မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်ပြင်ပရှိ ဂျာမန်လက်ကားအရောင်းလုပ်ငန်း Metro ၏ ဂိုဒေါင်တွင် အမှတ်အသား မပါသော အဖြူရောင် ထရပ်ကားကြီးများ တန်းစီ ရပ်ထားပြီး ၎င်းတို့၏ အဖြူနှင့် အဝါရောင် အမှတ်တံဆိပ်များလည်း မရှိတော့ပေ။
ထိုလက်ကားအရောင်းလုပ်ငန်း၏ မြို့လယ်မှ ပိတ်ထားသော ပြခန်းတွင်လည်း ကတ်ထူပုံးများသာရှိသည်။ “သောကြာနေ့ဆိုရင် ကျနော်တို့ ပစ္စည်းပေးပို့တဲ့ နောက်ဆုံးနေ့ဖြစ်တယ်” ဟု ဂိုဒေါင်မှ လုံခြုံရေးက ပြီးခဲ့သည့် ကြာသပတေးနေ့တွင်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ၉ လခန့်ကြာသောအခါ နှေးကွေးနေသော စီးပွားရေးနှင့် မြင့်မားလာနေသည့် လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုများသည် နိုင်ငံခြား ကုမ္ပဏီများကို တချိန်က စွဲဆောင်ခဲ့သော အာရှ၏ ရှေ့တန်းဈေးကွက်မှ မောင်းထုတ်နေသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ၉ လခန့်ကြာသောအခါ နှေးကွေးနေသော စီးပွားရေးနှင့် မြင့်မားလာနေသည့် လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုများသည် နိုင်ငံခြား ကုမ္ပဏီများကို တချိန်က စွဲဆောင်ခဲ့သော အာရှ၏ ရှေ့တန်းဈေးကွက်မှ မောင်းထုတ်နေသည်။
မတည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကြောင့် အောက်တိုဘာလကုန်တွင် လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Metro က လွန်ခဲ့သောလက ကြေညာခဲ့သည်။ “ လက်ရှိအခြေအနေများသည် မိမိတို့ ချမှတ်ထားသည့် မြင့်မားသည့် စံနှုန်းများအတိုင်း လုပ်ငန်းများလုပ်ကိုင်ရန် မိမိတို့ကို ခွင့်ပြုခြင်း မရှိပေ” ဟု ထို ကုမ္ပဏီကကြေညာချက်တစောင်တွင်ပြောသည်။

ထို ကုမ္ပဏီသည် မြန်မာနိုင်ငံ လက်ကားဈေးကွက်သို့ ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်လာပြီး Yoma Group ၏ ဒေသဆိုင်ရာ လုပ်ငန်းစု ဖြစ်သော Yoma Strategic Holdings နှင့် ဖက်စပ်လုပ်ငန်းထူထောင်ကာ စားသောက်ဆိုင်များနှင့် ဟိုတယ်များသို့ ကုန်စည်များပေးသွင်းသည်။ ထိုဖက်စပ်လုပ်ငန်းသည် ကမ္ဘာ့ဘဏ် အုပ်စု၏ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ ငွေကြေးထောက်ပံ့မှု ရရှိသော လုပ်ငန်းဖြစ်သည်။ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းက Metro နှင့် ၎င်း၏ စီးပွားဖက်များသည် မြန်မာအစားအသောက် ဖြန့်ချိရေး ကွင်းဆက်ကို တိုးတက်ကောင်းမွန်စေကာ အလုပ်အကိုင်များ ဖန်တီးပြီး စိုက်ပျိုးမွေးမြူရေးသမားများ၏ ဝင်ငွေကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ခဲ့သည်။
Yoma Strategic Holdings ၏ အမှုဆောင်အရာရှိချုပ် မယ်ဗင်ပန်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကဖေးဆိုင်များတွင် ဝယ်လိုအားကျဆင်းခြင်းကို အပြစ်တင်သည်။
“ကျနော်တို့လုပ်ငန်းတွေရပ်လိုက်ပြီး ဖက်စပ်လုပ်ငန်းပိတ်သိမ်းဖို့ဆက်လုပ်ရမယ်” ဟု ပန်းက Nikkei သို့ပြောသည်။ “လာမယ့်လတွေမှာ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းတွေကို ရောင်းချနိုင်တယ်” ဟုလည်း သူ ဆက်ပြောသည်။
သက်ဆိုင်ရာ ပြည်တွင်းမှ ရှယ်ယာရှင်များနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဖိအားအောက်ရောက်နေသည့် ဥရောပ ကုမ္ပဏီများမှာ မြန်မာနိုင်ငံမှ အလုံးအရင်းထွက်ခွာနေကြသည့် လုပ်ငန်းများတွင် အများစုဖြစ်သည်။
သက်ဆိုင်ရာ ပြည်တွင်းမှ ရှယ်ယာရှင်များနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဖိအားအောက်ရောက်နေသည့် ဥရောပ ကုမ္ပဏီများမှာ မြန်မာနိုင်ငံမှ အလုံးအရင်းထွက်ခွာနေကြသည့် လုပ်ငန်းများတွင် အများစုဖြစ်သည်။
ဇူလိုင်လက နော်ဝေးဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တယ်လီနောအုပ်စုက ၎င်းတို့သည် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း လုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းကြေညာသည်။ စစ်အာဏာပိုင်များက သူလျှိုဆော့ဖ်ဝဲလ်များ တပ်ဆင်ရန် ဖိအားပေးလာသောကြောင့် လူ့အခွင့်အရေး ပူပန်မှုများ ဖြစ်စေသည်ဟု ဆိုသည်။ သို့သော် ထိုသို့ရောင်းချမှုကို စစ်ကောင်စီက အတည်မပြုလိုသောကြောင့် တယ်လီနောသည် မရေရာမှုများကို ရင်ဆိုင်နေရသည်။
ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီကလည်း ယခုနှစ်ကုန်တွင် မြန်မာမှ ထွက်ခွာမည်ဟု ကြေညာထားသည်။
“မြန်မာနိုင်ငံမှ မိမိတို့ စီးပွားရေး၏ ရေရှည်လုပ်ငန်းလည်ပတ်မှုနှင့် စီးပွားရေးအကျိုးအမြတ်ရနိုင်ခြေကို တွက်ချက်လိုက်ပြီးနောက် မိမိတို့သည် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်” ဟု အရှေ့အလယ်ပိုင်းနှင့်တောင်အာရှဆိုင်ရာ ကော်ပိုရိတ်ရေးရာ မန်နေဂျာ မာဒါး ပက်ရှာက အီးမေးလ် ဖြင့် ပြောသည်။

သို့သော် ထိုသို့အလုံးအရင်းဖြင့် မြန်မာမှ ထွက်ခွာကြခြင်းသည် ဥရောပမှ နိုင်ငံစုံလုပ်ငန်းများပင်မက စတင်ကျော်လွန်လာသည်။ အိန္ဒိယ နိုင်ငံ၏ အဒါနီဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်များလုပ်ငန်း (Adani Ports and Special Economic Zone) က မြန်မာမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေညာသည်။ ထိုဆိပ်ကမ်းများကို စီမံသည့်လုပ်ငန်းသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းထံမှ ငှားထားသော မြေတွင် ဒေါ်လာသန်း ၂၉၀ ကုန်ကျသည့် ကုန်သေတ္တာဆိပ်ကမ်းလုပ်ငန်းကို လုပ်ကိုင်နေသည်။ ထိုသို့လုပ်ကိုင်ခြင်းသည် စစ်ကောင်စီကို ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်ဟု ဝေဖန်သူများ ပြောသည်။
“ကျနော်တို့လုပ်ငန်းရဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီက အခြေအနေကို သုံးသပ်ပြီးနောက် ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို မြန်မာကနေ ရုတ်သိမ်းဖို့သာမက အခြားနေရာတွေမှာ ပြန်ရင်းနှီးမြှုပ်နှံဖို့ ရှာဖွေရေးကိုပါ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Adani က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၈၇၃ ခုရှိကြောင်း ရင်းနှီး မြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ထိုစာရင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ကြီးကြီးမားမားပြောင်းလဲမှု မရှိသောကြောင့် လုပ်ငန်းအများစုသည် အခြေအနေကို အကဲဖြတ်နေဆဲဖြစ်သည်ဟု ယူဆရသည်။
အသစ်အတည်ပြုပေးသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရေအတွက်သည် စက်တင်ဘာလကုန်အထိ ၄၈ ခုသာရှိတော့ပြီး ယခင်နှစ်က အရေအတွက်၏ ၅ ပုံ ၁ ပုံအထိ ကျဆင်းသွားသည်။ ထိုအတည်ပြုခဲ့သော လုပ်ငန်း အများစုသည်လည်း စစ်အုပ်စု အာဏာမသိမ်းမီက အတည်ပြုထားသော လုပ်ငန်းများဖြစ်နေသည်။
သို့သော် အသစ်အတည်ပြုပေးသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရေအတွက်သည် စက်တင်ဘာလကုန်အထိ ၄၈ ခုသာရှိတော့ပြီး ယခင်နှစ်က အရေအတွက်၏ ၅ ပုံ ၁ ပုံအထိ ကျဆင်းသွားသည်။ ထိုအတည်ပြုခဲ့သော လုပ်ငန်း အများစုသည်လည်း စစ်အုပ်စု အာဏာမသိမ်းမီက အတည်ပြုထားသော လုပ်ငန်းများဖြစ်နေသည်။ ထိုအာဏာသိမ်းမှုဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ရွေးကောက်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ် အစိုးရ နေရာကို စစ်အုပ်စုက သိမ်းယူခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် စစ်ကောင်စီအောက်မှ ဘဏ္ဍာရေး ဖရိုဖရဲ အခြေအနေများကလည်း အတားအဆီးဖြစ်နေသည်။ မြန်မာနိုင်ငံရှိ ဘဏ်များတွင် နိုင်ငံခြားငွေကြေး ပြတ်လပ်နေပြီး ပြည်တွင်းကျပ်ငွေသည် တန်ဖိုးအပြောင်းအလဲများနေသည်။
“ကုန်ပစ္စည်းတွေအတွက် ပေးဖို့ဒေါ်လာကို လဲလို့့ မရတော့ဘူး” ဟု ကုန်တင်သွင်းသူ တဦးကပြောကြားပြီး အခြားလုပ်ငန်းအများအပြားလည်း အလားတူ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ပြောသည်။ ထိုသို့ အခက်အခဲများ ရင်ဆိုင်နေရသော လုပ်ငန်းများစာရင်းတွင် ပြည်ပမှ ကုန်စည်များနှင့် အစိတ်အပိုင်းများကို တင်သွင်းရသူများ ပါဝင်သည်။
မြန်မာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၀.၁ ရာခိုင်နှုန်း ကျုံ့သွားပြီးနေုာက် ၂၀၂၃ နှင့် ၂၀၂၆ ခုနှစ်ကြားတွင် တနှစ်လျှင် ၂.၅ ရာခိုင်နှုန်းသာ တိုးတက်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ အဆိုအရ သိရသည်။ ထိုအတိုင်းဆိုပါက စစ်အာဏာသိမ်းမှုမတိုင်မီက ခန့်မှန်းထားသည့် ၆.၅ ရာခိုင်နှုန်း တိုးတက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
စီးပွားရေးလုပ်ငန်းများ မြန်မာမှ အလုံးအရင်း ထွက်ခွာနေချိန်တွင် ဂျပန် ကုမ္ပဏီများ၏ လုပ်ငန်းများသည် တစစီ ပြိုကွဲသည်ကို တွေ့နေရသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံက အရပ်သားအစိုးရ အသွင်ကူးပြောင်းသောအခါ ဂျပန်အစိုးရက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကို အားပေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ပိုင် ကုမ္ပဏီအတွက်သည် ဥရောပနှင့် အမေရိကန် ကုမ္ပဏီအရေအတွက်ထက် ပိုမိုများပြားသည်။
“ကျနော်တို့က အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီးပြီ။ ဒါကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်စရာ မရှိဘူး” ဟု ထိပ်တန်းကုန်ထုတ်လုပ်ငန်းမှ အမှုဆောင်တဦးပြောသည်။

ကုန်သွယ်ရေးလုပ်ငန်းတခုမှ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာတဦးကလည်း “အခြေအနေ ဘယ်လိုပြောင်းလဲလာ မလဲဆိုတာကို ကျနော်တို့စောင့်ကြည့်နေတယ်” ဟု ပြောသည်။ ၎င်းတို့ ကုမ္ပဏီ အနေဖြင့် မည်မျှကြာကြာ စောင့်ကြည်နိုင်မည်လဲဟုမေးသောအခါ သူက “ရွေးကောက်ပွဲ ပြီးတဲ့အထိဖြစ်နိုင်တယ်” ဟု ဖြေသည်။ စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောကြားထားသည်။ သို့သော် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည်မှာ မရေရာပေ။
ဝန်ဆောင်မှုလုပ်ငန်းတခုမှ အခြားအမှုဆောင်တဦးကမူ သူ၏ ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူများ၏ ပူပင်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်းပြောသည်။ “ရှယ်ယာရှင်တွေက ကန့်ကွက်နေလို့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မလုပ်နိုင်ဘူး” ဟု ထိုအမှုဆောင်ကပြောသည်။
မြန်မာရှိ ဂျပန်ပိုင် စာရင်းအင်းလုပ်ငန်းတခုသည်လည်း အလုပ်ပါးသွားသည်ကို ရင်ဆိုင်နေရသည်။ “ကျနော်တို့ဖေါက်သည် ကုမ္ပဏီ ၂၀ ရာခိုင်နှုန်းက ဆုတ်ခွာ သို့မဟုတ် ရပ်ဆိုင်းထားကြတယ်” ဟု မန်နေဂျာတဦးပြောသည်။
မြန်မာရှိ အဆင့်မြင့်ဂျပန်လုပ်ငန်းတခုဖြစ်သည့် ကီရင် ဟိုးလ်ဒင်း၏ ထူးခြားသောလုပ်ရပ်မှာ အာဏာသိမ်းပြီး မကြာမီ စစ်အုပ်စုနှင့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ သို့သော် ဆွေးနွေးမှုများ တုံ့ဆိုင်းနေကြောင်း အဆင့်မြင့် အမှုဆောင်တဦးပြောသည်။
မြန်မာရှိ အဆင့်မြင့်ဂျပန်လုပ်ငန်းတခုဖြစ်သည့် ကီရင် ဟိုးလ်ဒင်း၏ ထူးခြားသောလုပ်ရပ်မှာ အာဏာသိမ်းပြီး မကြာမီ စစ်အုပ်စုနှင့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ သို့သော် ဆွေးနွေးမှုများ တုံ့ဆိုင်းနေကြောင်း အဆင့်မြင့် အမှုဆောင်တဦးပြောသည်။
“အခြေခံအားဖြင့်ပြောရရင် ကျနော်တို့က မြန်မာမှာဆက်နေချင်တယ်” ဟု ထိုအမှုဆောင်ပြောသည်။ “တချို့ ကုန်ထုတ်လုပ်ငန်းတွေက မြန်မာကနေ သူတို့ဆုတ်ခွာတော့မယ်ပြောတယ်။ ဒါပေမယ့် သိပ်တော့များမယ်လို့ ကျနော်တို့မထင်ဘူး” ဟု သူပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာမှ ဂျပန် ရင်းနှီးမြှုပ်နှံမှုတွင် အကြီးမားဆုံးဖြစ်သည်။ ထိုနေရာမှ ဓါတ်အားလိုင်းများ၊ ဆိပ်ကမ်းများနှင့် လမ်းများကို ယန်းငွေဖြင့် ဂျပန်အစိုးရက ထောက်ပံ့ထားပြီး အထူးစီးပွားရေးဇုန်ကို စီမံသည့် မြန်မာဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး (MJTD) ကို Sumitomo Corp., Mitsubishi Corp. နှင့် Marubeni အပါအဝင် ဂျပန် လုပ်ငန်းများက ၄၉ ရာခိုင်နှုန်းပိုင်သည်။ ထိုစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၀၀ ခန့်သည် ဂျပန်လုပ်ငန်းများဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားမှုများကြောင့် အချို့သည် လုပ်ငန်းများ ရပ်ဆိုင်းထားသော်လည်း ထိုအထူးစီးပွားရေးဇုန်တွင် ငှားရမ်း လုပ်ကိုင်နေသည့် လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းများပြန်လည်စတင်နေကြောင်း MJTD အမှုဆောင်တဦးပြောသည်။
ကုမ္ပဏီတွေက လုပ်ငန်းဆက်လုပ်ဖို့ ရွေးချယ်ရင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အားပေးနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အဆင့်မြင့် သုံးသပ်မှုတွေလုပ်ဖို့လိုလိမ့်မယ်
သို့သော် ထိုလုပ်ငန်းများသည် စွမ်းအားပြည့် ပြန်လည်ပတ်သည့် အခြေအနေမရှိကြောင်း သိရသည်။ အနီးရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်များက ၎င်းတို့ဆိုင်များတွင် လာရောက်စားသောက်သူအရေအတွက်သည် ယခင်အရေအတွက်၏ ၅ ပုံတပုံသာ ရှိတော့ကြောင်းပြောသည်။
“ပုံမှန်အားဖြင့် နေ့လည်စာစားချိန်ဆိုရင် စားပွဲတောင် မလောက်ဘူး။ အခုတော့ ဖေါက်သည် လေး၊ ငါး ယောက်လောက်ပဲ လာတော့တယ်” ဟု ဆိုင်ရှင်တဦးပြောသည်။
နိုင်ငံမှ လုပ်ငန်းများ ထွက်ခွာသွားခြင်းသည် အလုပ်အကိုင် ဆုံးရှုံးစေမည့် အန္တရာယ်ရှိပြီး ထိုအချက်သည်လည်း ရင်းနှီမြှုပ်နှံသူများ ဆုံးဖြတ်ချက်ချရာတွင် ထည့်သွင်းစဉ်းစားရသည့် အချက်ဖြစ်နေသည်။
“NGO တွေနဲ့ အခြားအဖွဲ့အစည်းတွေက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပေါ့ပေါ့ဆဆ ထွက်ခွာသွားတာမျိုး မဖြစ်စေလိုဘဲ စစ်တပ်ကို ငွေကြေးထောက်ပံ့ပြီး ဆက်ဆံတာမျိုးကိုသာ အာရုံစိုက်စေချင်ကြတယ်” ဟု ဂျပန် ဥပဒေလုပ်ငန်း Nishimura & Asahi ၏ ရန်ကုန်ရုံးအကြီးအကဲ ယူဆုကီ ယူကာဝါ ကပြောသည်။
“ကုမ္ပဏီတွေက လုပ်ငန်းဆက်လုပ်ဖို့ ရွေးချယ်ရင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အားပေးနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အဆင့်မြင့် သုံးသပ်မှုတွေလုပ်ဖို့လိုလိမ့်မယ်” ဟု သူပြောသည်။
(Nikkei Asia မှ Farewell, Myanmar: Corporate exodus grows, from Europe to India ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လျှပ်စစ်ရထားစီမံကိန်း မြန်မာနှင့် ဂျပန်ကုမ္ပဏီများဆွေးနွေး
ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာအား ရုတ်သိမ်းရန် EU ကို အလုပ်သမားသမဂ္ဂများ တောင်းဆို
ရန်ကုန်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ အိန္ဒိယ Adani အုပ်စု နုတ်ထွက်မည်
လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား