• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှောင်တာနယ်ကို လွှတ်ပေးပါ

by ဧရာဝတီ
8 February 2022
in ဆောင်းပါး
A A
ဒေါက်တာ ဟာဗူနှင့် ခင်ပွန်း ပါမောက္ခ ရှောင်တာနဲလ်

ဒေါက်တာ ဟာဗူနှင့် ခင်ပွန်း ပါမောက္ခ ရှောင်တာနဲလ်

10.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ရက်အနည်းငယ်အကြာ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား ဒေါက်တာ ရှောင်တာနဲလ် ဖမ်းဆီးခံရသည်။ စစ်အာဏာသိမ်းမှုနှင့်အတူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တနှစ်ပြည့်သည်။

ထိုနှစ်ပတ်လည် အခမ်းအနားနှင့်ပတ်သက်ပြီး ABC သတင်းဌာနသို့ သီးခြားထုတ်ပြန်ပေးသည့် ကြေညာချက်တွင် သူ၏ဇနီး ဒေါက်တာဟာဗူက ဒေါက်တာ ရှောင်တာနဲလ်သည် နောက်ဆုံးတွင် အပြစ်ကင်းစင်ကြောင်း သက်သေပြခွင့်ရပြီး အိမ်သို့ အမြန်ဆုံး ပြန်လည် လာရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျမတို့တွေ အဆိုးဆုံးကို စဉ်းစားရင်တောင်မှ မပါခဲ့တဲ့၊ တခါမှ မစဉ်းစားဘူးတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာ အခုတော့ တနှစ်ကြာသွားပြီ”

“ကျမတို့တွေ အဆိုးဆုံးကို စဉ်းစားရင်တောင်မှ မပါခဲ့တဲ့၊ တခါမှ မစဉ်းစားဘူးတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာ အခုတော့ တနှစ်ကြာသွားပြီ” ဟု အီးမေးလ်မှတဆင့် အကြောင်းပြန်ကြားမှုတွင် သူကပြောသည်။

“လူတွေအများအပြားဆီက ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်တယ်။ တချို့ဆိုရင် အံ့သြစရာ ကောင်းလွန်းလို့ သူတို့မပါဘဲ ဘယ်လို ဖြတ်သန်းရမယ်ဆိုတာကို မသိတော့ဘူး” ဟု သူက ပြောသည်။

အကျဉ်းထောင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးမှု ခံယူနေသည့် ပါမောက္ခရှောင်တာနဲလ်

သူ့ကိုဖမ်းဆီးသည့် ပထမဆုံးနေ့တွင် မက်ကွာရေး တက္ကသိုလ်မှ ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်သည် BBC သတင်းဌာနနှင့် ဖုန်းဖြင့်တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားနေပြီး ပြောဆိုမှုများကို ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသည်။

“ကျနော် အခုအဖမ်းခံထားရပြီး တခုခုနဲ့ တရားစွဲခံရနိုင်တယ်။ ဘယ်လိုတရားစွဲမလဲတော့ ကျနော်မသိဘူး။ ဘာမဆိုဖြစ်နိုင်တယ်” ဟု ထိုစဉ်က BBC သတင်းဌာနသို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောခဲ့သည်။

သူသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁၁,၈၀၀ ကျော် အနက် တဦးဖြစ်ပြီး လူပေါင်း ၁,၅၀၀ ကျော်ကိုလည်း စစ်ကောင်စီက သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။

ပါမောက္ခ ရှောင်တာနဲလ်ကို ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲထားသည်။

လူ့အခွင့်အရေးအဖွဲ့များက အမှုသည် အတုအယောင်သာဖြစ်ကြောင်း ပြောပြီး ရှေ့နေများကို သူ၏ အမှုအတွက် ပြောဆိုခွင့်ပိတ်ပင်ထားကာ သြစတြေးလျ အရာရှိများကိုလည်း တရားခွင်သို့ လာရောက်ခွင့် ပိတ်ပင်ထားသည်။

လူ့အခွင့်အရေးအဖွဲ့များကမူ ထိုအမှုသည် အတုအယောင်သာဖြစ်ကြောင်း ပြောပြီး ရှေ့နေများကို သူ၏ အမှုအတွက် ပြောဆိုခွင့်ပိတ်ပင်ထားကာ သြစတြေးလျ အရာရှိများကိုလည်း တရားခွင်သို့ လာရောက်ခွင့် ပိတ်ပင်ထားသည်။

ထိုအမှုသည် အလျင်အမြန်ပြီးဆုံးပြီး သူသည်မိသားစုနှင့် ဆစ်ဒနီတွင် ပြန်လည်ပေါင်းစည်းရန် မျှော်လင့်ကြောင်း သူ၏ဇနီးက ပြောသည်။

“သူ့ရဲ့ စိတ်မချမ်းမြေ့စရာ နှစ်ပတ်လည်အနေနဲ့ ရှောင်နဲ့ ကျမတို့က အမှုချောချောမွေ့မွေ့ မနှောင့်နှေးဘဲ ပြီးသွားဖို့ ဆုတောင်းကြတယ်။ ရှောင်အနေနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးတာနဲ့ အိမ်ကို အမြန်ဆုံး ပြန်ရောက်နိုင်ဖို့ပါ” ဟုလည်း သူကပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
473
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
486
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

ရှောင်၏အလုပ်သည် တည်ငြိမ်သော စီးပွားရေးစနစ် တည်ဆောက်ရေးနှင့် ဘေးကင်းလုံခြုံသော ဘဏ်လုပ်ငန်း ထူထောင်ပြီး နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ယူပေးကာ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပြီး နိုင်ငံစီးပွားရေးနှင့် တိုးတက်ရေးကိုသာ အဓိကအာရုံစိုက်ကြောင်းလည်း သူကပြောသည်။

“မြန်မာနိုင်ငံအတွက် သူ့ရဲ့အကျိုးဆောင်မှုနှင့် ဘဝကို မြှုပ်နှံလုပ်ကိုင်မှုတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။ မြန်မာအာဏာပိုင်တွေက ဒါကို သိမယ်လို့ ကျမ ယုံကြည်တယ်” ဟုလည်း သူကပြောသည်။

“ရှောင်က ထူးခြားတဲ့ လူသားဖြစ်တယ်။ သူက သနားကြင်နာတတ်ပြီး ရက်ရောသလို နှလုံးသားကလည်း နွေးထွေးတယ်” ဟု ဟာဗူက ပြောသည်။

Alternative ASEAN Network on Burma ကို တည်ထောင်သူ ဒက်ဘီ စတော့သပ်

သြစတြေးလျ အစိုးရက ၎င်းတို့နိုင်ငံသားတဦး လွတ်မြောက်အောင် မလုပ်နိုင်ခြင်းသည် တုန်လှုပ်စရာကောင်းကြောင်း Alternative ASEAN Network on Burma ကို တည်ထောင်သူ ဒက်ဘီ စတော့သပ်က ပြောသည်။

“ရှောင်ကို တရားမဝင် ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး သြစတြေးလျက တိတ်ဆိတ်နေတာ အရမ်းထူးဆန်းတယ်။ သူတို့က လက်လျှော့ထားပုံရတယ်” ဟုလည်း သူကပြောသည်။

ABC သတင်းဌာနသို့ ထုတ်ပြန်ပေးသော မှတ်ချက်တခုတွင် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (DFAT) က “နိုင်ငံခြားရေး ဝန်ကြီးသည် ရှောင်တာနဲလ် လွတ်မြောက်ရေးအတွက် ဆော်သြရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ လုပ်ဖော်ကိုင်ဖက်များ အပါအဝင် သင့်တင့်လျောက်ပတ်သည့် အခွင့်အလမ်းအားလုံးကို အသုံးပြုနေသည်” ဟု ဖော်ပြထားသည်။

“ထိုသို့လုပ်ဆောင်ရာတွင် တောင်းဆိုမှုပြုလုပ်သည့် ဖုန်းခေါ်ဆိုမှု အကြိမ် ၇၀ ကျော်ပါဝင်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် နေပြည်တော်သို့ မသွားမီ နိုင်ငံခြားရေးဝန်ကြီးများထံသို့ စာပေါင်းများစွာရေးသားခဲ့သည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။

စာများကို ပေးပို့နေပြီး စစ်ကောင်စီနှင့် တိတ်ဆိတ်သော သံတမန်ရေး လုပ်ဆောင်နေခြင်းသည် ကျောက်ဆောင်ကို ငှက်မွှေးဖြင့် ပေါက်ခြင်းဖြစ်ကြောင်း မစ္စ စတော့သပ်က ပြောသည်။

“သြစတြေးလျက ရှောင်လွတ်မြောက်ရေးအတွက် အလေးအနက်ရှိတယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရှောင်ကို လွှတ်ပေးဖို့ ညှိနှိုင်းလာအောင် သြဇာထူထောင်ဖို့ အရေးယူပိတ်ဆို့မှုတွေအားလုံး လုပ်ဆောင်ရမယ်။”

“သြစတြေးလျက ရှောင်လွတ်မြောက်ရေးအတွက် အလေးအနက်ရှိတယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရှောင်ကို လွှတ်ပေးဖို့ ညှိနှိုင်းလာအောင် သြဇာထူထောင်ဖို့ အရေးယူပိတ်ဆို့မှုတွေအားလုံး လုပ်ဆောင်ရမယ်။”

စစ်အာဏာသိမ်းမှု ဆိုးဆိုးရွားရွား ကျဆုံးနေခြင်း

မြန်မာစစ်ကောင်စီသည် နိုင်ငံကိုလွန်ခဲ့သောတနှစ်က အာဏာသိမ်းခဲ့သော်လည်း ပြည်သူများက အလျှော့မပေးကြောင်း ပြတ်ပြတ်သားသား ဖော်ပြထားပြီးဖြစ်သည်။

အစိုးရမဟုတ်သော အဖွဲကအစည်းများနှင့် လေဘာပါတီကလည်း စစ်ကောင်စီခေါင်းဆောင်များကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုနေပြီး အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့က စစ်ကောင်စီကို ယခုအပတ်အတွင်း အနောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနသည် ပါမောက္ခ ရှောင်တာနဲလ်ကို ဖြစ်နိုင်သည့် ကောင်စစ်ရေးရာအကူအညီ အားလုံးကို ပေးနေကြောင်း ပြောခွင့်ရသူတဦးက ပြောသည်။ ထိုသို့လုပ်ဆောင်ပေးရာတွင် မိသားစုနှင့် သံရုံးသို့ စကားပြောခွင့်ရရေးနှင့် ဖမ်းဆီးခံထားရစဉ် နေရေးထိုင်ရေး အဆင်ပြေစေရေးနှင့် ကျန်းမာရေး ကိစ္စများလည်း ပါဝင်ကြောင်းပြောသည်။

“တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု အခြေခံစံနှုန်းများနှင့် ကိုက်ညီစွာ ပါမောက္ခ ရှောင်တာနဲလ်သည် သူ၏ ရှေ့နေများနှင့် အဟန့်အတားမရှိ တွေ့ဆုံခွင့်ရရေး၊ သူ၏တရားခွင်ကို သြစတြေးလျ အရာရှိများ တက်ရောက်ခွင့် ရရေးတို့ကို မိမိတို့မျှော်လင့်သည်”

“တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု အခြေခံစံနှုန်းများနှင့် ကိုက်ညီစွာ ပါမောက္ခ ရှောင်တာနဲလ်သည် သူ၏ ရှေ့နေများနှင့် အဟန့်အတားမရှိ တွေ့ဆုံခွင့်ရရေး၊ သူ၏တရားခွင်ကို သြစတြေးလျ အရာရှိများ တက်ရောက်ခွင့် ရရေးတို့ကို မိမိတို့မျှော်လင့်သည်” ဟုလည်း ၎င်းတို့က ပြောကြားသည်။

“မိမိတို့သည် ပါမောက္ခ ရှောင်တာနဲလ် သြစတြေးလျရှိ သူ၏မိသားစုထံ ပြန်လာသည်အထိ အပြင်းအထန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။

သူ့ကို လှိုက်လှိုက်လှဲလှဲထောက်ခံသည့် မိတ်ဆွေ စီးပွားရေး ပညာရှင် တင်မ် ဟာကုတ်က ပါမောက္ခ တာနဲလ်သည် ကျန်းမာရေးကောင်းပြီး စိတ်ပိုင်းအရလည်း ခံနိုင်ရည်ရှိသော်လည်း ရှည်လျားလှသော လုပ်ငန်းစဉ်အတွက် စိတ်ပျက်နေကြောင်း ပြောသည်။

“အခုကြုံနေရတဲ့ တရားဥပဒေစနစ်က ကျနော်တို့ တွေ့ဖူးတဲ့ စနစ်မျိုးမဟုတ်ဘဲ အရမ်းခေတ်နောက်ကျပြီး ဘာဆက်ဖြစ်မယ်ဆိုတာကို ပြောရခက်တဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ စနစ်ဖြစ်တယ်” ဟုလည်း သူကပြောသည်။

သြစတြေးလျအစိုးရက တောင်းဆိုသောကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပါမောက္ခ ရှောင်တာနဲလ်ကို လွှတ်ပေးရန်တောင်းဆိုခြင်းသည် ထူးခြားသော တိုးတက်မှုဖြစ်ကြောင်း သူကပြောသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်အား ထိုအမှုသည် တရားရုံးလုပ်ငန်းစဉ်တွင်သာ ရှိသေးကြောင်း၊ တရားရုံးလုပ်ငန်းစဉ်ပြီးပါက ဟွန်ဆန်လိုချင်သည့် တုံ့ပြန်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း ကတိပြုသည်ဟု ကမ္ဘောဒီးယား မီဒီယာများက ရေးသားကြသည်။ (လွန်ခဲ့သောနေ့က ရှောင်တာနဲလ် လွတ်ပြီဟု ဝန်ကြီးချုပ် ဟွန်ဆန်က မှားပြောခဲ့သည်။)

ဒေါ်အောင်ဆန်းစုနှင့် စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ် / LinkedIn

စစ်အာဏာသိမ်းမှု တနှစ်ပြည့်သောနေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပိန်းက ကြေညာချက် တစောင်ထုတ်ပြန်ပြီး စစ်ကောင်စီအနေဖြင့် အရပ်သားများကို အကြမ်းဖက်မှု ရပ်ရန်နှင့် ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရန် တောင်းဆိုသည်။

စစ်အုပ်စု၏ လုပ်ရပ်များသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေကြောင်းနှင့် စစ်အုပ်စုသည် စက်ဆုပ်ဖွယ် အကြမ်းဖက်မှုများကို ကျူးလွန်ကာ အခြေခံလွတ်လပ်ခွင့်များကို နင်းချေသောကြောင့် တနိုင်ငံလုံးတွင် လူသားချင်းစာနာမှု၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အကျပ်အတည်းကို ဖြစ်စေကြောင်း သူဆက်လက် ပြောကြားသည်။

“သြစတြေးလျ နိုင်ငံသည် အရပ်သားများကို အကြမ်းဖက်မှုများနှင့် အခြားပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချသည်။ စစ်အုပ်စုအနေဖြင့် ချုပ်တည်းမှုကို ကျင့်သုံးရန်နှင့် သြစတြေးလျ ပါမောက္ခ အပါအဝင် အငြင်းပွားဖွယ် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်” ဟုလည်း ဆက်လက်ဖော်ပြသည်။

ပါမောက္ခ တာနဲလ်နှင့် သူ သိကျွမ်းသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း မြန်မာနိုင်ငံတွင် သူတာဝန် ထမ်းဆောင်စဉ်က ထိုနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်ပြိး အကြံဉာဏ်တောင်းခံရသူဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း နီကိုလပ်စ် ကော့ပယ်က ပြောသည်။

“သူက မြန်မာနိုင်ငံအတွက် သူ့ဘဝကို ပေးဆပ်ထားတဲ့သူဖြစ်ပြီး လုပ်ကြံစွပ်စွဲချက်တွေနဲ့ သူအဖမ်းခံရတာက အထူးသဖြင့် အရမ်းကိုဆိုးရွားတယ်။ သူ့ကို သူ့ရဲ့အခြေခံအခွင့်အရေးတွေ ရုပ်သိမ်းထားတယ်။ သူ့ကိုလုပ်ကြံစွပ်စွဲထားတယ်။ ဒါက တရားမျှတမှု မဟုတ်ဘူး။ သူဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ သူ့ကိုလွှတ်ပေးဖို့လိုတယ်”

“သူက မြန်မာနိုင်ငံအတွက် သူ့ဘဝကို ပေးဆပ်ထားတဲ့သူဖြစ်ပြီး လုပ်ကြံစွပ်စွဲချက်တွေနဲ့ သူအဖမ်းခံရတာက အထူးသဖြင့် အရမ်းကိုဆိုးရွားတယ်” ဟုလည်း သူဆက်ပြောသည်။

“သူ့ကို သူ့ရဲ့အခြေခံအခွင့်အရေးတွေ ရုပ်သိမ်းထားတယ်။ သူ့ကိုလုပ်ကြံစွပ်စွဲထားတယ်။ ဒါက တရားမျှတမှု မဟုတ်ဘူး။ သူဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ သူ့ကိုလွှတ်ပေးဖို့လိုတယ်” ဟုလည်း သူဆက်ပြောသည်။

“သူ့ကိုမကြာခင်လွှတ်ပေးပြီး သူ့ဇနီးနဲ့သြစတြေးလျမှာ အမြန်ဆုံး ပြန်လည်ဆုံတွေ့စေမယ်လို့ ကျနော်သေချာပေါက် မျှော်လင့်တယ်” ဟုလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအရေးကို ကာလကြာမြင့်စွာ စိတ်ဝင်စားခဲ့သော နယူးဆော့သ်ဝေးလ်ပြည်နယ် လွှတ်တော်မှ လေဘာ ပါလီမန်ကိုယ်စားလှယ် ဂျနယ်လင်း ဆက်ဖင်က ပါမောက္ခ တာနဲလ်သည် အခြေအနေတရပ်တွင် အပြစ်ကင်းသည့် သားကောင်သာဖြစ်ပြီး သူ၏ အမှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ချိတ်ဆက်ထားသည်ဟု ကျယ်ပြန့်စွာမြင်ကြကြောင်း ပြောသည်။

“သူ့ကို အကြာကြီးဖမ်းထာတာကတော့ အရမ်းကို ရက်စက်တယ်။ သူ့အတွက် နောက်ကျတဲ့ တရားမျှတမှုဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မတရားမှုပဲဖြစ်တယ်” ဟုလည်း သူကဆက်ပြောသည်။

“အခုအချိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရှောင်ရဲ့ဘ၀ သာယာစိုပြေရေး တိုက်ရိုက်ကြည့်ရမယ့် အချိန်ဖြစ်တယ်။ သူဟာ အာဏာရှိပြီး ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်” ဟုလည်း ပြောသည်။

စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ရန် ကြိုးစားမှုများ မအောင်မြင်သလို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံမေးမြန်းရန် တောင်းဆိုမှုကိုလည်း တုံ့ပြန်ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် လပေါင်းများစွာဖမ်းဆီးခံထားရပြီးနောက် ထောင် ၁၁ နှစ်ချခံရသည့် အမေရိကန် သတင်းသမား ဒန်နီဖန်းစတားကို အမေရိကန် သံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန်က မြန်မာသို့သွားရောက်ပြီး သူလွတ်မြောက်ရေး ကူညီပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

သူ၏မိတ်ဆွေ တာနဲလ်လည်း အလားတူ အဖြေထွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပါမောက္ခ ဟာကုတ်က ပြောကြားပြီး စစ်အုပ်စုအနေဖြင့် ပါမောက္ခ တာနဲလ်ကို ထောင်ထဲထည့်ထားခြင်းအတွက် အကျိုးအမြတ်ရရန် မရှိကြောင်း ပြောသည်။

“သူ့ကိုထောင်ထဲ ထည့်ထားစရာအကြောင်း ကျနော်မတွေ့ဘူး။ နိုင်ငံရေးအရလည်း အဓိပ္ပာယ်မရှိဘူး” ဟု သူက ပြောသည်။

“သူတို့လုပ်နေတာအားလုံးက လင်မယားနှစ်ယောက်ကို ခွဲထားတာပဲ ဖြစ်နေတယ်။ ဘယ်သူ့အတွက်မှ မကောင်းဘူး။ လူတယောက်ကို တမင် ထိခိုက်နစ်နာအောင်လုပ်နေတာ သက်သက်ပဲ” ဟုလည်း သူက ဆက်ပြောသည်။

(ABC သတင်းဌာနပါ Erin Handley နှင့် Mazoe Ford တို့ ၏ Ha Vu, wife of Australian economist Sean Turnell, marks one year since his arrest in Myanmar ကို ဘာသာပြန်ဆိုသည်။)

You may also like these stories :

ပါမောက္ခရှောင်တာနယ်အား စစ်ကောင်စီ မလွှတ်ပေး

ဓာတ်ပုံများမှ ရှောင်တာနဲလ်အခြေအနေကို သူ့မိသားစု လေ့လာနေ

စီးပွားရေးအကြံပေး ရှောင်တာနယ် အင်းစိန်ထောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုး

မတူညီသော ခေါင်မိုးများအောက်

Your Thoughts …
Tags: စစ်ကောင်စီစီးပွားရေးအကြံပေးဒေါက်တာ ဟာဗူပါမောက္ခ ရှောင်တာနဲလ်အာဏာသိမ်းမှုဩစတေးလျ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စောဖိုးခွားကို ဖမ်းဆီးခဲ့သည်မှာ ယခုဆိုလျှင် အချိန် ၁ နှစ်ကျော် ကြာသွားပြီ ဖြစ်သည် / ဧရာဝတီ

အကျဉ်းစံ ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွား

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved