အကျပ်အတည်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အကျပ်အတည်း Covering Burma and Southeast Asia Wed, 15 Jul 2026 04:02:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အကျပ်အတည်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အကျပ်အတည်း 32 32 အဆုံးအဖြတ်ပေးမည့် အကျပ်အတည်းကာလ မြန်မာပြည် ရင်ဆိုင်လာရ https://burma.irrawaddy.com/article/2026/07/15/414783.html Wed, 15 Jul 2026 04:02:26 +0000 https://burma.irrawaddy.com/?p=414783 ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများအနေဖြင့် စစ်တပ်အုပ်ချုပ်ရေးကို ဆက်လက် လက်နက်ကိုင်တော်လှန်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည့် အဆုံးအဖြတ်ပေးမည့် အကျပ်အတည်းကာလသည် လာမည့်လများအတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။]]>

မကြာသေးမီနှစ်များအတွင်း မြန်မာ့ပြည်တွင်းစစ်၏ စစ်မြေပြင်တွင် ထူးခြားသော အလှည့်အပြောင်းများ ရှိခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်သည် အဆုံးအဖြတ်ပေးမည့်နှစ် ဖြစ်လာရန် သေချာသလောက် ရှိနေခဲ့သည်။ ဇူလိုင်လဆန်းပိုင်း၏ နှစ်ဝက်ကျိုးကာလသို့ ရောက်ရှိလာချိန်တွင် ထို “အဆုံးအဖြတ်” ၏ ကျယ်ပြန့်သော သက်ရောက်မှုများသည် ပိုမိုထင်ရှားလာခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများအနေဖြင့် စစ်တပ်အုပ်ချုပ်ရေးကို ဆက်လက် လက်နက်ကိုင်တော်လှန်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည့် အဆုံးအဖြတ်ပေးမည့် အကျပ်အတည်းကာလသည် လာမည့်လများအတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲနောက်ကွယ်၌ စစ်အာဏာရှင်ဟောင်းမှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင် လက်အောက်တွင် အရပ်သားအသွင်ယူ အစိုးရအဖွဲ့တရပ် ပေါ်ပေါက်လာခဲ့ပြီး၊ ထိုအခြေအနေနှင့်အတူ မြန်မာစစ်တပ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရ ဆက်တိုက်အသာစီးရယူကာ အတိုက်အခံများကို ခံစစ်သို့ ရောက်ရှိသွားစေခဲ့သည်ဟူသော သုံးသပ်ချက်မှာ ယခုအခါ အထင်အရှားပင် ဖြစ်သည်။

ယင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ စစ်ရေးဗျူဟာ ထက်မြက်မှုကြောင့် မဟုတ်ပေ။ ၎င်းသည် မင်းအောင်လှိုင်အပေါ် လုံးဝမျက်စိမှိတ် သစ္စာစောင့်သိမှုကြောင့် ရာထူးတိုးမြှင့်ခံရသူဖြစ်ပြီး၊ အမျိုးသားထောက်လှမ်းရေးအကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် စစ်တပ်အတွင်းနှင့် လူ့အဖွဲ့အစည်းတရပ်လုံး၏ နိုင်ငံရေးရေစီးကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားသူသာ ဖြစ်သည်။

သို့သော် ယခုအခြေအနေသည် ၂၀၂၅ ခုနှစ် အစောပိုင်း ပွင့်လင်းရာသီကတည်းက စနစ်တကျ စတင်ခဲ့ပြီး နှစ်လယ်မိုးရာသီတလျှောက် ယနေ့တိုင် ဆက်လက်ကျင့်သုံးနေသည့် စစ်ဗျူဟာကြောင့် ဖြစ်သည်။ လက်ရှိတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် ဤကာလရှည် စစ်ဆင်ရေးကို ကိုယ်တိုင်စီမံနေခြင်းထက် ကြီးကြပ်ကွပ်ကဲနေခြင်းသာ ဖြစ်ပြီး၊ ၎င်း၏ ကာလလတ် ရည်မှန်းချက်မှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၄ ခုနှစ်လယ်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ၏ ဆက်တိုက်ကျရှုံးမှုများအတွင်း ဆုံးရှုံးခဲ့ရသည့် အဓိက စီးပွားရေးအချက်အချာနေရာများနှင့် နယ်စပ်ကုန်သွယ်ရေးဗဟိုချက်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဖြစ်သည်။

ရေရှည်တွင်မူ တော်လှန်ရေးအင်အားစုများကို သာလွန်ဆန်းပြားသော လက်နက်အင်အားဖြင့်ဖြစ်စေ၊ ရေရှည်ကျင့်သုံးလာခဲ့သည့် စည်းရုံးသိမ်းသွင်းမှုနှင့် သွေးခွဲမှုနည်းလမ်းများဖြင့်ဖြစ်စေ တဖွဲ့ချင်းစီ ချေမှုန်းရန် ရည်ရွယ်သည်။ နေပြည်တော်က ပေါင်းစပ်ညှိနှိုင်းပြီး တိုင်းစစ်ဌာနချုပ်များက အကောင်အထည်ဖော်သည့် ဤစစ်မဟာဗျူဟာသည် စစ်ရေးအမြော်အမြင်ထက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်မှုအပေါ် ပိုမိုအခြေခံထားသည်။

စစ်မြေပြင်တွင်လည်း ဤစစ်ဆင်ရေးကို အားကောင်းစေသည့် အဆုံးအဖြတ်ပေးသော အချက်ကြီး ၄ ချက် ရှိနေပြီး အားလုံးက ကောင်းစွာသဘောပေါက်ထားကြသည်။ ယင်းတို့မှာ စစ်မှုထမ်းဥပဒေဖြင့် ဖြည့်တင်းထားသည့် ကြီးမားသော စစ်သည်အင်အား၊ ဒရုန်းနည်းပညာကို ရှေ့တန်းတင်ထားသည့် နည်းပညာနှင့် စစ်ဗျူဟာအသစ်များ၊ စိန်ခေါ်မှုမရှိဘဲ နေရာအနှံ့ အသုံးပြုနိုင်သည့် လေကြောင်းအင်အားနှင့် အရေးကြီးဆုံးအချက်အနေဖြင့် တရုတ်နိုင်ငံ၏ အကန့်အသတ်မရှိ ပံ့ပိုးကူညီမှုတို့ ဖြစ်သည်။ တရုတ်နိုင်ငံသည် တရုတ်နယ်စပ်အခြေစိုက် အဓိကအတိုက်အခံအဖွဲ့နှစ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ထိရောက်စွာ ထိန်းချုပ်ပိတ်ဆို့နိုင်ခဲ့သည်။ ၎င်းအဖွဲ့များသည် ရက္ခိုင့်တပ်တော် (AA) နှင့်အတူ တော်လှန်ရေး၏ အောင်မြင်သော ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ကြသူများ ဖြစ်သည်။

စစ်မျက်နှာအစုံဖြင့် ဆင်နွှဲနေသော ဤစစ်ဆင်ရေး၏ ရလဒ်များမှာ သိသာထင်ရှားလှသည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် စတင်ခဲ့သော ထိုးစစ်များအတွင်း စစ်တပ်သည် မန္တလေးနှင့် တရုတ်နယ်စပ်ကြားရှိ လမ်းမကြီးအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်းမြောက်ပိုင်းမှတဆင့် ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်သို့ မြောက်ဘက်သို့ ချီတက်နိုင်ခဲ့ပြီး၊ မန္တလေးနှင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားကြား လမ်းပိုင်းကိုလည်း စစ်ယာဉ်တန်းကြီးများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်းတွင် အိန္ဒိယနယ်စပ် တမူးမြို့မှ တောင်ဘက် ကလေးဝအထိ နယ်စပ်လမ်းမကြီးကို လုံခြုံရေးယူရန် ကြိုးပမ်းနေပြီး၊ ချင်းပြည်နယ်အရှေ့ပိုင်းတွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်နှင့် မတူပီမြို့များဘက်သို့ ပြင်းထန်သော ထိုးစစ်များ ဆက်လက်ဆင်နွှဲခဲ့သည်။

ကရင်ပြည်နယ်အရှေ့ပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ်က ဘားအံမှ ထိုင်းနယ်စပ် မြဝတီအထိ အာရှလမ်းမကြီးကို ဖွင့်လှစ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ဆောင်ရွက်ခဲ့ပြီးနောက်၊ မကြာသေးမီက ထိုင်းပိုင်နက်ထဲအထိ လျှံထွက်လာခဲ့သည့် ပြင်းထန်သော တိုက်ပွဲများသည် တောင်ဘက်ရှိ နယ်စပ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားလာခဲ့သည်။

မကြာမီတွင် စစ်တပ်သည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းမြောင်ဒေသကို အာရုံစိုက်လာဖွယ်ရှိပြီး၊ ကြည်းကြောင်းဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ထားဝယ်တဝိုက်တွင် အကြီးစားစစ်ဆင်ရေးများ ပြုလုပ်မည်ဟု ကတိပြုထားသည်။ ယင်းသည် ထိုဒေသအနီးတွင် တည်ဆောက်ရန် စီစဉ်ထားသည့် ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံတို့အပေါ် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် လုံခြုံရေးအရ စိုးရိမ်နေသည့် ရုရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ အားနည်းချက်များ

ဤကဲ့သို့ စစ်မြေပြင်တွင် အောင်မြင်မှုအချို့ ရှိနေသော်လည်း၊ မြန်မာစစ်တပ်အနေဖြင့် သံတမန်အသိုင်းအဝိုင်းက လက်ခံနိုင်လောက်သည့် တည်ငြိမ်မှုမျိုး သို့မဟုတ် စစ်နိုင်ခြင်းမျိုး ရရှိရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသည်။ အမှန်စင်စစ် ယခုအချိန်အထိ ရရှိထားသည့် စစ်ရေးအရ တိုးတက်မှုများသည် စစ်တပ်အနေဖြင့် ရုန်းကန်နေရဆဲဖြစ်သော အပြန်အလှန်ဆက်နွယ်နေသည့် ကြီးမားသော အားနည်းချက် နှစ်ရပ်ကို ဖော်ထုတ်ပြသရာ ရောက်နေသည်။

ပထမအချက်မှာ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား ကြီးမားကျယ်ပြန့်မှုဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက စစ်မှုထမ်းဥပဒေကြောင့် စစ်သည်သစ် ၁ သိန်းကျော် ဖြည့်တင်းနိုင်ခဲ့သော်လည်း စစ်တပ်အနေဖြင့် အသစ်ပြန်လည်သိမ်းပိုက်ထားသည့် ကျယ်ပြန့်လှသော နယ်မြေများတွင် အင်အားဖြန့်ကျက်ရာ၌ ပိုမိုရုန်းကန်ရတော့မည်ဟူသော အချက်ဖြစ်သည်။

ယင်းသည် ပြဿနာအသစ် မဟုတ်ပေ။ ပြည်တွင်းစစ်မတိုင်မီနှင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကြီးမားသော ဆုံးရှုံးမှုများမကြုံရမီကပင် အင်အားနည်းပါးနေသော စစ်တပ်သည် တနိုင်ငံလုံးရှိ ၎င်းတို့၏ တပ်စခန်းများကို ထိန်းသိမ်းရန် ရုန်းကန်ခဲ့ရပြီး၊ တဖက်တွင်လည်း အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်စပ်ဒေသများ၌ ထိုးစစ်ဆင်ရန် ဗဟိုကွပ်ကဲသည့် ခြေမြန်တပ်များကိုသာ အဓိက အားကိုးခဲ့ရသည်။

သို့သော် ယနေ့တွင် နေပြည်တော်အတွက် စိတ်မသက်မသာ ဖြစ်စရာကွာခြားချက်မှာ စစ်တပ်အနေဖြင့် ၎င်းတို့၏ ဩဇာကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာတွင် တော်လှန်ပုန်ကန်နေသည့် ဗဟိုချက်ဒေသများကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် နေရာတိုင်းတွင် ပိုမိုစနစ်ကျလာကာ၊ လက်နက်ပိုမိုစုံလင်လာပြီး သဘောထားကွဲလွဲမှုများ ရှိလင့်ကစား “စစ်တပ်ကို ဖြုတ်ချရေး” ဟူသော ဘုံရည်မှန်းချက်တခုတည်းအောက်တွင် ညီညွတ်နေကြခြင်း ဖြစ်သည်။

စစ်တပ်၏ ဒုတိယအားနည်းချက်မှာ တပ်သားများ၏ စိတ်ဓာတ်ဖြစ်ပြီး၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူအင်အား တိုးလာသော်လည်း စစ်သည်များ၏ စိတ်ဓာတ်မှာ မရေရာဘဲ ပျက်ပြားလွယ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည်။ အဂတိလိုက်စားမှုများပြားပြီး လူငယ်ထောင်ပေါင်းများစွာကို ပြည်ပသို့ ထွက်ပြေးစေခြင်း၊ ပုန်းရှောင်စေခြင်း သို့မဟုတ် တော်လှန်ရေးအင်အားစုများထဲသို့ ဝင်ရောက်စေခဲ့သည့် စစ်မှုထမ်းဥပဒေသည် အစကတည်းက ပြင်းထန်စွာ ဆန့်ကျင်ခြင်း ခံခဲ့ရသည်။

နှစ်နှစ်တာကာလအတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် စစ်သားစုဆောင်းသူများနှင့် ဖမ်းဆီးရေးအဖွဲ့များအပေါ် သင်တန်းကျောင်းများသို့ စစ်သည်သစ်များ ဖြည့်တင်းပေးရန် ဖိအားများ ပိုမိုကြီးထွားလာခဲ့သည်။

အခြေခံစစ်သင်တန်းမျှသာ တက်ရောက်ထားရသည့် စစ်မှုထမ်းရဲဘော်သစ်များ၊ အထူးသဖြင့် ရှေ့တန်းခြေမြန်တပ်များတွင် တာဝန်ပေးအပ်ခြင်းခံရသူများအတွက်မူ အချို့သော စစ်မျက်နှာများ အကျအဆုံးများပြားလွန်းသဖြင့် ရှေ့တန်းထွက်ရခြင်းမှာ သေဒဏ်ပေးခံရသကဲ့သို့ ဖြစ်နေသည်။

အနားယူသွားခဲ့သည့် စစ်တပ် ဗိုလ်မှူးကြီးဟောင်းတဦးက မကြာသေးမီက အင်တာဗျူးတခုတွင် ခြေမြန်တပ်မရင်းများကို ရည်ညွှန်း၍ “ထမင်းစားဆောင်တွေနဲ့ စစ်တန်းလျားတွေထဲမှာ အဲဒီတပ်ဖွဲ့တွေကို ‘ပြန်မလာတော့မယ့် တပ်ဖွဲ့တွေ’ လို့ ပိုပြီး မြင်လာကြတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

SCEF ၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့

စစ်ရေးအရ မှေးမှိန်နေသောအခြေအနေတွင် မြန်မာ့တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်တပ်၏ ဤအားနည်းချက် နှစ်ရပ်ကို ပစ်မှတ်ထားပြီး စစ်မြေပြင်တွင် ပြန်လည်အသာစီးရယူရန်မှာ အလွန်အရေးကြီးလှသည်။

ယင်းသည် စနစ်တကျရှိသော စစ်ဗျူဟာတခု လိုအပ်ပြီး၊ ဆယ်စုနှစ်များစွာကြာ မြန်မာ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ မရရှိခဲ့သည့် အရေးကြီးသော အချက် ညီညွတ်သော ကွပ်ကဲမှုစနစ် သို့မဟုတ် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီ တရပ် ပေါ်ပေါက်လာရန် လိုအပ်သည်။

မတ်လနှောင်းပိုင်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းခဲ့ခြင်းက တော်လှန်ရေးအဖွဲ့အစည်းကြီးများမှ အဆင့်မြင့် စစ်ဘက်အရာရှိကြီးများ ပါဝင်သည့် ပူးတွဲကော်မတီတရပ်သည် ယခင်ကကဲ့သို့ စက္ကူပေါ်က အိပ်မက်ဟောင်းတခုထက် ပိုမိုထိရောက်လာနိုင်မည်ဟူသော မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ခဲ့သည်။

SCEF သည် အဓိက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကြီး ၄ ဖွဲ့ ဖြစ်သည့် “K3-C” ခေါ် ကရင်၊ ကရင်နီ၊ ကချင်နှင့် ချင်း အဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်နွယ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အများအပြားကို စုစည်းထားခြင်း ဖြစ်သည်။

အစပိုင်းတွင် ဤမဟာမိတ်အဖွဲ့သည် တော်လှန်ရေးအင်အားစုများအနေဖြင့် တိုင်းရင်းသားလူမျိုးစုများအကြား သဘောထားကွဲလွဲမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များကို ကျော်လွှားနိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို သက်သေပြရန် နိုင်ငံရေးအရ စုစည်းထားသည့် ထီးရိပ်တခု ဖြစ်သည်။

ဤပြဿနာ၏ ဗဟိုချက်တွင် NUG ရှိနေပြီး၊ ၎င်းသည် အမျိုးသားအဆင့် တရားဝင်မှုကို ခံယူထားသော်လည်း၊ ဗမာလူမျိုးအများစုနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အဓိက လွှမ်းမိုးထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

ယခုအခါ ခေါင်းဆောင်မှုအပိုင်းတွင် ကြီးမားသော လိုအပ်ချက်များ ရှိနေသည့် NLD သည် လူငယ်များဦးဆောင်သည့် အောက်ခြေမှ တက်လာသော တော်လှန်ရေးကို စစ်ရေးမျက်နှာစာတွင် ဦးဆောင်ရန် ပုံသေကားချပ် ဥပဒေပြု ပါတီပုံစံမျိုး ဖြစ်နေသဖြင့် မသင့်တော်ကြောင်း တွေ့ရှိရသည်။

စက္ကူပေါ်တွင်မူ SCEF သည် “စစ်ရေးဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကွပ်ကဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး၊ ဤ ၁၀ ဦးပါဝင်သော အဖွဲ့သည် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီနှင့် သဘောသဘာဝချင်း တူညီနိုင်ပါသည်။

သို့သော် မည်သူတွေ ပါဝင်လာမည်နည်း၊ မည်ကဲ့သို့နှင့် မည်သည့်နေရာတွင် လုပ်ဆောင်မည်နည်း၊ အရေးကြီးဆုံးအနေဖြင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၏ စစ်ဦးစီးကော်မတီနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်မည်နည်း ဆိုသည်မှာ မရေရာဘဲ ရှိနေဆဲ ဖြစ်သည်။

မည်သည့်အတိုကောက်အမည်ကိုပဲ သုံးသည်ဖြစ်စေ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်နိုင်ခြင်းမရှိဘဲ မကြာမီ ရှုံးနိမ့်နိုင်ခြေရှိသည့် ဤစစ်ပွဲ၏ အလှည့်အပြောင်းတွင် ညီညွတ်သော ကွပ်ကဲမှုစနစ်တခုအတွက် လိုအပ်သည်မှာ ရှင်းလင်းလှပါသည်။

လက်ရှိ SCEF အဖွဲ့ဝင်များအပြင် ထိရောက်သော ကော်မတီတရပ် ဖြစ်လာစေရန် ပုံမှန်နှင့် လူကိုယ်တိုင် တွေ့ဆုံနိုင်သည့် အမြဲတမ်းအဖွဲ့တစ်ခု ဖြစ်ရန်လိုပြီး၊ စစ်ပွဲကို လက်တွေ့မဆင်နွှဲဖူးသည့် နိုင်ငံရေးသမားဟောင်းများနှင့် ပါတီတာဝန်ရှိသူများအစား စစ်ရေးအာဏာနှင့် စစ်မြေပြင်ကွပ်ကဲမှု အတွေ့အကြုံရှိသည့် အဆင့်မြင့် စစ်ဦးစီးအရာရှိကြီးများကို စုစည်းရမည် ဖြစ်သည်။

လုပ်ငန်းထိရောက်မှုနှင့် အဖွဲ့ဝင်စုံလင်မှုအကြား မျှတစေရန် အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သော ကော်မတီသည် စီမံခန့်ခွဲရလွယ်ကူသော အဖွဲ့အစည်းတခု ဖြစ်လာနိုင်ပြီး၊ စစ်ပွဲကာလအတွင်း ပုံမှန်အစည်းအဝေးများကို စစ်မြေပြင်အခြေအနေအပေါ် မူတည်၍ တပတ်လျှင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ကျင်းပသင့်သည်။

မြန်မာနိုင်ငံကဲ့သို့ ကျယ်ပြန့်သော နိုင်ငံတခုတွင် အဆင်မပြေမှုများ ရှိနိုင်သော်လည်း၊ တော်လှန်ရေးအဖွဲ့များ အဓိကအသုံးပြုနေသည့် Zoom Call ဖြင့် စစ်ပွဲကို လမ်းညွှန်နေခြင်းသည် စားပွဲဝိုင်းတခုတည်းတွင် လူကိုယ်တိုင်တွေ့ဆုံကာ နိုင်ငံရေးနှင့် တိုင်းရင်းသားစည်းခြားမှုများကို ကျော်လွှားပြီး လက်တွေ့ကျမှုများကို ဆုံးဖြတ်နိုင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲများနေရာတွင် အစားမထိုးနိုင်ပါ။

ပုံမှန်လူကိုယ်တိုင် တွေ့ဆုံခြင်းသည် ကော်မတီအဖွဲ့ဝင်များအနေဖြင့် နယ်မြေတခုတည်းတွင် ရှိနေရန် လိုအပ်ပြီး၊ တဦးစီသည် မိမိတို့၏ စစ်ဌာနချုပ်များနှင့် ဆက်သွယ်မှုရှိရမည် ဖြစ်သော်လည်း လေကြောင်းရန်ကြောင့် သီးခြားစီ နေထိုင်ရမည် ဖြစ်သည်။

ပူးတွဲကော်မတီအနေဖြင့် နိုင်ငံ၏ မတူညီသော ဒေသများသို့ ရွှေ့ပြောင်းအခြေစိုက်သင့်ပြီး၊ ကော်မတီကို အဖွဲ့ဝင်တဦးက အလှည့်ကျစနစ်ဖြင့် အနည်းဆုံး ၃ လ သို့မဟုတ် ၄ လ တာဝန်ယူ ဦးဆောင်နိုင်သည်။

ပူးတွဲစစ်ဦးစီးကော်မတီ၏ နိုင်ငံရေးအရ မြင်ကွင်းများသည် စစ်ဆင်ရေးများကို ပေါင်းစပ်ညှိနှိုင်းခြင်း၊ ရှားပါးသော အရင်းအမြစ်များကို ဦးစားပေးခွဲဝေခြင်းနှင့် အားနည်းနေသော ဒရုန်းစွမ်းရည်များကို ပြန်လည်ဖွဲ့စည်းခြင်းကဲ့သို့ အလွန်အရေးကြီးသည်။

အစည်းအဝေးများ၏ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များက စားပွဲဝိုင်းတခုတည်းနှင့် စစ်ဗျူဟာတခုတည်းအောက်တွင် ညီညွတ်သော အမျိုးသားကွပ်ကဲမှုစနစ်တစ်ခုသည် “မြန်မာပြည်တွင်းတနေရာ” တွင် အမှန်တကယ် လည်ပတ်နေကြောင်း အားကောင်းသော သတင်းစကားကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော မြန်မာပြည်သူများနှင့် တော်လှန်ရေးအပေါ် သံသယဝင်လာနေသည့် နိုင်ငံကာအသိုင်းအဝိုင်းအတွက် ပူးတွဲစစ်ဦးစီးကော်မတီ၏ ပုံရိပ်များသည် ဟန်ပြသက်သက်အတွက် မဟုတ်ပေ။ ယင်းသည် တိုက်ပွဲဝင်ညီညွတ်မှုက မီဒီယာထုတ်ပြန်ချက်များနှင့် ဗုံးကြဲခံနေရသည့် ရွာသားများအတွက် အသုံးမဝင်သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများထက် ကျော်လွန်သွားပြီဖြစ်ကြောင်း မရှိမဖြစ်လိုအပ်သော သက်သေပြချက် ဖြစ်သည်။

အခြေခံစစ်ဗျူဟာများ

စစ်ပွဲ၏ ဤအရေးကြီးသော အလှည့်အပြောင်းတွင် ညီညွတ်သော စစ်မဟာဗျူဟာ၏ အချက်နှစ်ချက်မှာ ထင်ရှားလှသည်။

ပထမအချက်မှာ “လမ်းမကြီးများပေါ်က စစ်ပွဲ” (War of the roads) ဟု ခေါ်ဆိုနိုင်သည့် အခြေအနေသို့ ကူးပြောင်းရန်ဖြစ်ပြီး ဒေသခံအင်အားစုများအနေဖြင့် စစ်တပ်က ပြန်လည်သိမ်းပိုက်ထားသည့် သို့မဟုတ် ရေရှည်ထိန်းချုပ်ထားသည့် မြို့ပြဗဟိုချက်များအကြား လမ်းမကြီးများ၊ ရထားလမ်းများနှင့် မြစ်ကြောင်းများအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းများကို မပြတ်နှောင့်ယှက် ဖြတ်တောက်ရန် ဖြစ်သည်။ ပြောက်ကျားစနစ်ဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းသည် အင်အားနည်းသောအဖွဲ့ (ယခုအခါ တော်လှန်ရေးအဖွဲ့များ) အနေဖြင့် စစ်ဦးစီးမှုကို အမြဲရယူထားနိုင်သည့် စစ်ပွဲပုံစံ ဖြစ်သည်။

သို့သော် စစ်တပ်၏ ဆက်သွယ်ရေးသွေးကြောများကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ဗျူဟာသည် ကုန်သွယ်ရေးနှင့် အမျိုးသားစီးပွားရေးကို မလွဲမသွေ ထိခိုက်စေမည်ဖြစ်ပြီး၊ မြို့ပြလူထုအပေါ် ပိုမိုဒုက္ခရောက်စေမည်ဖြစ်ကြောင်း သဘောပေါက်ထားရန် လိုအပ်သည်။ မြို့ပြအခြေစိုက် ရန်သူကို အားနည်းသွားစေရန် လုပ်ဆောင်နေချိန်တွင် တဖက်၌ အမျိုးသားစီးပွားရေးကို ပုံမှန်အတိုင်း လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။

ဒေသခံအင်အားစုများ ဆင်နွှဲမည့် လမ်းမကြီးများပေါ်က စစ်ပွဲနှင့်အတူ၊ ဒုတိယမြောက် ဆက်စပ်နေသည့် အမျိုးသားဗျူဟာမှာ မြို့နယ်အခြေစိုက် PDF များမှတဆင့် ပုံမှန်ရွေ့လျားစစ်ကြောင်းများ (Mobile Brigades) ကို ခရိုင်များအနှံ့ ဖွဲ့စည်းပြီး၊ စစ်တပ်စခန်းများနှင့် အခိုင်အမာစခန်းများကို ညဘက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ စစ်ပွဲကို ရန်သူ့ထံသို့ ယူဆောင်သွားရန် ဖြစ်သည်။

ကရင်နှင့် ကချင်ကဲ့သို့သော တိုင်းရင်းသားတပ်ဖွဲ့ကြီးအချို့သည် ဆယ်စုနှစ်များစွာကြာ စစ်မဟာဗျူဟာအဆင့်တွင် လည်ပတ်နေခဲ့သော်လည်း၊ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မိမိတို့မြို့နယ်များတွင်သာ အခြေစိုက်နေဆဲဖြစ်သော PDF များမှာ ပိုမိုကြီးမားသော တပ်ဖွဲ့များ ပြောင်းလဲဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

၂၀၂၂ ခုနှစ်ကတည်းက တပ်ဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းနိုင်ခြင်းမရှိခဲ့သည့် အားနည်းချက်မှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည့် အမျိုးသားတော်လှန်ရေးအပေါ် အထက်မှအောက်သို့ ကွပ်ကဲမှုစနစ် (Command-and-control) သတ်မှတ်ရန် ခက်ခဲမှုကြောင့် ဖြစ်သည်။ တဖက်တွင်လည်း ကောင်းမွန်စွာ တပ်ဆင်ထားပြီး ဗဟိုက ကွပ်ကဲသည့် စစ်တပ်ကို ဒေသခံတပ်ရင်းများဖြင့်သာ အံ့ဖွယ်နည်းဖြင့် အောင်နိုင်လိမ့်မည်ဟု ထင်မှတ်နေသည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဗျူဟာမြောက် နားလည်မှု လိုအပ်ချက်ကြောင့်လည်း ဖြစ်သည်။

ထို့ပြင် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနယ်မြေလုမှုများကြောင့် အမျိုးသားတော်လှန်ရေးတပ်မတော်တရပ်၏ အခြေခံအုတ်မြစ်အဖြစ် တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းရန် ခက်ခဲသော ဆွေးနွေးမှုများ ပြုလုပ်ရမည့် ပူးတွဲစစ်ဦးစီးကော်မတီ ပေါ်ပေါက်မလာခြင်းလည်း ဖြစ်သည်။

SCEF ၏ အခြေခံအုတ်မြစ်များပေါ်တွင် မြန်မာ့တော်လှန်ရေးအင်အားစုများအနေဖြင့် ၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း အမှန်တကယ် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီတရပ်ကို တည်ဆောက်ပြီး အမျိုးသားဗျူဟာတရပ်ကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးဆန္ဒ ရှိ၊ မရှိ ဆိုသည်မှာ မရေရာသော မေးခွန်းတခု ဖြစ်နေသည်။

အဖွဲ့အစည်းများ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေမှုနှင့် ငါးနှစ်တာ စစ်ပွဲကာလအတွင်း တိုင်းရင်းသား သို့မဟုတ် ဗမာလူမျိုးများထဲမှ တနိုင်ငံလုံးက သိရှိလေးစားရသည့် စစ်ရေးခေါင်းဆောင်တဦးမျှ ပေါ်ထွက်မလာသေးသည့် အချက်သည် အကောင်းမြင်ရန် ခက်ခဲလှသည်။

သို့သော် ၂၀၂၆ ခုနှစ် လယ်ပိုင်းတွင် စစ်တပ်အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်မှုသည် အချိန်မရှိတော့ဘဲ လွန်စွာ နောက်ကျနေပြီ ဖြစ်သည်။ လာမည့်လများအတွင်း ပူးတွဲကွပ်ကဲမှုစနစ်နှင့် ဗျူဟာတရပ်ကို မဖော်ဆောင်နိုင်ပါက မေးခွန်းနှစ်ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။ အာရှ၏ အကြမ်းဖက်ဆုံး စစ်အာဏာရှင်စနစ်သည် ပျက်စီးနေသော နိုင်ငံအပေါ် သွေးစွန်းသော အုပ်စိုးမှုကို ပြန်လည်ထူထောင်ရန် အချိန်မည်မျှ ထပ်လိုအပ်ဦးမည်နည်း နှင့် ထိုဖြစ်စဉ်အတွင်း လူပေါင်းမည်မျှ ထပ်မံ အသက်ဆုံးရှုံးရဦးမည်နည်း။

(Asia Times ပါ Crunch time looms over Myanmar’s grinding civil war ကို ဘာသာပြန်သည်။)

]]>
လောင်စာဆီနှင့် ဓာတ်မြေသြဇာ ပြတ်လပ်မှုကြောင့် မြန်မာ့စားနပ်ရိက္ခာလုံခြုံမှု အန္တရာယ်ရှိနေ https://burma.irrawaddy.com/article/2026/04/11/412520.html Sat, 11 Apr 2026 03:38:40 +0000 https://burma.irrawaddy.com/?p=412520 စီးပွားရေးမြို့တော် ရန်ကုန်နဲ့ ဝေးလေလေ အခြေအနေက ပိုဆိုးလေလေဖြစ်ပြီး အချိန်မီ စိုက်ပျိုးဖို့ ပြင်ဆင်နေရတဲ့ လယ်သမားတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။]]>

မြန်မာနိုင်ငံရဲ့ အားနည်းနေတဲ့ စီးပွားရေးဟာ လောင်စာဆီ အကျပ်အတည်းဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ စိုက်ပျိုးရာသီ စတင်ချိန်မှာတင် လယ်သမားတွေဟာ လယ်ထွန်စက် မောင်းဖို့ လောင်စာဆီမရှိတာ၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဓာတ်မြေသြဇာ ပြတ်လပ်တာတွေနဲ့ ကြုံနေရလို့ စားနပ်ရိက္ခာလုံခြုံမှုအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

ပြည်တွင်းစစ်နဲ့ အဆမတန် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံနေရတဲ့အပြင် လူဦးရေရဲ့ လေးပုံတပုံက စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံဟာ အခုလို ဆီဈေးတက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံနိုင်ရည်မရှိဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူခဲ့တာကြောင့် တီဟီရန်ဘက်က ရေလက်ကြားကို သင်္ဘောတွေအတွက် ပြန်ဖွင့်ပေးနိုင်ပေမဲ့ မြန်မာနိုင်ငံအတွက်တော့ ဆီဈေးက ချက်ချင်းပြန်ကျဖို့ ဒါမှမဟုတ် လိုအပ်နေတဲ့ ဓာတ်မြေသြဇာတွေ ချက်ချင်းရဖို့ဆိုတာ မလွယ်လှပါဘူး။

အရှေ့အလယ်ပိုင်းကနေ စွမ်းအင်နဲ့ ဓာတ်မြေသြဇာ ကုန်ကြမ်းတွေကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာဟာ နိုင်ငံခြားငွေ ရှားပါးနေတာကြောင့် နောက်ဆုံးတန်းမှာပဲ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်းဟာ ဓာတ်မြေသြဇာရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ယူရီးယားအပြင် ရေနံနဲ့ ဂတ်စ်တွေ ထုတ်လုပ်ရာ ကမ္ဘာ့ဗဟိုချက်လည်း ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ သတိပေးချက်အရ အခုစိုက်ပျိုးရာသီမှာ ဓာတ်မြေသြဇာ သုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားရင် စိုက်ပျိုးရေး ထွက်ကုန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ၂၀ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုဟာလည်း အခုတခါ ထပ်ပြီး မြင့်တက်လာပြန်တာကြောင့် အဆင်းရဲဆုံး ပြည်သူတွေအပေါ် ဖိအားတွေ ပိုများလာစေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ WFP ညွှန်ကြားရေးမှူး Michael Dunford က “အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းလောက် တက်သွားပါတယ်။ အထူးသဖြင့် ဆား၊ ဆန်နဲ့ စားအုန်းဆီတွေပေါ့” လို့ ပြောပါတယ်။ “အခြေအနေက တော်တော်ဆိုးနေပြီး ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ လောင်စာဆီကိုလည်း ကန့်သတ်ချက်နဲ့ ရောင်းနေရလို့ ဆိုင်ကယ်တစီးကို ၂ လီတာ၊ ကားတစီးကို ၁၅ လီတာလောက်ပဲ ပေးတာမျိုးတွေ ရှိနေပါတယ်။ အဲဒါတောင်မှ တပတ်မှာ တရက် နှစ်ရက်ပဲ ဆီဖြည့်ခွင့်ရပြီး တရက်ခြားမှ ကားမောင်းရတာမျိုးအထိ ဖြစ်နေတာပါ” လို့ ဆိုပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်နဲ့ ဝေးလေလေ အခြေအနေက ပိုဆိုးလေလေဖြစ်ပြီး ဆီဆိုင်တွေမှာ ၄ နာရီလောက် တန်းစီရတာဟာ ထုံးစံလို ဖြစ်နေတာကြောင့် အချိန်မီ စိုက်ပျိုးဖို့ ပြင်ဆင်နေရတဲ့ လယ်သမားတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ဆုတ်ယုတ်လာမှုကို စိတ်မကောင်းစရာ ကိန်းဂဏန်းတွေနဲ့ တိုင်းတာနိုင်ပါတယ်။ WFP ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နေ့စဉ် စားနပ်ရိက္ခာ မလုံလောက်သူ ၁၂.၄ သန်းကျော် ရှိနေပြီး၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူကလည်း ၃.၅ သန်းကျော် ရှိနေပါပြီ။

လောင်စာဆီအကျပ်အတည်း မဖြစ်ခင်က ကမ္ဘာ့ဘဏ်ဟာ တချိန်က အလားအလာကောင်းတဲ့ ဈေးကွက်သစ်ဖြစ်ခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ ဒီနှစ်မှာ ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အခုတော့ အဲဒီလို ဖြစ်လာဖို့ မလွယ်တော့ပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့အပတ်က သူ့ကိုယ်သူ ဗိုလ်ချုပ်မှူးကြီးကနေ သမ္မတအဖြစ် အမည်ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒါဟာ စစ်တပ်ကပဲ တိုင်းပြည်စီးပွားရေးကို သူတို့လိုအပ်သလို ဆက်ပြီး ထိန်းချုပ်ထားတာ အပေါ်ယံ ဖုံးကွယ်တာပဲလို့ ဆိုပါတယ်။

ပြည်သူတွေအတွက် ဆီပြတ်လပ်မှု ဆိုးရွားနေချိန်မှာ စစ်တပ်ကတော့ ဆီတွေကို သိုလှောင်ထားပြီး တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက်ပဲ ဦးစားပေး သုံးစွဲနေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါဟာ အာဏာသိမ်းမှု၊ ကပ်ရောဂါ၊ ပြီးခဲ့တဲ့နှစ်က ငလျင်ကြီးနဲ့ အခု ဆီအကျပ်အတည်းအထိ တခုပြီးတခု ကြုံနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့ထက် သူတို့ရဲ့ စစ်ရေးကိုပဲ ကြည့်နေတာပါ။ ဆီဆိုင်တွေမှာ ဆီဈေးက ၅၀ ရာခိုင်နှုန်းကျော်အထိ တက်သွားခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက – “မြန်မာနိုင်ငံဟာ သန့်စင်ပြီးသား လောင်စာဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ တင်သွင်းနေရပြီး ပြည်တွင်းမှာ ဆီသန့်စင်နိုင်စွမ်း လုံးဝမရှိတာကြောင့် အခုအချိန်မှာ ဒီပြဿနာဖြစ်တာက တကယ့်ကို အချိန်ကိုက် ဆိုးရွားသွားတာပဲ” လို့ ပြောပါတယ်။

“စစ်ကောင်စီဟာ ရှိသမျှ ဆီလက်ကျန်တွေကို လေယာဉ်ဆီ အပါအဝင် စစ်ဆင်ရေးတွေအတွက်ပဲ လွှဲပြောင်းသုံးနေပါတယ်။ ပြည်သူတွေကတော့ ဆီတစက်ရဖို့ နာရီပေါင်းများစွာ တန်းစီနေရချိန်မှာ အရပ်သားနယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေကတော့ အဆက်မပြတ် ရှိနေဆဲပဲ” လို့ သူမက ဆက်ပြောပါတယ်။

ဆီပြတ်လပ်မှုကို သိနေတဲ့အတွက် မြန်မာအစိုးရဟာ ဆီဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုကို ကမ္ဘာမှာ အစောဆုံး စလုပ်တဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ လူတွေ တန်းစီနေရပြီး မှောင်ခိုဈေးကွက်မှာ ဒီဇယ်ဈေးဟာ နှစ်ဆလောက် ဖြစ်နေတာကြောင့် စိုက်ပျိုးရေး လုပ်ငန်းရှင်တွေအတွက် လက်လှမ်းမမီတဲ့ အခြေအနေ ဖြစ်နေပါတယ်။

“ဓာတ်မြေသြဇာ ဈေးတွေလည်း နှစ်ဆတက်ဖို့ ရှိနေပါတယ်။ အလယ်ပိုင်းဒေသက ကြက်သွန်စိုက်တဲ့ လယ်သမားတွေဆိုရင် စိုက်ပျိုးရေးလုပ်ငန်းကို လုံးဝစွန့်လွှတ်ဖို့အထိ ပြောနေကြပြီ” လို့ ဒေါ် ထွေးထွေးသိန်းက ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်တဝန်းမှာ ရှိသမျှ ဝန်ဆောင်မှုတွေဟာလည်း ပြင်းထန်တဲ့ ဖိအားအောက်မှာ ရှိနေပါတယ်။ မီးစက်ကိုပဲ အားကိုးနေရတဲ့ ဆေးရုံတွေမှာလည်း မီးရဖို့ ခက်ခဲနေပြီး၊ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာတော့ အခြေအနေက ပိုပြီး ဆိုးရွားနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ရေနံနဲ့ ဂတ်စ်လုပ်ငန်းဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီတွေ ထွက်သွားခဲ့တာကြောင့် ရပ်တန့်နေပါတယ်။

“ဒါကို မမှားပါနဲ့၊ ဒါဟာ စွမ်းအင်ဆိုင်ရာ အကျပ်အတည်း မဟုတ်ပါဘူး၊ နိုင်ငံရေး အကျပ်အတည်းပါ။ စစ်တပ်နဲ့ သူတို့ကို ထောက်ခံနေတဲ့ စနစ်ကြီးကပဲ ပြဿနာဖြစ်ပြီး ဆီတွေ ဘယ်လောက်ပဲ တင်သွင်းတင်သွင်း ဒါတွေက ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ဒေါ် ထွေးထွေးသိန်းက ပြောပါတယ်။

( South China Morning Post ပါ Myanmar’s food security in crisis as fuel, fertiliser shortages threaten fragile economy ကို ဘာသာပြန်သည်။)

]]>
ICJ အမှုက မြန်မာဗုဒ္ဓဘာသာ အကျပ်အတည်းကို ဖေါ်ထုတ်ပြသသည် https://burma.irrawaddy.com/opinion/viewpoint/2026/02/03/410642.html Tue, 03 Feb 2026 02:00:01 +0000 https://burma.irrawaddy.com/?p=410642 အတိုချုပ်အားဖြင့်ဆိုရပါက မြန်မာ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်း ကျရောက်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။]]>

ကမ္ဘာတဘက်ခြမ်းမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် ငြိမ်းချမ်းရေးနှင့်မေတ္တာတရားအတွက် ကီလိုမီတာထောင်ပေါင်းများစွာ လမ်းလျှောက်နေစဉ် မြန်မာမှ သြဇာကြီးမားသော ဘုန်းကြီးများသည် လူပေါင်းများစွာ သတ်ဖြတ်မှုကို အားပေးသည်ဟု ကုလသမဂ္ဂ ထိပ်တန်းတရားရုံးတွင် စွပ်စွဲခံရပြီး မြန်မာပြည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပုံရိပ်သည် အကြီးအကျယ် ထိခိုက်နေသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွင် ပါဝင်သည့် အမေရိကန်ပြည်ထောင်စုမှ သံဃာတော်များ၏ ရည်မှန်းချက်ပန်းတိုင်မှာ သက်ရှိများအားလုံး၏ ဘေးကင်းလုံခြုံမှုကို အားပေးရန်ဖြစ်သည်။ လွန်ခဲ့သောနှစ်ကုန်မှ စတင်ပြီး ထိုသံဃာတော်များသည် ပုဂ္ဂလိက အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တိုက်တတိုက်လုံးကို ဖြတ်သန်းကာ အခက်အခဲများအား ရင်ဆိုင်ရင်း အခြားသူများကို မေတ္တာထားခြင်းအတွက် ကျော်ကြားသော ဘာသာတရား၏ မြင့်မြတ်မှုကို မီးမောင်းထိုးပြနေသည်။

မြန်မာသံဃာအချို့ အထူးသဖြင့် မြန်မာမှ ဗုဒ္ဓဘာသာ ဂိုဏ်း ၉ ဂိုဏ်းအနက် တဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းချုပ် သီတဂူဆရာတော် ကဲ့သို့သော ဝါကြီးသည့် ဦးဆောင်သူများ၏ တရားများသည် ထိုတန်ဖိုးများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ဗုဒ္ဓဘာသာ လူများစု မြန်မာနှင့် ကမ္ဘာတဝန်းမှ ဗုဒ္ဓဘာသာဝင်များအတွက် ရှက်စရာကောင်းသည်မှာ သူ၏ တရားများမှ အစိတ်အပိုင်းများကို ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မွတ်ဆလင် လူမှုအသိုက်အဝန်းများကို မြန်မာစစ်တပ်က နှိမ်နင်းရာတွင် လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် အထောက်အထားအဖြစ် နိုင်ငံတကာတရားရုံးသို့ လွန်ခဲ့သော ရက်များက တင်သွင်းခဲ့သည်။

သို့သော် မြန်မာသံဃာအချို့ အထူးသဖြင့် မြန်မာမှ ဗုဒ္ဓဘာသာ ဂိုဏ်း ၉ ဂိုဏ်းအနက် တဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းချုပ် သီတဂူဆရာတော် ကဲ့သို့သော ဝါကြီးသည့် ဦးဆောင်သူများ၏ တရားများသည် ထိုတန်ဖိုးများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ဗုဒ္ဓဘာသာ လူများစု မြန်မာနှင့် ကမ္ဘာတဝန်းမှ ဗုဒ္ဓဘာသာဝင်များအတွက် ရှက်စရာကောင်းသည်မှာ သူ၏ တရားများမှ အစိတ်အပိုင်းများကို ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မွတ်ဆလင် လူမှုအသိုက်အဝန်းများကို မြန်မာစစ်တပ်က နှိမ်နင်းရာတွင် လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် အထောက်အထားအဖြစ် နိုင်ငံတကာတရားရုံးသို့ လွန်ခဲ့သော ရက်များက တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဖြိုခွဲမှုအတွင်း လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာကို ဂမ်ဘီယာက ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုပြီးနောက်ပိုင်း ထိုတရားရုံးက တတိယအကြိမ်ကြားနာမှုကို ဇန်နဝါရီလအတွင်း စတင်သည်။ သိန်းပေါင်းများစွာသော ရိုဟင်ဂျာမွတ်ဆလင်များသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး အဓမ္မပြုကျင့်မှု၊ မီးရှို့မှုနှင့် လူသတ်မှု စိတ်ပင်ပမ်းစရာ ဖြစ်ရပ်များကို ယူဆောင်သွားကြသည်။

သည်ဟိဂ်မြို့မှ တရားမျှတမှု မဟာခန်းမဆောင်တွင် ထိုအာဖရိကနိုင်ငံကို ကိုယ်စားပြုသည့် ရှေ့နေတဦးသည် အထက်ပါဖြိုခွဲမှု အထွဋ်အထိပ်ကာလအတွင်း မြန်မာစစ်အရာရှိများသို့ဟောသည့် သီတဂူဆရာတော်၏ တရား တစိတ်တပိုင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တင်သွင်းသည်။ ထိုတရားက မွတ်ဆလင်များကို သတ်ဖြတ်ခြင်းသည် မကောင်းမှု မဟုတ်သည့်သဘော ပြောရုံသာမက ၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များမဟုတ်သောကြောင့် အကောင်းနှင့် အဆိုး ခွဲခြားမသိသည့် တိရစ္ဆာန်များကဲ့သို့ပင်ဖြစ်ကြောင်း လူမဆန်စွာ ပြောသည်။ တနည်းအားဖြင့် ဆိုရပါက ထိုဘုန်းကြီးသည် ယနေ့တိုင် သူ၏ မဟာမိတ်ဖြစ်သော စစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဘာသာရေးအရ အကာအကွယ်ပေးခြင်း ဖြစ်သည်။

“ပေးချင်တဲ့ သတင်းစကားက ရှင်းလင်းတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေမဟုတ်လို့ ရိုဟင်ဂျာတွေကို သတ်တာ မကောင်းမှု မဟုတ်ဘူးဆိုတဲ့ သတင်းစကားပဲ။ သူတို့ဟာ တိရစ္ဆာန်တွေလိုပဲ အကောင်းအဆိုး ခွဲခြားမသိဘူးဆိုတဲ့ သတင်းစကားပဲဖြစ်တယ်” ဟု ရှေ့နေ အာဆလန် ဆူလေမန်က တရားရုံးသို့ပြောသည်။

ထိုတရားသည် ၉ နှစ်ကြာပြီဖြစ်သော်လည်း ICJ သို့တင်သွင်းသည့် လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်၏ နောက်ဆုံးအထောက်အထားဖြစ်သည်။ ထိုတရားသည် ထိပ်တန်းဗုဒ္ဓဘာသာ ဘုန်းကြီးတပါးက ဟောသည့် မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားအဖြစ် တရားရုံးသို့တင်ပြသည့် ဥပမာတခုအဖြစ် မှတ်သားထားစရာလည်း ကောင်းသည်။ မေတ္တာတရားကို အလေးထားသည့် ဘာသာရေးတခုမှ သြဇာကြီးမားသော ဘုန်းကြီးတပါးက မည်သည့်အတွက် အကြမ်းဖက်မှုကို အားပေးသည် အထူးသဖြင့် မတူညီသော ဘာသာရေးမှ လူများကို အကြမ်းဖက်ခြင်းအား အားပေးသည်ကို ကမ္ဘာက မေးခွန်းထုတ်စေသည်။

အတိုချုပ်အားဖြင့်ဆိုရပါက မြန်မာ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်း ကျရောက်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြင်ပရန်သူကြောင့်မဟုတ်ဘဲ မြန်မာစစ်တပ်နှင့် ၎င်း၏စစ်အာဏာရှင်စနစ်ကို ထောက်ခံသည့် သြဇာကြီးမားသည့် ဘုန်းကြီးအချို့၏ လုပ်ရပ်များကြောင့် ဖြစ်သည်။ အပြန်အလှန်အားဖြင့် စစ်တပ်ကလည်း ထိုဘုန်းကြီးများကို အပြည့်အ၀ ကျားကန်ပေးထားသည်။

အတိုချုပ်အားဖြင့်ဆိုရပါက မြန်မာ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်း ကျရောက်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြင်ပရန်သူကြောင့်မဟုတ်ဘဲ မြန်မာစစ်တပ်နှင့် ၎င်း၏စစ်အာဏာရှင်စနစ်ကို ထောက်ခံသည့် သြဇာကြီးမားသည့် ဘုန်းကြီးအချို့၏ လုပ်ရပ်များကြောင့် ဖြစ်သည်။ အပြန်အလှန်အားဖြင့် စစ်တပ်ကလည်း ထိုဘုန်းကြီးများကို အပြည့်အ၀ ကျားကန်ပေးထားသည်။

သီတဂူဆရာတော်ကဲ့သို့ ထိပ်တန်းဘာသာရေးခေါင်းဆောင်များသည် ရိုဟင်ဂျာများပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် စစ်သားများကို မည်သည့်အတွက် မီးစိမ်းပြသနည်းဟု မေခွန်းထုတ်နေသူများအတွက် အသက် ၈၉ နှစ်ရှိပြီဖြစ်သော ထိုဘုန်းကြီးသည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာဖြိုခွဲမှုကို ကြီးကြပ်သည့် စစ်ခေါင်းဆောင်နှင့် မြန်မာကို ဖျက်စီးစေသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည်ကို မှတ်သားထားသင့်သည်။

ထိုဘုန်းကြီးအိုသည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများအား စစ်တပ်က သွေးချောင်းစီး နှိမ်နင်းစဉ်ကလည်း နှုတ်ပိတ်နေသည်။ ထိုရပ်တည်ချက်သည် သူ့ကို ကိုးကွယ်သူများအကြားတွင်ပါ ပြင်းထန်သော ဝေဖန်မှုဖြစ်စေပြီး ယင်းသည် ဗုဒ္ဓဘာသာ လူများစု တိုင်းပြည်တွင် ရှားပါးသော ကိစ္စဖြစ်သည်။ ထိုသို့ဝေဖန်သူအများအပြားက မင်းအောင်လှိုင်ဘက်က ရပ်တည်ခြင်းအတွက် သူ့ကို ပြစ်တင်ရှုတ်ချကြသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုဘုန်းကြီးသည် အာဏာသိမ်းခေါင်းဆောင်ကို “ဘုရင်မင်းကြီး” သို့မဟုတ် သဒ္ဓါထက်သန် ဉာဏ်ပညာပြည့်စုံသူ တိုင်းပြည်အကြီးအကဲအဖြစ် ချီးကျူးသည်။ ၂၀၂၂ ခုနှစ်တွင် သီတဂူဆရာတော်သည် မော်စကိုတွင် ဘုရား အနေကဇာတင်ခြင်းကို ကြီးကြပ်ရန် မင်းအောင်လှိုင်နှင့် ရုရှားသို့သွားရောက်ခဲ့သည်။

၂၀၁၂ ခုနှစ်ဝန်းကျင် မြန်မာတွင် အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေးသမားများဦးဆောင်သည့် မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု အမြစ်တွယ်လာသောအခါ ဦးဝီရသူကဲ့သို့သော ဘုန်းကြီးများသည် ထိုလှုပ်ရှားမှု၏ ရှေ့တန်းမှ ပါဝင်ပြီး မီးဟုန်းဟုန်းတောက်စေသည့် မိန့်ခွန်းများ ပြောခဲ့သည်။ ICJ ၏ ဇန်နဝါရီလ ၁၂ ရက်နေ့က ကြားနာမှုတွင် ဂမ်ဘီယာဥပဒေအဖွဲ့က သူသည် ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှုလှုံ့ဆော်သည့် အမျိုးသားရေး ဘုန်းကြီးများတွင် “အထင်ရှားဆုံး” အဖြစ်ဖေါ်ပြသည်။ သူသည် မြန်မာအမျိုးသမီးများအနေဖြင့် မွတ်ဆလင်နှင့် ယူမည့်အစား ဘိန်းစားများ၊ အရက်သမားများ၊ ဘုန်းကြီးများအပြင် ခွေးနှင့်ပင် လက်ထပ်ရန် တခါက တိုက်တွန်းခဲ့သည်။ ခွေးများသည် မွတ်ဆလင်အမျိုးသားများလောက် စွမ်းဆောင်နိုင်သည်ဟု သူပြောသည်။ သီတဂူဆရာတော်က ၂၀၁၃ ခုနှစ်တွင် “ဗုဒ္ဓဘာသာ အကြမ်းဖက်မှု၏ မျက်နှာဖုံး”အဖြစ် တိုင်းမ်မဂ္ဂဇင်းက ဖေါ်ပြခံရသည့် ဦးဝီရသူကို မြန်မာနိုင်ငံတွင် အမျိုးဘာသာကို ကာကွယ်ခြင်းအတွက် “ငါ့ရဲဘော်”ဟု ချီးကျူးခဲ့သည်။

ထို အမျိုးဘာသာ သာသနာ လှုပ်ရှားမှုသည် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား သွေးချောင်းစီး ပဋိပက္ခ အများအပြားဖြစ်စေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဦးဝီရသူကို အစိုးရဆန့်ကျင်ရန် လှုံ့ဆော်မှုအတွက် ၂၀၁၉ ခုနှစ်တွင် ဖမ်းဝရမ်းထုတ်သောအခါ သူသည် ပုန်းအောင်းနေပြီးနောက် ၂၀၂၀ ခုနှစ်တွင် သွားရောက်အဖမ်းခံသည်။ သို့သော် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး လပိုင်းအတွင်း သူ့ကို လွတ်ငြိမ်းခွင့်ပေးကာ ” ပြည်ထောင်စု မြန်မာနိုင်ငံကောင်းကျိုး ထူးချွန်သော လုပ်ရပ်များအတွက်” ဟုဆိုကာ “သီရိပျံချီ”ဘွဲ့ပင်ပေးသည်။ တကယ့် မိစ္ဆာ မဟာမိတ်ပင်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အမျိုးသားရေးဘုန်းကြီးများ၏ လုပ်ရပ်သည် ဗုဒ္ဓဘာသာ အနှစ်သာရတန်ဖိုးများနှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။ မေတ္တာတရားနှင့် စာနာမှုကို ထွေးပိုက်ရမည့် အစား ၎င်းတို့သည် စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုရန် စစ်သွေးကြွအုပ်စုများ ဖွဲ့စည်းကြသည်။ ဗုဒ္ဓဘာသာအများစုရှိရာ အညာဒေသများတွင် စစ်အုပ်စုဆန့်ကျင်ရေး တော်လှန်ရေးတပ်များကို တိုက်ခိုက်ပြီး ကျေးရွာများကို လုယက်မီးရှို့ကာ တော်လှန်ရေးအင်အားစုအား ထောက်ခံသူ မည်သူ့ကိုမဆို သတ်ဖြတ်သည့် ပျူစောထီး လက်နက်ကိုင်များကို ဦးဝါသဝကဲ့သို့သော ဘုန်းကြီးများက ဦးဆောင်ခြင်းဖြင့် သြဇာကြီးလာသည်။

ယခုဖေါ်ပြထားသော ဘုန်းကြီးများနှင့် ၎င်းတို့ကို ထောက်ခံသူများတွင် တူညီသောအချက်တခု ရှိသည်။ ၂၀၂၁ ခုနှစ် စစ်အုပ်ချုပ်ရေးနောက်ပိုင်းတွင် ဒုက္ခခံစားနေရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများအတွက် ဝမ်းနည်းစကားတလုံးမျှ မပြောခြင်းဖြစ်သည်။ ထိုသို့မပြောသည့်အပြင် ၎င်းတို့သည် စစ်တပ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြသည်။

ယခုဖေါ်ပြထားသော ဘုန်းကြီးများနှင့် ၎င်းတို့ကို ထောက်ခံသူများတွင် တူညီသောအချက်တခု ရှိသည်။ ၂၀၂၁ ခုနှစ် စစ်အုပ်ချုပ်ရေးနောက်ပိုင်းတွင် ဒုက္ခခံစားနေရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများအတွက် ဝမ်းနည်းစကားတလုံးမျှ မပြောခြင်းဖြစ်သည်။ ထိုသို့မပြောသည့်အပြင် ၎င်းတို့သည် စစ်တပ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြသည်။ ထိုစစ်တပ်သည် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များအပြင် စစ်အုပ်ချုပ်ရေးကို ပယ်ချခြင်းအတွက် အရပ်သားများအပေါ် ဗုံးကြဲခြင်းနှင့် လူအစုလိုက်အပြုံလိုက်သတ်ခြင်း အပါအဝင် ရာဇဝတ်မှုမျိုးစုံကို ဆက်လက် ကျူးလွန်နေသည်။ ၎င်းတို့သည် ရွှေဝါရောင်သင်္ကန်းအရေခြုံကာ လုပ်ကိုင်ဆောင်ရွက်နေသည့် လူဆိုးများသာဖြစ်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူ မည်သူ့ထံမှ မည်သည့် ရိုသေလေးစားမှုနှင့်မျှ မထိုက်တန်သူများ ဖြစ်သည်။ ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်အုပ်စုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသော ဘုန်းကြီးတပါးထံမှ “မွတ်ဆလင်ကို သတ်ဖြတ်ခြင်းသည် မကောင်းမှု မဟုတ်” ဆိုသည့် စကားကို ကြားရခြင်းအတွက် ကမ္ဘာက မအံ့သြသင့်ပေ။

ဗုဒ္ဓဘာသာကို အကြမ်းမဖက်ရေး မူအပေါ်တွင် တည်ဆောက်ထားသည်။ ငြိမ်းချမ်းရေးအတွက် အမေရိကန် ပြည်ထောင်စုတွင် လတ်တလော လမ်းလျှောက်ချီတက်နေသော ဘုန်းကြီးများ ကီလိုမီတာ ထောင်ပေါင်းများစွာ လမ်းလျှောက်ခြင်းဖြင့် ရုပ်ခန္ဓာ အခက်အခဲကို ဒုက္ခခံရင်း ထိုမူကို စံထား ပြသနေစဉ်တွင် မြန်မာမှ စစ်တပ်လိုလားသော ဘုန်းကြီးများသည် ထိုမူနှင့် ၎င်းတို့၏ အခြား ကိုယ်ကျင့်တရားများကို ဩဇာအာဏာနှင့် ချမ်းသာမှုအတွက် ရောင်းစားကြသည်။ သူတို့၏ သစ္စာမဲ့ခြင်းသည် မြန်မာပြည်မှ ဗုဒ္ဓဘာသာကို အမည်ဆိုး ဖြစ်စေရုံသာမက ကမ္ဘာ့ဗုဒ္ဓဘာသာ သမိုင်းကိုလည်း ထိခိုက်ပျက်စီးစေကာ ကမ္ဘာ့တရားရုံးတွင် တရားဝင်မှတ်တမ်းပင် တင်စေတော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ICJ Genocide Case Lays Bare Buddhism’s Moral Crisis in Myanmar ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

Walk for Peace နဲ့ မြန်မာပြည်က ဘုန်းကြီးတွေ ဆန့်ကျင်ဘက်ဖြစ်နေ (ရုပ်/သံ)

လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ အငြိမ်းဓာတ်

အိုင်စီဂျေက ဘုန်းကြီးအမှု ရွာပတ်ခြင်း

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲက အမေရိကန်များကို ဆွဲဆောင်နေ

ရဟန်းကျသော အကျဉ်းထောင်မှ အပြန်

ICJ မှာတင်သွင်းခဲ့တဲ့ တရားနဲ့ပတ်သက်ပြီး ကိစ္စမရှိဘူးလို့ သီတဂူဆရာတော်တုံ့ပြန်မိန့်ကြား(ရုပ်/သံ)

]]>
အကျပ်အတည်းတွေကြား တိုးလာတဲ့ အဆုံးစီရင်မှုများ https://burma.irrawaddy.com/news/2025/10/10/406641.html Fri, 10 Oct 2025 01:57:28 +0000 https://burma.irrawaddy.com/?p=406641 မိမိကိုယ် မိမိ အဆုံးစီရင်မှုအကြောင်းအား ပွင့်ပွင့်လင်းလင်းဖြင့် အပြန်အလှန် ပြောဆိုခြင်းကို မွေးမြူရန်၊ ကြင်နာမှုနှင့် ကူညီထောက်ပံ့ပေးမှုအဖြစ် ပြောင်းလဲကာ လူအများ ထုတ်ဖော်ပြောဆိုခြင်းနှင့် အကူအညီတောင်းခံ နိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်တို့ကို တွန်းအားပေးထား]]>

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ “ကပ်ဘေးနှင့် အရေးပေါ်အခြေအနေများတွင် အားလုံး လက်လှမ်းမီသော စိတ်ကျန်းမာရေး ဝန်ဆောင်မှုများရရှိနိုင်ရေး” (Access to Services: Mental Health in Catastrophes and Emergencies) ဖြစ်သည်။

သို့သော် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျလာသော အခြေအနေနှင့်အတူ မြန်မာနိုင်ငံသားများ၏ လူမှုရေး စီးပွားရေး ယုတ်လျော့လာမှုသာမက ရုပ်ပိုင်းဆိုင်ရာ စိတ်ပါဆိုင်ရာများပါ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေများဖြင့် ရင်ဆိုင် ကြုံတွေ့ရလျက် ရှိသည်။

နိုင်ငံရေး ပဋိပက္ခများနှင့်အတူ ကြီးထွားလာသည့် စီးပွားရေး၊ လူမှုရေး အခက်အခဲအကျပ်အတည်းများ၏ ရိုက်ခတ်မှုကို တနိုင်ငံလုံး ခံစားနေရပြီး ထိုအထဲတွင် ဝင်ငွေနည်း အခြေခံလူတန်းစား အများစုဖြစ်ရာ အကျပ်အတည်းများကြား နည်းလမ်းရှာမရ၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ် ရည်ရွယ်ချက်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုရရှိရေး နှိုးဆော်ပေးထား ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ လူတိုင်း လက်လှမ်း မမီနိုင်ဟု ဆိုရမည်။

ယခု အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နေ အသက် ၇၄ နှစ်ရှိ အဖိုးအိုတဦးမှာ စီးပွားရေးအဆင်မပြေသဖြင့် ရေချိုးခန်းအတွင်း ကြိုးဆွဲချ အဆုံးစီရင်ခဲ့သလို အောက်တိုဘာ ၂ ရက်က နေပြည်တော် တပ်ကုန်းမြို့နေ အသက် ၆၀ အရွယ် အဘွားအိုတဦးလည်း နေထိုင်စားသောက်စရိတ် အကြွေး ၁၅ သိန်းတင်နေကာ ပြန်မဆပ်နိုင်တော့၍ဆိုကာ ရေထဲသို့ ခုန်ချ၍ အဆုံးစီရင်သွားခဲ့သည်။

စက်တင်ဘာလအတွင်းမှာပင် လူငယ်အများစုမှာ အကျပ်အတည်းများကြား ရှင်သန်ရေး မျှော်လင့်ချက်များကို စွန့်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ် ခပ်စိပ်စိပ် ဖြစ်ပွားလာသည်ကိုတွေ့ရပြီး ရန်ကုန်မြို့အတွင်း ၁၀ ဦး နီးပါးထိ ရှိလာ သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည်ကာ ရေထဲခုန်ချသွားသည့် လူငယ်စုံတွဲ၏ အဆုံးစီရင်မှုမှာ ပြည်သူများကြား စိတ်မချမ်းမြေ့ဖွယ်သတင်းတရပ် ဖြစ်ခဲ့သည်။ သူတို့ ၂ ဦး၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက်မှသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ်စုံတွဲမှာ မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် မောင်ကောင်းမြတ်စံနှင့် အရှေ့ဒဂုံတွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် မမြတ်နိုးဦးတို့ ဖြစ်ကြောင်း ရဲစခန်း စစ်ဆေးချက်များအရ သိရ သော်လည်း မည်သည့်အတွက်ကြောင့် အဆုံးစီရင်သွားသည်ကိုမူ တိတိကျကျ အဖြေမရှိကြပေ။

ထို့အတူ စက်တင်ဘာ ၁၃ ရက်ကလည်း ငမိုးရိပ်တံတားပေါ်မှ ၂၃ နှစ်အရွယ် အမျိုးသမီးတဦး ခုန်ချမှု ဖြစ်ပွားခဲ့သည်။ သူမ ခုန်ချရသည့်အကြောင်းအရင်းမှာ သူမ၏ အမျိုးသားက စက်တင်ဘာ ၂ ရက်တွင် ငမိုးရိပ်တံတားပေါ်မှာ ခုန်ချကာ အဆုံးစီရင်သွားခဲ့သည့် အကြောင်းအရင်းတခု ပါဝင်သော်လည်း ထိုထက်ပို၍ တိကျရေရာသည့် အကြောင်းရင်းကိုမူ မသိရှိကြပေ။

စက်တင်ဘာ ၉ ရက် ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၇ ရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်တပင်၏ ပေ ၅၀ အမြင့်မှ ကြိုးဆွဲချ၍ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

တောင်ဒဂုံမြို့နယ်၊ သုဝဏ္ဏ- ငမိုးရိပ် ချောင်းတံတားပေါ်မှ ခုန်ချသွားတဲ့ အမျိုးသမီးတဦးအား ရှာဖွေနေစဉ်/သုဝဏ္ဏပရဟိတအသင်း

စက်တင်ဘာ ၁၆ ရက်ကလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် လုံခြုံရေးဝန်ထမ်းတဦး ကြိုးဆွဲချ၍ အဆုံး စီရင်မှု ဖြစ်ပွားခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရသည်။ သေဆုံးသွားသူသည် အသက် ၃၀ ကျော် ဝန်းကျင်အရွယ် လုံခြုံရေးဝန်ထမ်းတဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

စက်တင်ဘာ ၂ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတဦး ရန်ကုန်တိုင်း၊ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့သေးသည်။

သြဂုတ် ၃၀ ရက်ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားသည့် ဂျပန် တံတား ပေါ်မှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ခုန်ချသတ်သေရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ပြီး ချောင်းထဲရှိ သဗ္ဗာန်ယာဉ်မောင်းများ တွေ့ရှိခဲ့ကာ ချက်ချင်း ဆယ်ယူလိုက်နိုင်ခြင်းကြောင့် အသက်ဆုံးရှုံးမှု မရှိခဲ့ပေ။

ရန်ကုန်မြို့နေ ပြည်သူတဦးက “လူတိုင်း သေရမှာ ကြောက်ကြပါတယ်။ ဒါပေမယ့် သေဖို့ထက်ရှင်ဖို့က ပိုခက်ခဲလာကြ တဲ့အခါ ဘဝကို အရှုံးပေးဖို့ နည်းလမ်းကိုပဲ ရွေးချယ်သွားကြတော့တာ။ တနေ့တနေ့ မြင်နေတွေ့နေ ကြားနေရတာ တွေက ရင်ထဲ မကောင်းစရာကြီးပါပဲ။ ဒီထဲလူငယ်တွေများတော့ လူငယ်တွေ အနာဂတ် ပျောက်လာတာရဲ့ အကျိုး ဆက်လို့လည်း ဖြစ်နေတယ်“ ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှု၊ စီးပွားရေး ကျပ်တည်းမှုများအပြင် ပိုမိုဖိနှိပ် တင်းကျပ်လာသည့် စစ်ကော်မရှင်၏ ဥပဒေများ၊ လုပ်ဆောင်မှုများသည်လည်း လူငယ်အများစုအပေါ် ပစ်မှတ်ထားခံနေရသည်။

ရှေ့တန်းစစ်မြေပြင်တွင် စစ်အင်အားပြုန်းတီးနေသော စစ်ကော်မရှင်သည် မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်း ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပြီး လူငယ်များအား အဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ ပြည်ပထွက်ခွာ အလုပ် လုပ်ခွင့် ပိတ်ပင်ခြင်းတို့အပြင် လူငယ်များ ပြည်တွင်း၌ပင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တို့လည်း ကန့်သတ်ခံရလျက် ရှိသည်။

ထိုအထဲတွင် ရရာနည်းလမ်းဖြင့် ပြည်ပသို့ ထွက်ခွာနေကြသလို အိမ်နီးချင်း နယ်စပ် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာ၍ ထိုင်းအာဏာပိုင်များ ဖမ်းမိလျှင် ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်သည့်အခါတွင်လည်း စစ်ကော်မရှင် လက်ထဲသို့ ပြန်ရောက်ကာ စစ်မှုထမ်းသင်တန်း ကာလတိုတက်၍ ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရသည့် လူငယ်များလည်း ရှိနေသည်။

ထိုဖြစ်စဉ်များမှာလည်း ယခုလအတွင်းပင်ဖြစ်ပွားခဲ့ပြီး ထိုသို့ ပြန်ပို့ခံရ၍ စစ်မှုထမ်းစုဆောင်းခံရကာ ရှေ့တန်းပို့ခံ ရသည့်အနက် ပြန်လည် ထွက်ပြေးကာ ကရင်အမျိုးသား အစည်းအရုံး (KNU) ထံ ခိုလှုံလာသူဦးရေမှာ ယခုလအတွင်း ၁၀ ဦး နီးပါးရှိခဲ့သည်။

ပြည်ပသို့ ထွက်ခွာတိမ်းရှောင်သည့် အခွင့်လမ်းရှိသူများလည်း ရှိသလို အခွင့်အလမ်းမရသဖြင့် ပြည်တွင်း၌ပင် အထွေထွေ အကျပ်အတည်းများထဲ ပိတ်မိနေကြသည့် လူငယ်များစွာလည်း ရှိနေသေးသည်။

စစ်မှုထမ်းစာရင်းထဲ ပါသောကြောင့်လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး မပြေလည်မှုများဖြင့် အကြွေးမဆပ်နိုင် သောကြောင့်လည်းကောင်း အဆုံးစီရင်ခြင်း နည်းလမ်းကို ရွေးချယ်သွားကြသူများလည်း ရှိနေသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အစောပိုင်းကာလမှာပင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ လေးဆခန့်မြင့်တက်လာခဲ့သဖြင့် သန်းနှင့်ချီသောပြည်သူများသည် အခြေခံ အစားအစာကိုပင် လုံလောက်စွာ ဝယ်မစားနိုင်သော အခြေအနေနှင့်ကြုံနေရကာ လူသုံးဦးလျှင် တဦးမှာ အစားအစာ ဝဝလင်လင် မစားရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ထုတ်ပြန်ထားသည်။

စစ်ရှောင်များအပါအဝင် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများ စိတ်ကျန်းမာရေး ကူညီစောင့်ရှောက်ရေးနှင့် အသိပညာ ပေးလုပ်နေသည့် ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် Jue Jue’s Safe Space အဖွဲ့ဆိုလျှင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုမှ ကာကွယ်ချင်သဖြင့် ဆက်သွယ်လာသည့် လူငယ်များကို အွန်လိုင်းမှဖုန်းခေါ်၍ ၎င်းတို့ ခံစားနေသည်များကို နားထောင် ပေးခြင်း၊ စိတ်သက်သာမှုရစေရန် စကားပြောပေးခြင်း၊ အကူအညီပေးခြင်း၊ အခြေအနေဆိုးရွားပါက သက်ဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးရန်တိုက်တွန်းကာ ချိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးနေရကြောင်း သိရသည်။

ထိုအဖွဲ့၏ စိတ်ပညာရှင် မဂျူးဂျူးမင်းသူက “မြန်မာပြည်မှာ စစ်ရေး၊ စားဝတ်နေရေး၊ လူမှုရေး၊ အချစ်ရေးအမျိုးမျိုး ဘေးကျပ်နံကျပ်ဖြစ်နေချိန် ရောက်လာတဲ့ပုံစံတွေကလည်း မတူကြဘူး။ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲတဲ့ကိစ္စ စစ်မှုထမ်းရမယ်ဆိုတဲ့ ကိစ္စတွေဖြစ်ဖြစ်၊ စစ်မှုထမ်းမယ့်အစား အဆုံးစီရင်မယ်ဆိုပြီး လုပ်သွားကြတဲ့အခြေအနေတွေ လည်း မြင်ဖူးတယ်။ စားဝတ်နေရေး မပြေလည်လို့ အကြွေးပတ်လည် ဝိုင်းနေလို့ ထွက်ပေါက်မရှိတော့ဘူးလို့ ခံစားရ တဲ့ လူတွေရောက်လာတာလည်းရှိတယ်။ လူမှုရေး ပဋိပက္ခတွေ နားလည်မှုလွဲပြီးတော့ လူမှုရေးအခက်အခဲတွေ အချစ်ရေးမှာဆိုရင်လည်း သစ္စာဖောက်ခံရတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရောက်လာတာတွေရှိကြတယ်” ဟု ပြောသည်။

အာဏာသိမ်းကာလအတွင်း Jue Jue’s Safe Space အဖွဲ့မှ လုပ်ဆောင်ပေးသည့် မိမိကိုယ်ကိုအဆုံးစီရင်မှုကို ကာကွယ်ခြင်း (Suicide Prevention) အစီအစဉ်ထံ ဆက်သွယ် အကူအညီတောင်းခံလာသည့် လူပေါင်း ၄၀၀ ကျော် အား စိတ်ကျန်းမာရေး ပြန်လည် ကုစားပေးခြင်းဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ယခုနှစ်အတွင်း ချင်းမိုင်မြို့၌ ကျင်းပသည့် စိတ်ကျန်းမာရေး ညီလာခံတွင် မဂျူးဂျူးမင်းသူက ပြောဆိုသွားသည်။

မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်မှ လက်ချင်း ကြိုးနှင့် ချည်ပြီး ခုန်ချသွားသည့် သမီးရည်းစား ၂ ဦး၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက်က ငမိုးရိပ်ချောင်းထဲမှ ဆယ်ယူနေစဉ်/ ဝန်းရံမှူးလူမှုကူညီရေးအသင်း

အဆိုပါ ကိစ္စရပ်များမှာ မြန်မာလူ့အသိုင်းအဝိုင်းကြားတွင် ဝိုင်းဝန်းအဖြေရှာရမည့် အရာတခုဖြစ်ပြီး မြန်မာလူမျိုး များမှာ အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် စိတ်သောကများဖြင့် ဘေးကျပ်နံကျပ်အခြေအနေများ ကြုံတွေ့နေကာ စိတ်ထွက်ပေါက် ပိတ်လျက်ရှိကြောင်း ထိုသို့ စိတ်ထွက်ပေါက်များကို အဖြေရှာသည့်အခါ တိုက်ရိုက်မေးခွန်းများ မေးကာ အဆုံးစီရင်ခြင်းများ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် လက်လုပ်လက်စားတဦးက “ရန်ကုန်မြို့မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာက လူတိုင်းက တော့ တနေ့တာ ထမင်းစားဖို့တောင် မနည်း ရုန်းကန်နေရတာ။ ရန်ကုန်မှာဆို ဝမ်းမဝလို့ တောင်းစားသူတွေ မိသားစု လိုက် အလုပ်မရှိတဲ့သူတွေ ထမင်းနေ့ည နပ်မမှန်တဲ့ လူတွေအများကြီးပဲ ဒုက္ခရောက်နေကြတာ။ လက်လုပ်လက် စားတွေဆိုလည်း ထမင်းဝဝလင်လင်စားဖို့ မနည်း ရုန်းကန်နေရတာ။ သူ့လည်း မကယ်နိုင် ကိုယ့်လည်း မကယ်နိုင် အခြေအနေတွေ“ ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စီးပွားရေးကျပ်တည်းမှုနှင့် မလုံခြုံမှုများကြောင့် အခွင့်အရေးရပါက နိုင်ငံမှ စွန့်ခွာလို သည့် လူငယ်အများအပြားရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆုံးစီရင်မှုကို လျှော့ချနိုင်ရန် အရပ်ဘက်အဖွဲ့များက လုပ်ဆောင်ပေးနေသည့် နှစ်သိမ့်ဆွေးနွေးပေးခြင်း အစီအစဉ် များ ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း Zero Suicide Hotlines ၊ တိုင်ပင်ဖော် စိတ်ကျန်းမာရေး ဝန်ဆောင်မှု၊ Mind Healers စိတ်ကျန်းမာရေး ဝန်ဆောင်မှု အစရှိသည့် အွန်လိုင်းမှ တဆင့် ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။

စိတ်ထွက်ပေါက်မရှိသူများ၊ စိတ်မွန်းကျပ်မှုများနှင့် စိတ်ကျရောဂါ ခံစားနေရသူများအနေဖြင့် နားလည်တတ်ကျွမ်း သည့် စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှုများပြုလုပ်ပေးနေသည့် အဖွဲ့များမှတဆင့်ဆက်သွယ် ဆွေးနွေးကာ မိမိကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများအား ရင်ဆိုင် ကျော်လွှားခြင်းဖြင့် မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခြင်းအား တားဆီးကာကွယ်ရာရောက်ကြောင်း စိတ်ကျန်းမာရေး ကူညီပေးနေသူများက အကြံပြုကြသည်။

ထိုပြင် ယင်းလက္ခဏာများတွေ့ရှိရသူများကို မိသားစုဝင်၊ မိတ်ဆွေအပေါင်းအသင်းများ၏ ဖေးဖမှုမှာလည်း အလွန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း စိတ်ကျန်းမာရေးပညာရှင်များက ဆိုသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရန် စက်တင်ဘာ ၁၀ ရက်ကို “World Suicide Prevention Day” အဖြစ် သတ်မှတ်ကာ အဆုံးစီရင်ခြင်းဆိုင်ရာ ပြဿနာများ ပိုမိုဂရုပြုနိုင်ရန်၊ စိတ်ဒဏ်ရာဒဏ်ချက်များကို လျှော့ချနိုင်ရန်၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် ပြည်သူများအတွင်း အသိပညာ ဖြန့်ဝေ မြှင့်တင်ပေးရန် ရည်ရွယ်၍ စက်တင်ဘာလအတွင်း၌ ပြည်တွင်းပြည်ပ အဖွဲ့တချို့က အဆုံး စီရင်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး ကမ်းပိန်း လှုပ်ရှားမှု အစီအစဉ်များ ပြုလုပ်လျက်ရှိသည်။ ။

You may also like these stories:

စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြား အာဟာရတန်ဖိုး ပြည့်ဝဖို့ ဘယ်လိုဖြေရှင်းမလဲ

]]>
ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ https://burma.irrawaddy.com/news/2025/01/03/395386.html Fri, 03 Jan 2025 12:17:28 +0000 https://burma.irrawaddy.com/?p=395386 ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။]]>

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အထွဋ်အထိပ် ရောက်နေချိန် ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ဦးမြအေးနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစု တချို့ က ထိုအကျပ်အတည်းအပေါ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲ တခု ပြီးခဲ့သည့် စက်တင်ဘာလက ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးဘုံသဘောတူညီချက်ရရှိရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး စစ်ပွဲများ ရပ်တန့် ထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ အချိန်ကာလ သတ်မှတ်ရန်နှင့် ဆွေးနွေးပွဲ အထမြောက်စေဖို့ နိုင်ငံတကာ အကူအညီ ရရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေး ယန္တရားတရပ်ကို ပဋိပက္ခနှင့် သက်ဆိုင်သော အစုအဖွဲ့များနှင့် ဖွဲ့စည်း ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကုစားရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အကြမ်းဖျင်း သဘောတူကြကြောင်း သိရသည်။

လတ်တလော ငွေဆောင် သဘောတူညီချက်ဟု ၎င်းတို့ခေါ်ဝေါ်သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်သူများမှာ ၃၉ ဦးရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့် လွင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများ ပြုလုပ်သည့် စိုင်းရဲကျော်စွာမြင့် တို့ အပါအဝင် ပြည်တွင်းမှ အစဉ်အလာရှိသည့် ဝါရင့်နိုင်ငံရေးသမားတချို့၊ တိုင်းရင်းသားနိုင်ငံရေး အင်အားစုများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သည်ကို ဧရာဝတီမှ ရရှိထားသည့် စာရင်းအရသိရသည်။

သို့သော် ဆွေးနွေးပွဲတက်ရောက်သူများစာရင်းတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်များ တက်ရောက်သည်ကို မတွေ့ရသဖြင့် ရရှိခဲ့သော သဘောတူညီချက်များအား လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည်ဟု သုံးသပ်သူများလည်း ရှိသည်။

“ငွေဆောင်သဘောတူညီချက်” ကို တိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းရေးအတွက် လက်ရှိ အာဏာသိမ်းထားသည့် စစ်ကောင်စီထံ ပေးပို့တောင်းဆိုထားခြင်း ရှိမရှိ၊ ဆက်လက်အကောင်အထည်ဖော်ရန် ရှိမရှိနှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရပါ။

ငွေဆောင်သဘောတူညီချက်ဟု ဆိုသည့် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလာဒ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက အဆိုပါ ငွေဆောင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အထူးတလည် မှတ်ချက်ပေးစရာမရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီနှင့် စစ်ကောင်စီဘက် လိုက်သည့်အင်အားစုများ (နိုင်ငံရေးပါတီတချို့၊ အသင်းအဖွဲ့တချို့ ပါဝင်)၊ စစ်ကောင်စီကို မပြုတ်ပြုတ်အောင်တိုက်မည်ဆိုသည့် အင်အားစုများနှင့် အဆိုပါ အင်အားစုများကြားထဲ မြေပေါ်၌ နေနေရသည့် အင်အားစုဟူ၍ ၃ မျိုးရှိရာ မြေပေါ်အင်အားစုများ၏ အသံကို လျစ်လျူရှု၍ မရကြောင်း ဆိုသည်။

၎င်းက “ဒီလိုပြောတဲ့အချိန်မျိုးမှာ စစ်ကောင်စီကို အရှုံးပေးလို့ ပြောတဲ့ဟာလည်း မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ နောက်တခုက တတိယလိုင်းတခုသွားဖို့ ပြောတဲ့ဟာလည်း မဟုတ်ဘူး။ အဓိကတော့ ဒီနေ့တိုင်းပြည်မှာ သူတို့မြေပေါ်မှာ နေတဲ့ အင်အားစုတွေရဲ့အသံတခုကို ကျနော်တို့ ကြားနေရတယ်၊ သိနေရပြီပေါ့နော်” ဟု မှတ်ချက်ပြုသည်။

ဆက်လက်၍ ၎င်းက “သူတို့အသံ သူတို့ ပြောခွင့်ရှိစေရမယ်။ ဒါပေမယ့် ဒီနေ့တည်ဆောက်ရမယ့် နိုင်ငံရေးပလက်ဖောင်း က လွတ်လပ်ရေးရကတည်းက ဖြစ်နေတဲ့ပြဿနာကြီးကို ကျနော်တို့က အပျော့နည်းနဲ့ ဆွဲလို့မရဘူး။ အညံ့ခံလိုက်လို့ မရဘူး။ ကျစ်လျစ်မှုမရှိတဲ့ နိုင်ငံတကာရဲ့ဖိအားတွေ၊ နိုင်ငံရဲ့အဖြေကို ပေးတာမဟုတ်ဘဲနဲ့ ပြဿနာကိုကျော်လိုတဲ့ နိုင်ငံရေး လုပ်ရပ် တွေကတော့ အဖြေမဟုတ်ဘူး။ ဒါကို ကျနော်တို့ တဖက်က မားမားမတ်မတ်ရပ်မယ်၊ ကျနော်တို့ တည်ဆောက် လိုတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်တွေကိုရအောင် တည်ဆောက်သွားဖို့ ကျနော်တို့ဘက်ကတော့ လုပ်သွား မှာပဲ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

အဆိုပါ ငွေဆောင်ဆွေးနွေးပွဲပြီးနောက် ရှမ်းပြည်နယ်၊ ကလောမြို့၌ နောက်ထပ်ဆွေးနွေးကြရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် လူမဆန်မှုဟု NUG ပြော

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

]]>
ဝမ်းရေးအကျပ်အတည်းက လူကုန်ကူးမှုသားကောင် ပိုများလာသလား https://burma.irrawaddy.com/article/2023/03/24/331173.html Thu, 23 Mar 2023 22:56:17 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%80%a1%e1%80%90%e1%80%8a%e1%80%ba%e1%80%b8%e1%80%80-%e1%80%9c%e1%80%b0%e1%80%80%e1%80%af.html လက်ရှိကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေက လူကုန်းကူးမှုကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာ / EUပညာရေးအခြေခံ နည်းပါးတာ၊ စီးပွားရေး ကျပ်တည်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ငွေကျပ် သိန်း ၄၀ ၊ ၅၀ လောက်နဲ့ ရောင်းစားခံရသူတွေ များလာတယ်လို့ တိုင်းရင်းသားဒေသမှာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။]]> လက်ရှိကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေက လူကုန်းကူးမှုကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာ / EU

အသက် ၁၅နှစ်နဲ့ ၁၇ နှစ်အရွယ်အမျိုးသမီးငယ် ၂ ဦးကို ဘေးမှာထားကာ အမျိုးသားကြီးတဦးက“ဒါက သိန်း ၃၀ ပါ၊ ဒါကတော့ သိန်း ၄၀ ပါ။ ချောတယ်နော်၊ အပျိုစစ်စစ်ဖြစ်တယ် အသက် ၁၇၊ ၁၅” စသဖြင့် တယောက်ချင်းစီကို လက် ညှိုးထိုးကာ အမျိုးသမီးငယ်များကို ရောင်းကုန်ပစ္စည်းတခုလို ဈေးခေါ်နေသည့် ရုပ်သံတခု လူမူကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။

ဈေးခေါ်နေသူက ရွှေခေါင်းလောင်းဆရာတော်လို့ လူသိများတဲ့ ခရစ်ယာန်ဘာသာရေး ဆရာ ဦးစိုင်းအေး ဆိုသူဖြစ်ပြီး၊ အမျိုးသမီးငယ်တွေရဲ့ မျက်နှာတွေကို ကင်မရာနဲ့ အနီးကပ်ဆွဲရိုက်ပြကာ အသားအရည်ကအစ လှပကြောင်းနှင့် အပျို စစ်ကြောင်း သူက ညွှန်းဆိုနေပါတယ်။ ဘေးမှာကတော့ သက်ကြီးပိုင်း အမျိုးသား ၁ ဦး ထိုင်နေပြီး အဖေဖြစ်သူလို့ ဆိုပါတယ်။

အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးငယ် ၁ ဦးကို ငွေကျပ် သိန်း ၃၀၊ အသက် ၁၇ နှစ်ရှိတဲ့ အမျိုးသမီးငယ် ၁ ဦးကို ကျပ်သိန်း ၄၀ နဲ့ ဝယ်လို့ရကြောင်းပြောဆိုကာ သူ့အနေနဲ့ အောင်သွယ်တော်လုပ်ပေးတာလို့ ဦးစိုင်းအေးက ဆိုလိုက်ပြီး တင်တောင်းတာ လို့လည်း ထပ်ပြီး သုံးနှုန်းထားပါတယ်။

လူ ၁ ဦး ၁ ယောက်ကို နှုန်းထားသတ်မှတ် ရောင်းဝယ်တဲ့ပုံစံဟာ လူကုန်ကူးတဲ့ အဓိပ္ပာယ်သက်ရောက်ပြီးတော့ နိုင်ငံ တကာရော၊ ပြည်တွင်းမှာပါ တားမြစ်ကန့်သတ်ထားတဲ့ လူကုန်ကူးမှုဥပဒေနဲ့ ငြိစွန်းနေပါတယ်။

လူတယောက်ကို အခြားလူတယောက်က သဘောတူချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းတာ၊ သယ်ယူပို့ဆောင်တာ၊ လွှဲပြောင်းတာ၊ ရောင်းချ၊ ဝယ်ယူ၊ ငှားရမ်း၊ ငှားယူ၊ ခိုလှုံခွင့်ပေးတာ ဒါမှမဟုတ် လက်ခံတာတွေ ကို ဆိုလိုတယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒါပေမယ့် ဒီရုပ်သံကို တင်သူ ရွှေခေါင်းလောင်းဆရာတော် ဆိုသူကတော့ မိဘတွေ တင်ခိုင်းလို့ တင်ရတာလို့ ဧရာဝတီ ကို ပြောပါတယ်။

“ဒီမှာ သမီးရှိတယ် လိုချင် တင်တောင်းလို့ရတယ်ပြောလို့ မီဒီယာလုပ်ဖြစ်သွားတာ။ သူတို့ လုပ်နေကျ မဟုတ်ဘူး။ တခါမှ မလုပ်ဖူးဘူး၊ သိန်း ၃၀၊ ၄၀ ဆိုတာ မိဘကိုယ်တိုင်က တောင်းတာ။ နို့ဖိုးပေါ့။ သူတို့ ကိုယ်တိုင်သတ်မှတ်တာ” လို့ သူက ပြောပါတယ်။

မိဘတွေဟာ ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တဲ့အတွက် သမီးတွေအတွက် တင်တောင်းကြေး တောင်း ဖြစ်တယ်လို့ လည်း သူကဆိုပါတယ်။ ဒါပေမယ့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေမှာတော့ ဒီလို ဘဝရပ်တည်မှု ခက်ခဲတဲ့ အခြေ အနေကို အကြောင်းပြလို့ မရပါဘူး။

အဲဒီ ဥပဒေမှာ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဒါမှမဟုတ် ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို အလွဲ သုံးစားလုပ်ပြီး လူကုန်ကူးမှု ကျူးလွန်လို့ မရဘူး ဆိုတာကို ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့်လည်း လူကုန်ကူးမှုနဲ့ ငြိစွန်းတယ်ဆိုတာ သိလိုက်ရတာကြောင့် သူတင်ခဲ့တဲ့ရုပ်သံကို ဖျက်လိုက်ပြီး သူလည်း စစ်ဆေးခံရတယ်လို့ ရွှေခေါင်း လောင်းဆရာတော် ဆိုသူက ပြောပါတယ်။

“ကျနော့်ဆီ ကျိုင်းတုံ စစ်ထောက်လှမ်းရေးရော၊ လူကုန်တားရဲတပ်ဖွဲ့နဲ့ ကျိုင်းတုံရဲတပ်ဖွဲ့ကရော စစ်ဆေးမေးမြန်းတယ် လူ၊ ကားရော၊ ဖုန်းရော၊ ငွေကြေး ဝင်ထွက်တာရော။ လူကုန်ကူးလို့ သံသယရှိလို့ စစ်တာ။ ဘာမှမပြောဘူး၊ တိုင်တဲ့သူ ရှိလို့ စစ်ရတဲ့သဘောပဲ၊ စစ်လိုက်တော့ ဘာမှအမှားမရှိတော့ ပြန်လွှတ်လိုက်တာပေါ့” လို့ သူက ဆိုပါတယ်။

ရွှေခေါင်းလောင်းဆရာတော်ကိစ္စဟာ လူမြင်ကွင်းမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမို့ အများက အာရုံစိုက်မိခဲ့ကြပေမယ့် ဒီလို လူကုန်ကူးမှု ဖြစ်စဉ်မျိုးတွေ နယ်စပ် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ရပ်ပေါင်းများစွာ ရှိနေပါတယ်။

ကိုဗစ်ကာလကတည်းက စီးပွားရေး ရပ်တန့်မှုတွေကြောင့် စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံမှာ စစ်အာဏာသိမ်းမှု ထပ်မံဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်ငံရေးပဋိပက္ခတွေနဲ့အတူ နိုင်ငံအနှံ့ စစ်မီးတောက် လောင် လာပါတယ်။

NLD အစိုးရလက်ထက်၂၀၁၉ ခုနှစ်က Grab နှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Samaritan’s Purse တို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေစဉ်

ဒီပဋိပက္ခတွေနဲ့အတူ စီးပွားရေး ကျဆင်းမှုတွေ၊ အထွေထွေအကျပ်အတည်းတွေကြောင့် ဝမ်းရေးအတွက်တောင် ရုန်းကန်ဖို့ ခက်ခဲလာကြတာက လူကုန်းကူးမှုတွေကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာတယ်လို့ တိုင်းရင်းသား ဒေသတွေမှာ စောင့်ကြည့်နေကြတဲ့ အမျိုးသမီး အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

ပအို့ဝ်အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဖြစ်တဲ့ နန်းဇင်နွယ် က “အရင်အခြေအနေနဲ့ ပြန်ကြည့်ရင် လူကုန်ကူးခံရမှု ဖြစ်စဉ်တွေက ကိုဗစ်မတိုင်ခင် အများကြီး ရှိခဲ့တယ်။ အာဏာသိမ်းမှုပြီးတော့ ပိုဆိုးလာတယ်” လို့ ဆိုပါတယ်။

လူကုန်ကူးခံရတဲ့ ပုံစံတွေ မတူကြပေမယ့် အဓိက အများဆုံးဖြစ်ပွားနေတာကတော့၂ မျိုး ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံကို သားမယားအဖြစ် ရောင်းစားခံရတာနဲ့ လောင်းကစားရုံတွေ၊ တရားမဝင် ငွေကြေးလိမ်လည်မှုလုပ်ငန်း တွေမှာ ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေကို တင်တောင်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ်သိန်း ၃၀ နဲ့ ၅၀ ကြား မိသားစုကို ငွေကြေးပေးခဲ့ သလို၊ မိသားစုကလည်း သားသမီးကို အိမ်ထောင်ရက်သား ချထားပေးလိုက်တယ်လို့ ယူဆပြီး လာရောက်ခေါ်ယူသူနဲ့ ထည့်ပေးလိုက်တဲ့ ဖြစ်စဉ်မျိုးတွေဟာ အများအပြား ဖြစ်ပွားခဲ့ဖူးပါတယ်။

လာခေါ်တဲ့ လူနောက်ကိုပါသွားတဲ့ သမီးနဲ့ အဆက်အသွယ်မရတော့မှသာ လူကုန်ကူးခံလိုက်ရပြီဆိုတာ သိရတဲ့ ဖြစ်စဉ်တွေ၊ အကူအညီလာတောင်းလေ့ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ ဖြစ်စဉ် တွေက ပိုများတယ်လို့လည်း ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) ကနေ သိရပါတယ်။

“ကျမတို့ဆီမှာက ရောင်းစားတယ် ဆိုတာထက် သူ့ကို ကောင်းကောင်းမွန်မွန် လာတင်တောင်းရင် မင်္ဂလာဆောင်ပေး လိုက်တယ်။ သူက ဟိုဘက် တိုင်းပြည်ကို ခေါ်သွားခံရတယ်။ အဲဒါကို ကချင် Community က ရောင်းစားခံရတယ် လို့ မယူဆဘူး။ သိလည်း မသိဘူး” လို့ ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က အဖွဲ့ဝင်တဦးက ပြောပါ တယ်။

အဲဒီလို ဖြစ်စဉ်တွေဟာ တရုတ်နယ်စပ်နဲ့နီးတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။

အဲဒီဒေသတဝိုက် ရွာတွေက ၂၅ နှစ်အောက် အမျိုးသမီးငယ်တွေကို သားမယားအဖြစ် ရောင်းစားဖို့ ဦးတည်လေ့ရှိကြ ပြီး လူကုန်ကူးသူတွေဟာ ငွေကြေးကျပ်တည်းပြီး ဆင်းရဲနွမ်းပါးတဲ့မိသားစုက အမျိုးသမီးငယ်တွေကို ဦးတည် ပစ်မှတ် ထားလေ့ ရှိပါတယ်။

ဒါကြောင့် တင်တောင်းတယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ သမီးရည်းစားအယောင်ဆောင် လိမ်လည်လှည့်ဖျားခေါ်ယူတာတွေ၊ အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖျား ခေါ်ယူခံရတာတွေလည်း ရှိနေပါတယ်။

ပညာအခြေခံ နည်းပါးတာ၊ စီးပွားရေး ကျပ်တည်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ငွေကျပ် သိန်း ၄၀ ၊ ၅၀ လောက်နဲ့ ရောင်းစားခံရသူတွေ များလာတယ်လို့ တိုင်းရင်းသားဒေသမှာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အမျိုး သမီး အဖွဲ့တွေက ပြောပါတယ်။

ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က အဖွဲ့ဝင်တဦးက “တရုတ်ပြည်ဘက်မှာ အလုပ်ရှိတယ်။ လခက ၆ လစာလောက် ပေးထားမယ်ဆိုပြီး ပွဲစားကနေပြီး မိန်းကလေး မိဘတွေကို ပေးထားခဲ့ပြီး ခေါ်သွားပြီး သွားရောင်းစားခံ ရတာမျိုးလည်း ရှိတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် နယ်စပ် တိုင်းရင်းသားဒေသတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ လူကုန်ကူးခံရမှုတွေ မြင့်တက်လာ ပေမယ့် လုံလောက်တဲ့ သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ သက်သေပြဖို့ ခက်ခဲလှပါတယ်။

ဘာကြောင့်လဲ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပေါ်ပေါ်တင်တင်ရပ်တည်ဖို့ ခက်ခဲလာသလို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု မရှိတာနဲ့၊ ဒီဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခ တွေ ဖြစ်ပွားနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။

အာဏာသိမ်းမှု မဖြစ်ခင်ကာလများဖြစ်တဲ့ ၂၀၁၉ ခုနှစ်မှာ ၁၄၁ မှု၊ ၂၀၂၀ ပြည့်နှစ်မှာ ၆၀ မှု ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မှာ ၃၆၊ ၂၀၂၂ ခုနှစ်မှာ ၁၃ မှုပဲ စာရင်းရောက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က အခြေ အနေတွေကို စောင့်ကြည့်နေတဲ့ ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က စာရင်းတွေအရ သိရပါတယ်။

“ဒီအခြေအနေ ဒီကာလမှာ အရပ်ဘက်အဖွဲ့တွေက လုံခြုံရေးအရရော ဌာနဆိုင်ရာတွေနဲ့လည်း ကိုဗစ်ပြီးကတည်းက အလုပ်တွဲလုပ်လို့ မရတော့တဲ့အခါကျတော့ သားကောင်တွေ ပိုများလာတယ်။ လုပ်တဲ့သူတွေကလည်း ပိုပြီး လုပ်လာ ကြတယ်။ ကျမတို့နိုင်ငံကလည်း Fail State/ Fail Law ဖြစ်နေပြီး။ တရားဥပဒေ စိုးမိုးမှုလည်း မရှိတော့ဘူး။ ဒီလုပ် စားတဲ့သူတွေက ဂွင်တွေ ပေါပြီး အခွင့်သာနေတဲ့ အနေအထားရှိတယ်” လို့ ပအို့ဝ်အမျိုးသမီးသမဂ္ဂ တွဲဖက် အထွေ ထွေအတွင်းရေးမှူး နန်းဇင်နွယ် က ဆိုပါတယ်။

နိုင်ငံမှာ ဥပဒေနဲ့ တရားရေးအဖွဲ့အစည်းတွေ အားနည်းလာတာကြောင့်လည်း အမျိုးသမီးတွေဟာ ပိုပြီး အကာကွယ်မဲ့ လာပါတယ်။

NLD အစိုးရလက်ထက်၂၀၁၉ ခုနှစ်က Grab နှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Samaritan’s Purse တို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေစဉ်

လူကုန်ကူးမှုတွေကို တားဆီး အရေးယူဖို့ ဆိုတာက ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ တာဝန်ဖြစ်ပေမယ့် လက်ရှိမြန်မာနိုင်ငံအနေနဲ့ အစိုးရတရပ် ပီပီပြင်ပြင် မရှိနေသလို၊ ရဲတပ်ဖွဲ့ကလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးတာမျိုးနဲ့ စစ်တပ်အာဏာရေရှည်တည်တံ့ရေးလောက်ကိုသာ အာရုံစိုက်နိုင်တဲ့ အနေအထားဖြစ် နေပါတယ်။

ဒါတင်မက အဂတိလိုက်စားမှု မြင့်တက်လာတာတွေကလည်း ဥပဒေချိုးဖောက်တဲ့ လူကုန်ကူးသူတွေအတွက် အကာ ကွယ်တခု ဖြစ်လာတာကြောင့် လူကုန်ကူးမှုဖြစ်စဉ်တွေ ဆက်လက်များပြားလာမယ့် အခြေအနေ ရှိနေပါတယ်။

ရွှေခေါင်းလောင်း ဆရာတော်လို ကိစ္စမျိုးဟာ လူကုန်ကူးမှုကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိရက်နဲ့ပဲဖြစ်ဖြစ် ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတဲ့ အခြေအနေ ရှိနေပါတယ်။

နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လူကုန်ကူးမှုဖြစ်စဉ်တွေဟာ နယ်စပ်ဒေသ တလျှောက်သာမကဘဲ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်လာနေပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့ဖြစ်တဲ့ Alliance Anti Trafic ရဲ့ မြန်မာပြည်ဆိုင်ရာအဖွဲ့ဝင်တဦးက “ရှမ်းပြည်တင်မက ကရင်၊ ကယား၊ ကချင်၊ ရန်ကုန်ကလူအစ နိုင်ငံခြားကိုသွားဖို့ နည်းမျိုးစုံနဲ့ Pressure တွေ ဖြစ်လာပြီးတော့မှ ထွက်ပေါက်ရှာ ကြတာပေါ့။ အဲဒီလိုနဲ့ လိမ်လည်လှည့်ဖျားတဲ့ လူကုန်ကူးပုံစံနဲ့ ကျရောက်သွားတာတွေ သိသိသာသာ ပိုများလာတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၁ ဒသမ ၆ သန်းခန့်သော ပြည်သူများက နေရပ်စွန့်ခွာထွက်ပြေးနေရသလို၊ ၁၇ ဒသမ ၆ သန်းကျော် ပြည်သူများက လူသားချင်းစာနာမှု အကူအညီတွေ လိုအပ် နေတယ်လို့ နယူးယောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် ကမာ္ဘ့လူ ကုန်ကူးမှု အစီရင်ခံစာ” မိတ်ဆက်တဲ့ အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ အခြေအနေကို တင်ပြခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကြောင်း အမျိုးသမီးနဲ့ မိန်းမငယ်လေးများဟာ လူကုန်ကူးမှုအန္တရာယ်နဲ့ ကြုံတွေ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေကြောင်းနဲ့ တချို့မှာ လူကုန်ကူးမှုရဲ့သားကောင်များ ဖြစ်နေကြလျက်ရှိကြောင်း၊ ဒီလို အခြေ အနေတွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့ သက်ဆိုင်ရာ UN အေဂျင်စီများ၊ ဒေသတွင်း အဖွဲ့အစည်းများအနေနဲ့ အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်ကာ ထိရောက်စွာ ဖြေရှင်းပေးဖို့ကိုလည်း သူက မေတ္တာရပ်ခံကြောင်း ပြောဆို သွားပါတယ်။

အာဏာသိမ်းမှု မတိုင်ခင်အခြေအနေကတော့ လူကုန်ကူးမှု ပပျောက်ရေးအတွက်ဆိုပြီး အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကြား ချိတ်ဆက်ပြီး လူကုန်ကူးမှုအဖြစ်များတဲ့ နေရာဒေသ တောရွာတွေအထိပါ ကွင်းဆင်း အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံအနှံ့ လူငယ်တွေဟာ အနာဂတ် ပျောက်ဆုံးလာသလို ဝမ်းရေးအတွက် ရရာ၊ ကြုံရာအလုပ်ကို လုပ်ရတဲ့အချိန်မှာ ရောင်းစားခံရမှုတွေ၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရတဲ့ ပြဿနာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ်။

“တချို့ လူကုန်ကူးမှုဖြစ်စဉ်တွေဆိုရင် သူအရောင်းစားခံရပြီး ပြန်လာတယ်။ ဒါပေမယ့် ဒီဘက်မှာ သူဘာမှ လုပ်စရာ မရှိတော့ သူ့ကိုယ်သူ ပြန်ရောင်းစားဖို့ ပြန်ရွေးချယ်ပြီး ပြန်သွားတာမျိုးလည်း ရှိတယ်။ ကိုယ်က ဘယ်လောက် အသိပညာပဲ ပေးပေး တကယ့် အသိပညာ လက်ခံနိုင်ရင်တောင်မှ ဝမ်းစာ မဝတော့ နောက်ဆုံးတော့ ရွေးချယ်မှု တခုခု လုပ်လိုက်တာတွေက လွဲမှာပဲ စိုးတာ” လို့ Alliance Anti Trafic အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာအဖွဲ့ဝင်က ဆိုပါ တယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဒီလို လူကုန်ကူးမှုတွေ မြင့်တက်လာတာကို လျော့ကျဖို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးယန္တရားကို ခိုင်ခိုင်မာမာ ပြန်လည် တည်ဆောက်နိုင်မှသာ ဖြစ်မှာပါ။

ဒါပေမယ့်လည်း တော်လှန်ရေးအောင်နိုင်တဲ့ အခြေအနေအထိ စောင့်ဆိုင်းနေရင်တော့ ပိုပြီး ဆိုးရွားဖို့သာ ရှိတာ ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို လူကုန်ကူးမခံရအောင် ဝိုင်းဝန်း ကာကွယ်ပေးဖို့ လိုအပ်ပြီး အဲဒီလိုမှ မဟုတ် ရင် အမျိုးသမီးတွေဟာ လူကုန်ကူးမှု ဖြစ်စဉ်တွေမှာ သားကောင်တွေအနေနဲ့ ပိုပြီး ကျူးလွန်ခံရနိုင်တဲ့ အနေအထား တွေ ဖြစ်လာမယ့် အခြေအနေ ရှိနေတယ်လို့ အမျိုးသမီး အရေးဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒီလိုဖြစ်စဉ်တွေကို ရပ်တန့်မသွားနိုင်ရင်တောင် အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် ပြည်တွင်းထဲမှာ ရှိနေတဲ့ အဖွဲ့ အစည်းတွေ၊ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ အမျိုးသမီး အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းတောင်း ဆိုကြပါတယ်။

You may also like these stories:

စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား

အာဏာသိမ်း စစ်ကောင်စီ အမျိုးသမီး ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့

]]>
မြန်မာ့အာဏာသိမ်း အကျပ်အတည်း ထွက်ပေါက် အာရှက ကူညီနိုင်မလား https://burma.irrawaddy.com/article/2021/03/01/238751.html Mon, 01 Mar 2021 07:31:14 +0000 https://burma.irrawaddy.com/lytbox/?p=238751 ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဘန်ကောက်ကို ရောက်ရှိလာပြီး ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံသွားသည် / Getty Imagesနိုင်ငံတိုင်းက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို စိတ်ဝင်တစားရှိနေတယ်။]]> ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဘန်ကောက်ကို ရောက်ရှိလာပြီး ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံသွားသည် / Getty Images

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဘန်ကောက်ကို မပြောမဆို ရောက်ရှိလာပြီး ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံသွားခြင်းဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှက ခြောက်ခြားဖွယ် သံတမန်အခင်းအကျင်း အစပြုမှုတခုပါပဲ။

ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။ စစ်ကောင်စီ ထိပ်တန်းအရာရှိတဦးရဲ့ ပထမဆုံးပြင်ပဆက်သွယ်မှုဟာ အင်မတန်ရှုပ်ထွေးနက်နဲလှပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဆိုရင် တရားဝင်တွေ့ခဲ့တယ်လို့ ပြောဖို့တောင် ဆန္ဒမရှိခဲ့ပါဘူး။

နိုင်ငံတိုင်းက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို စိတ်ဝင်တစားရှိနေသလို တမူထူးခြားတဲ့ ဒီအကျပ်အတည်းဟာ အားလုံးအတွက် ဆူးတချောင်းလို စိန်ခေါ်မှုဖြစ်နေတယ်။

ကမ္ဘာ့စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံတွေကလည်း ဒီကိစ္စအပေါ်အာရုံစူးစိုက်နေကြပြီး ချက်ချင်းဆိုသလို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်။ ဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ချက်ချင်းပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အီးယူဘက်ကလည်း ပိတ်ဆို့မှုတွေ စတင်ခဲ့တယ်။

ကြိုတင်ခန့်မှန်းလို့ ရတဲ့အတိုင်း တရုတ်ကတော့ ပျော့ပြောင်းတဲ့ ကြေညာချက်ထုတ်ပြန်ပြီး ပါဝင်ပတ်သက်နေကြတဲ့သူတွေအားလုံး သဘောထားကွဲပြားနေမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့တယ်။

ထူးခြားမှုတခုကတော့ တရုတ်ရဲ့ အနေအထားပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်မှုမရှိ သဘောတူပါဝင်ခဲ့တာပဲဖြစ်တယ်။ ဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ မူလ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ဆက်လက်ကျင့်သုံးဖို့ တောင်းဆိုထားတယ်။ ဒါကိုကြည့်ရင် တရုတ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် စိတ်မသက်မသာ ဖြစ်နေပုံရတယ်လို့ ခန့်မှန်းရတယ်။

ဒါပေမယ့် အမေရိကန်ရော၊ တရုတ်အတွက်ပါ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ ရွေးချယ်စရာ နည်းလမ်းက သိပ်များများစားစား မရှိဘူး ဖြစ်နေတယ်။

အမေရိကန်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုဟာ အားလျော့နေပြီး ဘက်ပေါင်းစုံ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်များနဲ့ နှိုင်းစာရင် အတော်လေး ကျဆင်းနေတာတွေ့ရတယ်။

အဲဒီအချိန်ကာလက စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့လို့ မြန်မာ့စီးပွားရေးကို အကြီးအကျယ်ချွတ်ခြုံကျစေခဲ့တာတောင် အဲဒီချိန်က မြန်မာစစ်အစိုးရကို တစုံတရာ လွှမ်းမိုးနိုင်ခဲ့တာ မရှိခဲ့ဘူး။

အခု ပိတ်ဆို့အရေးယူမှုတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပေမယ့် နေပြည်တော်က အာဏာသိမ်းခေါင်းဆောင်တွေကို စိတ်ပြောင်းသွားဖို့ ဖြစ်နိုင်ခြေ သိပ်မရှိတာ တွေ့ရတယ်။

မြန်မာပြည်အာဏာသိမ်းမှု ဖြစ်စဉ်ဟာ ဂျိုးဘိုင်ဒင်အစိုးရ တက်လာပြီး သိပ်မကြာခင်မှာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အမေရိကန်ဟာ အာရှ ပစိဖိတ်ဒေသမှာ ဒီမိုကရေစီတန်ဖိုးမြှင့်တင်ဖို့၊ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ချည်းကပ်မှုအသစ်နဲ့ အစပျိုးနေချိန်လည်း ဖြစ်တယ်။

ဒါပေမယ့် တရုတ်လိုပဲ အာဆီယံနိုင်ငံတွေကလည်း မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူ၊ ပြစ်တင်ရှုတ်ချတဲ့ နည်းလမ်းကို အခြေခံပြီး ချည်းကပ်မယ့် လက္ခဏာ မတွေ့ရဘူး။

တရုတ် ရွေးတဲ့လမ်း

တရုတ်ကတော့ အာဏာသိမ်းမှုဖြစ်စဉ်ကနေ အကျိုးအမြတ် ရရှိတဲ့သူ ဖြစ်လာမှာပါ။ တခုတည်းသော အင်အားကြီးနိုင်ငံအနေနဲ့ တရုတ်ဟာ မြန်မာပြည်ကို လက်နက်ထောက်ပံ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေဦးမှာပဲဖြစ်တယ်။

ဒါပေမယ့် ဖုံးကွယ်ထားလို့မရတဲ့ အချက်တချက်က တရုတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ အလုပ်လုပ်ရတာ (ဘာမှ မသေချာ မရေရာတဲ့ စစ်အစိုးရနဲ့ အလုပ်လုပ်ရတာထက် စာရင်) ပိုပြီး သက်သောင့်သက်သာနဲ့ အဆင်ပြေချောမွေ့မှု ရှိနေတယ် ဆိုတဲ့အချက်ပါ။

NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ ဆက်ဆံရေးဟာ ပိုပြီး နွေးထွေးမှုတွေ ရှိလာခဲ့တယ်။ စစ်အစိုးရအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကြီးရဲ့လွှမ်းမိုးမှု၊ အထူးသဖြင့် နယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ အပေါ် သြဇာလွှမ်းမိုးမှုတွေအပေါ် သမိုင်းစဉ်ဆက် မယုံကြည်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့တယ်။

အခု ဆန္ဒပြနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကြား ယုံကြည်နေတဲ့ အချက်တခုကတရုတ်ဟာ အာဏာသိမ်းစစ်အစိုးရကို ထောက်ခံအားပေးနေပြီး ဒီအချက်ကြောင့် ပြည်သူတွေကြားမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေခဲ့တယ်။

ဒါ့ကြောင့်လည်း တရုတ်အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ရှေ့ထွက်လာပြီး ထွက်ပေါ်နေတဲ့ကောလဟလသတင်းတွေ မဟုတ်မှန်ကြောင်း၊ တရုတ်စစ်တပ်က မြန်မာပြည်အတွက် အင်တာနက် firewall တည်ဆောက်ပေးနေတယ်ဆိုတာ မမှန်ကန်ကြောင်း၊ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတာလည်း မဟုတ်ကြောင်း ငြင်းချက်ထုတ်ရတယ်။

အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်နေကြသူတွေရဲ့ ခန့်မှန်းချက်တခုက မြန်မာနိုင်ငံမှာ ရေရှည်မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဒီမတည်ငြိမ်မှုကြောင့် တရုတ်ရဲ့တစိပ်တပိုင်း စီးပွားရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်လို့ ဆိုတာပါပဲ။ ဒီအကြောင်းတွေကြောင့် တရုတ်ဟာ မြန်မာ့အရေးကို သတိကြီးကြီးထားပြီး ကိုင်တွယ်နေရတယ်။

ကုလသမဂ္ဂကတော့ မြန်မာပြည်ရဲ့ အဆင်မပြေလှတဲ့ စေ့စပ်ရေး သမိုင်းတွေကို မှတ်တမ်းတင်ထားခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ် လူထုအုံကြွဆန္ဒပြမှုဖြစ်စဉ် ပြီးကတည်းက ဒီမိုကရေစီ မြှင့်တင်ရေး ဆယ်စုနှစ် ၂ ခုကြာ မအောင်မြင်ခဲ့တဲ့ အထူးသံတမန်စေလွှတ်ခဲ့မှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ စေလွှတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဆက်ဆက်ဟာလည်း ရလဒ်ကောင်း မထွက်ဘဲ ပြီးဆုံးခဲ့ရတာ များခဲ့ပါပြီ။

လက်ရှိ ကုလအထူးကိုယ်စားလှယ် ဆွစ်ဇာလန်လူမျိုး ခရစ္စတင်းရှာရနာ ဘာဂနာ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူတွေအကြား အန္တရာယ်ကြီးမားလှတဲ့ ထိပ်တိုက်တွေ့ဆုံနေမှုက ဆွဲထုတ်နိုင်မယ့် လမ်းစရှာဖို့ ဘယ်သူမှ မလုပ်ချင်တဲ့ တာဝန်ကို ယူထားရပါတယ်။

သူ့အနေနဲ့ အစိုးရသစ်က ကိုယ်စားလှယ်တွေနဲ့ အရေးတကြီးတွေ့ဆုံနိုင်ဖို့ ကြိုးစားနေပြီး ဒီအခြေအနေမှာ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရမှန်း မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ဖို့ လိုအပ်နေတယ်။ ဒီလိုတွေ့ဆုံခြင်းဟာ စစ်အစိုးရကို အသိအမှတ်ပြုခြင်း မဖြစ်ဖို့ လိုတယ်။

ခရစ္စတင်း ဘာဂနာ အနေနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တာဝန်ပေးအပ်မှုနဲ့အတူ သွားရောက်ရမှာဖြစ်တယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှု လုံးဝ ကျရှုံးရမယ်လို့ ထုတ်ဖော်ပြောကြားထားခဲ့တဲ့ ဂူတာရက်စ်ကြောင့် စစ်ဗိုလ်ချုပ်တွေက သူ့အပေါ် ယုံကြည်ဖို့ ခဲယဉ်းပါလိမ့်မယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သိမ်းထားတဲ့ အာဏာကို စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေတယ်လို့ ယုံကြည်သူက အနည်းအကျဉ်းသာ ရှိပါတယ်။

သူ့လက်အောက်ငယ်သားအချို့က ဒီအာဏာသိမ်းမှုကို သဘောမတူဘဲ မြန်မာနိုင်ငံအတွက် အင်မတန်ကြီးမားလှတဲ့ ဆုံးရှုံးမှုနဲ့ကြုံတွေ့ရနိုင်တယ်ဆိုတာ သဘောပေါက်ပေမယ့် မြန်မာ့တပ်မတော်ဟာ အထက်အောက်ရာထူးတွေကြားမှာ ဘယ်သောအခါမှ အမြင်သဘောထားကွဲပြားမှုကို ပြသခွင့်မပြုခဲ့ပါဘူး။

နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ် နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သူ့ဆီက အာဏာလုသွားသူနဲ့ ညှိနှိုင်းဖို့ လက်ခံမယ် မထင်ဘူး။

အင်ဒိုနီးရှားရဲ့ ခြေလှမ်း

အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ညှိနှိုင်းရေး အဆိပ်သင့်ခဲ့သူက အင်ဒိုနီးရှားပဲဖြစ်တယ်။ အင်ဒိုနီးရှားက မြန်မာ့အရေး အာဆီယံမှာ အဖြေရှာဖို့ ကနဦး ကြိုးပမ်းမှုတွေ စတင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး တနိုင်ငံရဲ့ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးမူနဲ့ ရပ်တည်နေတဲ့ အာဆီယံနိုင်ငံများအတွက် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အခက်အခဲတွေ ရှိနေတယ်။

ဒါပေမယ့် မြန်မာပြည်မှာ နောက်ထပ် ထိပ်တိုက်တွေ့မှုများနဲ့ သွေးထွက်သံယိုမှုများ ရှိလာခဲ့ရင်တော့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမယ့် အာဆီယံရဲ့ တည်ငြိမ်မှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင် ဝင်ရောက်ဖြေရှင်းရမယ့်တာဝန် ရှိလာပြီ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဖြစ်တယ်။

ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ လူအမြောက်အမြားအတွက် အသင့်ပြင်ဆင်နေမှုတွေ ရှိနေပါပြီ။

အာဆီယံဟာ မြန်မာ့အရေးကို တသံတည်း ထွက်ကြမှာတော့ မဟုတ်ဘူး။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့ဟာ မြန်မာအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘာမှ မဝေဖန်ဘဲ နေခဲ့ကြပြီး ဒါဟာ သူ့နိုင်ငံရဲ့ပြည်တွင်းရေးသာဖြစ်တယ်လို့ ဆိုတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ စင်္ကာပူကတော့ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့တာတွေ့ရတယ်။ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပြီး ဆန္ဒပြသူတွေကို အသက်အန္တရာယ်ရှိတဲ့ လက်နက်နဲ့ နှိမ်နင်းခဲ့မှုဟာ ခွင့်မလွှတ်နိုင်စရာဖြစ်တယ်လို့ ဝေဖန်ခဲ့တယ်။

မြန်မာပြည်က အကျပ်အတည်းကို လမ်းကြောင်းရှာဖို့ ကြိုးစားတာက အင်ဒိုနီးရှားပါ။ အင်ဒိုနီးရှားဟာ အာဆီယံမှာ အကြီးဆုံးနိုင်ငံဖြစ်ပြီး ၁၉၈ဝပြည့်လွန်နှစ်များက ကမ္ဘောဒီးယားမှာ ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းခဲ့တဲ့ သမိုင်းအစဉ်အလာရှိဖူးတယ်။

လုပ်သက် ခြောက်နှစ်ကျော် ရှိပြီဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ ဒေသတွင်းမှာတော့ အတွေ့အကြုံအရင့်ဆုံးထဲက တဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်က ရိုဟင်ဂျာ အရေးဖြေရှင်းရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်တယ်။

အင်ဒိုနီးရှားဟာ မြန်မာနဲ့ ဝေးကွာပြီး နယ်မြေချင်းထိစပ်မှု မရှိသလို အကျိုးစီးပွားဆက်စပ်မှုလည်း သိပ်မရှိဘူး။ ဒါပေမယ့် အင်ဒိုနီးရှားဟာ မြန်မာလိုပဲ လူမျိုးစုအများအပြားနေထိုင်ပြီး ကိုလိုနီခေတ်နှောင်းပိုင်း နိုင်ငံတည်ဆောက်ရေးမှာ လက်နက်ကိုင်တပ်ဖွဲ့က အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ဒါကို မြန်မာစစ်ဗိုလ်ချုပ်များက အတုယူစရာ မော်ဒယ်တခုအဖြစ် ရှုမြင်လေ့ရှိတယ်။

ဒါပေမယ့်လည်း မစ္စ မာဆူဒီ မြန်မာအရေး အာဆီယံအထူး အစည်းအဝေးတခု ကျင်းပဖို့ ဖြစ်နိုင်ခြေ လမ်းကြောင်းရှာတဲ့အခါ အဖွဲ့ဝင်တချို့နဲ့ ဆွေးနွေးခဲ့တဲ့ အသေးစိတ်အချက်တချို့ ပေါက်ကြားသွားခဲ့တယ်။ အထူးသဖြင့် စစ်အစိုးရက တနှစ်အတွင်း ကျင်းပပေးမယ့် ရွေးကောက်ပွဲသစ် ကတိတည်စေဖို့ နဲ့ အောင်ဆန်းစုကြည်အပါအဝင် NLD နိုင်ငံရေးသမားတွေကို လွှတ်ပေးပြီး ပါဝင်စေဖို့ အချက်ဖြစ်တယ်။

ဒီအချက်ဟာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေကို ဒေါသပေါက်ကွဲစေခဲ့တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဒီရလဒ်ကို အသိအမှတ်ပြုရမယ်။ ဒီရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲအသစ် ကျင်းပခြင်းဟာ စစ်အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းပြန်လှန်ပစ်တာကို ထောက်ခံအားပေးရာကျတယ်လို့ ဆိုတယ်။

ဒါကြောင့် မစ္စ မာဆူဒီရဲ့ စီစဉ်ထားတဲ့ နေပြည်တော်ခရီးဟာ ရုတ်တရက် ဖျက်သိမ်းလိုက်ရတယ်။

ရှုပ်ရှုပ်ထွေးထွေး သံတမန်ရေး ကစားပွဲ

အားနည်းချက်တွေထဲက အာဆီယံဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်သွယ်ညှိနှိုင်းဖို့ ဖွင့်ပေးထားတဲ့ တခုတည်းသော တံခါးပေါက်အဖြစ် ဆက်လက်ရှိနေခြင်းပါ။

ကမ္ဘာကြီးက ပေးချင်တဲ့သတင်းစကားတွေ စစ်ဗိုလ်ချုပ်တွေဆီရောက်အောင်နဲ့ သူတို့ဆီက ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ နားထောင်ဖို့ အကောင်းဆုံးနေရာဟာ အာဆီယံပါပဲ။

အနောက်နိုင်ငံများက ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ဒီအဆင့်မှာ စစ်ဗိုလ်ချုပ်တွေကို တုန်လှုပ်စေဦးမှာ မဟုတ်ဘူး။ ဖိနှိပ်ခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းက တပ်မတော်ကို ရှောင်လွဲစေဖို့ ဆိုရင် သူတို့ကို ဖယ်ရှားရေးနည်းလမ်းမှာ ပညာသားပါဖို့ လိုအပ်တယ်။

မြန်မာအိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ စေ့စပ်ရေးအစီအစဉ်တွေနဲ့ကတော့ နိုင်ငံခြားသားကြောက်ရောဂါ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဘယ်လိုမှ ဖျောင်းဖျရနိုင်မယ်မထင်ဘူး။ ဒါပေမယ့် အနောက်အုပ်စုနဲ့အတူ စနစ်တကျ ပူးပေါင်းဖိအားပေးမယ်ဆိုရင်တော့ ရလဒ်ကောင်း ထွက်နိုင်တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိပြီး ထိုင်းအစိုးရကို ကြီးစိုးထားတဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ ဒီနေရာမှာ ဖြစ်နိုင်တဲ့ လမ်းဖွင့်ပေးမှုတွေအတွက် အခွင့်အလမ်းရှိနေမှာပါ။

တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကလည်း အင်မတန်အရေးကြီးတဲ့ အနေအထားမှာ ရှိပါတယ်။

နောက်ဆုတ်ပြီး နေမလား။ စစ်တပ်က ဆန္ဒပြလှုပ်ရှားမှုတွေကို ချေမှုန်းပြီးတဲ့အထိ ထိုင်စောင့်ပြီး ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်စမလား။ ဒါမှမဟုတ် ညှိနှိုင်းဆွေးနွေးရေး ထွက်ပေါက် ရှာဖွေဖို့ အတူလက်တွဲကြမလား။

တရုတ်ကတော့ ခုလို ခိုးကြောင်ခိုးဝှက် ရှုပ်ထွေးလှတဲ့ သံတမန်ကစားပွဲမှာ လက်ရှောင်နေတုန်းပါ။

(ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက် ဂျိုနသန်ဟက် ရဲ့ သုံးသပ်ချက် Can Asia help Myanmar find a way out of coup crisis? ကို သတင်းစာဆရာ ချစ်ဝင်းမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။)

You may also like these stories:

ဆန္ဒပြသူ ၁၅ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော

တရုတ်ကြောင့် မြန်မာ့အာဏာသိမ်းမှု အိန္ဒိယ သတိထား တုံ့ပြန်

မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ

]]>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စိတ်ကျန်းမာရေး အကျပ်အတည်းဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ သတိပေး https://burma.irrawaddy.com/news/2020/05/15/222713.html Fri, 15 May 2020 10:21:29 +0000 https://burma.irrawaddy.com/lytbox/?p=222713 နယူးယောက် စင်ထရယ်ပန်းခြံအနီး ခုံတန်းပေါ်တွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေဟန်ရှိသော ဆေးရုံဝန်ထမ်းတဦး / Reutersအိမ်တွင်း အကြမ်းဖက်မှု မြင့်မားလာနေပြီး ကျန်းမာရေး လုပ်သားများသည် စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ပိုမိုလိုအပ်လာနေကြောင်း အစီရင်ခံစာများက ဖေါ်ပြနေကြသည်။]]> နယူးယောက် စင်ထရယ်ပန်းခြံအနီး ခုံတန်းပေါ်တွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေဟန်ရှိသော ဆေးရုံဝန်ထမ်းတဦး / Reuters

ကမ္ဘာတဝန်းမှ လူ သန်းပေါင်းများစွာတို့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေခြင်းတရား၊ ရောဂါ၊ အခြေအနေအရ အထီးကျန်နေထိုင်ရခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ကြာသပတေးနေ့တွင် သတိပေးလိုက်သည်။

“အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်မှု၊ မရေရာမှုနဲ့ စီးပွားရေးကမောက်ကမဖြစ်နေတာတွေအားလုံးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်စေတယ်။ ဖြစ်စေနိုင်တယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဌာန ဒါရိုက်တာ ဒီဗိုရာ ကက်စတယ် ကပြောကြားလိုက်သည်။

စိတ်ကျန်းမာရေးပြဿနာ အရေအတွက်နှင့် ပြင်းထန်မှု မြင့်မားလာနိုင်ကြောင်းနှင့် အစိုးရများအနေဖြင့် ကူးစက်ရောဂါအခြေအနေကို တုံ့ပြန်ဆောင်ရွက်ရာတွင် ထိုပြဿနာကို ရှေ့တန်း ဗဟိုချက်တွင် ထားသင့်ကြောင်း ကိုဗစ်-၁၉ နှင့် စိတ်ကျန်းမာရေး ဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာနှင့် မူဝါဒလမ်းညွှန်ချက်တင်ပြရာတွင် ကက်စတယ် ပြောသည်။

“လူ့အဖွဲ့အစည်းတွေ တခုလုံးအနေနဲ့ စိတ်ကျန်းမာရေးနဲ့ သာယာစိုပြေရေးဟာ ဒီအကျပ်အတည်းကြောင့် အကြီးအကျယ်ထိခိုက်ရပြီး အလျှင်အမြန်ဖြေရှင်းဖို့လိုတဲ့ ဦးစားပေးပြဿနာဖြစ်တယ်” ဟု ကက်စတယ်က သတင်းထောက်များကို ပြောသည်။

ဒေသအများအပြားတွင် သူငယ်ချင်းများနှင့်ကျောင်းများမှ သီးခြားဖြစ်နေသော ကျောင်းသားများနှင့် လူငယ်များ၊ ကိုရိုနာဗိုင်ရပ်စ်သစ်ကြောင့် သေလုမျောပါးဖြစ်နေသည့် ထောင်ပေါင်းမျာစွာသော လူနာများကို စောင့်ရှောက်ရသည့် ကျန်းမာရေး လုပ်သားများ အပါအဝင် လူ့အဖွဲ့အစည်းအစိတ်အပိုင်းအများအပြားသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားရနိုင်ခြေရှိကြောင်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ကိုဗစ်-၁၉ ၏ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး ထိခိုက်မှုများကိုပြသနေတည့် လေ့လာမှုနှင့်စစ်တမ်းအများအပြားလည်း ပေါ်ထွက်နေပြီး ဖြစ်သည်။

အိမ်တွင်း အကြမ်းဖက်မှု မြင့်မားလာနေပြီး ကျန်းမာရေး လုပ်သားများသည် စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ပိုမိုလိုအပ်လာနေကြောင်း အစီရင်ခံစာများက ဖေါ်ပြနေကြသည်။

Reuters သတင်းဌာနက လွန်ခဲ့သောအပတ်တွင် အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များနှင့် သူနာပြုများကို တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့က ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ၎င်းတို့၏ လုပ်ဖေါ်ကိုင်ဖက်များဖြစ်စေသည် တုန်လှုပ်ခြောက်ခြားမှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းပူဆွေးခြင်း၊ ထုံထိုင်းမှု၊ စိတ်မတည်ငြိမ်မှု၊ အိပ်မပျော်ခြင်းနှင် အိပ်မက်ဆိုးများမက်ခြင်းတို့အားလုံးကို ပေါင်းစပ်ခံစားနေရကြောင်း ပြောသည်။

ကျန်းမာရေးလောက ပြင်ပတွင်လည်း ပြည်သူများသည် လတ်တလော ကျန်းမာရေး အပေါ်သက်ရောက်မှုများ၊ အထီးကျန်နေထိုင်ခြင်းကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များကြောင့် စိတ်ဖိစီးနေပြီး အများအပြားသည် ရောဂါကူးစက်ခံရခြင်း၊ သေလုမျောပါး ခံစားရခြင်းနှင့် မိသားစုဝင်များဆုံးရှုံးရခြင်းတို့ကို စိုးရိမ်ပူပန်နေကြောင်း WHO ကဖေါ်ပြသည်။

လူသန်းပေါင်းများစွာတို့သည် စီးပွားရေး ဖရိုဖရဲဖြစ်မှုများကိုလည်း ရင်ဆိုင်နေရပြီး ဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးမှု သို့မဟုတ် ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့်ပတ်သက်သည့် မကြာခဏထွက်ပေါ်လာသည့် သတင်းလိမ်များနှင့် ကောလာဟလများနှင့် ရောဂါကူးစက်မှု မည်မျှကြာမည်နှင့် ပတ်သက်သည့် မရောရာမှုများကြောင့် လူအများသည် အနာဂါတ်နှင့်ပတ်သက်ပြီး ပူပန်ကာ မျှော်လင့်ချက်ကင်းမဲ့ကြရသည်။

လူသန်းရာပေါင်းများစွာအကြား ကြီးမားသော ဝေဒနာ်များကို လျှော့ချရန် ရည်ရွယ်ပြီး လူ့အဖွဲ့အစည်းအတွက် ရေရှည် လူမှုနှင့် စီးပွားရေး ဆုံးရှုံးမှုများကို လျှော့ချရန် မူဝါဒချမှတ်သူများအတွက် အချက်အလက်များကို အထက်ပါ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထိုအကြံပြုချက်များတွင် ခေတ်အဆက်ဆက်ရင်းနှီးမြှုပ်နှံမှုနည်းနေသည့် စိတ်ပ်ိုင်းဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍကို ဖြေရှင်ရေး၊ ရှေ့တန်းကျသော နေရာများတွင် လုပ်ကိုင်နေရသည် ကျန်းမာရေးလုပ်သားများသို့ ဗီဒီယိုကွန်ဖရင့် နည်းဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးသည့် အဝေးမှ ကုထုံးများဖြင့် အရေးပေါ် စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စိတ်ဓါတ်ကျဆင်းပူပန်နေကြောင်း သိရှိရသူများ၊ အိမ်တွင်းအကြမ်းဖက်မှု ခံရနိုင်ခြေများသူများနှင့် အလွန်ဆင်းရဲနွမ်းပါးသူများအတွက် ကြိုတင်လက်ဦးမှု ရယူဆောင်ရွက်ရေး တို့ပါဝင်သည်။

ကိုးကား။ ။ Reuters

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည် မဟုတ်ဟု WHO ပြော

ရာသီတုပ်ကွေး လာရင် တော်တော် ရှုပ်ထွေး ခက်ခဲမယ်

ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ

]]>
တိုင်းရင်းသား၊ နိုင်ငံသား အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် မြန်မာ့အကျပ်အတည်း https://burma.irrawaddy.com/opinion/viewpoint/2018/02/06/151156.html Tue, 06 Feb 2018 03:30:19 +0000 https://burma.irrawaddy.com/lytbox/?p=151156 ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်တွင် ကျင်းပသော အာဆီယံအစည်းအဝေးတွင် ကျောင်းသူများ တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ထားစဉ် / Reutersပဋိပက္ခ ဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံနှင့် အလွန်ရင်းနှီး ကျွမ်းဝင်ဖြစ်နေသော စကားရပ် ဖြစ်သည်။ အမှန်ပင် မြန်မာနိုင်ငံတွင် ပဋိပက္ခ အများအပြား ရှိနေသည်။ ]]> ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်တွင် ကျင်းပသော အာဆီယံအစည်းအဝေးတွင် ကျောင်းသူများ တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ထားစဉ် / Reuters

ပဋိပက္ခ ဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံနှင့် အလွန်ရင်းနှီး ကျွမ်းဝင်ဖြစ်နေသော စကားရပ် ဖြစ်သည်။ အမှန်ပင် မြန်မာနိုင်ငံတွင် ပဋိပက္ခ အများအပြား ရှိနေသည်။ တချို့သော ပဋိပက္ခများမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသား အရေးနှင့် အမှတ်လက္ခဏာ ပေါ်တွင် အခြေခံ၍ ဖြစ်နေသော ပဋိပက္ခမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှု အကြီးမားဆုံး ဖြစ်သည်။

၎င်းပြဿနာကိုလည်း နိုင်ငံရေးနည်းနှင့် ဖြေရှင်းမှ ရမည်ဟု ယုံကြည်ထားကြသည်။ ထိုပြဿနာကို အရင်းပြု၍ လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ တိုင်းရင်းသားအရေးမှာ နှစ်ရှည်ကြာ ပဋိပက္ခများ၏ အဓိကကျသော အကြောင်းရင်း ဖြစ်နေသည် ဆိုသည့် အချက်မှာလည်း ငြင်း၍ မရပေ။

နှစ်ပေါင်းများစွာ တပ်မတော် အုပ်ချုပ်ခဲ့သော ကာလများတွင် ၎င်းပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့ပေ။ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲမှ စ၍ မြန်မာနိုင်ငံတွင် အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လမ်းစများ ပေါ်ထွက်လာ ခဲ့သည်။ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အပြန်အလှန် စကားစပြောနိုင်လာခဲ့ကြသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည် ပဋိပက္ခကို အချိန်တိုတွင်း ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပေ။

၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲအပြတ်အသတ်နိုင်၍ အစိုးရ ဖွဲ့လာနိုင်ခဲ့သောအခါ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ပေါ်တွင် ပြည်တွင်း၊ ပြည်ပမှ မျှော်လင့်ချက် မြင့်မားလာခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် အနောက်နိုင်များနှင့် ဆက်ဆံရေးမှာလည်း အကောင်းဘက်သို့ ဦးတည်လာခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော ပဋိပက္ခနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ် ပြည်ပ နိုင်ငံအများစု၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် နိုင်ငံတကာမှ ဖိအားပေးမှုများ၊ ပြစ်တင်ရှုံ့ချမှုများ နှင့် ကြုံလာရသည်။ ၎င်း ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုတို့ကိုပါ မေးခွန်း ထုတ်လာကြသည်။ ဝေဖန်လာကြသည်။

သို့အတွက် တိုင်းရင်းသားဖြစ်မှု ဆိုသည်ကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုကြသနည်း။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဖြစ်ခြင်းနှင့် နိုင်ငံ့အရေး ပြဿနာမှာ မည်မျှလောက် ဆက်စပ်နေသနည်း။ ထို့အပြင် တိုင်းရင်းသားဖြစ်မှုနှင့် နိုင်ငံသား ဖြစ်မှုတွင် မည်ကဲ့သို့ ချိတ်ဆက်နေသနည်း ဆိုသည်ကို နားလည် သဘောပေါက်ဖို့ အရေးကြီးလာသည်။

တိုင်းရင်းသားဖြစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

တိုင်းရင်းသား ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နိုင်ငံအလိုက် ကွဲပြား ခြားနားကြသည်။ ဘုံသဘောတူညီ လက်ခံ ထားသည့် တခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဟူ၍ ရှိရန် မလွယ်ကူပေ။ တိုင်းရင်းသားကို ညွှန်းဆိုသော အင်္ဂလိပ်စကားလုံး ‘ethnicity’ ဆိုသည်မှာပင် Oxford English Dictionary တွင် ၁၉၅၃ ခုနှစ်တွင်မှ စတင် ထွက်ပေါ် လာသည်။

အလယ်ခေတ်လောက်တွင် ထွက်ပေါ်ခဲ့သော မူရင်း ‘ethnic’ ဆိုသည့် စကားရပ်နှင့် ဆက်စပ်နေသည်။ ၎င်းစကားလုံးသည် ဂရိဘာသာ စကားမှ ဆင်းသက်လာပြီး လူမျိုးစု၊ မျိုးနွယ်စု အစရှိသည့် အဓိပ္ပာယ် ကောက်ယူနိုင်သည်။ တိုင်းရင်းသား လူမျိုးစု တခု ဆိုသည်မှာ သမိုင်း အစဉ်အဆက် တူညီသော ဝိသေသလက္ခဏာများ အချင်းချင်းကြား တည်ရှိလာသော၊ မျှဝေကျင့်သုံး လာသော လူ့မှုအသိုင်းအဝိုင်းတခုကို ဆိုလိုသည်။

၎င်း ဝိသေသလက္ခဏာများ မှာလည်း အခြားသော လူ့မှုအသိုင်းအဝိုင်းနှင့် ကွဲပြားလျှက်ရှိသည်။ ထိုသို့ ကွဲပြားမှုသည် အသိုင်းအဝိုင်း တခုနှင့် တခုကြား တနည်းအားဖြင့် ‘Us’ နှင့် ‘Them’ ပိုင်းခြားထားခြင်း ဖြစ်သည်။ အရေးကြီးသည့် အချက်မှာ ထိုသို့ ပိုင်းခြားချက်ကို အသိုင်းအဝိုင်း နှစ်ဖက်စလုံးမှ အသိအမှတ်ပြုဖို့ လိုအပ်သည်။

တိုင်းရင်းသား မျိုးနွယ်စု တခုနှင့် တခုအကြား ပိုင်းခြားမှုနှင့် အခြားသော ကျား/မ ကဲ့သို့ လူမှုလက္ခဏာရပ်များ ကွဲပြားခြင်းနှင့် အဓိကျသော မတူညီသည့် အချက်မှာ ‘သမိုင်းအစဉ်အလာ’ ဆိုသည့် အချက်ဖြစ်သည်။ တိုင်းရင်းသား ဖြစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ‘သမိုင်းအစဉ်အဆက်’ ဆိုသည့် အချက် အဓိကကျရသည်မှာ မိမိ၏ တိုင်းရင်းသား ဖြစ်မှုသည် မိမိ၏ မိဘ၊ အဖိုး/အဖွားများမှ တဆင့် ရရှိလာသောကြောင့် ဖြစ်သည်။

လူမှုအသိုင်းအဝိုင်းများကို ခွဲခြားနိုင်သည့် လူမှုလက္ခဏာရပ်များတွင် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားနေမှုတို့ ပါဝင်နိုင်သည်။ ထို့အတူ တိုင်းရင်းသားဖြစ်မှု ဝိသေသလက္ခဏာရပ်ကို ထည့်သွင်း စဉ်းစားရာတွင် နိုင်ငံအလိုက် ကွဲပြားခြားနားချက် များစွာ ရှိနိုင်သည်။ ဥပမာ ကွိဘက်တွင် ဘာသာစကားကို ထည့်သွင်း စဉ်းစားပြီး မြောက်ပိုင်း အိုင်ယာလန်တွင်တော့ ဘာသာရေးကို ထည့်သွင်းစဉ်းစားသည်။

ဘယ်ဂျီယံတွင် ၎င်းအချက် နှစ်ခုစလုံးကို ထည့်တွက်သည်။ အိန္ဒိယတွင် တိုင်းရင်းသား လက္ခဏာကို သတ်မှတ်ရာ၌ ဘာသာရေးသည် အခြေခံအကျဆုံး အချက်အလက်ဖြစ်ပြီး ဘာသာစကားသည်လည်း အရေးကြီးသည့် အချက်ဖြစ်သည်။ ထို့အပြင် မည်သည့် မူရင်းနိုင်ငံ ဖြစ်သည်ကို ထည့်သွင်း စဉ်းစားသင့်သည် ဆိုသည့် အချက်နှင့် ၎င်းတို့ အမှတ်လက္ခဏာ အပေါ် တွင်သာ စဉ်းစားသင့်သည် ဆိုသည့် အချက်တို့ အကြား သဘောထားကွဲလွဲမှုများလည်း ရှိသည်။ အိန္ဒိယ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် တဦးချင်းစီ၏ အမှတ်လက္ခဏာကို ၎င်းနိုင်ငံ သုံးနိုင်ငံမှ မူရင်း မည်သည့် နိုင်ငံမှ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားသည်။

တိုင်းရင်းသား ဖြစ်ခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ဒီမိုကရက်တစ် အမြင်နှင့် ဗဟုဝါဒမှ ထွက်ပေါ်လာသော မိမိကိုယ်ကိုယ် သတ်မှတ်ပြဋ္ဌာန်းနိုင်သည် ဟူသော အယူအဆ တခုလည်း ရှိသည်။ ဤ အယူအဆအရ လူနည်းစု တစုသည် ၎င်းတို့၏ အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို အခြေခံ၍ ကိုယ်ပိုင် ပိုင်းခြားသတ်မှတ်နိုင်သည်။ ထိုသို့ သတ်မှတ်ရာတွင် မိမိတို့၏ သမိုင်းအစဉ်အလာကို ဆန့်ကျင်၍ ကိုယ်လိုလားရာကို ရွေးချယ်၍ ဖွင့်ဆိုသတ်မှတ်ခြင်းမျိုး ဖြစ်လာနိုင်ခြေရှိသည်။

ဘာသာစကား ကဲ့သို့ တချို့ဝိသေသ လက္ခဏာရပ်များကို အရေးတကြီး ထည့်သွင်းစဉ်းစားနေရသည့် နိုင်ငံမျိုးတွင် အဖြေရှာရန် စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။ ဤနေရာတွင် ကိုယ်ပိုင်သတ်မှတ်ပြဌာန်းခွင့်ကို သဘောမတူ ကန့်ကွက် လိုခြင်း မဟုတ်ပါ။ သို့သော် နိုင်ငံတနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိအခြေအနေနှင့် ထွက်ပေါ်လာနိုင်သော အကျိုးဆက်များ ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည် ဟု ဆိုလိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တိုင်းရင်းသား

မြန်မာနိုင်ငံ၏ နှစ်ရှည်ကြာ လက်နက်ပဋိပက္ခများမှာ တိုင်းရင်းသားတန်းတူညီမျှ အခွင့်အရေးရရှိရေး၊ နိုင်ငံရေး ကိုယ်စားပြုမှု၊ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်များနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် တိုင်းရင်းသား ဖြစ်မှု ဆိုသည့် အရေးမှာ မြန်မာနိုင်ငံအတွက် ထိလွယ် ရှလွယ် အကဲဆတ်လွန်းလှသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်း ဆိုင်ရာ လက်စွဲတွင် ‘တိုင်းရင်းသား ဟူသည် သမိုင်းကြောင်းဆိုင်ရာ နားလည် သဘောပေါက်မှုများကို မျှဝေခြင်း၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးစုများ၏ ပိုက်နက် နယ်မြေဆိုင်ရာ (ဒေသလုံး ဆိုင်ရာ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ) မူလအစနှင့် ဘာသာစကား သို့မဟုတ် ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် ပြုမူနေထိုင်ပုံ စသည့် သီးသန့် ယဉ်ကျေးမှု စရိုက်လက္ခဏာများပေါ်တွင် အခြေခံသည်’ ဟုဖော်ပြထားသည်။

သို့သော်လည်း ၎င်း အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သက်ဆိုင်ရာ တိုင်းရင်းသားများ အနေဖြင့် အများလက်ခံ သဘောတူညီမှု ရယူထားသော အဓိပ္ပါယ်ဖွင့်ဆိုချက် မဟုတ်ပဲ ၂၀၀၆ ခုနှစ် ကုလသမဂ္ဂ၏ ဥရောပ စီးပွားရေး ကော်မရှင် (UNECE) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တိုက်ရိုက် ယူသုံးထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဖြစ်မှုနှင့် နိုင်ငံသား ဖြစ်ခြင်းမှာလည်း တိုက်ရိုက် ချိတ်ဆက်ထားသည်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတွင် နိုင်ငံသား ဖြစ်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ‘နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှ စ၍ ပင်ရင်း နိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်’ ဟု ဖော်ပြထားသည်။

ထို့အပြင် ပုဒ်မ ၅ ၌ ‘တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသား ဖြစ်သည်’ ဟု ထည့်သွင်းထားသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားကို သတ်မှတ်ရာတွင် သမိုင်းကြောင်း အရ မူရင်း နေထိုင်ခဲ့သူများ ဖြစ်ခြင်းကို အလေးပေး စဉ်းစားထားသည် ကို တွေ့ရသည်။

မြန်မာနိုင်ငံလို ပထဝီအနေထား အရ လူဦးရေ ထူထပ်သော အိန္ဒိယ၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော နိုင်ငံများနှင့် ထိစပ်နေသည့် အတွက် ထိုကဲ့သို့ ထည့်သွင်း စဉ်းစားရသည့် အခြေအနေ ဖြစ်သည်။ သို့သော်လည်း ၎င်းအချက်သည်ပင်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားများ သဘောတူလက်ခံထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက် မဟုတ်သေးပေ။

စိန်ခေါ်မှုများနှင့် အဖြေရှာခြင်း

ရခိုင်အရေး နောက်ပိုင်း မြန်မာနိုင်ငံရှိ ပြည်သူတို့၏ စိုးရိမ်မှုမှာ ပိုမို မြင့်တက်လာခဲ့သည်။ အများစုက ရခိုင်အရေးနှင့် ဆက်စပ်ပြီး လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေသည် ဌာနေတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသည့် အကာအကွယ် တံတိုင်းဟု ထင်မြင်ကြသည်။ တဖက်မှာလည်း အင်အားပေါင်းစုံဖြင့် တွန်းဆောင့်ခံနေရသော တံခါးပေါက်လည်း ဖြစ်နေသည်။

လက်တွေ့တွင် နိုင်ငံသား စိစစ်ရေးကဒ် မရရှိပါပဲ ပြည်သူ့ဝန်ဆောင်မှုများကို လက်လှမ်း မမှီနိုင်သည့် ဌာနေ တိုင်းရင်းသားများ အမြောက်အများ ရှိနေသလို ဌာနေတိုင်းရင်းသား မဟုတ်ပါပဲ နိုင်ငံသားကဒ် ရရှိထားသူများလည်း ရှိနေသည်။ ပထဝီအနေအထား အရ မြန်မာနိုင်ငံသည် ရွှေ့ပြောင်းဝင်ရောက် နေထိုင်သူများ၊ လူဦးရေ ထိုးဖောက် စိမ့်ဝင်ခြင်း၊ အစုလိုက် ရွှေ့ပြောင်း ဝင်ရောက်လာခြင်းမျိုးနှင့် ကြုံလာနိုင်ခြေများ ရှိနေသေးသည်။

လက်ရှိဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ဟူ၍ ပိုင်းခြား သတ်မှတ်ထား သော်လည်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ အတွက် ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင် မြန်မာပြည်တွင်း ရောက်ရှိ နေထိုင်ပြီး သူနှင့် ၎င်းတို့၏ မျိုးဆက်ဖြစ်ရမည် ဆိုခြင်း အတွက် လွတ်လပ်ရေး နောက်ပိုင်းမှ မြန်မာနိုင်ငံတွင် ဝင်ရောက် အခြေချ နေထိုင်သူများ၊ သို့မဟုတ် မိမိတို့၏ မျိုးဆက်မှာ လွတ်လပ်ရေး မတိုင်ခင် ကတည်းက ရှိခဲ့ကြောင်း သက်သေပြရန် ခက်ခဲသူတို့ အတွက် နိုင်ငံသားဖြစ်ခွင့် ခက်ခဲပါလိမ့်မည်။

နိုင်ငံအတော်များများတွင်လည်း ခေတ်ကာလနှင့်၊ လူ့အခွင့်အရေး စံနှုန်းများနှင့် လျော်ညီစွာ နိုင်ငံအတွင်း လာရောက် နေထိုင်ကြသူများကို သင့်တော်သည့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးရရှိဖို့ ဆောင်ရွက်ထားကြသည်။ သို့သော် နိုင်ငံအလိုက် သတ်မှတ်ချက်ကွဲပြား၍ နိုင်ငံသား အဆင့်သတ်မှတ်ချက်များလည်း ကွဲပြားကြသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအတွက် လက်ရှိ ဖိအားများနှင့် နောင်ကြုံလာနိုင်မည့် အကျပ်အတည်းတို့ အတွက် မဖြစ်မနေ အဖြေရှာရပါလိမ့်မည်။ ဌာနေတိုင်းရင်းသား ဖြစ်မှုနှင့် နိုင်ငံသားဖြစ်မှုအကြား ဆက်ထုံးကို ဖြေရပါလိမ့်မည်။ ဌာနေ တိုင်းရင်းသား အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးကို ခွဲခြားရပါလိမ့်မည်။
နိုင်ငံသားဖြစ်ခြင်းကို အမျိုးသား အကျိုးစီးပွား ရှေးရှုပြီး ခေတ်နှင့် လျော်ညီအောင် အဆင့်လိုက် အလွှာလိုက် အဖြစ် ပြင်ဆင်သင့်ပါသည်။ မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားဖြစ်ခြင်း ကိုလည်း သက်ဆိုင်သူ တိုင်းရင်းသားများဖြင့် ဆွေးနွေးတိုင်ပင်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြန်လည် သတ်မှတ်ရပါလိမ့်မည်။

ဌာနေ တိုင်းရင်းသားတို့၏ နိုင်ငံရေး အခွင့်အရေးကို နိုင်ငံရေး ဆွေးနွေးပွဲလမ်းကြောင်းမှ တဆင့် ညှိနှိုင်း ဆွေးနွေးယူရပါ လိမ့်မည်။ ဤအရေးသည် အလွန်အကဲဆတ် ထိရှလွယ်ပါသည်။ နည်းနည်းလေးမှ အမှားခံမည် မဟုတ်ပါ။ သို့သော် မိမိကိုယ်တိုင် ထုတ်သော အဖြေကသာ မိမိအတွက် အကျိုးအများဆုံး ဖြစ်မည် ဟု ယူဆပါသည်။

(ထွဋ်မင်းမြတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် နိုင်ငံတကာ ဖွံ့ဖြိုးမှု လေ့လာရေး International Development Studies ဘာသာရပ် မဟာဝိဇ္ဇာဘွဲ့အတွက် သင်ကြားနေသော ကျောင်းသားဖြစ်သည်)

]]>
နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါ https://burma.irrawaddy.com/opinion/interview/2018/01/30/150569.html Tue, 30 Jan 2018 02:30:05 +0000 https://burma.irrawaddy.com/lytbox/?p=150569 ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်  / ဧရာဝတီလက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော အကျပ်အတည်းနှင့် အခြေအနေတို့အား လုပ်ငန်းရှင် ဦးမောင်ဝိတ်ကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက မေးမြန်းခဲ့ပါတယ်။]]> ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်  / ဧရာဝတီ

၂၀၁၅ ခုနှစ်နောက်ပိုင်းမှစတင်ကာ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်သော အခွန်ဆိုင်ရာ စံနှုန်းများကို ပြုပြင်ကောက်ခံခဲ့ပြီးနောက် မြန်မာ့ဆောက်လုပ်ရေးယန္တရားသည် တဖြည်းဖြည်းနှေးသွားခဲ့ရာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းအများစုသည် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဘဏ်ချေးငွေဖြင့်ဆက်လက် အသက်ဆက်ခဲ့ကြရပါတယ်။

ယခုမူ ဘဏ်မှ ချေးငွေရရှိရန် ခက်ခဲလာခြင်း၊ ချေးထားသော ငွေများအား သုံးနှစ်အတွင်း အတိုး၊ အရင်းပြန်ဆပ်ရ မည်ဆိုသော ကြေညာချက်တို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ကပ်ဆိုက်မည့်အချိန်တခုသို့ ပိုနီးကပ် လာပြီဆိုလျှင်လည်း မမှားပေ။

ထို့အတွက် ဆောက်လုပ်ရေးကဏ္ဍပြန်လည်ရှင်သန်ရေးအတွက် လုပ်ငန်းရှင်များက အခွန်နှင့်ဘဏ်ချေးငွေဆိုင်ရာ ကိစ္စနှင့် သက်ဆိုင်သော အချက် ၆ ချက်ကို ဇန်နဝါရီ ၂၆ ရက်က အစိုးရထံသို့စတင် တောင်းဆိုထားကြပါတယ်။

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော အကျပ်အတည်းနှင့် အခြေအနေတို့အား ဆောက်လုပ်ရေး ကဏ္ဍ၌ ၂၅ နှစ်ကြာလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးမောင်ဝိတ်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက သီးသန့် မေးမြန်းခဲ့ပါတယ်။

မေး။ ။ အခုလက်ရှိဆောက်လုပ်ရေးကဏ္ဍက ကျပ်တည်းလာတယ်လို့ဆိုတဲ့အတွက် ဘယ်လိုအခက်အခဲတွေ အဓိက ကြုံတွေ့နေရပါသလဲ။

ဖြေ။ ။ ငွေကြေးနဲ့ ပတ်သက်ပြီးကတော့ Cash Flow (ငွေကြေးစီးဆင်းမှု)ကြီး တခုလုံးက ဆောက်လုပ်ရေး စီမံကိန်း အကုန်လုံးအတွက် ခက်လာတာပေါ့။ စီမံကိန်းတခုလုပ်ဖို့ဆိုရင် ရင်းနှီးမြှပ်နှံမှုက အကြမ်းဖျင်းအားဖြင့် ငွေကြေးရရှိမှုကို သုံးပိုင်းခွဲလို့ရနိုင်ပါတယ်။ ကိုယ့်ရင်းနှီးမြှပ်နှံမှုက ၃ ပုံတပုံလောက်ပေါ့။ ကျန်တဲ့ သုံးပုံတပုံ ရောင်းတဲ့ဟာက ရမယ်။ တကယ်လို့ ရောင်းတာ အားနည်းခဲ့ရင် ဘဏ်တွေကနေ ငွေချေးမယ်ပေါ့။

ဖြစ်ချင်တော့ အဲဒီအရောင်းအဝယ်က အကြောင်းအမျိုးမျိုးကြောင့် နှေးလာတယ်။ ပိုပြီးတိတိကျကျ ပြောရရင်တော့ စောင့်ကြည့်ပါဦးမယ် ဆိုတဲ့စကားလုံးလေးဟာ ကျနော်တို့အရောင်းအဝယ် အကုန်လုံးကို အတော် နှေးကွေးသွားစေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီ စကားလုံးက ဘယ်နေရာကလာတဲ့ စကားလုံးများလဲဆိုပြီး ဒါကို ကျနော်တို့အတော်လေး သတိထားရမဲ့သဘော ရှိပါတယ်။

အရောင်းအဝယ်မှာ နှေးသွားတော့ ဘဏ်ချေးငွေကို ပိုပြီးအားကိုးလာရတယ်။ အခုခါကျ ဘဏ်ကနေ ငွေချေးပေးဖို့ အမျိုးမျိုးသော အခက်အခဲတွေ ထပ်ဖြစ်လာတယ်။ ဒါကြောင့် ရောင်းတဲ့နေရာကနေ ငွေတွေနှေးသွားရင်၊ ဘဏ်က စီးဆင်းလာမယ့် ငွေနှေးသွားရင် ရင်းနှီးမြှပ်နှံသူ (တည်ဆောက်သူ)ရဲ့ ငွေတခုပဲ ကျန်ပါတော့မယ်။ ဒါဆိုရင်တော့ လုပ်ငန်းအတော်လေး နှေးသွားနိုင်ပါတယ်။ ဒါက စီမံကိန်း အကုန်လုံးပါ။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေက ဝန်ထမ်းစရိတ်တွေ၊ အုပ်ချုပ်မှုစရိတ်တွေစတဲ့ စရိတ်တွေနဲ့ ဘဏ်တိုးငွေပေးတယ်။ အဲဒါနဲ့ပဲ အချိန်ကုန်နေတာ။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒီ ၂ နှစ်အတွင်းမှာ မြတ်တယ်လို့ မကြားမိဘူး။

မေး။ ။ အဲဒီလိုနှေးသွားပြီဆိုရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မလဲ။

ဖြေ။ ။ တကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဆိုတာ နေ့စဉ်နဲ့အမျှ ဆောက်လုပ်ရေး လုပ်ငန်းက ဝင်လာတဲ့ ငွေကို အခြေခံလုပ်သားတွေကို နေ့စဉ်လုပ်အားခ ရှင်းရပါတယ်။ ဒီလုပ်သားတွေကို ကြီးကြပ်တဲ့သူတွေ၊ အင်ဂျင်နီ ယာတွေ၊ ဝန်ထမ်းတွေ၊ လိုအပ်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ငွေတွေပေးနေရပါတယ်။ စီမံကိန်း တွေလုပ်တဲ့အခါ လိုအပ်တဲ့ စက်ယန္တရားတွေ ဝယ်ယူရပါတယ်။ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အုတ်၊ သဲ၊ ကျောက် စတဲ့ပစ္စည်းတွေ နေ့စဉ်ဝယ်ရပါတယ်။ ဒီမှာရပ်ပြီဆိုတာနဲ့ တပြိုင်နက် ဒီလုပ်ငန်းကြီးကို မှီခိုနေတဲ့ လူတွေဟာ ရပ်ဆိုင်း သွားမှာဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်ကတော့ ဒါကြီးရပ်သွားရင် သူ ပိုက်ဆံ နည်းနည်းလေး ဆုံးရှုံးမယ်။ စီးပွားရေး နည်းနည်းကျသွားမယ်ပေါ့။ အဲဒီ သက်ရောက်မှုပဲ ရှိမယ်။ ဒါပေမယ့် ဒီဘက်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်တဲ့ လုပ်သားထုက တော်တော်ကြီး ကြီးမားပါတယ်။

မေး။ ။ ဒီဆောက်လုပ်ရေးလုပ်ငန်း ရပ်သွားပြီဆိုတာနဲ့ အဲဒါကိုမှီခိုနေကြတဲ့ အခြေခံလူတန်းစားတွေက တကယ်ကို ထမင်းငတ်သွားကြမှာလား။

ဖြေ။ ။ နေ့စဉ်ဝင်ငွေကို မှီခိုနေတဲ့သူတွေအတွက်က အဲဒီနေ့အတွက် လုပ်အားခမရတော့ဘူးဆိုရင်ဖြင့် သူ့မှာ ပြဿနာ ရှိပါပြီ။ ရိုးရိုးတွေးကြည့်ရင် သူ့သူငယ်ချင်းဆီ ပိုက်ဆံသွားချေးမယ်ပေါ့။ အဲဒီလိုချေးမယ်ဆိုရင်လည်း သူဘယ်နှခါချေး လို့ရမလဲ။ သူ့အလုပ်က ၁ ရက်၊ ၂ ရက်နဲ့ပြန်ရရင်၊ တပတ်၊ နှပတ်နဲ့ ပြန်ရရင် ကိစ္စမရှိဘူး။ အဲလိုမှမဟုတ်ဘဲ ၁ လ၊ ၂ လများ ပြန်မရရင် အတော်လေး ခက်သွားမှာပါ။

မေး။ ။တနိုင်ငံလုံးမှာလည်း စီးပွားရေးတွေကျနေတယ်။ အစိုးရကလည်း ဆင်းရဲနေတယ်။ အစိုးရကလည်း အခွန်တွေ တိုးကောက်တယ်ဆိုတာ တိုင်းပြည်အတွက် ပြန်လုပ်ပေးနိုင်တာ လုပ်ဖို့ ကောက်နေတယ်။ အကိုတို့ တောင်းဆိုတဲ့အရာတွေက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ဒီနေရာမှာ တင်ပြဖို့ ရှိတာက ၂ ပိုင်းရှိတာပေါ့။ သာမန်အားဖြင့် အခွန်ငွေ ပမာဏပိုရဖို့က အခွန်ကောက်တဲ့ ရာခိုင်နှုန်းတိုးရမယ်လို့ ထင်တာက ကျနော်တို့နိုင်ငံက နည်းနည်းထူးခြားနေတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ဖို့ နည်းနည်းလေး ခက်တာပေါ့လေ။

အခွန်ရာခိုင်နှုန်း ၃၀ ကနေ ၅ လို့ဆင်းလိုက်ရင် ဆောက်လုပ်ရေးကဏ္ဍမှာ အခုရနေတဲ့အခွန် ၂၅ ဘီလီယံနဲ့ တွက်ရင် ဆယ်ဆလောက် ချက်ချင်းတိုးသွားမှာပါ။ အဲဒီတော့ အခွန်ပမာဏ ပိုရချင်တာလား အခွန် ရာခိုင်နှုန်း တိုးချင်တာလားဆိုတာ စဉ်းစားရမဲ့အချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ တင်ပြတဲ့အချက်တွေ လုပ်ပေးနိုင်မှာဆိုတာက ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေ တကယ်ခက်ခဲရင် တကယ်ပဲ ကူညီမယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။

မေး။ ။ တကယ်လို့ အကိုတို့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင်ကော….

ဖြေ။ ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်တော့ လုပ်ငန်းတွေ ရပ်သွားကြပါလိမ့်မယ်။ ရပ်သွားပြီးရင် ဆင့်ကဲ ရိုက်ခတ်မှုတွေ လာပါလိမ့်မယ်။ အဲဒါဟာ တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလိုကို နှုတ်ကနေ မပြောချင်တာပါ။ ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ အစိုးရရဲ့ အခွန်စနစ်က ဘယ်လိုပုံစံဖြစ်သင့်ပါသလဲ။

ဖြေ။ ။ အခွန်တွေကို သတ်မှတ်တဲ့သူတွေက ပညာရှင်များပဲဖြစ်ပါတယ်။ အခုပြည်သူ့အစိုးရလက်ထက်မှာ တခုခုကို စီမံရင် ပညာရှင်တွေရဲ့ အမြင်အများကြီးယူတယ်လို့လည်း ကြားသိရပါတယ်။ ဒီအခါမှာ ပညာရှင်တွေဆိုတဲ့ဟာနဲ့ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ဆိုတာက ဈေးကွက်ရဲ့သဘော၊ မြေပြင်ရဲ့ သဘောပေါ့လေ။ လူတွေအားလုံး အခွန် ဆောင်နိုင်တဲ့ ရာခိုင်နှုန်းရောက်မှ လူတွေ အခွန်ဆောင်ကြမယ်ဆိုတာလေး နည်းနည်းထည့်တွက်ရလိမ့်မယ်လို့ ထင်ပါ တယ်။ လွဲနေတယ်ဆိုတာထက် အဲဒီလိုလေးမြင်ပါတယ်။

မေး။ ။ အကိုတို့ တင်ပြတဲ့အချက် ခြောက်ချက်ထဲမှာ ဘဏ်ချေးငွေနဲ့ ပတ်သက်ပြီး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကို လျော့ချပေးဖို့ဆိုတဲ့အချက်ကို အစိုးရက လုပ်ပေးနိုင်ပါ့မလား။

ဖြေ။ ။ ဗဟိုဘဏ်ဆိုတာလည်း Part of the Government (အစိုးရ အစိတ်အပိုင်း) ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေတွေ အကုန်လုံး ခက်ခဲနေပြီဆိုရင် ငွေကြေးဆိုင်ရာ ပေါ်လစီတွေ ပြင်ဖို့ လိုအပ်မယ်ဆိုရင် ပြင်ကြလိမ့်မယ် လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကလည်း အစိုးရမှာ ရှိကိုရှိရမှာပါ။ ဗဟိုဘဏ်ဖြစ်တဲ့အတွက် ဘယ်သူမှ ပြောလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့် ခွဲဝေမှုသာ ကွာခြားတာ ရှိမှာပါ။

မေး။ ။ အစိုးရရဲ့ စီးပွားရေးပေါ်လစီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ ပေါ်လစီကို သုံးသပ်တာထက်စာရင် စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးလိုက်ရင်ကို လုပ်ကြပါ၊ ကိုင်ကြပါ၊ ရဲရဲတင်းတင်း လုပ်ကြပါ။ ပြသနာတွေဖြစ်လာရင် ဝိုင်းဝန်းပြီးတော့ အဖြေရှာ ဖြေရှင်းကြမယ်။ နည်းနည်းမှားသွားလည်း မှားသွားတဲ့နေရာမှာ အဖြေရှာ ဖြေရှင်းကြမယ် ဆိုတာမျိုးေပေါ့။ ပေါ်လစီ ကြီးကြီးမားမားနဲ့ အများကြီး စဉ်းစားတာထက် စာရင် အားပေးလိုက်ရင်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် အကုန်လုံးက သူကဏ္ဍနဲ့သူ လုပ်တတ် ကိုင်တတ်ရှိကြပါတယ်။

မေး။ ။ အကိုက မန္တလေးကလည်း မြို့ပြစီမံကိန်းလုပ်နေတဲ့သူဆိုတော့ ဒီလိုအကျပ်အတည်းကြောင့် စီမံကိန်းမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ နှေးသွားပါသလဲ။

ဖြေ။ ။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရာခိုင်နှုန်း ၄၀ လောက်အထိ လျော့သွား/နှေးသွားပါတယ်။ ၁၀၀ ပြီးရမှာ ၆၀ လောက်ပဲ ပြီးနိုင်တဲ့ သဘောမှာရှိပါတယ်။ နောက်ချိန်ဆနေရတာကတော့ ရှေ့မှာ ပံ့ပိုးမှုတွေ ဘယ် အချိန်လောက်မှာ ဝင်လာမလဲဆိုတာ တွက်ဆနေပါတယ်။ ဒီတိုင်းဆက်သွားရင်တော့ တဖြေးဖြေးချင်းနှေးသွားမဲ့ သဘောမှာ ရှိပါတယ်။ ဒါပေမဲ့ ကူညီမယ်လို့ပဲ ယုံကြည်နေတုန်းပါပဲ။

မေး။ ။ လက်ရှိ ဘဏ်ချေးငွေနဲ့ ဆက်တောင့်ခံနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ၁၀၀ မှာ ဘယ်နှယောက် လောက်ရှိမလဲ။

ဖြေ။ ။ အရောင်းအဝယ်အေးလာတဲ့ကာလဟာ ခန့်မှန်းအားဖြင့် ၂ နှစ်ကျော်လာပြီ။ ၂၀၁၅ လောက်က စပြီး ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကာလအတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အားလုံး ဘဏ်ချေးငွေ မပါတဲ့သူကို မရှိဘူးလား မသိဘူး။ ကျနော်နဲ့ သိတဲ့သူအကုန်လုံးသည် အယောက်မှာ ၁၀၀ မှာ ၁၀၀ လုံးက ဘဏ်ချေးငွေနဲ့ပဲ လည်ပတ်နေကြတာပါ။

မေး။ ။ အခုအကိုတို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့အပေါ်မှာကော သူက ဘယ်လောက်အထိ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ဝန်ကြီးချုပ်ကြီးအနေနဲ့ သူလုပ်ပေးနိုင်တာကို လုပ်ပေးပြီးတော့ မလုပ်ပေးနိုင်တာ ရှိရင်လည်း လုပ်ပေးနိုင်တဲ့ သူတွေကို ဆက်တင်ပြပေးသွားမယ်လို့ ထင်ပါတယ်။ ရန်ကုန် ဝန်ကြီးချုပ်ကိုလည်း ဆက်တင်ပြသွားဖို့ရှိသလို မန္တလေး ဝန်ကြီးချုပ် လမ်းညွှန်သလို နေပြည်တော် လွှတ်တော်ကိုလည်း တင်ပြသွားဖို့ရှိပါတယ်။ အဲဒါကြောင့် အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။

မေး။ ။ ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး တခြားဘာများ မက်ဆေ့ ပေးချင်ပါသေးလဲ။

ဖြေ။ ။ နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါလို့ ပြောချင်ပါတယ်။

]]>
သတင်းထောက်များကို ထောင်ချခြင်းသည် အမှန်တရားကို ဖုံးကွယ်ခြင်းဖြစ်သည် https://burma.irrawaddy.com/opinion/viewpoint/2018/01/23/150168.html Tue, 23 Jan 2018 07:14:12 +0000 https://burma.irrawaddy.com/lytbox/?p=150168 ဇန်နဝါရီ ၁၀ ရက်နေ့က ရုံးထုတ်လာသော ရိုက်တာသတင်းထောက် ကိုဝလုံး / Reutersသတင်းထောက် ၂ ဦးနှင့် တွေ့ဆုံသည့် ရဲအရာရှိ ၂ ဦးကို ဖမ်းဆီးသည်ဟု ဆိုသော်လည်း နောက်ဆက်တွဲ ရှင်းလင်းချက် တခုမျှ မသိရပေ။]]> ဇန်နဝါရီ ၁၀ ရက်နေ့က ရုံးထုတ်လာသော ရိုက်တာသတင်းထောက် ကိုဝလုံး / Reuters

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထောက် ၂ ဦးတို့သည် ၎င်းတို့တခါဖူးမျှ မတွေ့ဘူးသော ရဲအရာရှိ ၂ ဦးနှင့် ညစာစားရန် ရန်ကုန်မြို့စွန်သို့ ထွက်လာကြသည်။ ထိုနောက် ၎င်းတို့ကို စာရွက်စာတမ်းအလိပ်တခု ပေးပြီး ထို စာရွက်များကို ၎င်းတို့ အိမ်ပြန်ရောက်လျှင် ကြည့်နိုင်သည်ဟု ထိုရဲများက ပြောသည်။

ထိုနောက် မကြာမီပင် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ထံ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ ၈ ဦးခန့် ချဉ်းကပ်လာပြီး လက်ထိပ်ခတ်ကာ မည်သူနှင့်မျှ တွေ့ခွင့်မပေးဘဲ သီတင်း ၂ ပတ်ကြာ ချုပ်နှောင်ထားလိုက်သည်။

ထိုအချိန်မှ စတင်ပြီး ၎င်းတို့ကို တရားရုံးသို့သာ ခေါ်ထုတ်ပြီး မိသားစုများ၊ ဥပဒေ အတိုင်ပင်ခံများနှင့် ခဏတာမျှသာ တွေ့ခွင့်ပေးပြီးနောက် အင်းစိန်ထောင်သို့ ပြန်လည် ခေါ်ဆောင်သွားသည်။ ၎င်းတို့ကို ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်သည့် နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက် ဥပဒေနှင့် တရားစွဲသည်။

စစ်ဆင်ရေးများကြောင့် ဒုက္ခသည် သိန်းနှင့်ချီ ထွက်ပြေးရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံထားသော နေရာတခု မကြာသေးမီက ရှာဖွေတွေ့ရှိခြင်းကြောင့် Reuters သတင်းဌာနကို ရွေးချယ် ဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်။

ထို သတင်းထောက် နှစ်ဦးတို့သည် တပ်မတော်က နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲအရာရှိများ ထံမှ စာရွက်စာတမ်းကို လိမ်လည် ရယူသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။

သို့သော် သတင်းထောက် ၂ ဦးတို့သည် ထောင်ချောက်ဆင် ဖမ်းဆီးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်က မြင်သလို အတော်များများကလည်း ယူဆနေသည်။ ထို ရဲအရာရှိ ၂ ဦးကိုလည်း ဖမ်းဆီးသည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသော်လည်း နောက်ဆက်တွဲ ရှင်းလင်းချက် တခုမျှ မသိရပေ။

ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ယခင်ဆယ်စုနှစ် များစွာကြာခဲ့သော စစ်အုပ်ချုပ်ရေး ကာလက မီဒီယာများ ရင်ဆိုင်ခဲ့ရသည့် ခြိမ်းခြောက်မှု၊ နှစ်ရှည်ထောင်ကျခံရမှုများ ပြန်လည် ပေါ်ပေါက်လာခြင်းများလားဟု စိုးရိမ်စရာဖြစ်သည်။

ဒီမိုကရေစီ တပိုင်းစနစ်သို့ အသွင်ကူးပြောင်းနေသော်လည်း နိုင်ငံတကာ သတင်းဌာနကြီးတခုမှ သတင်းထောက်များသည်ပင် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို ယခုဖမ်းဆီးမှုက ရှင်းရှင်းလင်းလင်း ပြသနေပြီး ထိုဖမ်းဆီးမှု၏ ကျောချမ်းဖွယ်ရာ နောက်ဆက်တွဲ သက်ရောက်မှုကို လျှော့တွက် မရနိုင်ပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ဘက်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို Reuters သတင်းဌာနကဲ့သို့ လွတ်လပ်သော သတင်းဌာနများက အနံ့ခံ စုံစမ်း နေသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ မိမိတို့ ဧရာဝတီ သတင်းဌာနလည်း အပါအဝင် ဖြစ်သည်။ တရားဥပဒေမဲ့ လုပ်ရပ်များကို ဖွင့်ချဖော်ထုတ်ခြင်းမှာ စတုတ္တမဏ္ဍိုင်၏ တာဝန်ဖြစ်သည်ကို အာဏာပိုင်များနှင့် နိုင်ငံသားများ အားလုံးက နားလည်သဘောပေါက်သင့်သည်။

အထက်ပါ Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးခံရပြီး ရက်အတန်ကြာတွင် မောင်တောမြို့နယ်မှ အင်းဒင်ကျေးရွာအနီး အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိရာ အင်းဒင်ကျေးရွာမှ လူ ၅ ဦး အဖမ်းခံရသည်။ ထိုသူများသည် Reuters သတင်းဌာနသို့ သတင်းပေးခဲ့သူများ ဖြစ်မည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက သံသယရှိခဲ့ပြီး နောက်ပိုင်းတွင် နယူးယောက်တိုင်းမ်က ထိုသတင်းကို အတည်ပြုခဲ့သည်။

အင်းဒင်ကျေးရွာ ရွာသားများ အဖမ်းခံရခြင်းနှင့် ၎င်းတို့ သတင်းထောက် ၂ ဦးဖမ်းဆီးခံရခြင်း တို့ကို Reuters သတင်းဌာန က ဆက်စပ်ပြောကြားခြင်း မရှိပေ။

အစုလိုက် အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှုတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ သိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု တပ်မတော်က ကြေညာသည်။ ထို စုံစမ်းစစ်ဆေးမှုများကို စစ်ဘက်စုံစမ်းစစ်ဆေးရေး လုပ်ငန်း အတွေ့အကြုံရှိသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက ဦးဆောင်သည်။

ထိုသို့ တရားဝင် စုံစမ်းစစ်ဆေးပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အခြားပတ်သက်သူများ၏ တရားလက်မဲ့ သတ်ဖြတ်မှုကို ဝန်ခံခြင်းကို ပြည်တွင်းပြည်ပက ကြိုဆိုကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကောင်းမွန်သော ခြေလှမ်းတရပ်အနေဖြင့် ကြိုဆိုကြောင်း ပြောသည်။

ရန်ကုန်တွင် ကျင်းပသည့် သတင်းမီဒီယာ လွတ်လပ်ခွင့် ဆွေးနွေးပွဲတခုတွင် သံအမတ်ကြီး စကော့ မာရှယ်ကလည်း “ဒီလူ ၁၀ ဦးကို သတ်ဖြတ်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တယ် လို့ တပ်မတော်က ဝန်ခံတာဟာ အရေးပါတဲ့ ခြေလှမ်း ဖြစ်ပါတယ်” ဟု ပြောသည်။ “ပိုမို ပွင့်လင်းမြင်သာလာပြီး တာဝန်ရှိသူတွေကို အရေးယူမယ် လို့လည်း ကျနော်တို့မျှော်လင့်နေတယ်။ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အလိုကျ လုပ်တာ မဟုတ်ဘဲ မြန်မာ့ ဒီမိုကရေစီရဲ့ ကျန်းမာရေး အတွက် ဒီလို လုပ်သင့်တယ် ဆိုတာကို ကျနော်က အလေးထား ပြောလိုတယ်” ဟုလည်း ဆိုသည်။

ယင်းအမှု စုံစမ်းစစ်ဆေးမည်ဟု မြန်မာ့တပ်မတော်က ကြေညာအပြီး များမကြာမီ ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသား ၃ ဦးကို သတ်ဖြတ်သည့် အမှုဖြင့် တပ်မတော်သား ၆ ဦးကို တပ်မတော်မှ ရာသက်ပန် ထုတ်လိုက်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ စစ်ခုံရုံးက အမိန့်ချမှတ်လိုက်သည်။

စစ်အုပ်ချုပ်ရေး လက်ထက်တလျှောက်လုံး စစ်ဘက်အာဏာပိုင်များ၏ တရားဝင် သဘောထားမှာ ပုန်ကန်မှုအား နှိမ်နှင်းရာတွင် မည်သည့် သေဆုံးမှု မဆို ပုန်ကုန်မှုနှင့် ပတ်သက်သည် ဟူသော အယူအဆ ဖြစ်သည်။ တိုက်ခိုက်မှုတွင် မပါဝင်သော အရပ်သားများကို အကျဉ်းရုံး သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဘူးခံငြင်းပြီး ဖုံးကွယ်ထားခဲ့ကြသည်။

တပ်မတော် ထိပ်တန်းခေါင်းဆောင်များသည် ယခုအခါ တရားလက်လွတ် လုပ်ဆောင်ခဲ့မှုများအား လူသိရှင်ကြား ဝန်ခံပြီး စစ်ခုံရုံးဖွဲ့ကာ အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်နေခြင်းများသည် အနည်းဆုံး ပြုပြင်ပြောင်းလဲလိုသော စိတ်ထားကို ပြသခြင်းဟု ယူသော်ရမည်ဖြစ်သည်။

သို့သော် ရခိုင်သာမက ကချင်နှင့် ရှမ်းပြည်နယ်များရှိ ပဋိပက္ခများအား သွားရောက် သတင်းယူ ရေးသားနေကြသော သတင်းမီဒီယာသမားများအဖို့ ထောင်ဒဏ်ချမှတ်နိုင်သော မတရားသင်း ဥပဒေနှင့် အခြား ဖိနှိပ်သော ဥပဒေများဖြင့် စွဲဆိုခံရမည်ကို စိုးရိမ်နေရသေးသည်။

အာဏာပိုင်များအား မေးခွန်းထုတ်ခြင်း၊ တရားလက်မဲ့ ဆောင်ရွက်မှုများအား ဖော်ထုတ်ခြင်းတို့သည် နိုင်ငံတော်ကို ပုန်ကန်ခြင်း၊ နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်းတို့ မဟုတ်ပါ။ ယင်းအစား တရားဥပဒေ စိုးမိုးစေလိုမှု၊ နိုင်ငံတော်ဆိုင်ရာ အဖွဲ့အစည်းများ ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်စေလိုမှု၊ နိုင်ငံသားများ၏ အခွင့်အရေးအား ကာကွယ်စောင့်ရှောက်လိုမှုတို့သာ တာဝန်သိသော သတင်းမီဒီယာသမားများက လိုလားကြပါသည်။

သတင်းသမားများကို နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေသူ သစ္စာဖောက်များအဖြစ် တံဆိပ်ကပ်မည်ဆိုပါက စစ်အုပ်ချုပ်ရေးခေတ်၏ မှောင်မိုက်သော နေ့ရက်များအတိုင်းသာ ဖြစ်နေပေမည်။ သတင်းမီဒီယာသမားများ ထောင်သွင်းအကျဉ်းကျလေ ဒီမိုကရေစီတံခါး ပြန်ပိတ်သွားလေ၊ ပြုပြင်ပြောင်းလဲရေး ပျက်စီးနိုင်ခြေမြင့်မားလာလေ ဖြစ်တော့သည်။

(ရဲနည်သည် ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်)

]]>