• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စန့်ကဘာ၊ ဂင်္ဂါနှင့် မိုဒီ၏ အိန္ဒိယ

by Karim Raslan
27 May 2019
in ဆောင်းပါး
A A
ဝန်ကြီးချုပ် နေရိန္ဒရာ မိုဒီ ၂၀၁၈ ခုနှစ် ဇွန်လတွင် စန့်ကဘာ၏ အုတ်ဂူသို့ လာရောက် လည်ပတ်ခဲ့စဉ်

ဝန်ကြီးချုပ် နေရိန္ဒရာ မိုဒီ ၂၀၁၈ ခုနှစ် ဇွန်လတွင် စန့်ကဘာ၏ အုတ်ဂူသို့ လာရောက် လည်ပတ်ခဲ့စဉ်

16.5k
VIEWS
Share on FacebookShare on Twitter

၁၅ ရာစု ကဗျာဆရာနှင့် သူတော်စင် စန့်ကဘာ Sant Kabir က အိန္ဒိယမြောက်ပိုင်း အူတာပရာဒေ့ရှ် Uttar Pradesh (UP) ပြည်နယ်ရှိ ဗာရာဏသီမှ ထွက်သွားသည့် အချိန်တွင် နောက်ဆုံးအနေဖြင့် ထွက်ခွာခြင်းဖြစ်ကြောင်း သိနေပြီးသား ဖြစ်မည်။

ဘာသာတရား အလွန်ကိုင်းရှိုင်းသော ဟိန္ဒူများသည် သူတို့ဘဝ၏ နေဝင်ဆည်းဆာ အချိန်တွင် ဗာရာဏသီသို့ ဦး တည်ရန် ကြိုးစားကြသည်။ သူတို့၏ လက်ကျန်နေ့ရက်များကို အမြင့်မြတ်ဆုံးသော မြစ်ဖြစ်သည့် ဂင်္ဂါ၏ နဘေးမှ အမြင့်မြတ်ဆုံးသော မြို့တော်များတွင် ကုန်ဆုံးလိုကြသည်။

သို့သော်လည်း အများ၏ လေးစားကြည်ညိုခြင်းကို ခံရသည့် သက်ကြီးရွယ်အိုတဦးဖြစ်သော စန့်ကဘာ က ထိုနေရာတွင် မွေးဖွားခဲ့သူ ဖြစ်သည့်တိုင် ရှေးဟောင်း ဟိန္ဒူအလေ့အထနှင့် အများလက်ခံထားသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။

ဗာရာဏသီရှိ ဂင်္ဂါမြစ်တွင် ဘာသာရေးယုံကြည်ချက်ဖြင့် ရေချိုးခြင်း၊ သေသူ၏ အရိုးပြာများ မျောခြင်းတို့ ပြုလုပ်လေ့ရှိသည် /Team Ceritalah

သူက ဗြဟ္မဏ Brahmin တို့၏ ကမ္ဘာနှင့် ဇာတ်ခွဲခြားသည့် စနစ်ကို ကျောခိုင်း၍ ဗာရာဏသီကို စွန့်ခွာသွားသော ပထမဆုံးသူ မဟုတ်သလို နောက်ဆုံး လူလည်း ဖြစ်နိုင်ဖွယ် မရှိပါ။ ဟိန္ဒူဝါဒ သို့မဟုတ် ၎င်း၏ ဟိန္ဒူအမျိုးသားရေး ဗီဇနှင့် ကာလရှည်ကြာစွာ ရှိနေခဲ့သော ဇာတ်ကွဲပြားခြင်း၏ သြဇာက ယနေ့အချိန်တွင် အလွန်လွှမ်းမိုးနေသည့် အသွင်ရှိသော်လည်း မေးခွန်းထုတ်ခြင်းနှင့် စိန်ခေါ်ခြင်း တို့ ၂ ခုလုံး က စန့်ကဘာ မမွေးဖွားမီ နှစ်ပေါင်း ၁၀၀၀ နီးပါးက ပရိနိဗ္ဗာန်ပြုခဲ့သည့် ဂေါတမ ဗုဒ္ဓလက်ထက် ကတည်းက ရှိနေခဲ့သည်။

စန့်ကဘာက ဗုဒ္ဓ ပထမဆုံး တရားကို ဟောကြားခဲ့ရာ ဗာရာဏသီ အပြင်ဘက် ဆားနသ် Sarnath ရှိ ပျက်စီးနေသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားကျောင်းများကို စန့်ကဘာ ဖြတ်သွားခဲ့နိုင်သည်။ ဗုဒ္ဓဘာသာကိုယ်တိုင် ၎င်းမွေးဖွားပေါ်ပေါက်ရာ အိန္ဒိယတွင် မှေးဖျော့နေချိန် ဗုဒ္ဓဘာသာ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းက ယနေ့အချိန်အထိ ကောင်းကောင်းကြီး ဆက်လက်တည်ရှိနေခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
473
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
486
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

စန့်ကဘာက ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသော ဘတ်ကတီ bhakti လှုပ်ရှားမှု၏ ချန်ပီယံတယောက် ဖြစ်ခဲ့သည်။ အဆင့်အတန်းနိမ့် အထည်ရက်သည့် ဇာတ်တွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း ဟိန္ဒူ ကျမ်းစာများကို လေ့လာခဲ့သည်။ ထိုကဲ့သို့ နှံ့စပ်ကျယ်ပြန့်စွာ နားလည်မှုနှင့် လူသားမျိုးနွယ်ကို ပြင်းပြစွာ ဖက်တွယ်မှုတို့က သူ့၏ ကဗျာကို ကြွယ်ဝစေခဲ့သည်။ သူ၏ စာပေတွင် ပြည့်ဝသော အလှတခုကို ပိုင်ဆိုင်ထားသည်။ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာနှင့် ဗဟုဝါဒကို အသိအမှတ်ပြုသော်လည်း သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မုသားကို သူက ငြင်းပယ်ခဲ့သည်။

စန့်ကဘာကို (အနည်းဆုံး သူသေဆုံးခဲ့ပြီးနောက်) ဟိန္ဒူများကရော မွတ်ဆလင်များပါ သူတို့ဘာသာဝင် ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ကြသည်။ ဒဏ္ဍာရီတခု ရှိပါသည်။ စန့်ကဘာ သေဆုံးသည့် အချိန်တွင် ဘာသာ ၂ ခုလုံးမှ ဒေသခံများက သူ၏ ရုပ်အလောင်းကို သူတို့ သက်ဆိုင်ရာ ထုံးတမ်း အစဉ်အလာနှင့် အညီ သြင်္ဂ ိုဟ်ခွင့်ရရေး အ တွက် အချေအတင်ဖြစ်ခဲ့ကြရသည်။ သို့သော်လည်း အလောင်းကို ဖုံးထားသည့် အဝတ်စကို သူတို့ ဖယ်လိုက်သည့် အချိန်တွင် တောပန်းများကိုသာ သူတို့တွေ့ခဲ့ကြရသည်။ ထိုပန်းများကို ခွဲဝေ၍ မွတ်ဆလင်များက သူတို့ရသည့် အပိုင်းကို မက်ဂါး Maghar တွင် မြှုပ်နှံခဲ့ကြပြီး မွတ်ဆလင်များက သူတို့ရသည့် အပိုင်းကို မီး သြင်္ဂ ိုဟ်ရန် ဗာရာဏသီသို့ ပြန်လည် ယူဆောင်သွားခဲ့ကြသည်။

အိန္ဒိယ၏ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုစနစ်အရ ဒါလစ်များက အနိမ့်ဆုံးဖြစ်သည်

အူတာပရာဒေ့ရှ် ပြည်နယ် စန့်ကဘာနာဂါး Sant Kabir Nagar ခရိုင်ရှိ မက်ဂါးမှ သူ၏ အုတ်ဂူသို့ ကျနော်တို့ Ceritalah အဖွဲ့ သွားရောက်ခဲ့သည့် အချိန်တွင် ထိုနေရာကို ဟိန္ဒများရော မွတ်ဆလင်များပါ အလွန် ရိုသေလေးစားကြကြောင်း တွေ့ရှိခဲ့ရသည်။ ထိတွေ့ရန် မသင့်သူများဟု ခေါ်ကြသည့် ဇာတ်နိမ့် ဒါလစ် Dalits များသည်ပင် သီးနှံ အထွက်ကောင်းရေး၊ သူတို့၏ သားများ အလုပ်အကိုင် အဆင်ပြေရေးနှင့် မြေရှင်များထံမှ အကာအကွယ်ပေးရေးအတွက် ထိုနေရာသို့ လာရောက် ဝတ်ပြု ဆုတောင်းကြသည်။

သူ၏ အမွေအနှစ်က အပြိုင်အဆိုင် ဖြစ်စရာ အကြောင်းတခု အနေဖြင့် အိန္ဒိယတွင် ယခုအထိ ဆက်၍ ရှိနေသည်။ BJP မှ ဝန်ကြီးချုပ် နေရိန္ဒရာ မိုဒီ Narendra Modi က ၂၀၁၈ ခုနှစ် ဇွန်လတွင် သူ၏ အုတ်ဂူသို့ လာရောက် လည်ပတ်ခဲ့သည်။ စန့်ကဘာ ကွယ်လွန်ခဲ့ခြင်း နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ဖြစ်သည်။

သူ၏ ဘဝတလျှောက်တွင် မိုဒီ၏ အိန္ဒိယနှင့် လုံးလုံးလျားလျား ဆန့်ကျင်သော (မိုဒီ၏ အိန္ဒိယအတွက် အန္တရာယ် ဟုပင်ဆိုနိုင်သည့်) စိတ်ဝိဉာဉ်ဆိုင်ရာ ဆင်ခြင်တုံ အဓိက ဝါဒကို ထောက်ခံခဲ့သော စန့်ကဘာကို ယခုအခါ အားလုံးက ဝိုင်း၍ အပိုင်စီးနေကြသည့် အသွင်ဖြစ်နေပါသည်။

ထို့ပြင် အိန္ဒိယတွင် နိုင်ငံရေးနှင့် လူ့အသိုင်းအဝိုင်းတို့နှင့် ပတ်သက်လာပါက လမ်းအားလုံးက ဂင်္ဂါ မြစ်ဆီသို့ ပြန်ဦး တည်သွားကြသည်။ အိန္ဒိယတွင် အူတာပရာဒေ့ရှ် ပြည်နယ်၏ အရေးပါမှုကို စဉ်းစားသည့်အချိန်တွင် အံ့သြစရာ ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မည်။

မှန်ပါသည်။ လူဦးရေ အများဆုံး ဖြစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးဖြစ်ခြင်းတို့ ရှိနေသော်ငြား ဤ ပြည်နယ်တခုတည်းထက် အရေးကြီးသည့်ကိစ္စများ အိန္ဒိယတွင် ရှိပါသည်။ သို့သော် ပြည်နယ်တွင်းတွင် ရှိနေသည့် ဂင်္ဂါ၏ အစိတ်အပိုင်းအပါအဝင် အူတာပရာဒေ့ရှ် ပြည်နယ်က ဘာသာရေးအတွက်သာမက ရက်ဒီကယ်နိုင်ငံရေး လှုပ်ရှားမှုများလည်း မွေးဖွားသည့် နေရာတခု ဖြစ်သည်။

စန့်ကဘာ ကွယ်လွန်ပြီး ရာစုနှစ် ၅ ခုကြာမြင့်ခဲ့သည့် အချိန်တွင် ဆိုရှယ်လစ် နိုင်ငံရေးသမား ရမ်မနူဟာလိုလာ Ram Manohar Lohia က ပြည်နယ်၏ မြေပိုင်ရှင်ကြီးများကို ဆန့်ကျင်ရန် ကျေးလက်မှ တောင်သူလယ်သမားများကို သာမက ဂင်္ဂါမှ လှေသမားများနှင့် အထည်ရက်လုပ်သော ဇာတ်ကိုလည်း စည်းရုံးခဲ့ဖူးသည်။

ယနေ့ ခေတ်သို့ ခပ်မြန်မြန် ကျော်လိုက်မည်ဆိုလျှင် အူတာပရာဒေ့ရှ် ပြည်နယ် အခြေစိုက် ပါတီ ၂ ခုကို ကျနော်တို့ တွေ့ရပါသည်။ အူတာပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အခီလက်ရှ် ယာဒေ့ဗ် Akhilesh Yadav ဦးဆောင်သည့် Samajwadi (SP) နှင့် နောက်ထပ် ဝန်ကြီးချုပ်ဟောင်းတဦး ဖြစ်သည့် မာယာဝတီ Mayawati ဦးဆောင်သော Bahujan Samaj (BSP) တို့က BJP အတွက် စစ်မှန်သော အတိုက်အခံများအဖြစ် ပေါ်ထွက်လာနေသည်။

သူ၏ ဖခင်ဖြစ်သူ မူလယမ်ဆင်း Mulayam Singh က သြဇာလွှမ်းမိုးထားဆဲ ဖြစ်သည့် အချိန်တွင် အခီလက်ရှ်၏ SP က သူတို့ကိုယ်သူတို့ ရမ်မနူဟာလိုလာ၏ ဆိုရှယ်လစ်တိုက်ပွဲကို ဆက်လက်လုပ်ဆောင်နေသည့် ပါတီအဖြစ် မြင်ထားသည်။ ယခုအခါ စိုက်ပျိုးရေးလုပ်သည့် အလယ်အလတ်တန်းစား ဇာတ်ဖြစ်သော ယာဒေ့ဗ် Yadav များ၏ ကျောထောက် နောက်ခံ ရရှိထားသည်။ ထိုသို့ ဖြစ်ခြင်း၏ သက်ရောက်မှုကို ပြည်နယ် အရှေ့ပိုင်းမှ မြို့ငယ်တခု ဖြစ်သည့် ဘာစတီ Basti တွင် အကောင်းဆုံး တွေ့မြင်ရပါသည်။ ဒေသခံ ကောလိပ်တခုတွင် အစိုးရ၏ ပညာသင် ထောက်ပံ့ကြေးများကြောင့် ကျောင်းသားများနှင့် ပြည့်လျှံနေပြီး ပါးရေတွန့်နေသည့် အဖွားအိုများမှာလည်း လစဉ် မုဆိုးမ ပင်စင်တခုကို ရရှိနေသည်ကို Ceritalah အဖွဲ့က တွေ့ခဲ့ရသည်။

မာယာဝတီ(ဝဲ)က ဇာတ်နိန့် ဒါလစ်များ၏ နိုင်ငံရေးပုံရိပ် ဖြစ်လာသည်

တခြားဘက်တွင် မာယာဝတီက ဒါလစ် ပုံရိပ်တခု ဖြစ်လာပြီး လူသိလည်းများလာခဲ့သည်။ သူက ဘောဂဗေဒ ပညာရှင် ဘီအာရ် အမ်ဘက်ကာ B.R. Ambedkar ကဲ့သို့သော ဇာတ်နိမ့် ဒါလစ် အာဇာနည်များအတွက် အထိမ်းအမှတ် အဆောက်အဦးများ တည်ဆောက်ရန် သို့မဟုတ် နေရာများကို အမည်ပြောင်းရန် အငြင်းပွားဖွယ် ကြိုးစားနေသည်။

ထိုသို့ပြုလုပ်ခြင်းမှာ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဟိန္ဒူဘုန်းကြီး အဒိတ်ယာနတ်သ် Adityanath မှတဆင့် ပြည်နယ်ကို ဦးဆောင်နေသော BJP ၏ အမြင်များကို တန်ပြန်ရန်ဖြစ်သည်။ သူ၏ ခရစ်ယန်ဆန့်ကျင်ရေး၊ အစ္စလမ်မုန်းတီးမှုနှင့် လိင်ခွဲခြားသည့် အပြောအဆိုများကြောင့် လူသိများခဲ့သော အဒိတ်ယာနတ်သ်က အူတာပရာဒေ့ရှ် ပြည်နယ်၏ မြို့တော် လက်နောင်း Lucknow ကို ဥပေက္ခာပြု ထားသည်ဟု ယူဆကြခြင်းကို ထင်ထင်ရှားရှားပင် တွေ့ရသည်။

တချိန်က အလွန်အောင်မြင်တိုးတက်ခဲ့သော အဝဒ် Awadh မွတ်ဆလင် ဘုရင့်နိုင်ငံ၏ အချက်အချာဖြစ်ခဲ့ပြီး မြင့်မားသော ဗလီများနှင့် ဆီဦးထောပတ်တို့ဖြင့် အီဆိမ့်သော ဘာရီယာနီ ဒန်ပေါက် ထမင်းတို့က အဒိတ်ယာနတ်သ်နှင့် သူ၏ BJP လုပ်ဖော်ကိုင်ဖက်များ အိန္ဒိယကို မဖြစ်စေချင်သည့် အရာပင် ဖြစ်သည်။ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာ ဘာသာများ ရောယှက် ပေါင်းစည်းထားခြင်းကြား ပျော်ရွှင်ဖွယ် ခံစားမှုတခုက ယခုချိန်တိုင် သိမ်မွေ့စွာ ရှိနေဆဲ ဖြစ်သည်။

လက်နောင်းတွင် နေထိုင်ကြသည့် ဟိန္ဒူများရော မွတ်ဆလင်များကပါ သူတို့မြို့တွင် ရုံးစိုက်သော အစိုးရ၏ အထင်အမြင်သေးခြင်းမျိုး မဟုတ်လျှင်ပင် ဥပေက္ခာပြုခြင်းကို ခံစားကြရသည်။ ဖြစ်လာမည်ဟု သူတို့ မည်သည့် အချိန်တွင်မျှ တွေးလိမ့်မည် မဟုတ်သော ဖြစ်ရပ်တခု ဖြစ်သည်။

အဒိတ်ယာနတ်သ်က (ဖိလစ်ပိုင် သမ္မတ ဒူတာတေး ဒါဗောင်း Davao မြို့သို့ မကြာခဏ သွားနေတတ်သလိုမျိုး) ညစဉ် ညတိုင်းနီးပါး ၂၇၀ ကီလိုမီတာဝေးသော သူ၏ မိခင်မြို့ ဖြစ်သည့် ဂိုရက္ခပူရ် Gorakhpur သို့ ပြန်သည်။

ဂိုရက္ခပူရ်သည် ဂိုရက္ခနသ်မသ် Gorakhnath Math ဘုရားကျောင်းကြောင့် လူသိများသည့် မြို့ ဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အလုပ် သိပ်မများသည့် အဒိတ်ယာနတ်သ်က ဂိုရက္ခပူရ်တွင် ဆုတောင်း တရားကျင့်စရာ နေရာတခုနှင့် ဟိန္ဒူယုဝ ဝဟီနီ Hindu Yuva Vahini ဟု ခေါ်သည့် လက်နက်ကိုင် ဘာသာရေး အဖွဲ့အစည်းတခုကို ထူထောင်ထားသည်။

အိန္ဒိယတွင်သာ ရှိသည့် နောက်ထပ် အဖြစ်မှန်တခုမှာ ဂိုရက္ခပူရ်သည် မွတ်ဆလင် ဘုရားကျောင်းတခုတွင် စန့်ကဘာ လဲလျောင်းရာ ဖြစ်သော မက်ဂါနှင့် အမှန်တကယ်ပင် နီးကပ်သည်။

သူတို့ မြို့ငယ်လေးက အူတာပရာဒေ့ရှ် ပြည်နယ်၏ ဒုတိယ မြို့တော်ဖြစ်လာခဲ့ပြီဟု ဂိုရက္ခပူရ် ဒေသခံများက ဟာသ လုပ်ကြသည်။ အမှန်တကယ်တွင် လက်နောင်းကဲ့သို့သော မြို့များကို အဓိကထားသော BJP က အဒိတ်ယာနတ်သ်၏ အခြေစိုက် စခန်းရှိသော သူတို့မြို့ငယ်လေးကဲ့သို့သော ဇနပုဒ်များကို ယခင်က ရှောင်ရှားခဲ့ကြသည်။

အဒိတ်ယာနတ်သ်၏ လက်အောက်တွင် ပါတီက သူတို့သည်လည်း နာမည်အသစ်ပြန်ပေးသည့် နိုင်ငံရေးကို ကစားနိုင် ကြောင်း ပြသနေသည်။ အလ္လာဟာဘတ် Allahabad ကို ပရာယာဂရက်ဂျ် Prayagraj ဟု အမည်ပြောင်းလဲခဲ့သလို ဗာရာဏသီမှ ဂင်္ဂါ နှင့် ယမုံနာမြစ် တို့ဆုံရာတွင် ၆ နှစ် တကြိမ်ပြုလုပ်သည့် ကုမ်မေလာ ပွဲတော်သို့လည်း အထောက်အပံ့များ ပေးခဲ့သည်။

ဘာသာရေး ယုံကြည်ချက်ကို နိုင်ငံရေးနှင့် ရောမွှေလာသော အူတာပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် ဟိန္ဒူဘုန်းကြီး အဒိတ်ယာနတ်သ် (ဝဲအစွန်)

Ceritalah အဖွဲ့က ဂင်္ဂါကို ငေးကြည့်နေသည့် အချိန်တွင် အညိုရောင်မြစ်ရေများက ငြိမ်းချမ်းစွာ စီးဆင်းနေကြသည်။

သို့သော်လည်း ထိုတည်ငြိမ်အေးချမ်းမှုက ၂၀၁၉ မေလ ၁၉ ရက်တွင် ပြီးဆုံးသည့် ကာလရှည် ရွေးကောက်ပွဲ မဲပေးခြင်း ခြင်းများကဲ့သို့ သိရခက်သော သဘော ရှိကောင်း ရှိနေနိုင်ပါသည်။

စန့်ကဘာက ဗာရာဏသီမှ အဝေးသို့ ထွက်သွားခဲ့ပြီး ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ၏ ကျွင်းကျန်သော ရုပ်အလောင်းကို (အကယ်၍ သင်က ဒဏ္ဍာရီများကို ယုံကြည်မည်ဆိုလျှင်) ခွဲဝေ၍ ဗာရာဏသီတွင် မီးသြင်္ဂ ိုဟ်ခဲ့သည်။ မက်ဂါတွင်လည်း မြှုပ်နှံခဲ့သည်။ ၂ နေရာလုံးက ဂင်္ဂါ၏ အနီး သို့မဟုတ် ဂင်္ဂါမြစ်ပေါ်တွင် ဖြစ်သည်။

ဂင်္ဂါက ၎င်း၏ မြစ်ကမ်းပါးများတွင် နေထိုင်သူများအတွက် အသက်မွေးမှု အရင်းအမြစ်ဖြစ်သည်။

ကမ္ဘာပေါ်မှ သန်းနှင့်ချီသော သူများ၏ အသိစိတ်ကို ဖမ်းစားထားသည့် ကိုးကွယ်ယုံကြည်မှုများသာမက အိန္ဒိယ စရိုက်လက္ခဏာ၏ မျက်နှာစာများ (ဗဟုဝါဒနှင့် အယူသီးခြင်း၊ ရက်ဒီကယ်နှင့် ပြောင်းလဲတိုးတက်မှု၊ လူသားချင်း တန်းတူညီမျှမှုကို လိုလားခြင်းနှင့် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်း) မွေးဖွားရာနှင့် ထိန်းသိမ်းထားရာ နေရာလည်း ဖြစ်သည်။

မည်သို့ဖြစ်စေ ဂင်္ဂါရေက ဆက်လက် စီးဆင်းနေဆဲပင်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန် 

ဇာတ်ခွဲခြားမှု၊ ဘာသာစွဲ၊ ပဋိပက္ခများနှင့် အိန္ဒိယ နိုင်ငံရေး

အိန္ဒိယက ဘာကြောင့် အရေးပါလဲ

ဇာတ်ခွဲခြားမှု၊ တမီလ် အမျိုးသားရေးနှင့် အိန္ဒိယ ရွေးကောက်ပွဲ

မိုဒီ မဟုတ်ရင် အိန္ဒိယမှာ ဘယ်သူလဲ

Your Thoughts …
Tags: ဂင်္ဂါစန့်ကဘာမိုဒီအိန္ဒိယ
Karim Raslan

Karim Raslan

Contributor

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
"Aladdin" ရုပ်ရှင်

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ "Aladdin" ရုပ်ရှင်

Vivo က Z စီးရီး မော်ဒယ်အသစ် Z5x ဖုန်း

Punch-hole Display ပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo မိတ်ဆက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved