• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

by မင်းအောင်ခိုင်
17 December 2020
in ဆောင်းပါး
A A
မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ရှောင်စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ရှောင်စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

12.1k
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာလ၏ နံနက်ပိုင်းက အေးစိမ့်စိမ့်နှင့် မြို့တခုလုံးအား ပတ်လည် ဝိုင်းထားသည့် တောင်တန်းများနှင့် ကျောက်ဆစ်ရုပ် အကျိုးအပဲ့များ ပြန့်ကျဲနေပြီး ခြုံနွယ်ပိတ် ပေါင်းများ ထူထပ်စွာပေါက်နေသော တောင်ကုန်းမို့မို့ပေါ်တွင် မြူခိုးများ အုပ်ဆိုင်းနေ၏။

ထိုနေရာမှာ ရှေးရခိုင်ဘုရင်များ နန်းစိုက်ခဲ့ရာလည်းဖြစ် ရှေးဟောင်းအမွေအနှစ်ပေါ ကြွယ်ဝသည့် မြို့ဟောင်းဟုလည်း အများက ခေါ်သည့် မြောက်ဦးမြို့ ပင် ဖြစ်သည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
314
နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

20 May 2025
676
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.4k

မကြာသေးမီက မြောက်ဦးမြို့သို့ သတင်းသွားရောက်ယူခဲ့ရာတွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ ရုတ်တရက် ထုတ်ပြန်လိုက်သည့် နှစ်ဘက် အပြန်အလှန် ကြေညာချက်တချို့ကြောင့် သေနတ်သံများ တိတ်ဆိတ်သွားခဲ့ပြီး မြို့ခံများမှာလည်း အပျော်တဝက်ဖြင့် ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည်ကို တွေ့ရသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမတလျှောက်ရှိ ရွေဝါရောင်သန်းနေသော စပါးခင်းထဲတွင် စစ်ရှောင် ဒုက္ခသည်တချို့ ရွာပြန်ပြီး စပါးများ ရိတ်သိမ်းနေကြသလို အိမ်သူ အမျိုးသမီးများကလည်း လယ်ယာလုပ်ငန်းတွင် ဝိုင်းကူနေသည့် မြင်ကွင်းကလည်း နှစ်ချီ စစ်ဒဏ်ခံကြရသူများအဖို့ အတိုင်းအတာတခုထိ ကြည်နူးစရာတခုပင်။

“စစ်ပွဲဖြစ်ကြတဲ့ အချိန်ကတော့ ကျနော်တို့ ပြည်သူတွေ၊ ပြေးသူက ပြေး၊ ပုန်းသူက ပုန်းနေကြရပါတယ်။ အခုအချိန်မှာတော့ အပစ်အခတ်ရပ်စဲနေလို့ ငြိမ်းချမ်းနေပါတယ်။ ဒါပေမယ့် ကျနော်တို့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရမယ်လို့တော့ ကျနော် မထင်ဘူး”

မြောက်ဦးမြို့ ဓမ္မာရာဇ်ရပ်ကွက်တွင် နေထိုင်သူ လယ်သမား ဦးမောင်အေးသိန်းက တိုက်ပွဲသံများ တိတ်ဆိတ်သွားသည့်အတွက် လတ်တလော မြေပြင်အခြေအနေမှာ ငြိမ်းချမ်းလျက်ရှိကြောင်း ပြောသည်။

“စစ်ပွဲဖြစ်ကြတဲ့ အချိန်ကတော့ ကျနော်တို့ ပြည်သူတွေ၊ ပြေးသူက ပြေး၊ ပုန်းသူက ပုန်းနေကြရပါတယ်။ အခုအချိန်မှာတော့ အပစ်အခတ်ရပ်စဲနေလို့ ငြိမ်းချမ်းနေပါတယ်။ ဒါပေမယ့် ကျနော်တို့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရမယ်လို့တော့ ကျနော် မထင်ဘူး”ဟု မြောက်ဦးမြို့၏ အနောက်ဘက် ၎င်း၏ လယ်ကွင်းတွင် စပါးရိတ်သိမ်းနေရင်း သူ၏ ခံစားချက်ကို ပြောပြသည်။

မြောက်ဦးမြို့နယ် ပီပင်ရင် စစ်ရှောင်စခန်း/မင်းအောင်ခိုင်/ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA)တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး မကျင်းပဖြစ်ခဲ့သည့် မြို့နယ် ၉ ခုရှိရာ ယင်းမြို့နယ်များထဲတွင် မြောက်ဦးမြို့နယ်လည်း တခု အပါအဝင် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရေးနဲ့ အပစ်ရပ်ရေး

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ကြားဝင်စေ့စပ်ပေးခဲ့ သောကြောင့် ယခုကဲ့သို့ ၂ ဘက် အပစ်ရပ်သွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအလွန်ပြင်းထန်ပြီး တဘက်နှင့်တဘက် အလွန်သဘောထား တင်းမာခဲ့ကြသည့် တပ်မတော်နှင့် AA တို့သည် လုံးဝ မထင်ထားဘဲ မီးကိုရေနဲ့ ငြိမး်သတ်လိုက်သလို တိုက်ပွဲများ ရပ်စဲလိုက်ရသည်အထိ မစ္စတာဆာဆာကာဝါ၏ ကြားဝင်မှု အပေါ် ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးလေ့လာသူများက ချီးကျူးထောက်ခံခဲ့ကြသည်။

AA ဘက်က နိုဝင်ဘာလ ၈ ရက်နေ့တွင် မကျင်းပနိုင်ခဲ့သော ရွေးကောက်ပွဲများ ကျင်းပပေးရန် တောင်းဆိုလိုက်ပြီး တပ်မတော်ကလည်း ချက်ခြင်းပင် သဘောတူ လက်ခံကြောင်း ပြန်တုံ့ပြန်ခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူအဖြစ် ပထမတခေါက်လာခဲ့ပြီး အပစ်ရပ်ဆိုင်းပြီးနောက် ဒုတိယတခေါက် မြန်မာပြည်ပြန်လာရာ မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ် ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များသို့ တရက်တာ ကွင်းဆင်းလေ့လာခဲ့ပြီး အပြန်တွင် စစ်တွေဟိုတယ်၌ မြို့နယ် ၉ မြို့နယ်တွင် လုံခြုံရေး ကောင်းမွန်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ရသည်ဟု သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ်မှ ကွင်းဆင်း တွေ့ရှိချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံတော် အတိုင်ပင်ခံတို့ထံ တွေ့ဆုံ တင်ပြခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပရေးအပေါ် အဖြေ တစုံတရာ ပြန်မရသဖြင့် စိတ်ပျက်မိကြောင်း မစ္စတာ ဆာဆာကာဝါက ဂျပန်နိုင်ငံသို့ မပြန်မီ ဒီဇင်ဘာလ ၄ ရက်နေ့က ဖိအားပေး ပြောဆိုခဲ့သည်။

မြောက်ဦးမြို့ပေါ် မြတန်ဆောင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများ/မင်းအောင်ခိုင်/ဧရာဝတီ

ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင်မူ ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုက်သည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေ သည့် မိမိတို့ နိုင်ငံတွင် တိုင်းရင်းသား အားလုံး လိုလားချက်များကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှ တဆင့် လွှတ်တော် အသီးသီးတွင် တင်ပြ တောင်းဆိုနိုင်ကြောင်းလည်း ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲကို မည်သည့်အချိန် ကျင်းပမည်ကို အတိအကျ မသိရသေးသော်လည်း ယခုလို သမ္မတက တိုက်တွန်းလိုက်ခြင်းသည် အစိုးရ၏ မူဝါဒအဖြစ် အကောင်အထည်ဖော်ရေးဆီသို့ ဦးတည်သွားနိုင်သည်။

ယင်းပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးနိုင်သည့် နိုင်ငံရေး လမ်းကြောင်းများ ဖွင့်ထားပြီ ဖြစ်၍ တိုင်းရင်းသားများ အခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံ ပြည်သူများအား အထိအခိုက် အနစ်နာဆုံး ဖြစ်စေသည်ကို သက်ဆိုင်သူများ အားလုံး သတိပြုသင့် ကြောင်း ရေးသား ဖော်ပြထားသည်။

ရွေးကောက်ပွဲကို မည်သည့်အချိန် ကျင်းပမည်ကို အတိအကျ မသိရသေးသော်လည်း ယခုလို သမ္မတက တိုက်တွန်းလိုက်ခြင်းသည် အစိုးရ၏ မူဝါဒအဖြစ် အကောင်အထည်ဖော်ရေးဆီသို့ ဦးတည်သွားနိုင်သည်။

တချိန်တည်းတွင် တပ်မတော်ဘက်ကလည်း ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲများ ကျင်းပရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ဦးမြို့ပေါ် မြတန်ဆောင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများ/မင်းအောင်ခိုင်/ဧရာဝတီ

တပ်မတော်သည် ရက္ခိုင်စစ်တပ် (AA) နှင့် လမ်းကြောင်းများ ပြန်ဖွင့်ပြီး နှစ်ဖက် ကိုယ်စားလှယ်များသည် ဗီဒီယိုကွန်ဖရင့်မှ တဆင့် ဆွေးနွေးရုံတင်မက “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင်လည်း ဒီဇင်ဘာ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိပ်တန်းကိုယ်စားလှယ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့များ ဆက်လက်ဆွေးနွေးနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေသဖြင့် ရခိုင်ပြည်နယ်အတွင်း ထပ်မံ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် စောင့်ထိန်းနိုင်သည့် လုပ်ငန်းမှန်သမျှကို စောင့်ထိန်း ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “လက်ရှိအခြေအနေမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည်အထိ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် နားလည်မှုနဲ့ ဆက်သွယ် ဆက်ဆံမှုများ ရှိတဲ့ အနေအထား ရှိတယ်။ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားရေး အတွက် စောင့်ထိန်းနိုင်တဲ့ အလုပ်တွေမှန်သမျှကို အလေးအနက်ထား စောင့်ထိန်း ဆောင်ရွက်လျက် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင်စစ်တပ် (AA) က ၄ လကျော်ကြာ ဖမ်းဆီးထားသည့် ဆလိုင်းအောင်စိုးကို ပြန်လည်လွှတ်ပေးလိုက်သောကြောင့် အကယ်၍ စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေ တိုးတက်ပါက နှစ်ဖက် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်လာနိုင်သည်။

သို့သော် AA တပ်ဖွဲ့ဝင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပါတီမှ တောင်ကုတ်အမတ်လောင်း ၃ ဦးကို အခြေအနေတခုထိ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“သူတို့ ၃ ယောက်ကို ပြန်လွတ်ပေးရင် ရွေးကောက်ပွဲ ဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ ကျနော်တို့ မသုံးသပ်နိုင်ဘူး။ ကျနော် အမြင်ကတော့ AA ဟာ ငြိမ်းချမ်းရေးကို သွားမယ် ဆိုရင် အစိုးရအဖွဲ့ ကြေငြာထားတဲ့ အကြမ်းဖက်အဖွဲ့ကနေ လွတ် မြောက်ဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် သူတို့ ၃ ယောက်ကို ပြန်လွတ်ပေးခြင်းအားဖြင့် လက်တွေ့ လုပ်ပြဖို့ လိုတယ်လို့ မြင်ပါတယ်”

ထို့ပြင် အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုထားသည့် ရခိုင်နိုင်ငံရေးသမားများ၊ ဒေသခံ ကျေးရွာသားများနှင့် ကျောင်းသား လူငယ်များကို ပြန်လွှတ်ပေးရမည်ဟုလည်း ပြောဆိုထားသည်။

မြောက်ဦးမြို့ပေါ် မြတန်ဆောင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများ/ မင်းအောင်ခိုင်/ဧရာဝတီ

ရွေးကောက်ပွဲ ကာလ တောင်ကုတ်မြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်လည်းဖြစ် အမတ်လောင်း ၃ ဦး ဖမ်းဆီးခံခဲ့ရာတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးသက်ထွန်းက AA အနေဖြင့် ငြိမ်းချမ်းရေးကို လျှောက်လမ်းမည် ဆိုပါက လက်တွေ့ ပြသသည့်အနေဖြင့် အမတ်လောင်း ၃ ဦးကို ပြန်လွတ်ပေးကာ အစိုးရအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့ အဖြစ်မှ လွတ်မြောက်ရန် ကြိုးစားသင့်ကြောင်း ပြောသည်။

“သူတို့ ၃ ယောက်ကို ပြန်လွတ်ပေးရင် ရွေးကောက်ပွဲ ဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ ကျနော်တို့ မသုံးသပ်နိုင်ဘူး။ ကျနော် အမြင်ကတော့ AA ဟာ ငြိမ်းချမ်းရေးကို သွားမယ် ဆိုရင် အစိုးရအဖွဲ့ ကြေငြာထားတဲ့ အကြမ်းဖက်အဖွဲ့ကနေ လွတ် မြောက်ဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် သူတို့ ၃ ယောက်ကို ပြန်လွတ်ပေးခြင်းအားဖြင့် လက်တွေ့ လုပ်ပြဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ဦးသက်ထွန်းက ပြောသည်။

စစ်ပွဲကြားက ရှေးဟောင်းအမွေအနှစ်

သဇင်ပန်းခိုင် တမြိုင်မြိုင်ဆိုသည့် ဆိုရိုးစကားအတိုင်း ရှေးဟောင်းအမွေအနှစ် ပေါများလှသည့် မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ်များ ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ဝင်ရောက်ရန် ကြိုးပမ်းနေသော အချိန်တွင် စစ်ပွဲနှင့် ကိုဗစ်ကြောင့်လည်း ရှေ့ မတိုးနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မြောက်ဦး ရှေးဟောင်း သုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက “ယူနက်စကို ဝင်ဖို့အတွက် အဆင်သင့် လုပ်ထားပါတယ်။ ၈၀ ရာခိုင်နူန်းလောက် ပြီးနေပါပြီ။ ကိုဗစ်ကာလပြီးလို့ တင်မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ကျနော်တို့ ဘက်ကတော့ အားလုံး ပြင်ဆင်ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့သည့် ရှေးရခိုင်ဘုရင်များ လက်ထက်ကတည်းက ဗျူဟာမြောက်တည်ထားခဲ့သော မြို့တမြို့ ဖြစ်ပြီး မြို့တခုလုံး ကို တောင်တန်းများ ပတ်ပတ်လည် ဝိုင်းရံထားပြီး မြို့အထဲပိုင်းတွင် လူနေထိုင်သည့် အနေအထားမျိုးဖြင့် မြို့တည်ခဲ့ခြင်း ဖြစ်သည်။

တောင်ကုန်း၊ တောင်တန်းများနှင့် ကုန်းမို့မို့ နေရာများအားလုံးတွင် ကျောက်တုံး ၊ ကျောက်သားများဖြင့် စေတီပုထိုးများကို တည်ထားခဲ့ကာ ရှေးယခင်က ဗိသုကာ လက်ရာများကလည်း အံ့မခန်းဖွယ် ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ စစ်ပွဲကြောင့် မြောက်ဦးမြို့ရှေးဟောင်းစေတီ အမွေအနှစ်များတည်ရှိသည့် အဆိုပါ တောင်ကုန်းများတွင် တပ်မတော်က တပ်စွဲနေရာယူထားကာ ကတုတ်ကျင်းများ တူးခြင်း၊ ဘန်ကာများ တည်ဆောက်နေမှုများ ရှိကြောင်း မြို့ခံများက ပြောသည်။

“အဲဒီ မဟာဗျူဟာမြောက် တည်ထားခဲ့တဲ့ နေရာတွေမှာ အခုကတော့ စစ်တပ်တွေက ကတုပ်ကျင်းတွေ တူးပြီးတော့ ဘန်ကာတွေ ဆောက်လုပ်ထားတယ်။ ခြံစည်းရိုးတွေထိုး၊ မြေတွေကိုတူးဆွလိုက်တော့ ကျမတို့ရဲ့ ရှေးဟောင်း အမွေအနှစ် နေရာတွေဟာ တော်တော့်ကို ပျက်စီးသွားတာကို တွေ့ ရတယ်”

အဆိုပါ နေရာများတွင် တပ်စွဲနေထိုုင်မှုရှိသည့်အတွက် မြေပေါ်၊ မြေအောက် ရှေးဟောင်းအမွေအနှစ်များ များစွာ ထိခိုက် ဆုံးရှုံးမှု ရှိကြောင်းလည်း မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

“အဲဒီ မဟာဗျူဟာမြောက် တည်ထားခဲ့တဲ့ နေရာတွေမှာ အခုကတော့ စစ်တပ်တွေက ကတုပ်ကျင်းတွေ တူးပြီးတော့ ဘန်ကာတွေ ဆောက်လုပ်ထားတယ်။ ခြံစည်းရိုးတွေထိုး၊ မြေတွေကိုတူးဆွလိုက်တော့ ကျမတို့ရဲ့ ရှေးဟောင်း အမွေအနှစ် နေရာတွေဟာ တော်တော့်ကို ပျက်စီးသွားတာကို တွေ့ ရတယ်” ဟု ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပြသည်။

မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ရှောင်စခန်းရှိ တဲတလုံး/ မင်းအောင်ခိုင်/ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း ရှေးဟောင်း အဆောက်အဦများနှင့် သာသနာ့ နယ်မြေများ တွင် လက်နက်ကိုင်များ အနေဖြင့် နေရာယူပြီး တပ်စွဲ မနေထိုင်ရန် ပြီးခဲ့သော ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် မင်းပြား မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဆိုတရပ် တင်သွင်းခဲ့သည်။

ယင်းအဆိုအပေါ် တပ်မတော်သား ပြည်နယ် ကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် အဆိုကို အတည်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်အထိ သာသနာ့နယ်မြေနှင့် ရှေးဟောင်းစေတီပုထိုးများတွင် တပ်မတော်က တပ်စွဲနေရာယူမှုမှာ ဆုတ်ခွာသွားခြင်း မရှိဘဲ မြင်တွေ့နေရဆဲ ဖြစ်သည်။

အဆိုတင်သွင်းခဲ့သူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က“ကျနော် အဆိုတင်ကတည်းက အစိုးရ စစ်တပ်က ဘုရားစေတီပုထိုးတွေမှာ တပ်စွဲနေထိုင်တာက သာမာန်ရိုးရိုး တပ်စွဲနေထိုင်နေတာ မဟုတ်ဘဲ ကာဗာကျင်းတွေ ဘန်ကာတွေ အားလုံး မြောင်းတူးပြီး နေတာ။ အဲဒီအတွက် တပ်မစွဲဖို့အတွက် တိုက်တွန်းခဲ့တယ်။ သို့သော်လည်း ဒီနေ့ထိ တပ်က အဲဒီနေရာတွေက ပြန်ရုတ်သွားတယ်ဆိုတာ လက်ညိုးထိုးပြစရာ တနေရာမှလည်း မရှိဘူး” ဟု ပြောသည်။

ထိုသို့ ရှေးဟောင်းစေတီပုထိုးများနှင့် သာဿနာ့နယ်မြေအတွင်း လက်နက်ကိုင် အဖွဲ့ များ တပ်စွဲ မနေထိုင်ရန် လွှတ်တော်တွင် အဆိုတင်ပြီး တောင်းဆိုခဲ့ပြီး ဖြစ်၍ အဆို အကောင်အထည်မဖော်ခြင်းမှာ အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ရှေးဟောင်းဇုန်တွင် တပ်မတော်က တပ်စွဲနေထိုင်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် ပြောဆိုတားမြစ်ရန် အင်အားမရှိကြောင်း ပြောသည်။

“အဲဒါကတော့ ကျနော့်တို့အဆင့် Level နဲ့ ပြောဖို့ ခက်ပါတယ်။ ပြောနိုင်ဖို့ အင်အားလည်း ကျနော်တို့မှာ မရှိပါဘူး။ ကျနော် တို့ကတော့ ကိုယ့်တတ်နိုင်တဲ့ဘက်က ကာကွယ်ပေးနိုင်တဲ့ အနေအထားပါပဲ။ အဲဒီအပိုင်းတွေကျတော့ ကျနော်တို့ အနေ နဲ့လည်း ပြောနိုင်ဖို့ အဆင်မပြေဘူး”ဟု ဦးစိုးစိုးလင်းက ပြောသည်။

တပ်မတော်အနေဖြင့် လက်ရှိစေတီပုထိုးများ ရှိသည့်နေရာနှင့် လက်ရှိ သံဃာတော်များ သီတင်းသုံးသည့် နေရာမျိုးတွင် တပ်စွဲထားခြင်း မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပြီး ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နိုင်ဖွယ်ကို မငြင်းဆိုပေ။

“သာသနာ့ နယ်မြေဆိုတဲ့ဟာမှာ ကျနော်တို့အခု ရှိနေတဲ့ဟာက ဘုန်းကြီးတွေ လက်ရှိ ရှိနေတဲ့နေရာ၊ ဘုရားတွေ လက်ရှိ ရှိနေတဲ့ နေရာတွေမှာတော့ မဖြစ်နိုင်ဘူး။ ယခင် အဟောင်းနေရာတွေမှာတော့ ဖြစ်ကောင်း၊ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဟာတွေကလည်း မြို့ရွာ လုုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အတွက်ပဲ ဖြစ်ပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့ပေါ် မြတန်ဆောင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများ/ မင်းအောင်ခိုင်/ဧရာဝတီ

ဧရာဝတီ၏ ဒီဇင်ဘာလဆန်းပိုင်းက မြောက်ဦးမြို့သို့ သွားရောက်ခဲ့ရာတွင် မြို့နှင့် ၄မိုင်ကျော်ခန့်ကွာဝေးသည့် သ သင်္ဂျိုက်တောင်ဘုရားနှင့် မြို့ပေါ် ငွေတောင်ပေါက်အနီးရှိ ဘုရားတောင်ကုန်းများတွင်လည်း တပ်မတော်က နေရာယူ နေထိုင်သည်ကို မြင်တွေ့ခဲ့ရသည်။

ယင်းအပြင် တပ်မတော်သားများသည် အစိမ်းရောင်ရှိသည့် မြေတူးစက်ကြီးတစီးကို မြို့အဝင် ငွေတောင်ပေါက် တံတား အနီးမှနေ ကားလမ်းမပေါ်အတိုင်း ရွေ့ပြောင်း မောင်းနှင်နေပြီး မြေတူးစက်ကြီးဘေးနားက ယူနီဖောင်းဝတ်ထားသည့် တပ်မတော်သားများက ကားလမ်း မနာရအောင် သစ်ပြားများခံကာ အဆိုပါစက်ကို တရွေ့ရွေ့ပြောင်းနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

“ငြိမ်းချမ်းရေးယူမယ်ဆိုပြီးတော့ ပြောသံတွေကြားတော့ ကျနော်တို့ ပြည်သူတွေက ပျော်ပျော်ပါးပါးပဲ။ အခြေအနေကို ကြည့်လိုက်ပြန်တော့ ကျနော်တို့ ပြည်သူတွေက နှံကောင်လိုပဲ ခံစားပြီး ပျော်နေကြတယ်။ ပုရွက်ဆိတ်တွေကတော့ ရိက္ခာတွေကို တွင်းထဲသို့ ချီသွင်းသကဲ့သို့ ယူနေကြတယ်။ အဲဒါတွေကို မြင်တော့ ကျနော်တို့ တော်တော်ကြီး စိုးရိမ်မိတယ်”

မြို့ခံများက ဘုရားတောင်ကုန်းများပေါ်တွင် တပ်မတော်သားများ ကတုတ်ကျင်းများကို မြေတူးစက်ကြီများ တူးပြီး ဘန်ကာများ ဆောက်ကာ ရိက္ခာများ စုဆောင်းနေသည့် အခြေအနေရှိသည့်အတွက် စစ်ပွဲဆက်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

“ငြိမ်းချမ်းရေးယူမယ်ဆိုပြီးတော့ ပြောသံတွေကြားတော့ ကျနော်တို့ ပြည်သူတွေက ပျော်ပျော်ပါးပါးပဲ။ အခြေအနေကို ကြည့်လိုက်ပြန်တော့ ကျနော်တို့ ပြည်သူတွေက နှံကောင်လိုပဲ ခံစားပြီး ပျော်နေကြတယ်။ ပုရွက်ဆိတ်တွေကတော့ ရိက္ခာတွေကို တွင်းထဲသို့ ချီသွင်းသကဲ့သို့ ယူနေကြတယ်။ အဲဒါတွေကို မြင်တော့ ကျနော်တို့ တော်တော်ကြီး စိုးရိမ်မိတယ်” ဟု မြောက်ဦးမြို့ခံ ဦးရွှေဘော်က ပြောသည်။

မြောက်ဦး ရှေးဟောင်း အမွေအနှစ်များသည် ယခင်ကတည်းက ထိန်းသိမ်းမှုအားနည်းပြီး ရာသီဥတုဒဏ်ကြောင့် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားနေသော လက်ရှိအနေအခြေတွင် စစ်ပွဲစစ်ဒဏ်ကြောင့် အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်။

မြောက်ဦးမြို့ရှိ ရှေးဟောင်းအမွေအနှစ်များက စစ်ပွဲကြား ပျက်ဆီးကုန်ကြသည်/ မင်းအောင်ခိုင်/ဧရာဝတီ

လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သဖြင့် တုန်ခါမှုကြောင့် ရှေးဟောင်းပုထိုးတော်များ ယိုယွင်းမှုရှိသလို မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် တည်ရှိသော ဘုရား စေတီ ပုထိုးများမှာလည်း စစ်ပွဲနှင့် မိုင်းအန္တရာယ်တို့ကြောင့် ဘုရားဖူး ပြည်သူများ အရောက်အပေါက်နည်းကာ ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက်သဖြင့် ညောင်မျိုသွားသည့်အတွက် ပျက်စီးသွားသည့် စေတီပုထိုးများလည်း များစွာ ရှိနေကြောင်း ဒေါ်ခင်သန်းက ရှင်းပြသည်။

ယင်းအပြင် စစ်ရှောင်လာသည့် ဒေသခံများ ပြည်သူများ ရှေးဟောင်းနယ်မြေအတွင်း ဝင်ရောက်နေထိုင်ကြသည့်အတွက် ဘုရား ပတ်ဝန်းကျင်တွင် ဖြစ်သလို ဆောက်လုပ်ထားသည့် လူနေဆောင်များ၊ အမှိုက်ပုံများ၊ စွန့်ပစ်ထားသည့် အညစ်အ ကြေးများက ထွက်ရှိလာသော အနံ့ဆိုးများမှာလည်း ဘုရားအနီး ဝန်းကျင်တွင် မခံနိုင်လောက်အောင် ဆိုးဝါးလျက် ရှိသည်။

ဒေါ်ခင်သန်းက“မြေပေါ် မြေအောက်မှာရှိတဲ့ ဟာတွေ အတွင်းကြေကြေပြီးတော့ တော်တော့ကို ပျက်စီးနေပါပြီ။ လူတွေကလည်း ဖျက်စီးတယ်။ စစ်တပ်ကလည်း ဖျက်စီးတယ်။ စစ်ပွဲရဲ့ အနိဌာရုံလို့ပဲ မှတ်လိုက်ပါတယ်။ ဆိုတော့ နောက်ထပ်များ စစ်ပွဲထပ် ဖြစ်နေဦးမယ်ဆိုခဲ့ရင် နောက်လာမယ့်နှစ်တွေ၊ နှစ်တွေမှာ ဆုံးရှုံးမှု ပျက်စီးမှုတွေဟာ များစွာ များပြားနေဦးမှာပဲ”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ လကုန်က တည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည်မှာ သုံးနှစ်နီးပါး အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် အထိရှိနေကြောင်း ရခိုင်မျိုးနွယ်များ အစည်းအရုံး (REC) ၏ ကောက်ယူထားသော စာရင်းဇယား အရသိရှိရသည်။

ရခိုင်မြောက်ပိုင်းတွင် စစ်ရေး ပဋိပက္ခကြောင့် ကျေးရွာများ မီးရှိုးခံရမှု၊ သံသယဖြင့် ဖမ်းဆီးခံရမှု တို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပြီး စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော်တို့မှာလည်း စစ်ဘေး ဒုက္ခသည် ဘဝဖြင့် မြေစာပင် ဖြစ်နေရသည်။

You may also like these stories:

ရခိုင်တွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး သမ္မတ မေတ္တာရပ်ခံ

AA က ၄ လကျော်ကြာ ဖမ်းထားသည့် ဆလိုင်းအောင်စိုး ပြန်လွတ်လာ

AA တောင်းဆိုချက်ကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ပြော

Your Thoughts …
Tags: ငြိမ်းချမ်းရေးတပ်မတော်မြောက်ဦးယူနက်စကိုရခိုင်စစ်ပွဲရွေးကောက်ပွဲသမ္မတဦးဝင်းမြင့်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ “သနပ်ခါး” ရုပ်ရှင်  / Ko Ko Gyi's Facebook

၂၀၁၃ က “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း ပြောပြခဲ့တဲ့ မင်းထင်ကိုကိုကြီး

ဘရာဇီးနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ WHO က သတိပေးထားပါတယ်။

ဘရာဇီးမှာ ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate