ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့် အောက်တိုဘာ ၂၇ ရက်နေ့ မှာ နမ့်ခမ်းမြို့နဲ့ လောက်ကိုင်မြို့တွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့် အခမ်းအနား အတွက် နမ့်ခမ်းမြို့မှာ ပြင်ဆင်နေချိန် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ဖက်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီကျော် နဲ့ ၈ နာရီကျော်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ မန့်ဝိန်းကြီးနဲ့ စခန်းသစ်ကုန်းအနီးဝန်းကျင်ကို လေယာဉ်နဲ့ ဗုံး ၆ လုံးလာကြဲချခဲ့တယ်လို့ အတည်ပြုပြောခဲ့ပေမယ့် အခမ်းအနားနဲ့ပတ်သက်ပြီး အတည်ပြုချက် မပေးပါဘူး။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ လောက်ကိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ နဲ့ မိုးကုတ် အစရှိတဲ့မြို့ပေါင်း ၂၀ ကျော် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #နမ့်ခမ်း #လောက်ကိုင် #၁၀၂၇ #တနှစ်ပြည့် #လေကြောင်းဗုံးကြဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR