• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

Camp က မိန်းကလေးတွေရဲ့အနာဂတ်ကလည်း စိုးရိမ်စရာ ရှိတယ်

by လဲ့လဲ့
20 June 2018
in Women & Gender
A A
Htoi Gender and Development Foundationမှ ဒါရိုက်တာ ဒေါ်နန်ပူအား / လဲ့လဲ့ / ဧရာဝတီ

Htoi Gender and Development Foundationမှ ဒါရိုက်တာ ဒေါ်နန်ပူအား / လဲ့လဲ့ / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနစ်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ သည် စစ်ရှောင်ရာတွင် မပင်ပန်းဆင်းရဲဒုက္ခရောက်ကြရသလို နားခိုရာစစ်ရှောင်စခန်းများ ရောက်သည့် အခါတွင်လည်း လုံခြုံမှုမရှိသည့်အနေအထားများနှင့် ရင်ဆိုင်နေရသည်။ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားခြင်း မရှိသောကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ အမျိုးသမီးများ အပါအဝင် ဒေသခံများ စစ်ရှောင်နေကြရပြီး စားဝတ်နေရေးပြဿနာများနှင့် မလုံခြုံမှုများကို ပိုမို ခံစားကြရသည်။အဆိုပါ ပဋိပက္ခဒေသရှိ အမျိုးသမီးများ၏မလုံခြုံမှုအခြေအနေ၊စစ်ရှောင် စခန်းများရှိ အမျိုးသမီးများ၏အခက်အခဲများနှင့် ၎င်းတို့၏အနာဂတ်အခြေအနေနှင့်ပတ်သက်ပြီး စစ်ရှောင်အမျိုး သမီးများ အရေးကို ဆောင်ရွက်ပေးနေသည့် Htoi Gender and Development Foundationမှ ဒါရိုက်တာ ဒေါ်နန်ပူအား ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ကချင်ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့အရေးက ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ အခုလက်ရှိငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ညီလာခံကို ကျမတို့ လက်ရှိကချင်ပြည်နယ်မှာရှိနေတဲ့ IDP camp က အမျိုးသမီးတွေရဲ့ မလုံခြုံမှုအခြေအနေမှာ ပြောလေ့ရှိတာက လက်ရှိ ငြိမ်းချမ်းရေး အခြေအနေမှာ NCA ထိုးပြီးတဲ့သူတွေပဲ ညီလာခံသွားရတဲ့ အခြေအနေရှိတယ်။ ပြီးတော့ ကျမတို့ CSO တွေ ကျတော့ ဖိုရမ်မှာ ထည့်လို့ရတယ်။ ဒါပေမယ့် CSO အနေနဲ့က အဲဒီညီလာခံကို ပါဖို့ကျတော့ မရပြန်ဘူး။ လေ့လာ စောင့်ကြည့်သူ အနေနဲ့ပဲ ရတဲ့အခါကျတော့ ဆွေးနွေးလို့မရပြန်ဘူး။ ဆွေးနွေးခွင့်မရတဲ့အခါမှာ CSO တွေကို ဘေးဖယ်ထားတယ်။ cso တွေလည်း သူတို့ဖိုရမ်လုပ်ပြီးတော့မှ ရလာတဲ့မူဝါဒ CSO တွေ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ညီလာခံမှာဆွေးနွေးတဲ့အခါ ဒါကိုတင်ပြပြီးတော့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကြီးက လွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းအရ အတည်ပြုသွားမယ်ဆိုတာ ရှိတာကိုး။ NCA နဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အရ အဲဒီလိုရှိတယ်။ အဲဒါကို ကြည့်တဲ့အခါမှာ လက်ရှိ ကချင်ပြည်နယ်မှာ ရှိနေတဲ့ မလုံခြုံမှု အခြေအနေတွေ၊IDP တွေရဲ့ အခြေအနေတွေ ဒီငြိမ်းချမ်းရေးညီလာခံမှာ ဘယ်လောက်အထိ ဆွေးနွေးပေးနိုင်မလဲ။ ငြိမ်းချမ်းရေးညီလာခံမှာ IDP camp က အမျိုးသမီးတွေရဲ့ အခြေအနေတွေ ဆွေးနွေးဖို့ အတွက်က ရှာမတွေ့ သလောက်ဖြစ်နေတယ်။ လူမှုရေးဆိုတဲ့ အခန်းကဏ္ဍမှာတော့ IDP တွေရဲ့ စားဝတ်နေရေးတွေ ဆွေးနွေးတာ တွေ့ရတယ်။ တကယ်တော့ ပဋိပက္ခုဖြစ်တဲ့ အတွက်ကြောင့်မို့ ကချင်ဒေသမှာ အမျိုးသမီးတွေ လုံခြုံမှု မရှိဘူး။ ပြီးတော့ လူသားလုံခြုံမှု မရှိဘူး။ ပြည်သူလူထုရဲ့ မလုံခြုံမှုကို အဲဒီညီလာခံကြီးမှာ ကဏ္ဍကြီး ငါးခုရှိတယ်။ လုံခြုံရေးကဏ္ဍမှာလည်း သူတု့ိရဲ့ လက်နက် ဖျက်သိမ်းရေးတို့ဘာတို့ အဲဒါတွေချည်းပဲ ဖြစ်နေတယ်။လုံခြုံရေးမှာ လူသားတွေရဲ့လုံခြုံရေး၊ ပြည်သူလူထုရဲ့ လုံခြုံရေး NCA မထိုးရသေးတဲ့ ဒေသမှာရှိတဲ့ လူတွေရဲ့ ညီလာခံမှာ ပါဝင်ပြီးတော့ သူတို့တွေရဲ့လုံခြုံရေးကို ဆွေးနွေးဖို့ရန်အတွက် မပါဘူး။ အဲဒါကြောင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်က အသေမဟုတ်ဘူး ဖြစ်တဲ့အတွက်ကြောင့် အဲဒါကို သူတို့ ပြင်မယ်လို့ ပြောတယ်။ အဲဒီပြင်မယ့်နေရာမှာ လူသားလုံခြုံမှုကို ထည့်ပေးပါ။ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ထည့်ပေးပါ။

ဘာဖြစ်လိို့လဲဆိုတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အမျိုးသမီးပါဝင်ရေးနဲ့ အမျိုးသမီးတွေကို ထည့်သွင်း စဉ်းစားရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလုခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အရ တောင်းဆိုတာဖြစ်တဲ့အတွက် မူဘောင်ကို ပြင်ဖို့အတွက် ကျမတို့ ကြိုးစားနေတယ်။ မနှစ်တုန်းကဆို နေပြည်တော်အထိ သွားပြီး တောင်းဆိုတာတွေ သွားလုပ်တယ်။ သူတို့က မူဘောင်ပြင်ဖို့အတွက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)က အစည်းအဝေးလုပ်တယ်။ လုပ်တဲ့အခါမှာ တပ်မတော်ဘက်က ခါးခါးသီးသီးမပြင်နိုင်ဘူးဆိုလို့ သုံးရက်မူဘောင်ပြင်ဖို့ လုပ်တဲ့အခါမှာ တရက်ထဲနဲ့ နေ့တပိုင်းလုပ်ပြီး နားသွားတယ်လို့ ကြားရတယ်။

မေး ။ ။ ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးက ဘယ်အနေအထားမှာရှိနေလဲ။

ဖြေ ။ ။ ကချင်ပြည်နယ်က ပဋိပက္ခဒေသလို့ ပြောလို့ရတယ်။ တချိန်လုံး စစ်ဖြစ်နေတယ်။ စစ်က တချိန်ထဲမှာပဲ ၂၊ ၃ နေရာ တပြိုင်နက်ထဲမှာ ဖြစ်တဲ့အချိန်လည်းရှိတယ်ဆိုတော့ ဘာလို့ဆို စစ်တပ်တွေက အများကြီး ရောက်နေတဲ့အခါကျတော့ တချိန်မဟုတ် တချိန် စစ်ဖြစ်ဖို့ရှိတယ်။ အဲဒီတော့ ပဋိပက္ခဒေသလို့ ပြောလို့ရတယ်။ ပဋိပက္ခဒေသမှာ စစ်ဖြစ်လို့ရှိရင် ပိုပြီးတော့ လုံခြုံမှုမရှိတာ ပိုပြီးတော့ အခက်အခဲဒုက္ခတွေ ကြုံတွေ့ရတာ စစ်ရဲ့အနိဌာရုံကို ခါးစည်းခံနေရတာက အမျိုးသမီးတွေဖြစ်တယ်။ ပြောမယ်ဆိုရင် စစ်ဖြစ်ရင် အမျိုးသားတွေက အင်အားရှိတယ်။ အမျိုးသားတွေမှာ အားရှိတဲ့အတွက် သူတို့ကို ရန်မူလာတဲ့သူတွေကို သူတို့ခွန်အားနဲ့ တုန့်ပြန်မယ်။ ပြီးတော့ စစ်မြေပြင်မှာလည်း အမျိုးသားတွေက လက်နက်ရှိနေတယ်။ နောက်တခုက စစ်ဖြစ်ပြီဆိုလို့ရှိရင် ပြေးရတော့မယ်ဆိုရင် အမျိုးသားတွေက များသောအားဖြင့် ကိုယ်လွတ်ရုန်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ သူတို့သားသမီးတွေကိုလည်း ပွေ့ရတယ်။ အထုတ်တွေ၊ုစားစရာတွေလည်း ဆွဲရတယ်။ အိမ်ထဲမှာ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေတဲ့ သူတွေကို ထူမပြီး သွားနေရတော့ စစ်မြေပြင်ထဲမှာ သူတို့က ပိုပြိးတော့မှ အန္တရာယ်ရှိတယ်။ အဲဒီလို ထွက်ပြေး ရတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေလည်း အများကြီးရှိခဲ့တယ်။

စစ်ဖြစ်လို့ရှိရင် အမျိုးသမီးတွေက ပိုပြီးတော့ မလုံခြုံမှု၊ အမျိုးသမီးတွေက အန္တရာယ်ပိုများတယ်ဆိုတဲ့အခြေအနေ ရှိနေတယ်။ အဲဒါကြောင့် စစ်ဖြစ်တဲ့ ကချင်ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို လုပ်ဆောင်နေတာ ဖြစ်တယ်။ တစ်ချိန်ထဲမှာပဲ သူတို့ရဲ့ အိိုးအိမ်တွေကို စွန့်ခွာပြီးတော့မှ လုံခြုံတယ်ဆိုတဲ့ စစ်ပြေးဒုက္ခသည်စခန်းကို ရောက်ပြီ ဆိုပေမယ့်လည်း သူတို့အတွက်က မလုံခြုံဘူးဖြစ်နေတယ်။ စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေရဲ့ အခက်အခဲက အများကြီးရှိတယ်။ အာဟာရပိုင်းဆိုင်ရာ ချို့တဲ့တယ်။ လူသားချင်းဆိုင်ရာ အထောက်အပံ့တွေ ထောက်ပံ့တဲ့ဟာကလည်းပဲ အမျိုးသမီးတွေအတွက် သီးသန့်လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ရန်အတွက် ခက်ခဲကြတယ်။ လူသားချင်းစာနာထောက်ထားတဲ့ NGO တွေက သူတို့ရဲ့ ထမင်းပုံမှန်စားဖို့အရေးကိုပဲ သူတို့က ကြိုစားပြီး စီမံကိန်းတွေ ချပေးရတဲ့အခါကျတော့ အမျိုးသမီးတွေ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အမျိုးသမီးတွေက ကလေးတွေနဲ့ နီးကပ်နေတဲ့ အိမ်မှု ကိစ္စတွေ လုပ်ရတယ်ဆိုတော့ အသေးသုံးတွေလိုမယ်။ ဒါပေမယ့် လူသားချင်းစာနာမှုက တစ်ယောက်ကို တသောင်း၊ ၁၂၀၀၀ ကျပ် အဲဒီလိုပဲ ပေးရတယ်ဆိုတဲ့အခါကျတော့ သူတို့မှာ အများကြီးလိုအပ်ချက်တွေရှိနေတယ်။ ဆိုတော့ ဒါတွေလည်း တို့အတွက် လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အခါမှာ စိုးရိမ်မှုတွေရှိတယ်။
အခက်အခဲတွေကို အမြဲတမ်းဖြေရှင်းနေရတဲ့အခါကျတော့ သူတို့မှာ လုံခြုံမှု ရှိမနေဘူး။ မနက်ဖြန်အတွက် ဘယ်လိုအသက်ရှည်မလဲဆိိုတဲ့ဟာက သူတို့မှာ အမြဲတမ်းရှိနေတယ်။ စစ်ပြေးလာတဲ့ စခန်းတွေကို ကြည့်လိုက်တဲ့အခါမှာ ကိုးပေပတ်လည်တို့ အရမ်းကျဉ်းတယ်။ တချို့ဆိုရင် သုံးလေးယောက်ပဲ နေတယ်။ များသောအားဖြင့် အိမ်သားများကြတယ်။ ဆယ်ယောက်အထိ ရှိတတ်တယ်။ စပြေးတုန်းက သူတို့ သားသမီးတွေက ဆယ်နှစ်လောက်ပဲရှိတော့ အခုဆိုရင် ဆယ်ခုနစ်နှစ်လောက်ရှိကြပြီ။ တချို့ကလေးတွေက အိမ်ထောင်ပြုကြတယ်။ အခန်းကျဉ်းကျဉ်းလေးထဲမှာ အတူနေဖို့အတွက် အဆင်မပြေဘူးဆိုတာ ဒါသူတို့ရဲ့ ပြဿနာဖြစ်တယ်။ လူသားဖြစ်လို့ရှိရင် လူသားအဖြစ်နဲ့ ကိုယ့်အခန်းနဲ့ ကိုယ်မိသားစုနဲ့ နေဖို့လိုတယ်။ ဒါပေမယ့် အခန်းက မရှိဘူး။ အခန်းကျဉ်းလေးထဲမှာပဲ အကုန်လုံး ပြွတ်သိပ်ကျပ်ပြီး နေရတဲ့အခါကျတော့ စိတ်ကျဉ်းကျပ်မှု အခက်အခဲတွေ အမျိုးမျိုးရှိတယ်။ အထူးသဖြင့် ကျမမတို့က အမျိုးသမီးအရေးလုပ်တဲ့အခါကျတော့ အမျိုးသမီးတွေက ကျမတို့ကို ဒီအရေးတွေ ပြောပြကြတယ်။

အမျိုးသမီးတွေ IDP campကို စစချင်းရောက်တဲ့အခါမှာ သူတို့က ခြောက်နှစ်လောက်ပဲ ရှိသေးတယ်။ သူတို့က ၁၂၊ ၁၃နှစ်လောက်ရှိပြီဆိုတော့ အပျိုဖော်ဝင်လာပြီ။ အဲဒီအခါမှာ သူတို့ရေချိုးပြီးရင် အဝတ်အစားလဲရတဲ့အခါ သူတို့အကိုတွေ၊ အဖေတွေရှိရင် အဆင်မပြေဘူး။ သူတို့အတွက် မလုံခြုံဘူူးလို့ ခံစားရတယ်။ အိမ်ခန်းတွေက အရမ်းကပ်နေတယ်။ ထမင်းချက်တာကအစ အဆင်မပြေဘူး။ ထမင်းချက်ရင် လွှစာမှုန့်တွေနဲ့ချက်ရတော့ တဖက်ကချက်ရင် တဖက်ကို လွှစာမှုန့်တွေ ဝင်ကုန်တယ်။ အဲဒီအခါကျတော့ စစ်ပြေးနေရလို့ မလုံခြုံတာက တစ်ပိုင်း။ လုံခြုံပြီဆိုတဲ့နေရာရောက်ပေမယ့် အမျိုးသမီးတွေအတွက် လုံခြုံရေးက အများကြီးလိုအပ်နေသေး တယ်။

မေး ။ ။ စစ်ရှောင်အမျုးိသမီးတွေရဲ့အခက်အခဲနှင့်ပတ်သက်ပြီး လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဘယ်လောက်ထိ ဆွေးနွေးနေကြသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေကို ကြည့်လိုက်တဲ့အခါမှာ ညီလာခံကတော့ လုပ်နေတာ နှစ်ကြိမ် သုံးကြိမ် ရှိပြီ။ ညီလာခံက သုံးကြိမ်လုပ်ပြီးပြီ။ အခုတတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ဆက်လုပ်ဖို့ဖြစ်တယ်။ ကမ္ဘာမှာတော့ မြန်မာနိုင်ငံက တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးမှ ငြိမ်းချမ်းရေး ညီလာခံကို လုပ်ဆောင်နေပါသည်ဆိုတဲ့ သတင်းတွေကို တွေ့နေရတယ်။ တီဗီဖန်သားပြင်မှာ သတင်းမျက်နှာတွေ ကမ္ဘာမှာ မြန်မာနိုင်ငံရဲ့အကြောင်း တကယ်လက်ရှိ စစ်ပြေးဒုက္ခသည်စခန်းမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ မဆွေးနွေးရသေးဘူးဆိုတာ တွေ့ရတယ်။ ပြီးတော့ ကျမတို့က အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဖော်ဆောင်နေတဲ့သူတွေ ဆွေးနွေးနေတဲ့ သူတွေက စစ်ပြေးဒုက္ခသည် အမျိုးသမီးများရဲ့အရေးကိစ္စတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဆွေးနွေးရမယ်။ ပြီးတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အဓိပ္ပါယ်ရှိစွာ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း အဆင့်တိုင်းမှာပါဝင်ရမယ်ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အရ ရှိပါတယ်။

RelatedPosts

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

21 November 2025
944
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

8 October 2025
436
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

22 September 2025
578

အခုက ငြိမ်းချမ်းရေးစားပွဲပေါ်မှာ အဓိပ္ပါယ်ရှိစွာ ပါဝင်ခွင့်မရဘူး။ အမျိုးသမီးတွေကို သုံးဆယ်ရာခိုင်နှုန်းပါဝင်ဖို့အတွက် တချိန်လုံး NCA တည်ဆောက်တုန်းကလည်း တောင်းဆိုတယ်။ အဲဒီနောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို တည်ဆောက်တဲ့အခါမှာလည်း သုံးဆယ်ရာခိုင်နှုန်းတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသမီး သုံးဆယ်ရာခိုင်နှုန်း ပါဝင်လာအောင် ကြိုးစားသွားပါမယ်ဆိုတဲ့စာကြောင်းလေး တကြောင်း ဟိုးနောက်ဆုံးမှာပဲ တွေ့တယ်။ ကျမတို့လိုချင်တာက အမျိုးသမီးသုံးဆယ်ရာခိုင်နှုန်းပါဝင်ရမယ်ဆိုပြီး အမြဲတမ်းသုံးဆယ်ရာခိုင်နှုန်းပါဝင်အောင် ကိုယ်စားပြုမှုတွေကို ခွဲတမ်းချတဲ့အခါမှာလည်း အုပ်စုတိုင်းမှာ အဲဒီအချက်အလက်လေးတွေကို ထည့်သွားပြီးတော့ မပါမနေရ၊ ပါရမယ်ဆိုတဲ့အာမခံချက်ရှိတဲ့စာသား ရှိဖို့လိုတယ်။ ပါဝင်လာအောင်လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာ ညွန်ကြားချက်တွေက NCAတို့၊ နိုင်ငံရေးဆွေးနွေးမှု ရှိသင့်တာ မရှိတဲ့အခါကျတော့ ကြိုးစားသွားပါမည်ဆိုတဲ့စကားက ကြိုးတော့ကြိုးစားတယ်။ ဒါကြောင့် ၁၇ ရာခိုင်နှုန်းပါတယ်ဆိုတဲ့အခြေအနေကို ရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရေးသားဖော်ပြထားသလိုဖြစ်နေတယ်။ အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ သုံးဆယ်ရာခိုင်နှုန်း ပါဝင်ပြီးတော့မှ အမျိုးသမီးအရေးကို ငြိမ်းချမ်းရေးစားပွဲ ဝိုင်းပေါ်မှာ တင်ပြဆွေးနွေးဖို့ရန်အတွက် အခြေအနေက မပေးဘူး။ ဆက်ပြီး တိုက်ပွဲဝင် တောင်းဆိုဖို့အတွက် လိုအပ်နေသေးတယ်။

မေး ။ ။ camp အတွင်းမှာရှိတဲ့အမျိုးသမီးငယ်တွေ လူကုန်ကူးခံနေရတာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ လူကုန်ကူးနဲ့ ပတ်သက်ပြီးတော့ လုပ်တာကြာပြီ။ စီမံကိန်းအနေနဲ့ လုပ်နေတာတော့ တနှစ်လောက် ရှိပြီ။ လူကုန်ကူးပြဿနာကတော့ ၂၀၁၁ စစ်ဖြစ်တဲ့နောက်မှာ အဲဒီပြဿနာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြီးလာ တယ်။ camp ထဲမှာ လူအများကြီးအစုအပြုံလိုက်ရှိနေတဲ့အခါမှာ လူကုန်ကူးချင်တဲ့ လူအတွက် အခွင့်ကောင်းဖြစ်နေတယ်။ campထဲမှာ အဲဒီလို အစုလိုက်နေတဲ့အခါ ငွေကြေးထောက်ပံ့ပေးနေတဲ့သူတွေက ၂၀၁၆ ကနေ လျော့ချလိုက်တော့ သူတို့ အရင်ကထက် အရမ်းခက်ခဲတယ်။ အစက ဆန်၊ဆီ၊ဆား၊ပဲပေးတဲ့ အခါမှာ သူတို့ ပဲဝယ်စရာမလိုဘူး။ ဆီဝယ်စရာမလိုဘူးဆိုတော့ အဲဒါလေးနဲ့ သူတို့အခြေအနေက ကောင်း နေတယ်။ အခုကတော့ သူတို့ကို ပိုက်ဆံတသောင်း၊ ၁၃၀၀၀ ပေးတဲ့အခါ ဆန်ဖိုး ဖြစ်သွားတယ်။ အဲဒီတော့ တခြားပဲ၊ ဆားတို့ဝယ်ဖို့ မရှိတော့ဘူး။ အဲဒီတော့ သူတို့အရမ်းဒုက္ခရောက်တယ်။ ဒါပေမယ့် ဘာကြောင့်မို့ သူတို့က လျော့လိုက်သလဲဆိုတော့ သူတို့နေရာက လေး၊ငါး၊ခြောက်နှစ်ဖြစ်ပြီဖြစ်တဲ့အတွက် သူတို့က အတည်တကျဖြစ်နေတဲ့ အတွက် သူတို့တခြားအလုပ်ကို လုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြချက် ပေးလိုရသွားတယ်။ campထဲကို ကြည့်တဲ့အခါမှာ အမျိိုးသမီးတွေ ကလေးတပြွတ်ပြွတ်မွေးတယ်။ အဒီလို အမျိုး သမီးတွေ ကလေးမွေးနေတဲ့အချိန် ၊ကလေးငယ်ရှိနေတဲ့အချိန်ဆို သူတို့အလုပ်ထွက်လုပ်ဖို့ အဆင်မပြေဘူး။ သူတို့ရဲ့ အလုပ်က မြို့က အိမ်တွေမှာ အဝတ်သွားလျော်တာတို့၊ အိမ်အလုပ်သွားလုပ်ပေးတာ။ ဈေးရောင်း တာတို့ လုပ်ကြတယ်ဆိုတော့ ကလေးရှိနေရင် သူတို့မလုပ်နိုင်တော့ဘူး။ အတည်တကျ ဖြစ်နေပြီဆိုတာ ကလည်း ပြောလို့မရဘူး။

ဘာဖြစ်လို့လဲဆိုတော့ တချို့ NGO တွေက IDP တွေက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မရှိဘူး။သူတို့ အတွက် အသက်မွေးဝမ်းကျောင်းလိုတယ် ဆိုပြီးတော့မှ စီမံကိန်းတွေ လုပ်ပေးကြတယ်။ camp ထဲက အမျိုးသမီးတွေအတွက် အရင်းအနှီးတွေ လုပ်ပေးတယ်။ ဒါပေမယ့် ကတကယ်သွားကြည့်တဲ့အခါမှာ အိမ်ထောင်စုက ရာကြီးပိုင်းထောင်ပိုင်းရှိနေတယ်။ အမျိုးသမီးတွေဆိုရင် ထောင်ကြီးပိုင်းရှိနေတယ်။ အဲဒီလိုမျိုး လူတွေကို သူတို့ပေးမယ်ဆိုရင် လူသုံးဆယ်၊ လေးဆယ်ငါးယောက်လောက်ကိုပဲ ပေးပြီးတော့မှ တကယ့်သူတို့ စီမံကိန်းကြီးက ကမ္ဘာမှာ ကချင်ပြည်နယ်က IDPတွေ အကုန်လုံးက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပေးထား ပေမယ့် တကယ့်ကြီးကြီးကျယ်ကျယ် ပုံကြီးချဲ့ပြီးတော့မှ သူတို့အရမ်းလုပ်တယ်ဆိုတာ ပြတဲ့အခါကျတော့ တကယ်ရှိနေတဲ့ ပမာဏာနဲ့ လုပ်ရမယ့်အတိုင်းအတာက ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ့်ဟာကျတော့ အဲဒီလိုမျိုး ဖြစ်နေတယ်။ အဲဒါကြောင့်မို့ လူကုန်ကူးပြဿနာတွေလည်း ဖြစ်လာတယ်။ ပြီးရင် အမျိုးသမီးတွေက ပိုဆိုးတယ် ဆိုတာ သိရတယ်။ အမျိုးသမီးတွေက အသေးသုံး အရမ်းလိုတယ်။ ကလေးအတွက် ဘောင်းဘီ၊နို့မုန့်၊အချိုရည် အစရှိတဲ့သေးသေးလေးတွေက အမျိုးသမီးတွေအတွက် သုံးဖို့လိုတဲ့အခါကျတော့ သူတို့အပြင်ထွက်ပြီး ပိုက်ဆံ ရှာဖို့ကလည်း အဆင်မပြေဘူး။ camp ထဲမှာဆိုလည်း အပြင်မထွက်ရဆိုတာ လုပ်ထားတာ။အခုက အမျိုးသမီးတွေ ဘယ်လိုဖြစ်သလဲဆို အပြင်ထွက်တယ် ။ကျောင်းဆိုရင်လည်း စိတ်မဝင်စားပဲ ကျောင်းကနေ ထွက်သွား ကြတယ်။သူတို့ KTVတို့ ဘာတို့မှာ သွားတော့ သူတို့ပျက်စီးသွားတယ်။သူတို့အိမ်ပြန်ချိန်တွေက ည ၁၂နာရီ လောက်ဆိုတော့ camp တာဝန်ခံတွေက ညသန်းခေါင်ယံအထိ မနေဖို့ ပြောလာတယ်။ ညကိုးနာရီ အပြင် မထွက်ရလုပ်လာတဲ့အခါ သူတို့က အပြင်မှာ အိမ်ငှားပြီးနေတယ်။ နေတဲ့အခါကျတော့ အဲဒီ camp မှာနေတဲ့ မိန်းကလေးတွေရဲ့ ပျက်စီးမှုက ပိုပြီးတော့ များလာတယ်။ တချို့ မိန်းကလေးငယ်တွေ ကျောင်းက အတန်းထဲမှာ ခဏနေ တံမြက်စည်းဝယ်ဖို့၊ ရေပုံးဝယ်မယ်၊ ရေခွက်ဝယ်မယ်ဆိုပြီး နှစ်ရာကောက်လိုက်၊ ငါးရာကောက်လိုက် ခဏခဏခေါင်းစဉ်တပ်ပြီးကောက်နေတယ်။ အဲဒီအခါကျတော့ IDP camp က မိဘတွေက တစ်ရာငါးရာ မပေးနိုင်တော့ သူတို့က မျက်နှာငယ်တယ်။ သူတို့မပေးနိုင်လို့ မျက်နှာငယ်ရတဲ့အထဲမှာ အပြစ် တခုခုတွေ့ပြီဆိို သူတို့ကိုပဲ အပြစ်ပြောတာမျိုးတွေရှိတဲ့အခါမှာ ကလေးတွေက ကျောင်းခန်းထဲမှာ မပျော်ဘူး ဖြစ်လာတယ်။ ဘယ်လောက်ကောင်းတဲ့ စာပဲသင်သင် သူတို့မပျော်တော့ဘူးဆိုရင် စာက မရောက်တော့ဘူး။ အဲဒီတော့ သူတို့စိတ်တွေက လေသွားကြတယ်။

ပြီးတော့ ကျားနဲ့ မကို Genderအရ ကြည့်လိုက်တဲ့အခါမှာ ယောကျာၤးတွေက အဲီလိုနည်းနည်းပါးပါးတွေ ဂရုမစိုက်ဘူး။ သူတို့က စိတ်ထွက်ပေါက်နည်းနည်းလေးရလိုက်တာနဲ့ မေ့သွားရော။ မိန်းကလေးတွေကျတော့ အဲဒါကို အရမ်းခံစားတယ်။ တကယ့်နက်ရှိုင်းစွာခံစားရတော့ ကျောင်းစာထဲမှာ စိတ်မဝင်စားတော့ဘူး။ပြီးတော့ ညီမတွေ မောင်တွေလည်း အများကြီးဆိုတော့ သူတို့မိဘတွေက သူ့အောက်က ကလေးတွေအတွက်လည်း ညှာရသေးတယ်။သူ့အတွက် စားဖို့၊ ဝတ်ဖို့၊ အငယ်တွေအတွက် သူပိုုက်ဆံရှာရမယ်ဆိုတဲ့အတွေးတွေ ရှိလာတယ်။ ဆိုတော့ စာလည်း စိတ်မဝင်စားတော့ဘူး။ အဲဒီတော့ လူကုန်ကူးတဲ့သူတွေက အဲ့ဒီcampထဲမှာကို ရှိနေတာ။တရုတ်ပြည်နယ်စပ်မှာ ဘီယာဆိုင်မှာ ဘာမှလုပ်စရာမလိုဘူး။ စားပွဲထိုးရမယ်။တလကို ငါးသိန်းလောက် ရတယ် သူတောင်ပြန်လာပြီဆိုတော့။ သူတို့လိုလူတွေ ပါသွားပြီး လူကုန်ကူးခံရတယ်။ခေါင်းပုံဖြတ်ခံရတယ်။ KTVသွားပြီး ပျက်စီးသွားတယ်။ မိန်းကလေးတွေရဲ့အခြေအနေက အဲဒီလိုဖြစ်တယ်။ ယောကျာၤးလေးတွေကျတော့ စာကို စိတ်မဝင်စားဘူး။ စိတ်မဝင်စားတော့ ကျောင်းထွက်ပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်။ အခုလုယက်မှုနဲ့ ဖမ်းဆီးခံရတဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကချင်ကလေးတွေဖြစ်တယ်။IDP campက လူတွေဖြစ်နေတယ်။အသက်က ၁၃နှစ်ကနေ ၁၆နှစ်အတွင်း လူငယ်လေးတွေ ဖြစ်နေတယ်။ စစ်ကြောင့်မို့လို့ campထဲမှာလုံခြုံတဲ့ နေရာမှာ ရောက်ပြီဆိုပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက တသီတတန်း ဆိုးကျိုးအနေနဲ့ ပါလာတယ်။ အဲဒါတွေကိုတော့ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် အဲဒါတွေကို အမြဲတမ်းထည့်ပြောတယ်။

မေး ။ ။ ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ မလုံခြုံမှုက ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ အခုမြို့ပေါ်မှာတင် လုယက်မှုတွေများတဲ့အခါ အမျိုးသမီးတွေက စိုးရွံ့မှုတွေ၊ မလုံခြုံမှုတွေဖြစ်နေတယ်။ မြု့ိ ပေါ်မှာ လုယက်မှုက နေ့တိုင်းလိုလိုဖြစ်တာ။ ကျမရုံးက ကလေးတွေ လုယက်ခံရတော့ ကျမက သူတို့ကို နမော်နမဲ့နိုင်တယ်လို့ ပြောတယ်။ ကိုယ်တိုင်ကြုံရတော့မှ ကျမလည်း လန့်သွားတယ်။ ဆိုတော့ ဘယ်မှာပဲ သွားသွားကိုယ့်နောက်ကို ဘယ်အချိန်လာမလဲလို့ ထိတ်လန့်နေရတယ်။ အဲဒီလိုစိုးရိမ်ရတဲ့အခါကျတော့ ကိုယ်က အလုပ်တခုကို ဖြောင့်ဖြောင့်လုပ်ဖို့ရန်အတွက်ကို အဲဒီဟာတွေက အမြဲခြိမ်းခြောက်နေတဲ့အခါကျ ကျမတို့ လူသားတယောက်လွတ်လွတ်လပ်လပ် အသက်ရှင်ဖို့ဆိုတဲ့နေရာမှာ လူ့အခွင့်အရေးကို အများကြီး ချိုးဖောက်တယ်။ လုပ်ငန်းကိုလည်း ထိတယ်ဆိုတာ တွေ့ရတယ်။ အဲဒါကြောင့်မို့ မြို့ပေါ်မှာတောင် မလုံခြုံတဲ့ အတွက်ကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဆွေးနွေးပေးဖို့ရန် တောင်းဆိုတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒီတော့ လုယက်မှု ခံရတဲ့အများဆုံးက အမျိုးသမီးတွေ ဖြစ်နေတယ်။ ပြီးတော့ လုယက်မှုမှာ ပါဝင်တဲ့ကလေးတွေက များသောအားဖြင့်ကချင်တွေက မြန်မာတွေလို့ ထင်ကြတယ်။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နောက်ပိုင်းမှာ ပိုပြီးတော့ ဆိုးလာတယ်။ ဦးခင်ညွန်လက်ထက်တုန်းက နိုင်ငံခြားကနေ ပြန်လာပြီးတော့ ထောက်လှမ်းရေး လုပ်တဲ့အစွမ်းအစနဲ့ မြန်မာနိုင်ငံမှာရှိတဲ့လုယက်ဂိုဏ်းတွေ၊ ဓားပြဂိုဏ်းတွေကို သူက အမြစ်ပြတ်ပြီးတော့ ထောင်ထဲကို ထည့်လိုက်တယ်။ အဲဒီအဖွဲ့တွေက အခုထွက်လာပြီးတော့ နေရာတနေရာမှာ ကိုယ်ပွားတွေလုပ် လူငယ်တွေ၊ ပညာကောင်းကောင်းမတတ်တဲ့လိမ်တဲ့ကလေးတွေကို ခေါ်ပြီး ဖုန်းတွေပေး၊ ပိုက်ဆံအများကြီးပေး၊ အဝတ်အစားအကောင်းစားတွေ ပေးပြီးခိုင်းတယ်။ campက ကလေးတွေကို သူတို့မိဘတွေက ပိုက်ဆံမပေးနိုင်၊ အဝတ်အစားမဆင်နိုင်တဲ့အခါကျတော့ သူတို့က လေသွားတယ် ။ကျောင်းမှန်မှန်မတက်တော့တဲ့အခါမှာ မကောင်းတဲ့သူတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံရတယ်။ အခုရဲစခန်းမှာ လုယက်မှုနဲ့ ဖမ်းဆီးထားတဲ့ကလေးတွေ တော်တော်များများကို ကြည့်တဲ့အခါမှာ camp က ကလေးတွေဖြစ်နေတယ်။ ကလေးတွေက ဆယ်ကျော်သက်လေးတွေ ဖြစ်နေတယ်။ အဲဒီတော့ အရမ်း စိုးရိမ်ရတယ်။

ကလေးတွေက နောင်တချိန်လူကြီးဖြစ်လာမှာဆိုတော့ လူကြီးဖြစ်လာမယ့် သူတွေရဲ့ အကျင့်စာရိတ္တနဲ့ သူတို့ရဲ့ ပညာရေးအခြေအနေက အရမ်းပဲ ဆိုးရွားလာတဲ့အခါမှာ ကျမတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ ခေါင်းဆောင်ဆိုတာ အရမ်းပဲ ရှားပါးသွားမယ်။ပြီးတော့ လူ့အသိုင်းအဝိုင်းကြီးက အရမ်းပဲ ဆိုးယုတ် သွားမယ်။ ကျမတို့ကချင်အမျိုးသားအရေးအရ ပြောမယ်ဆိုရင် ကချင်လူမျိုးကြီးက ပျောက်ဆုံးသွားမယ်။ ကချင်လူမျိုးက တခြားလူမျိုးတွေရဲ့ ဝါးမျိုခြင်းကို ခံရမယ်။တခြားသူတွေရဲ့ ခိုင်းဖတ်တွေဖြစ်လာတယ်။ လူမျိုးကြီးတွေရဲ့ ဝါးမျိုမှုကြောင့်မို့ ကိုယ့်ရဲ့ဘာသာစကားကိုလည်း မပြောနိုင်တော့ဘူး။ကိုယ်ရဲ့နေရာ ဒေသကို လည်း တဖြည်းဖြည်းနဲ့ စွန့်ခွာရတာ၊ကိုယ့်ဒေသထွက်တဲ့သယံဇာတကိုလည်း ပိုင်ဆိုင်ခွင့်မရဘူး။ အဲဒီတော့ ပိုပိုပြိးတော့ ဒုက္ခရောက်ကြတယ်။ကိုယ့်ဒေသက ထွက်တဲ့ သယံဇာတွေလည်း ပိုင်ဆိုင်ခွင့်မရှိဘူး။ ကချင်တွေက သဘာဝသယံဇာတပေါတဲ့နေရာမှာ နေနေပေမယ့် ထမင်းငတ်ပြီးနေနေရတဲ့ ကချင်တွေက အများကြီးဖြစ်နေ တယ်။ လောပန်က လက်ချိုးရေလို့ရတယ်။ IDP camp က ကလေးတွေရဲ့ အင်မတန်မှ အရေးကြီးတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ လုံခြုံရေးပါ။ အခုအချိန်မှာ သူတို့တွေရဲ့လုံခြုံရေးကို မလုပ်ပေးဘူးဆိုရင် ကျမတို့ရဲ့ အနာဂတ်က ဘယ်လိုမှ လှပမှာမဟုတ်ဘူး။ မိန်းကလေးတွေဆိုရင် စာသင်ခန်းထဲမှာ ခွဲခြား ဆက်ဆံခံရတဲ့ကလေးတွေက ကျူရှင်တက်ဖို့ အခွင့်အလမ်းမရှိဘူး။ မရှိတဲ့အခါမှာ သူတို့က စာမလိုက်နိုင်ကြ ဘူး။ စာလိုက်နိုင်လည်း ခွဲခြားဆက်ဆံခံနေရတော့ စာထဲမှာ စိတ်မဝင်စားတော့ဘူး ဆိုတဲ့အခါ အိမ်မှာလည်း အခက်အခဲတွေ ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ကျောင်းထွက်ပြီး အလုပ်လိုက်ရှာပြီး KTVတွေမှာ သွား အလုပ်လုပ်တယ်။တချို့ကတော့ တရုတ်ပြည်မှာ သွားအလုပ်လုပ်တော့ လူကုန်ကူးခံရတယ်။ အသက် မွေးဝမ်းကျောင်းကလည်း ပုံမှန်ရှိတဲ့လုပ်ငန်း မရှိတဲ့အခါကျတော့ လူကုန်ကူးမှုခံရတယ်။ camp ရှိနေတဲ့ မိန်းကလေးတွေရဲ့အနာဂတ်ကလည်း အရမ်းပဲ စိုးရိမ်စရာရှိတယ်ဆိုတာကို တွေ့ရတယ်။

Your Thoughts …
Tags: ကချင်တိုက်ပွဲဒုက္ခသည်စခန်း
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
၃ ဘာသာ ဂုဏ်ထူးရှင် မောင်ဉာဏ်လင်းမောင်  / ထက်ဝေ / ဧရာဝတီ

“အရှုံးထဲက အမြတ် ပါပဲ”

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအလုပ်လုပ်ခဲ့သူ မစန်းကေခိုင်က ရရှိခဲ့သည့် ဒဏ်ရာများ  / လဝီဝမ်  / ဧရာဝတီ

အိမ်ကျွန်စနစ် ဒီအတိုင်းကြည့်နေတော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved