စွဲချက်တင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စွဲချက်တင် Covering Burma and Southeast Asia Thu, 12 Dec 2024 16:33:01 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png စွဲချက်တင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စွဲချက်တင် 32 32 အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော https://burma.irrawaddy.com/news/2024/12/12/394502.html Thu, 12 Dec 2024 16:29:34 +0000 https://burma.irrawaddy.com/?p=394502 တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုသည် ရုပ်မြင်သံကြားတွင် ပေါ်ထွက်လာပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်ဟု ပြောသည်။]]>

သက်ဆိုးမရှည်သော စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် အတိုက်အခံများ၏ စွဲချက်တင်ဖြုတ်ချမည့် လှုပ်ရှားမှုကို သူ၏ပါတီက ထောက်ခံရန် နီးကပ်လာစဉ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုသည် ရုပ်မြင်သံကြားတွင် ပေါ်ထွက်လာပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်ဟု ပြောသည်။

သူ၏ နိုင်ငံရေးမဟာမိတ်များက သူ့ကို ထောက်ခံမည်ဟု သမ္မတ ယွန်း မျှော်လင့်နေသော်လည်း သူ၏ပြင်းထန်သော မိန့်ခွန်းအပြီးတွင် သူ၏အာဏာရ ပြည်သူ့အာဏာပါတီ (PPP) ခေါင်းဆောင်က ယွန်း နုတ်ထွက်ရန် သို့မဟုတ် ပါလီမန်က စွဲချက်တင်ခံရရန် အချိန်ကျရောက်ပြီဟု ပြောသောကြောင့် အလားအလာမကောင်းပေ။

သူ့ကို စွဲချက်တင်ရန် အဆိုပြုချက်ကို သူ့ပါတီမှ ကိုယ်စားလှယ် အနည်းဆုံး ၇ ဦးထောက်ခံမည်ဟု မျှော်လင့်ရပြီး ၂ ဦးက ထိုအဆိုပြုချက်ကို ထောက်ခံမည်ဟု လူသိရှင်ကြားကြေညာသည်။ ယွန်းကို စွဲချက်တင်ရန် မဲအများစုရရေးအတွက် PPP ပါတီကိုယ်စားလှယ် အနည်းဆုံး ၈ ဦးထောက်ခံမှု လိုသည်။

အတိုက်အခံများသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတကို ဖြုတ်ချရန် “အရူး ဓားက ကနေ”သည်ဟု မအောင်မြင်သော စစ်အုပ်ချုပ်ရေးကြေညာမှု ၉ ရက်အကြာတွင် ယွန်းပြောသည်။

“နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မယ်” ဟု သူပြောသည်။ “သူတို့ ကျနော့်ကို စွဲချက်တင်တင် စုံစမ်းစစ်ဆေးမှု လုပ်လုပ် ကျနော် ပြတ်ပြတ်သားသား ရင်ဆိုင်မယ်” ဟုလည်း ဆက်လက်ပြောသည်။

စနေနေ့တွင် တောင်းပန်ပြီး သူ၏ ကြမ္မာကို ပါတီ၏လက်တွင် အပ်မည်ဟု ပြောကြားပြီးနောက် ယခုပြောကြားချက်သည် ပထမဆုံးအကြိမ် လူသိရှင်ကြားပြောကြားချက်ဖြစ်သည်။

ထိုသို့ အာခံလိုက်သောကြောင့် ရှေ့နေနှင့် ဥပဒေပညာရှင် ယွန်း သည် ရာထူးပြန်ရရေးအတွက် တရားရုံးတွင် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

သူ့ကို ပထမအကြိမ် စွဲချက်တင်ရန် ကြိုးစားမှုကို သူ၏ PPP ပါတီက သပိတ်မှောက်ပြီး တပတ်အကြာ ပါလီမန်တွင် ဒုတိယအကြိမ် စွဲချက်တင်ရန် မဲခွဲခြင်းကို စနေနေ့တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

ဒီဇင်ဘာ ၁၂ ရက် သမ္မတအိမ်တော်ရှေ့ နုတ်ထွက်ရန် ဆန္ဒပြသူများ/AFP

စွဲချက်တင်ရန် မဲခွဲပါက အမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ ပို့မည်ဖြစ်ပြီး ယွန်းကိုရာထူးတွင် ဆက်ထား မထား ဆုံးဖြတ်ရန် ၆ လအထိ ကြာနိုင်သည်။

ယွန်း အာဏာစွန့်လွှတ်ရမည့် လက္ခဏာအဖြစ် PPP ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းက ပါတီကိုယ်စားလှယ်များ အနေဖြင့် သမ္မတကို စွဲချက်တင်ရန် အတိုက်အခံများနှင့် ပူးပေါင်းသင့်ကြောင်း ကြာသပတေးနေ့ အစည်းအဝေးတွင်ပြောသည်။

သို့သော် ထိုပါတီသည် အကြီးအကျယ် သဘောထားကွဲနေပြီး ယွန်းသည် PPP ကိုယ်စားလှယ်အချို့၏ ထောက်ခံမှုကို ဆက်လက်ရနေသည်။

သဘောထားကွဲလွဲမှုကို ဖေါ်ပြသည့်အနေဖြင့် PPP သည် သမ္မတနှင့် နီးစပ်သူတဦးကို ပါတီကိုယ်စားလှယ်ခေါင်းဆောင်သစ် အများစုမဲဖြင့် ကြာသပတေးနေ့တွင် ရွေးချယ်သည်။ သူ့ကို ရွေးချယ်ပြီးနောက် ခေါင်းဆောင်သစ် ကွန်ဆောင်ဒေါင်က ပါတီ၏ တရားဝင်မူဝါဒမှာ စွဲချက်တင်ခြင်းကို ဆန့်ကျင်ကြောင်းပြောသည်။

သမ္မတသည် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခြင်းအတွက် သီးခြား ရာဇဝတ် စုံစမ်းစစ်ဆေးမှု ခံနေရသည်။ ထိုကြေညာချက်ကို နာရီအတန်ကြာတွင် သူရုပ်သိမ်းသော်လည်း ဆယ်စုနှစ်များစွာအတွင်း တောင်ကိုရီးယားတွင် အကြီးဆုံး နိုင်ငံရေး အကျပ်အတည်းဖြစ်စေခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်းအတွက် ဆင်ခြေပေး ပြောဆိုချက်အနေဖြင့် နိုင်ငံတော်ရေးရာများ မလှုပ်ရှားနိုင်အောင် လုပ်နေပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက်သည့် “ရာဇဝတ်အုပ်စုများ”၏ အစိုးရအား သိမ်းယူခြင်းပိုက်နေခြင်းအား မည်မျှပေးဆပ်ရသည်ဖြစ်စေ ဟန့်တားရမည်ဟု ယွန်းက ရှေ့တန်းတင်ပြောသည်။

သူသည် သူ၏ အဆိုပြုချက်များကို ပိတ်ပင်ပြီး အစိုးရအမှားအယွင်းများ လုပ်သည်ဟု စွပ်စွဲနေသည့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီကို ရည်ညွန်းခြင်းဖြစ်သော်လည်း မည်သည့်ရာဇဝတ်မှု အထောက်အထားမျှ မပေးပေ။

ယွန်း၏ မိန့်ခွန်းသည် “အလွန်ထင်ယောင်ထင်မှား” ဖြစ်ခြင်းသာဖြစ်ပြီး သမ္မတ၏အာဏာရပါတီအနေဖြင့် သူ့ကို စွဲချက်တင်ရေးကို ထောက်ခံရန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပိုင်းမှ ကင်မင်ဆွတ် တောင်းဆိုသည်။

ကွန်ပျူတာစနစ်အတွင်း မြောက်ကိုရီးယား ခိုးဝင်မှု
စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်ထဲ ဝင်ရောက်လာသော စစ်သားများ၏ သေနတ်ကို ဖမ်းကိုင်ပြီး အံတုရင်ဆိုင်နေသော အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရသူ အမျိုးသမီး

အမျိုးသားရွေးကောက်ပွဲကော်မရှင် (NEC) ကွန်ပျူတာစနစ်အတွင်း လွန်ခဲ့သောနှစ်က ကွန်မြူနစ် မြောက်ကိုရီးယား ခိုးဝင်မှု စွပ်စွဲချက်အကြောင်း ယွန်းက ရှည်လျှားစွာပြောသော်လည်း မည်သည့်အထောက်အထားကိုမျှ ကိုးကားခြင်း မရှိပေ။

ထိုသို့ ခိုးဝင်မှုကို အမျိုးသားထောက်လှမ်းရေးက ထောက်လှမ်းမိသော်လည်း သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သော ကော်မရှင်က စုံစမ်းစစ်ဆေးမှုနှင့် ကွန်ပျူတာစနစ်ကို စစ်ဆေးမှုတွင် အပြည်အဝ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကြောင်း ယွန်း ပြောသည်။

ထိုသို့ ခိုးဝင်မှုကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ ရွေးကောက်ပွဲ၏ ဖြောင့်မတ်တည်ကြည်မှုကို သံသယဖြစ်ရပြီး စစ်အုပ်ချုပ်ရေးကြေညာရသည်ဟုလည်း သူပြောသည်။ ရွေးကောက်ပွဲတွင် ယွန်း၏ ပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

ယွန်းသည် သူ့ကို သမ္မတအဖြစ် ရွေးကောက်ပေးသည့် ရွေးကောက်ပွဲကြီးကြပ်မှုစနစ်ကိုဆန့်ကျင်ပြီး သူ့ကိုယ်သူ တိုက်ခိုက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်သည်။

ကော်မရှင်က ၎င်းတို့သည် လုံခြုံရေး ထိခိုက်လွယ်မှုများကို ဖြေရှင်းရန် ထောက်လှမ်းရေးဌာနနှင့် လွန်ခဲ့သောနှစ်က တိုင်ပင်ဆွေးနွေးကြောင်း ပြောပြီး မြောက်ကိုရီးယားက ရွေးကောက်ပွဲစနစ်ကို ခိုးဝင်သည့် လက္ခဏာ မရှိကြောင်း ပြောသည်။

ယွန်းသည် ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယား ဒီမိုကရက်တစ် သမိုင်းတွင် မဲအနည်းဆုံး အသာရကာ သမ္မတဖြစ်လာသည်။

ယွန်းက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်သားများသည် ရွေးကောက်ပွဲကော်မရှင် ကွန်ပျူတာဆာဗာ အခန်းသို့ ဝင်ရောက်ကြောင်း အရာရှိများပြောပြီး စီစီတီဗွီ ရိုက်ကူးမှုများက ပြသနေသော်လည်း မည်သည့် ကိရိယာကို ယူဆောင်သွားသည် မသွားသည်ကို မသိရပေ။

ဧပြီလ ရွေးကောက်ပွဲတွင် ယွန်း၏ PPP ပါတီ မရှုမလှရှုံးနိမ့်ပြီး ဒီမိုကရက်တစ်ပါတီအနေဖြင့် တခုတည်းသော ပါလီမန်တွင် အများစုရစေသည်။

သို့သော် အတိုက်အခံများသည် သမ္မတကို စွဲချက်တင်ရန် PPP ကိုယ်စားလှယ် ၈ ဦး ပူးပေါင်းမှု လိုအပ်နေသည်။

ကာကွယ်ရေးဝန်ကြီး သေကြောင်းကြံ၊ ရဲက သမ္မတရုံးကို ဝင်ရှာ
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ပါလီမန်ရှေ့ စုရုန်းခဲ့ကြသည့် အတိုက်အခံ ဒီမိုကရက်အမတ်များ/AFP

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို၏ ရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း သေကြောင်းကြံစည်သည့် သတင်းများကလည်း သူ၏ တိုတောင်းသော စစ်အုပ်ချုပ်ရေးကြေညာမှု နောက်ဆက်တွဲများ ဖြစ်သည်။

လွန်ခဲ့သောအပတ်က တနိုင်ငံလုံးတွင် ကြီးမားသော နိုင်ငံရေးဂယက်ရိုက်စေသည့် ခြောက်နာရီကြာ စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် သမ္မတရုံးကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ဝင်ရောက်ရှာဖွေသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

ရဲတပ်ဖွဲ့က အထောက်အထားရှာရန် သမ္မတရုံးသို့ ရောက်လာချိန်တွင် သမ္မတသည် ရုံးတွင် မရှိပေ။ စနေနေ့က တနိုင်ငံလုံးသို့ ရုပ်သံမှပြောသည့် မိန့်ခွန်းမှတဆင့် သူ၏လုပ်ရပ်အတွက် လူသိရှင်ကြား တောင်းပန်ပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်။

ထိုသို့ ဝင်ရောက်ရှာဖွေခြင်းကို ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့နှင့် အမျိုးသားလွှတ်တော် ရဲအစောင့်တပ်က ပြုလုပ်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယွန်ဟပ်သတင်းဌာနသို့ ပြောသည်။

လိုအပ်သောအချက်များ ပြည့်မီပါက ယွန်းကို ဖမ်းဆီးရန် ကြိုးစားမည်ဖြစ်ကြောင်း ထိုသို့ ဝင်ရောက်ရှာဖွေစဉ် တောင်ကိုရီးယား အဆင့်မြင့်အရာရှိများ အဂတိလိုက်စားမှု စုံစမ်းရေးရုံး (COHO) အကြီးအကဲက ပြောသည်။ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက သမ္မတ ယွန်း နိုင်ငံမှ မထွက်ခွာရန် တားမြစ်ထားသည်။

ယွန်းကို ပါလီမန်က စုံစမ်းစစ်ဆေးရန် သူ၏ အာဏာကို အသုံးပြုမည်ဟု တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဝိုးဝွန်ရှစ်က ဗုဒ္ဓဟူးနေ့တွင်ပြောပြီး ထိုစုံစမ်းစစ်ဆေးမှုအတွက် အထူးကော်မတီ ချက်ချင်းဖွဲ့ရန် တောင်းဆိုသည်။

ယွန်းကို စုံစမ်းစစ်ဆေးရန် အထူးတရားသူကြီး ခန့်အပ်ရေးအတွက် ဥပဒေကြမ်းတခုကို ပါလီမန်ကိုယ်စားလှယ်များက အတည်ပြုပြီး သူ့ကို အခြားအရာရှိ ခုနစ်ဦးနှင့်အတူ အမြန်ဖမ်းရန် ဆုံးဖြတ်သည်ဟု ယွန်ဟပ်သတင်းဌာက အင်္ဂါနေ့တွင် ဖော်ပြသည်။

ယွန်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ် ယောင်ဟွန် လွန်ခဲ့သောအပတ်က နုတ်ထွက်ပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာရာတွင် သူ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန်အတွက် သူ့ကို ပုန်ကန်မှုစွဲချက်ဖြင့် ဖမ်းဆီးထားပြီးဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဟောင်းသည် ဆိုးလ်အရှေ့ပိုင်း အချုပ်ခန်းတွင် ဗုဒ္ဓဟူးနေ့က သေကြောင်းကြံစည်သည်ဟု ယွန်ဟပ်က ဖော်ပြသည်။

ကင်မ်ကို ထိုအချိန်မှစတင်ပြီး အကာအကွယ်ပေးထားသည့် အချုပ်ခန်းသို့ ပြောင်းထားကာ ကျန်းမာရေးတည်ငြိမ်သည်ဟု ထောင်အကြီးအကဲက ပါလီမန်ကြားနာမှုအတွင်း ပြောသည်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မဲများရေတွက်ပြီးစီးချိန်/AFP

နိုင်ငံကို တုန်လှုပ်စေသည့် စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် ယွန်းကို ရာထူးမှ ဖယ်ရှားရန် ဆန္ဒပြသူ ထောင်ပေါင်းများစွာ ထောက်ခံသည့် ပါလီမန်ကိုယ်စားလှယ်များက တောင်းဆိုမှုများအကြား ထိုဖြစ်ရပ်များ ဖြစ်ပွားလာခြင်းဖြစ်သည်။

သမ္မတသည် ရာထူးဆက်လက်ရှိနေပြီး တောင်ကိုရီးယား၏ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဒုတိယအကြိမ် စွဲချက်တင်ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် တင်သွင်းသည်ဟု သတင်းဖော်ပြသည်။

ပထမအကြိမ် စွဲချက်တင်ရန် မဲခွဲစဉ် ယွန်း၏ပါတီမှ ကိုယ်စားလှယ်များ ပါလီမန်မှ ထွက်ခွာသွားပြီး ပါတီခေါင်းဆောင်က သမ္မတနုတ်ထွက်မည်ဟု ပြောသည်။

ယွန်းက နိုင်ငံမှအတိုက်အခံထိန်းချုပ် ပါလီမန်သည် သူ့အစိုးရကို မလှုပ်ရှားနိုင်အောင် လုပ်နေပြီး ဖွဲ့စည်းပုံအခြေခဥပဒေစနစ်ကို ခြိမ်းခြောက်ကာ မြောက်ကိုရီးယား လိုလားသည်ဟု စွပ်စွဲပြီး စစ်အုပ်ချုပ်ရေးကို ရုပ်သံမှကြေညာသည်။

ထိုသို့လုပ်ရာတွင် စစ်တပ်ကို အသုံးပြုပြီး ဆန္ဒပြပွဲ၊ သပိတ်နှင့် အမျိုးသားလွှတ်တော် လုပ်ငန်းများကို တားမြစ်ခြင်း အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို ပိတ်ပင်သည်ဟု ကြေညာသည်။

အာခံသော ပါလီမန်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်သို့ သွားရောက်ပြီး ထိုအမိန့်ကို တညီတညွတ်တည်း ကန့်ကွက်သောအခါမှသာ ယွန်း နောက်ကြောင်းပြန်လှည့်ပြီး မြို့တော်တွင် ခြောက်နာရီကြာ ဖရိုဖရဲဖြစ်မှု အဆုံးသတ်သွားသည်။

ကိုးကား။          ။ Reuters နှင့် CNBC

You may also like these stories:

၆ နာရီကြာ စစ်အုပ်ချုပ်ရေး၊ သမ္မတ နုတ်ထွက်ရေးနဲ့ တောင်ကိုရီးယား နိုင်ငံရေးဒရာမာ

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

ကိုရီးယားနိုင်ငံရေး အားပြိုင်မှုတွေကြား မြန်မာတွေ သတိထားနေထိုင်ဖို့ လိုတယ်

မြန်မာ့နွေဦး တော်လှန်ရေး အကြောင်း သင်ကြားဖို့ တောင်ကိုရီးယားတွင် တိုက်တွန်းမှုများ ရှိ

ဒီမိုကရေစီလမ်း ပြန်လျှောက်ရန် တောင်းဆိုပြီး NUG ကို ထောက်ခံကြောင်း တောင်ကိုရီးယား ပြော

]]>
မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့ https://burma.irrawaddy.com/news/2024/02/22/379961.html Thu, 22 Feb 2024 05:01:34 +0000 https://burma.irrawaddy.com/?p=379961 နျူကလီးယားပစ္စည်းများကို မှောင်ခိုကူးရန်ကြံစည်မှုဖြင့် ဂျပန်မာဖီးယားအဖွဲ့ဝင်ဟု စွပ်စွဲခံရသူတဦးကို အမေရိကန် အစိုးရရှေ့နေများ စွဲချက်တင်လိုက်သည်။ ]]>

နျူကလီးယားပစ္စည်းများကို မှောင်ခိုကူးရန်ကြံစည်မှုဖြင့် ဂျပန်မာဖီးယားအဖွဲ့ဝင်ဟု စွပ်စွဲခံရသူတဦးကို အမေရိကန် အစိုးရရှေ့နေများ စွဲချက်တင်လိုက်သည်။

အသက် ၆၀ ရှိပြီဖြစ်သော တာကီရှီ အဘီဆာဝါသည် အီရန်သို့ လွှဲပြောင်းပေးမည်ဟု သူယူဆသည့် ယူရေနီယံနှင့် ပလူတိုနီယံများကို ရောင်းချရန် ကြိုးစားခဲ့သည်ဟု ထိုစွဲချက်ကဖေါ်ပြသည်။

အဘီဆာဝါနှင့် ထိုင်းတရားခံတဦးသည် လက်နက်နှင့် မူးယစ်ဆေးဝါးစွဲချက်များဖြင့် ၂၀၂၂ ခုနှစ် ဧပြီလက အရေးယူခံရသည်။

နောက်ဆုံးစွဲချက်ဖြင့် စီရင်ခံရပါက သူ တသက်တကျွန်းကျနိုင်သည်။

ဘရွတ်ကလင်းထောင်တွင် ဖမ်းဆီးထားသည့် အဘီဆာဝါသည် ယာကူဆာဟုခေါ်သည့် ဂျပန်ရာဇဝတ်ဂိုဏ်းမှ ခေါင်းဆောင်တဦးဖြစ်ပြီး သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် အမေရိကန် ပြည်ထောင်စုတွင် လှုပ်ရှားသည်။

အဘီဆာဝါနှင့် အပေါင်းပါများသည် ထိုင်းနိုင်ငံတွင် နျူကလီးယားပစ္စည်းနမူနာများကို အမေရိကန် မူးယစ်ဆေး တိုက်ဖျက်ရေးဌာန (DEA) ထောက်လှမ်းရေး တဦးသို့ ပြသခဲ့သည်ဟုဆိုသည်။

ထိုထောက်လှမ်းရေးသည် အီရန်ဗိုလ်ချုပ်တဦးနှင့် ဆက်စပ်သည့် မူးယစ်ဆေးနှင့်လက်နက်မှောင်ခိုသမား ဟန်ဆောင်ထောက်လှမ်းရေး ဖြစ်သည်။

မြန်မာမှ လာသော ထိုနျူကလီးယားပစ္စည်း နမူနာများကို ထိုင်း အာဏာပိုင်များကဖမ်းဆီးခဲပြီး အမေရိကန် စုံစမ်း စစ်ဆေးသူများသို့ လွှဲပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုမှ ဓာတ်ခွဲခန်းတခုကလည်း ထိုပစ္စည်းများတွင် ယူရေနီယမ်နှင့် လက်နက်အဆင့် ပလူတိုနီယမ်များပါဝင်ကြောင်း အတည်ပြုခဲ့သည်။

အဘီဆာဝါသည် စစ်လက်နက်အများအပြားကို မြန်မာမှ အတိအကျ ဖေါ်ပြမထားသည့် ပုန်ကန်သူများအတွက် ရယူရန် ကြိုးစားခဲ့ကြောင်းလည်း အစိုးရရှေ့နေများ စွပ်စွဲသည်။

ထိုလက်နက်များတွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ တိုက်ခိုက်ရေးနှင့် လက်ဖြောင့်ရိုင်ဖယ်များ၊ စက်သေနတ်များ၊ စွမ်းရည်အမျိုးမျိုးရှိသည့် ဒုံးကျည်များနှင့် နည်းဗျူဟာသုံးကိရိယာ အမျိုးမျိုးပါဝင်သည်။

“အောင်မြင်သွားရင်း အကျိုးဆက်ကို ခန့်မှန်းရတာ ကျောတောင်ချမ်းတယ်။ ဒီပစ္စည်းတွေကို မှောင်ခိုကူးပြီး အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာတည်ငြိမ်မှုကို ခြိမ်းခြောက်သူတွေကို တရားရေးဌာနက အရေးယူမယ်” ဟု လက်ထောက်ရှေ့နေချုပ် မက်သရူး ဂျီ အိုလ်ဒန်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင်ပြောသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် အဘီဆာဝါသည် DEA ထောက်လှမ်းရေးတဦးကို နျူကလီးယား ပစ္စည်းများ ရောင်းချရန် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ အမေရိကန် အစိုးရရှေ့နေများ၏ အဆိုအရ သူသည် စကားဝှက် ဆက်သွယ်ရေးနည်းလမ်းဖြင့် ယူရေနီယမ်သည် “ကျန်းမာရေးအတွက် မကောင်း”ဟု ဆိုသည်။

ထိုနှစ် စက်တင်ဘာလတွင် အဘီဆာဝါသည် လှို့ဝှက်ထားသော DEA ထောက်လှမ်းရေးကို သတ္တုတူးဖေါ်ရေး ကုမ္ပဏီတခုအမည်ပါသည့် စာတစောင်ပေးပို့ခဲ့သည်။ သူက ယူရေနီယမ်နှင့် သော်ရီယမ် တန် ၅၀ ကို ဒေါ်လာ ၆.၈၅ သန်းဖြင့်ရောင်းမည်ဟု ကမ်းလှမ်းသည်။

သူသည် မဲနက်ပြီး ကျောက်သားဆန်သော အရာများကို ရေဒီယိုသတ္တိကြွမှုတိုင်းတာသည့် ကိရိယာနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ပေးပိုခဲ့သည်ဟု အစိုးရရှေ့နေများပြောသည်။

အဘီဆာဝါသည် နျူကလီးယား ပစ္စည်းများကို နိုင်ငံတကာမှောင်ခိုကူးမှု၊ မူးယစ်ဆေးတင်သွင်းရန် ကြံစည်မှု၊ လေယာဉ်ပစ်လက်နက်များကို ရယူ လွှဲပြောင်း ပိုင်ဆိုင်ရန် ကြံစည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင် ခံထားရသည်။

ထိုအမှုတွင် သူနှင့် ပူးပေါင်းကြံစည်သူ အသက် ၆၁ နှစ်အရွယ်ထိုင်းနိုင်ငံသာ ဆွမ်ဖေါ့ ဆင်ဂါဆီရီသည် မူးယစ်ဆေးနှင့် လက်နက်မှုများဖြင့် စွဲချက်တင်ခံရသည်။

ပြစ်မှုထင်ရှားစီရင်ခံရပါက နှစ်ဦးလုံးထောင်တသက်ကျနိုင်သည်။

၎င်းတို့နှစ်ဦးကို နယူးယောက်ဖက်ဒရယ်တရားရုံးတခုတွင် ကြာသပတေးနေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။

ကိုးကား။ ။ BBC နှင့် အေဂျင်စီသတင်းများ

You may also like these stories:

CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

လူသိနည်းသော ကမ္ဘာ့အကြီးမားဆုံး မူးယစ်ရာဇာများ

ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု

ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု

]]>
သရုပ်ဆောင် ရဲတိုက်ကို ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင် https://burma.irrawaddy.com/news/2021/12/23/248353.html Thu, 23 Dec 2021 12:19:38 +0000 https://burma.irrawaddy.com/lytbox/?p=248353 ၂၀၁၅ခုနှစ်က အင်းစိန်ထောင်တွင်း အလှူတခု၏ တရားပွဲတွင် တွေ့ရသည့် သရုပ်ဆောင်ရဲတိုက်  / ဦးခင်မောင်မြင့်၅၀၅-က စွပ်စွဲချက်တွေနဲ့ အရေးယူခံရလောက်အောင် ပြစ်မှုကျူးလွန်ခဲ့တာ မဟုတ်ဘူးဆိုတာ ချေပခဲ့ပြီး ဖြစ်ပါတယ်။ အလားတူပဲ ရဲတိုက်နဲ့ သူ့ရဲ့ သက်သေတွေကို စစ်ဆေးတဲ့အခါမှာ ဒါကို အဓိကထား တင်ပြသွားမှာ ဖြစ်ပါတယ်။ ၅၀၅-က ဆိုတဲ့ ဒီရာဇသတ်ကြီး ပုဒ်မရဲ့ စွပ်စွဲချက်က ကိုယ်တိုင် ဒီပြစ်မှုကို ကျူးလွန်မှသာလျှင် ပြစ်မှုထင်ရှားနိုင်တာ ဖြစ်ပါတယ်]]> ၂၀၁၅ခုနှစ်က အင်းစိန်ထောင်တွင်း အလှူတခု၏ တရားပွဲတွင် တွေ့ရသည့် သရုပ်ဆောင်ရဲတိုက်  / ဦးခင်မောင်မြင့်

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင် ရဲတိုက်ကို တရားရှင် လွှတ်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ဒီဇင်ဘာ ၂၂ ရက် ရုံးချိန်မှာ စစ်ကောင်စီ၏ တရားရုံးက စွဲချက်တင် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ရဲတိုက်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ စွဲချက်မတင်ဘဲနဲ့ တရားရှင်လွှတ်ဖို့ အမိန့်ချမှတ်ပေးဖို့ ကျနော်တို့ လျှောက်လွှဲချက် တင်ခဲ့ပါတယ်။ တရားရုံးကတော့ သူ့အပေါ်မှာ စွဲဆိုထားတဲ့ ၅၀၅-က နဲ့ ဖြေရှင်းဖို့ တာဝန်ရှိတယ်ဆိုပြီး စွဲချက်အမိန့် ချလိုက်တာ ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

နောက်တပတ် ရုံးချိန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့ ထပ်မံချိန်းဆိုထားပြီး အဲဒီနေ့မှာ ရဲတိုက်ကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ပြီးခဲ့တဲ့တပတ်ရုံးချိန်း အထူးတရားရုံးမှာ ရုံးထုတ်စဉ် တရားခွင်တွင်း သတိလစ် မေ့မြောသွားခဲ့ တာကြောင့် အင်းစိန်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ကုသခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင်းက ဆေးရုံမှာလည်း ဆေး ကုသမှု ဆက်လက် ခံယူခဲ့ရတယ်လို့ သိရပါတယ်။

ရဲတိုက်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးခင်မောင်မြင့်က “ဒီနေ့ (ဒီဇင်ဘာ ၂၂ ရက်) တွေ့ ရတော့ လက်ရှိ အင်းစိန်အကျဉ်းထောင် ဆေးရုံမှာပဲ တင်ပို့ကုသထားတဲ့အတွက် ကျန်းမာရေး အခြေအနေက ကောင်း တယ်။ သို့သော် သာမန် လုံးဝကောင်းတဲ့ အနေအထားတော့ မဟုတ်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတော့ ဆက်ပြီးပေးရ ဦးမယ့် အနေအထား ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ရဲတိုက် ရင်ဆိုင်နေရတဲ့ အမှုဟာ စွဲချက်အမိန့် ချလိုက်ပြီဖြစ်တဲ့အတွက် တရားရှင်လွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘဲ ဥပဒေ ပုဒ်မ ၅၀၅-က ဟာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ (သို့) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

“၅၀၅-က စွပ်စွဲချက်တွေနဲ့ အရေးယူခံရလောက်အောင် ပြစ်မှုကျူးလွန်ခဲ့တာ မဟုတ်ဘူးဆိုတာ ချေပခဲ့ပြီး ဖြစ်ပါတယ်။ အလားတူပဲ ရဲတိုက်နဲ့ သူ့ရဲ့ သက်သေတွေကို စစ်ဆေးတဲ့အခါမှာ ဒါကို အဓိကထား တင်ပြသွားမှာ ဖြစ်ပါတယ်။ ၅၀၅-က ဆိုတဲ့ ဒီရာဇသတ်ကြီး ပုဒ်မရဲ့ စွပ်စွဲချက်က ကိုယ်တိုင် ဒီပြစ်မှုကို ကျူးလွန်မှသာလျှင် ပြစ်မှုထင်ရှားနိုင်တာ ဖြစ်ပါတယ်” လို့ ရဲတိုက်ရဲ့ ရှေ့နေအဖွဲ့က သုံးသပ်ပြောဆိုပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းမှာ ဥပဒေပုဒ်မ ၅၀၅-က၊ မရမ်းကုန်းမြို့မ ရဲစခန်းမှာ မူးယစ်ပုဒ်မ ၁၆ (ဂ) တို့နဲ့ တရားစွဲဆိုထားပြီး အဆိုပါ အမှုများအတွက် အင်းစိန်ထောင်တွင်းမှာ ဖွင့်လှစ်ထားတဲ့ လသာမြို့နယ် အထူးတရားရုံးနဲ့ မရမ်း ကုန်းမြို့နယ် အထူးတရားရုံးတို့မှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ရဲတိုက်အနေနဲ့ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာ သူကိုယ်တိုင် ဦးစီးဦးဆောင် လုပ် ခဲ့တာ မရှိသလို CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မှာလည်း သူ မလုပ်ခဲ့ဘူး။ CDM မှာလည်း ကူညီဆောင်ရွက်ခဲ့တာ မရှိဘူး။ ဒါသည် ၅၀၅-က နဲ့ အပြစ်ပေး အရေးယူလောက်အောင် အရေးကြီးတဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးဆိုတာ သက်သေပြမှာ ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ ပြီးနောက် အင်းစိန်ထောင်တွင်း အချုပ်နဲ့ အမှုရင်ဆိုင်နေရတာ အခုဆိုရင် ၈ လကျော် ကြာမြင့်ပြီ ဖြစ်ပါတယ်။

You may also like these stories:

တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်

]]>
ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးကို အဂတိမှုဖြင့် စွဲချက်တင် https://burma.irrawaddy.com/news/2021/12/01/247810.html Wed, 01 Dec 2021 11:03:56 +0000 https://burma.irrawaddy.com/lytbox/?p=247810 ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု / Nyi Puရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးအား စစ်ကောင်စီက စွဲဆိုထားသည့် အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့ စွဲချက်တင် အမိန့်ချခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။ ]]> ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု / Nyi Pu

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးအား စစ်ကောင်စီက စွဲဆိုထားသည့် အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့ စွဲချက်တင် အမိန့်ချခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား စစ်တွေအကျဉ်းထောင် ပရိဝုဏ်ထဲတွင် တရားရုံး ဖွင့်လှစ်ကာ အမှုစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်တွင် နှစ်ဖက်ရှေ့နေများက စွဲချက် တင်သင့်၊ မတင်သင့် အပြန်အလှန် လျောက်လဲချက်ပေးပြီနောက် တရားရုံး က ထိုသို့ စွဲချက်တင် အမိန့်ကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း လျှစ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော် ဇံ အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ အမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်တွေ ပေးပါတယ်။ တရားရုံးကတော့ ဒီနေ့မှာပဲ စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ စွဲချက်တင်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စွဲချက်တင် အမိန့်နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်မှ ရှေ့နေများက ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေး လိုကြောင်း ရုံးတော်ကို တင်ပြခဲ့ရာ တရားရုံးက လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲခံရသော ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ၅ ဦး၏ အမှုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က တရားလို ပြုလုပ်ကာ တရားလိုပြသက်သေ ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ် ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/ မွေးမြူရေးနှင့် သတ္တု တွင်းဝန်ကြီး ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့ ဖြစ်သည်။

၎င်းတို့ အနေဖြင့် တာဝန်ယူခဲ့စဉ်က ဂွမြို့ နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ ဆက်စပ် ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီအား ငွေကြေး ပေးဆောင်ခြင်း စသည်တို့ကြောင့် အဂတိမှုဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆက်စပ် ကုမ္ပဏီတခုအား အချက်အလက်များကို မစိစစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် အဆောက်အအုံ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အအုံ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန် အကန် လုပ်ငန်းမလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း စစ်ကောင်စီ က စွပ်စွဲထားသည်။

အဆိုပါ ဝန်ကြီးများ အစိုးရတာဝန် ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက် စာရင်းဖွင့် လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေ ကျပ် ၈၆၅ သန်းကိုလည်း ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့် မညီဘဲ သုံးစွဲခဲ့ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီး များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဂတိအမှု အပါအဝင် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရနိုင်သည့် ပုဒ်မများစွာဖြင့် တရားစွဲဆို ထားသည်။

You may also like these stories:

ဒေါက်တာ ဇော်မြင့်မောင် ဖျားနာနေသဖြင့် မိသားစု စိုးရိမ်

NLD နာယက ဦးဝင်းထိန် ထောင်နှစ် ၂၀ ချခံရ

နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော

]]>
ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင် https://burma.irrawaddy.com/news/2021/07/09/243995.html Fri, 09 Jul 2021 09:07:48 +0000 https://burma.irrawaddy.com/lytbox/?p=243995 ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲခံထားရသည့် ဦးညီပု အမှုအား ရုံးထုတ်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်သာ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး တရားခွင်သို့ လူကိုယ်တိုင် လာရောက်ခြင်းကို တကြိမ်တခါမှ မတွေ့ရသေးပေ။ ]]> ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံး က ယနေ့ (ဇူလိုင် ၉ ၇က်) ရုံးချိန်းတွင် စွဲချက်တင် အမိန့်ချမှတ်လိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ဦးညီပုကို တရားရုံးက စွဲချက်တင်ပြီးတာနဲ့ အပြစ်ရှိလား၊ မရှိဘူးလား မေးတယ်။ သူကတော့ အပြစ်မရှိဘူးလို့ ဖြေတယ်။ သူ့ကို စစ်တွေ တပ်နယ်ထဲမှာ ချုပ်ထားတာ။ သူ့ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်။ တခြားတင်ပြတာတော့ မရှိဘူး။ အားလုံး အဆင်ပြေတယ်လို့ ပြောတယ်” ဟု ဧရာဝတီကို ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။
ဦးညီပုအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက်ရှေ့နေများက ပြီးခဲ့သည့် ဇွန် ၂၅ ရက် ရုံးချိန်တွင် အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ပြီးနောက် ယနေ့ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အမှုတွင် စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း က တရားလို ပြုလုပ်ကာ အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီး ဖြစ်ကြောင်း သိရ သည်။

ထိုသို့ တရားလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ရာတွင် အမှုအကြောင်းအရာ တချို့အား စစ်ဆေးမေးမြန်းရန် ကျန်နေခဲ့သည့်အတွက် တရားလို အပါအဝင် တရားလိုပြသက်သေ ၃ ဦးကို ပြန်ခေါ်သက်သေအဖြစ် ခေါ်ယူပြီး ပြန်လည် စစ်ဆေးခွင့်ပြုရန် တရားရုံးကို လျှောက်ထားခဲ့ကြောင်း ဦးညီပု၏ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ကျနော်တို့ ဘက်ကတော့ တရားလိုနဲ့ တရားလိုပြသက်သေ ၂ ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ လျှောက်ထားခဲ့ တယ်။ လိုပြသက်သေတွေကို စစ်ဆေးတဲ့ အချိန်တုန်းက ကျနော်တို့ တရားခံဘက်အနေနဲ့ လုံလောက်စွာ စစ်ဆေးနိုင်ခြင်း မရှိဘူး။ အဲဒီအတွက် ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ လျှောက်ထားခဲ့တာပါ။ ဥပဒေမှာလည်း ပြန်ခေါ်သက်သေ ခေါ်ယူ စစ်ဆေးခွင့်ကို ခွင့်ပြုထားတာ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လာမည့် ရုံးချိန်းကို ဇူလိုင် ၂၂ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲခံထားရသည့် ဦးညီပုအမှုအား ရုံး ထုတ်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်သာ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး တရားခွင်သို့ လူကိုယ်တိုင် လာရောက်ခြင်းကို တကြိမ်တခါမှ မတွေ့ရသေးပေ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)၏ ဖေဖော်ဝါရီ ၁၃ ရက်စွဲ ဖြင့် စစ်ကောင်စီ၏ အမိန့်၊ ညွန်ကြားချက်သည် တရားဝင်မှု မရှိကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဦးညီပုအား န်ိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အဆိုပါ ဖြစ်စဉ်၊ ပုဒ်မဖြင့်ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များကို ဖမ်းဆီးတရားစွဲဆိုထားသည်။

You may also like these stories:

ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ

တပ် CDM များအရေး သွေးအေးမနေသင့်ပြီ

မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

]]>
နေအိမ်များနှင့် ငွေအားလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းခဲ့ https://burma.irrawaddy.com/news/2021/06/15/242964.html Tue, 15 Jun 2021 14:04:16 +0000 https://burma.irrawaddy.com/lytbox/?p=242964 အော်ဂဲနစ်စိုက်ခင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ် / ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် လွန်ခဲ့သောအပတ်က စွဲချက်တင်ပြီး အာဏာအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခဲ့သည်။]]> အော်ဂဲနစ်စိုက်ခင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ် / ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

စစ်ကောင်စီက ဖမ်းဆီးထားပြီး အဂတိလိုက်စားမှုဖြင့် အမှုထပ် စွဲဆိုခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်သည် သူပိုင် ငွေအများအပြားကို သူ့မိခင်အမည်ဖြင့် ထူထောင်ထားသော ဖေါင်ဒေးရှင်းအား လှူဒါန်းခဲ့ပြီး မည်သည့် သူပိုင်ဆိုင်သည့် နေရာ သို့မဟုတ် ဘဏ္ဍာရေး ပိုင်ဆိုင်မှုမျှ မရှိတော့သောကြောင့် ထိုဖေါင်ဒေးရှင်းကို အသုံးပြုပြီး အဂတိလိုက်စားသည်ဆိုသည့် စစ်ကောင်စီ၏ စွပ်စွဲချက်များကို နားမလည်န်ိုင်ကြောင်း ထိုဖေါင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာတဦးက ပြောဆိုသည်။

“ သူ့မှာ သူပိုင်တဲ့ ငွေမရှိတော့ဘူး။ အိမ်လို့ခေါ်စရာနေရာလည်း မရှိတော့ဘူး။ ဒါတွေအားလုံးကို ဒီဖေါင်ဒေးရှင်းနဲ့တခြားအဖွဲ့တွေကို လှူလိုက်ပြီးပြီ။ ဒီလို လူတယောက်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲတာကို နားမလည်တော့ဘူး” ဟု ဦးမိုးဇော်ဦးပြောသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် လွန်ခဲ့သောအပတ်က စွဲချက်တင်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းအတွက် ရန်ကုန်နှင့်နေပြည်တော်တွင် မြေများရရှိရန်နှင့် ရန်ပုံငွေများရရှိရန် အာဏာအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ထိုသို့ စွပ်စွဲသောမြေများတွင် ရန်ကုန်ရှိ ထိုဖေါင်ဒေးရှင်း ဌာနချုပ်ရှိရာနေရာနှင့် ထိုဖေါင်ဒေးရှင်းက စီမံသည့် နေပြည်တော်မှ အသက်မွေးကြောင်းပညာသင်ကျောင်းနေရာများ ပါဝင်သည်။ ထိုမြေကို အသုံးပြုမှုကြောင့် နိုင်ငံတော်သည် ကျပ် ၂၄.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄.၇ သန်း) နစ်နာသည်ဟု စစ်ကောင်စီက ဆိုသည်။ ထိုသို့သော စွပ်စွဲချက်များသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက န်ိုင်ငံတော် အတိုင်ပင်ခံကို စွပ်စွဲသည့် အမှု ၇ ခုအနက် တခုဖြစ်သည်။

ထိုဖေါင်ဒေးရှင်းကို မြန်မာပြည်သူများ အထူးသဖြင့် တိုင်းပြည်တွင် တိုးတက်မှုအနည်းဆုံးဒေသမှ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရေးတို့အတွက် ၂၀၁၂ ခုနှစ်ကတည်ထောင်ခဲ့သည်။ အာဏာသိမ်းပြီးနောက် ထိုဖေါင်ဒေးရှင်းက ယာယီပိတ်ထားကြောင်း ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲသည့် အဂတိလိုက်စားမှု စွပ်စွဲချက်များသည် မလျှော်ကန်သော လုပ်ရပ်များဖြစ်ကြောင်းပြောပြီး ဦးမိုးဇော်ဦးက ပယ်ချလိုက်ကာ ထိုဖေါင်ဒေးရှင်းသည် စီးပွားရေးလုပ်ငန်း မဟုတ်ဘဲ ပြည်သူများ၏ကောင်းကျိုးကို ဆောင်ရွက်သော လူမှုလုပ်ငန်းဖြစ်ကြောင်း ပြောသည်။ ဖေါင်ဒေးရှင်း၏ လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းသည် ပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်စေကြောင်းလည်း သူပြောသည်။

အာဏာသိမ်းသည့်အချိန်မတိုင်မီအထိ ထိုဖေါင်ဒေးရှင်းက အများပြည်သူထံမှ အလှူငွေလက်ခံသည့် ကိစ္စများအနက်တခုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေဖြစ်သည်။ စစ်အာဏာသိမ်းမှုမတ်ိုင်မီ ၂ ရက်အလို ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ထိုဖေါင်ဒေးရှင်းသည် ကျပ် ၂ ဒဿမ ၅ ဘီလျံ (ဒေါ်လာ ၁ ဒဿမ ၇၇ သန်း) ကို ကာကွယ်ဆေးအတွက် အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် စွပ်စွဲသည့်အချိန်သည် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ခေါင်းထောင်ထ လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြည်သူလူထုက အယုံအကြည်ကင်းမဲ့သောကြောင့် ထိုရောဂါကို တိုက်ဖျက်ရန် အလှူငွေများအကြောင်း မကြားရတော့ပေ။

“စစ်ကောင်စီပြောသလို ဒီဖေါင်ဒေးရှင်းက နိုင်ငံအတွက် ထိခိုက်စေတယ်ဆိုရင် ဒီဖေါင်ဒေးရှင်း ပိတ်လိုက်လို့ ပြည်သူတွေခံစားရတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာကို ကျနော်က မေးရမှာပဲ” ဟု ယခုအခါ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရတွင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူထားသော ဦးမိုးဇော်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ စိုက်ပျိုးရေး အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းအတွင်း သူ့အတွက် နေအိမ်တလုံးတည်ဆောက်ရန် အများပြည်သူလှူဒါန်းငွေ ကျပ် ၁ ဒဿမ ၆ ဘီလျံကို အသုံးပြုသည်ဟုလည်း စစ်ကောင်စီက စွပ်စွဲသောကြောင့် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း၏ ရည်ရွယ်ချက်များနှင့်လည်း ကိုက်ညီခြင်းမရှိပေ။

ဒေ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ အင်းလျားကန်စောင်းရှိ နေအိမ်နှင့် မန္တလေးတိုင်း ပုပ္ပါးတောင်ခြေရှိ နေအိမ်များကို ဖေါင်ဒေးရှင်းအတွက် လှူဒါန်းလိုက်သောကြောင့် ထိုအိမ်ကို ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ နေထိုင်ရန် ရည်ရွယ်တည်ဆောက်ကြောင်း ဦးမိုးဇော်ဦးက ပြောသည်။ ဖေါင်ဒေးရှင်း ဌာနချုပ်ကို ရန်ကုန်ရှိနေအိမ်နှင့် ကပ်လျှက် ဖွင့်လှစ်လိုက်ပြီး ၂၀၂၀ ခုနှစ်တွင် ထိုအိမ်ကို ဖေါင်ဒေးရှင်းအတွက် လှူဒါန်းခြင်းဖြစ်သည်။ သို့သော် မြေကို ဖေါင်ဒေးရှင်းသို့ တရားဝင်လွှဲပြောင်းပေးရန် စာရွက်စာတမ်းကိစ္စများ မပြီးပြတ်သေးကြောင်း သူပြောသည်။

“သူ အငြိမ်းစားယူတဲ့အခါ နေစရာနေရာ မရှိသလောက်ကို ဖြစ်နေပြီ” ဟုလည်း သူပြောသည်။ အာဏာသိမ်းသည့်အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ နိုင်ငံပိုင်အိမ်တွင် နေထိုင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဟင်းသီးဟင်းရွက်နှင့် ပန်းများ စိုက်ပျိုးသည်ကို ဝါသနာပါသောကြောင့် နေပြည်တော်ရှိ သင်တန်းကျောင်းဝင်းအတွင်း ဖေါင်ဒေးရှင်းက ထိုအိမ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အငြိမ်းစားယူသောအခါ နေထိုင်ခွင့်ပေးရန် ဆုံးဖြတ်ထားသည်။

ထို့အပြင် ဖေါင်ဒေးရှင်းသည် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီးနောက် ထိုအဆောက်အအုံကို ပြတိုက်အဖြစ် လုပ်ရန်လည်း ရည်ရွယ်ကြောင်း သူပြောသည်။

“ဒီအိမ်ကို အနာဂတ်ရည်မှန်းချက်နဲ့ကိုက်ညီအောင် တည်ဆောက်ထားတာ။ ဒါကြောင့် ဒီအိမ်သစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အိမ်က စာအုပ်တွေအတွက် စာကြည့်တိုက်တခု ပါတယ်။ သူစုဆောင်းထားတဲ့ ပန်းချီကားတွေအတွက် ပန်းချီပြခန်းတခုပါတယ်” ဟုလည်း သူပြောသည်။

အများပြည်သူရန်ပုံငွေများကို ဒေါ်အောင်ဆန်းစုကြည် အလွဲသုံးသည်ဆိုသည့် စွပ်စွဲချက်များကို သူငြင်းဆန်ပြီး ထိုလှူဒါန်းငွေများမှာ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် ပြည်သူများ၏ လေးစားမှုကိုသာ ထင်ဟတ်ကြောင်း သူပြောသည်။ ဖေါင်ဒေးရှင်းသို့ လှူဒါန်းမှုများအပြင် ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂလိက သုံးစွဲရန် ငွေကြေးနှင့် လက်ဝတ်ရတနာလှူဒါန်းမှု အချို့လည်း ရှိကြောင်း သူပြောသည်။

သို့သော် ထိုသို့သော လှူဒါန်းမှုများအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ဖေါင်ဒေးရှင်းသို့သာ လွှဲပြောင်းပေးခဲ့ကြောင်း သူပြောပြီး “တကယ်တော့ ဒါတွေက သူ့ရဲ့ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေပါ” ဟု ရှင်းပြသည်။

နေပြည်တော်တွင် မြေဝယ်ယူခြင်း သို့မဟုတ် ရန်ကုန်တွင် ဖေါင်ဒေးရှင်းအတွက် နေရာငှားခြင်းတို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖေါင်ဒေးရှင်းတို့သည် မည်သည့် တရားဝင် လုပ်ထုံးလုပ်နည်းကိုမျှ ချိုးဖေါက်ခြင်းမရှိကြောင်း သူပြောသည်။ ဖေါင်ဒေးရှင်းသည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတခုဖြစ်သောကြောင့် ရန်ကုန်နှင့် နေပြည်တော်မှ အာဏာပိုင်များကို သင့်တော်သည့် ဈေးဖြင့် မြေများရောင်းချပေးရန် ပြောခဲ့ကြောင်း သူပြောသည်။

ထိုတောင်းဆိုမှုကို အာဏာပိုင်များက စိစစ်ပြီး ဖေါင်ဒေးရှင်းကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သူပြောသည်။

“တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း ကျသင့်ငွေကို ကျနော်တို့ ပေးခဲ့တယ်။ ကျနော်သိသလောက် ဒီကိစ္စတွေမှာ ဘာအာဏာမှ အလွဲမသုံးဘူး” ဟု သူပြောသည်။

ထိုဖေါင်ဒေးရှင်းသည် နိုင်ငံရေးနှင့် မဆိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုဖေါင်ဒေးရှင်းကို နိုင်ငံရေးကိစ္စများအတွက် အသုံးမပြုသောကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှုဖြင့် စွပ်စွဲခြင်းသည် ပုဂ္ဂိုလ်ရေး အညှိုးအတေးကြောင့်ဖြစ်ကြောင်း ဦးမိုးဇော်ဦး ယုံကြည်သည်။

“ဒီလိုစွပ်စွဲလို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်လူထုထောက်ခံမှု ကျဆင်းမသွားဘူး။ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပိုတောင်ထောက်ခံလာဦးမယ်” ဟုလည်း သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Detained Suu Kyi ‘Gave Residences and Almost All Her Money to Charity’ ကို ဘာသာပြန်သည်။)

You may also like these stories:

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်

နိုင်ငံရေး ပါတီများကို CRPH၊ NUG တို့နှင့် မဆက်သွယ်ဖို့ စစ်ကောင်စီ ဖိအားပေး

ရပ်တည်ချက် မယိမ်းယိုင်ကြောင်း ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

]]>
AA နှင့် ဆက်စပ်သူ ၆ ဦးအား အကြမ်းဖက် ဥပဒေနှင့် စွဲချက်အမိန့်ချ https://burma.irrawaddy.com/news/2020/07/07/225878.html Tue, 07 Jul 2020 11:07:40 +0000 https://burma.irrawaddy.com/lytbox/?p=225878 ၂၀၁၉ အောက်တိုဘာလက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် တရားစွဲထား သောသူများ ရုံးထုတ်လာစဉ် / ဇော်ဇော် / ဧရာဝတီယနေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေ အဖြစ် အမှတ်(၁၁) နယ်မြေ ရဲစခန်းမှ စခန်းမှုး ဒုရဲမှူး ဇော်နိုင်အား စစ်ဆေးခဲ့ပြီး ဒုတိယအဆင့် စွဲချက်အမိန့် ချမှတ်ကာ လာမည့် ဇူလိုင် ၂၁ ရက်တွင် ပထမတရားခံ ဖြစ် သော မောင်အောင်လင်းထက်အား စစ်ဆေးမည်]]> ၂၀၁၉ အောက်တိုဘာလက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် တရားစွဲထား သောသူများ ရုံးထုတ်လာစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့တွင် ဖောက်ကွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းမိသည့် ၆ ဦးအား အပြစ်မရှိကြောင်း ငြင်းသော်လည်း ခရိုင် တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုဖြင့် ယနေ့ စွဲချက်တင် အမိန့်ချလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စွဲချက် အမိန့်ချသော်လည်း စွပ်စွဲခံရသူများဘက်မှ အပြစ်မရှိ ကြောင်း ရှင်းလင်းမည်ဟု ထွက်ဆိုသဖြင့် တရားလို ရဲအရာရှိများကို ပြန်လည်စစ်ဆေးပြီးနောက် ထပ်မံကာ ဒုတိယ စွဲချက်အဖြစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမှုတွင် ပါဝင်သူတဦး၏ ရှေ့နေ ဦးမျိုးမင်းဇော်က “ဒီနေ့ တရားလိုဘက်က ပြန်ခေါ်သက်သေ ၁ ဦး ထပ်စစ် တယ်။ အဲဒါပြီးတာနဲ့ တရားသူကြီးက ဒုတိယ အဆင့်စွဲချက် အမိန့်ချလိုက်တယ်။ ပုဒ်မကတော့ ပထမ စွဲချက်တုန်းက အတိုင်းပဲ။ အပြောင်းအလဲ မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ ရုံးချိန်း၌ ပြန်ခေါ်သက်သေအဖြစ် အမှတ်(၁၁) နယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်နိုင်အား စစ်ဆေးခဲ့ပြီး လာမည့် ဇူလိုင် ၂၁ ရက်တွင် ပထမ တရားခံဖြစ်သော မောင်အောင်လင်းထက်အား စစ်ဆေးမည် ဖြစ်ကြောင်း သိရ သည်။

ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော AA လက်နက်ကိုင် တပ်ဖွဲ့ဝင် အဖွဲ့မှ မောင်အောင်လင်းထက်(ခ) လင်းထက်၊ မောင်ချမ်းငြိမ်း၊ မောင်မြတ်ခိုင် တို့ဖြစ်ပြီး ၎င်းတို့မှာ ရခိုင်ပြည်နယ်မှ ဖြစ်ကာ ဆက်စပ်သူ ၃ ဦးဖြစ်သူ မောင်မိုးကျော်၊ မောင်ဝင်းသိန်းနှင့် မောင်ကျော်ကျော်ဖြိုး(ခ) ကိုဖြိုးတို့မှာ မန္တလေးမြို့တွင် နေထိုင်ကြသူများ ဖြစ် ကြောင်း သိရသည်။

၂၀၁၉ အောက်တိုဘာလက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် တရားစွဲထား သောသူများ ရုံးထုတ်လာစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးခရိုင် တရားရုံး သတင်းနှင့် ပြန်ကြားရေး အရာရှိ ဦးကျော်ကျော်မိုးက “တရားခံများ အပေါ်မှာ ဒီပုဒ်မတွေနဲ့ စွဲ ချက်တင်တဲ့ အခါ ပုဒ်မ ၅၂ (က)အရ တရားလိုပြ သက်သေ ၁၉ ဦးအား စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက် အုပ်စု တစုတွင် သိရက်နဲ့ ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့တယ် ဆိုတဲ့ ငြိစွန်းချက် တချက်နဲ့ ၅၁ (ဂ) အရ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်မှု ကျုးလွန်ရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအား ဖြန့်ဖြူးခြင်း၊ ပေးကမ်းခြင်း (သို့မဟုတ်) လက်ဝယ်ထားခြင်းတို့ ပြုခဲ့တယ်ဆိုတဲ့ သက်သေခံချက်တွေ ရှိလို့ တရားခံ ၆ ဦးလုံးကို စွဲချက်တင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တအိမ်၌ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သော AA လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် စုစုပေါင်း အမျိုးသား ၆ ဦးအား အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၁(ဂ) တို့ဖြင့် မန္တလေးခရိုင် တရားရုံးတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ စတင် စစ် ဆေးခဲ့ရာ ယနေ့အထိ ရုံးချိန်းပေါင်း ၂၃ ခု ရှိပြီ ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျုး လွန်ရန် (သို့မဟုတ်) အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အလားတူ ဥပဒေ ပုဒ်မ ၅၂ (က) အရ ပြစ်မှု ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန်

AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦးအမှု ဒုတိယစွဲချက်အမိန့်ချရန်ရှိ

မန္တလေးတွင် AA နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများအမှု တရားလိုပြ သက်သေကို စစ်ဆေး

]]>