိ အပြောင်းအလဲများ လုပ်ခဲ့သည်။

အာဏာသိမ်းပြီး ငါးနှစ်အတွင်း အရေးကြီးသော ထိပ်တန်းအရာရှိ အပြောင်းအလဲကို ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့သည့်ကို တွေ့ရသည်။ အပြောင်းအလဲကို တနှစ်လျှင် ၂.၆ ကြိမ် လုပ်နိုင်သည့် သဘောပင်။

ထိုပြောင်းလဲခဲ့သည့် ရာထူးနှင့်တာဝန်များကိုကြည့်လျှင် စစ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၊ တိုင်းမှူးများအဆင့်ထိ ပါဝင်သည်။ စစ်ဘက်ဆိုင်ရာ ပြောင်းလဲမှုကိုကြည့်လျှင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်များ (ကြည်း၊ ရေ၊ လေ)၊ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဆင့်အထိ ပါဝင်နေသည်။

ဤအပြောင်းအလဲတွင် အနားပေးခံရသူများနှင့် အပြစ်ပေး အရေးယူခံရသူများလည်း ပါဝင်နေသည်။ စွမ်းဆောင်မှု မကောင်းသော၊ ရလဒ်ကောင်း မပေးစွမ်းနိုင်သော အကြီးအကဲများနှင့် အကျင့်ပျက်ခြစားမှုဖြင့် နာမည်ထွက်သော အကြီးအကဲများကို ပြတ်ပြတ်သားသား အရေးယူနိုင်ခဲ့သည်ကို တွေ့ရသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
448
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

ယခုချိန်တွင် စစ်ကော်မရှင်သည် အထက်ဖော်ပြပါ အပြောင်းအလဲများ၏ အသီးအပွင့်အချို့ကို စတင်ခံစားလာနေရပြီဟု ဆိုနိုင်ပါသည်။

ဤအပြောင်းအလဲများကိုကြည့်ပြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအချို့သည်လည်း အာဏာသိမ်းစစ်ကော်မရှင်ကို ‘နိုင်မြင်း’ အဖြစ် မြင်နေဆဲဖြစ်သည်ကို တွေ့ရသည်။

နိုင်မြင်းအဖြစ် အမြင်ခံ၊ အထင်ခံရသည့် စစ်ကော်မရှင်သည် သံခင်းတမန်ခင်း၊ အထူးသဖြင့် အိမ်နီးချင်း အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် အောင်မြင်မှုများ ဖြည်းဖြည်းနှင့်မှန်မှန်ဆိုသလို ရရှိလာနေပြီဟု ဆိုနိုင်ပါသည်။

ဥပမာ နွေဦးတော်လှန်ရေးအစပိုင်းတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် စစ်ကောင်စီ (ယခု စစ်ကော်မရှင်) ကို စောင့်ကြည့်သည့်အခြေအနေမှ ယခုအချိန်တွင် စစ်ကော်မရှင်ကို ပွင့်ပွင့်လင်းလင်း အားပေးကူညီပြီး ဆက်ဆံလာသည်ကို တွေ့ရသည်။

အနောက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အထူးသဖြင့် ဝါဒဖြန့်ပုံဖော်ရေးတွင်လည်း အောင်မြင်မှုတချို့ကို ရရှိလာသည်ဟု ဆိုနိုင်ပါသည်။

စစ်တပ်နှင့် ဗမာအမျိုးသားဝါဒီများ၏ ခေတ်အဆက်ဆက် ပြောဆိုကျင့်သုံးလာခဲ့သော ဝါဒမှိုင်း အာဘော် (narrative) တခုဖြစ်သည့် “ဗဟိုအစိုးရ (တပ်မတော်) ပြိုကွဲ၍ မရကြောင်း၊ ပြိုကွဲသွားလျှင် နိုင်ငံပြိုကွဲသွားနိုင်ကြောင်း၊ ဒေသအတွင်း ပတ်ဝန်းကျင်နိုင်ငံများအပေါ်တွင်လည်း ဂယက်ရိုက်ခတ်လာနိုင်ကြောင်း” ဆိုသည့် အာဘော်ကို သံတမန်များက လုံးဝ လက်ခံထားကြောင်း စာရေးသူနှင့်နီးစပ်သော သံတမန်များထံမှ သိရသည်။

ဤအမြင်၊ အာဘော်ကို အနောက်နိုင်ငံများ လက်ခံလာရသည့် အဓိက အကြောင်းရင်းမှာ တော်လှန်ရေးအင်အားစုများ၏ ဖရိုဖရဲအခြေအနေကြောင့်ဟု ဆိုပါသည်။ ယုံကြည်နိုင်လောက်သော စုစည်းမှုမျိုးကို ပြသနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ဤအမြင်၊ အာဘော်ကို အနောက်နိုင်ငံများ လက်ခံလာရသည့် အဓိက အကြောင်းရင်းမှာ တော်လှန်ရေးအင်အားစုများ၏ ဖရိုဖရဲအခြေအနေကြောင့်ဟု ဆိုပါသည်။ ယုံကြည်နိုင်လောက်သော စုစည်းမှုမျိုးကို ပြသနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

စာရေးသူအမြင်မှာ စစ်ကော်မရှင်သည် ၎င်း၏မဟာမိတ်များ အကူအညီဖြင့် ထိုးစစ်ကို ပြန်လည် ဖော်ဆောင်လာနိုင်သောကြောင့်ဟု ယူဆပါသည်။

ပြောင်းလဲနိုင်မှ ရှင်သန်နိုင်မည့် နိယာမ

ဘဝ၏ဆင့်ကဲဖြစ်စဉ် (evolution of life) မှာ အခြေအနေ၊ အချိန်အခါနှင့် အကောင်းဆုံး လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်သူသာလျှင် ရှင်သန်ခွင့်ရှိခြင်း၊ မျိုးပွားခွင့်ရှိခြင်း (survival of the fittest) ဆိုသည့်အချက်သည် ထင်ရှားသည်။ ဤတွေ့ရှိချက်ကို ဗြိတိသျှသိပ္ပံပညာရှင်များဖြစ်ကြသည့် ဟားဘတ် စပင်ဆာ (Herbert Spencer) နှင့် ချားလ်စ် ဒါဝင် (Charles Darwin) တို့က ၁၈၆၀ ပြည့်နှစ်ဝန်းကျင်တွင် ဖော်ထုတ်တင်ပြခဲ့ကြသည်။

“Fittest” ဟုဆိုရာတွင် “အင်အားအကြီးဆုံး”၊ “အသန်မာဆုံး”၊ “အစွမ်းထက်ဆုံး” ကို ဆိုလိုခြင်း မဟုတ်ပါ။ သေးငယ်သော်လည်း မိမိရောက်ရှိနေသည့် ပတ်ဝန်းကျင်နှင့် အကောင်းဆုံး လိုက်လျောညီထွေစွာ (adaptive) ပြောင်းလဲနိုင်လျှင် ရှင်သန်ခွင့် ပို၍ရှိကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

တနည်းအားဖြင့် လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံဖြစ်စေ ဆက်လက်ရှင်သန်နိုင်ရေး၊ အောင်မြင်နိုင်ရေးအတွက်ဆိုလျှင် အချိန်အခါနှင့် အခြေအနေကိုလိုက်ပြီး လိုအပ်သော အပြောင်းအလဲများကို လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း မှတ်ယူရသည်။

လူထုက အမြဲစောင့်ကြည့်နေသည်

အချုပ်အားဖြင့် သုံးသပ်တင်ပြလိုသည်မှာ စစ်ကော်မရှင် (ယခင် စစ်ကောင်စီ) သည် အရေးကြီးသော အပြောင်းအလဲများကို တနှစ်လျှင် အနည်းဆုံး ၂.၆ ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။

စွမ်းဆောင်မှုကောင်း မပြသနိုင်သော၊ အရည်အချင်း မပြည့်ဝသော အရာရှိကြီးများကို ဖြုတ်ထုတ်ခဲ့သည်။ အကျင့်ပျက်သော အရာရှိကြီးများကို အရေးယူအပြစ်ပေးခဲ့သည်။

ဒရုန်းနည်းပညာကို ဖောဖောသီသီ အသုံးပြုကာ ယခင်ထက်များသော စစ်သည်အင်အားနှင့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေနိုင်သည်ကို ကြည့်လျှင် စစ်ကော်မရှင်သည် ပြုပြင်ပြောင်းလဲနိုင်မှု၏ အသီးအပွင့်ကို ရရှိနေပြီဟု ဆိုရမည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့ အဖွဲ့အစည်းအတွင်းတွင်သော်လည်းကောင်း၊ မဟာမိတ်များအကြားတွင်သော်လည်းကောင်း၊ မူဝါဒပိုင်းဆိုင်ရာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ စသော နယ်ပယ်များတွင် လိုအပ်သောအပြောင်းအလဲများကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ကြပြီလား။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့ အဖွဲ့အစည်းအတွင်းတွင်သော်လည်းကောင်း၊ မဟာမိတ်များအကြားတွင်သော်လည်းကောင်း၊ မူဝါဒပိုင်းဆိုင်ရာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ စသော နယ်ပယ်များတွင် လိုအပ်သောအပြောင်းအလဲများကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ကြပြီလား။

တော်လှန်ရေးကို ထောက်ခံသည့် လူထု၏ အကြံပြုတင်ပြချက်များကို ဘယ်နှကြိမ် နားထောင်ပြီး အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြပြီလဲ။ လူထုက အမြဲစောင့်ကြည့်နေသည်ဆိုသည်ကို သတိရစေလိုသည်။

ရန်သူသည်လည်း တော်လှန်ရေးအင်အားစုများ၏ လုပ်ရပ်များကို အမြဲစောင့်ကြည့်နေပြီး အခွင့်ကောင်းယူနိုင်မည့်အချက်များကို ယူကာ ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက် အသုံးချနိုင်ရန် အမြဲကြိုးစားနေသည်ကို သတိရစေလိုကြောင်း သုံးသပ်မိပါသည်။

(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေးသုတေသီဖြစ်သည်။)

You may also like these stories:

လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး

ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်

ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

နိုင်ငံတော်၊ အချုပ်အခြာအာဏာနှင့် တော်လှန်ရေး

ပြည်သူ့တော်လှန်ရေးကြီး မြန်မလား နှေးမလား

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးNUGစစ်ကော်မရှင်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုနွေဦးတော်လှန်ရေး
ဇုန်းရိန်

ဇုန်းရိန်

Zung Ring သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
မိုးကုတ်မြို့ပေါ်မှ PDF များ ဆုတ်ခွာ

မိုးကုတ်မြို့ပေါ်မှ PDF များ ဆုတ်ခွာ

အတုယောင်ရွေးကောက်ပွဲဆိုတာ ကမ္ဘာကသိတယ် (ရုပ်/သံ)

အတုယောင်ရွေးကောက်ပွဲဆိုတာ ကမ္ဘာကသိတယ် (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved