• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီဝန်ကြီးသစ်က စွမ်းအင်လုပ်ငန်းများကို တင်းကျပ်စွာ ကိုင်တွယ်နိုင်

by ဧရာဝတီ
9 June 2022
in ဆောင်းပါး
A A
အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဆက်တိုက် ဖြစ်လာနေဦးမည် ဖြစ်သည် / AFP

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဆက်တိုက် ဖြစ်လာနေဦးမည် ဖြစ်သည် / AFP

9.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပျက်တချက်၊ လာတချက် လျှပ်စစ်ဓာတ်အားနှင့် စီးပွားရေးအကျပ်အတည်း ပြင်းထန်လာနေစဉ် စစ်ကောင်စီသည် ရင်းနှီးမြှုပ်နှံသူများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး အငြင်းပွားဖွယ် စွမ်းအင်စီမံကိန်းများအား ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးလာမည်ကို စိုးရိမ်နေကြသည်။

စစ်အာဏာပိုင်များသည် မတ်လတွင် နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်မည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့ရကြောင်း ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့သည့် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရသည်။ သို့သော် ဆိုးရွားသော ဓာတ်အားမလုံလောက်မှုသည် ဧပြီလ သင်္ကြန်ပွဲတော်နောက်ပိုင်း ပိုမို ဆိုးရွားလာပြီး အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုမျှော်လင့်ချက် ကင်းမဲ့လာသည်။

ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် ရှမ်းပြည်မှ ရေအားလျှပ်စစ်ဆည် တည်ဆောက်ရေး အဆိုပြုချက်ကို အတည်ပြုလိုက်ပြီး စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင်ကာ စီမံကိန်းများ ရပ်ဆိုင်းနေသည့် တရုတ်ဆိုလာစွမ်းအင် ထုတ်လုပ်သူများကို အမည်ပျက်စာရင်း သွင်းမည်ဟု ခြိမ်းခြောက်သည်။

အာဏာသိမ်းပြီးနောက် သဘာဝဓာတ်ငွေ့ရည် စက်ရုံတွေအကုန် ပိတ်ကုန်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေတ်က ဆိုလာစီမံကိန်း အားလုံးနီးပါးကို ပယ်ဖျက်လိုက်သလို ဓာတ်အားလိုင်းတွေကို တိုက်ခိုက်မှုတွေလည်း ဖြစ်နေတယ်

“အာဏာသိမ်းပြီးနောက် သဘာဝဓာတ်ငွေ့ရည် စက်ရုံတွေအကုန် ပိတ်ကုန်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေတ်က ဆိုလာစီမံကိန်း အားလုံးနီးပါးကို ပယ်ဖျက်လိုက်သလို ဓာတ်အားလိုင်းတွေကို တိုက်ခိုက်မှုတွေလည်း ဖြစ်နေတယ်” ဟု NLD အစိုးရခေတ် လျှပ်စစ်ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ဂွီလာမီ ဒီ လန်ဂါက Nikkei Asia နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသည်။

“စစ်ကောင်စီက တနိုင်ငံလုံးကို မထိန်းချုပ်နိုင်တော့လို့ လျှပ်စစ်အင်ဂျင်နီယာတွေက ဒီလိုင်းတွေကို သိပ်မပြင်နိုင်တော့ဘူး” ဟုလည်း သူက ပြောသည်။

မစ္စတာ ဒီ လန်ဂါသည် MOEE တွင် ၂၀၂၀ ပြည့်နှစ်အထိ အကြံပေးအဖြစ် ၂ နှစ်ကြာ ထမ်းဆောင်ခဲ့သည်။ မြို့တော်တွင် အခြေစိုက်သောကြောင့် သူသည် မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ထိပ်တန်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ကြသည်။

“အာဏာမသိမ်းမီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်ကို မြန်မာနိုင်ငံက ဒီနှစ်နဲ့ နောက်နှစ်မှာ ပြန်ရောက်မှာ မဟုတ်ဘူး၊ ၂၀၂၄ ခုနှစ်မှာတောင်မှ ပြန်ရောက်ချင်မှရောက်မယ်။ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ချိမယ့် အချိန်ဇယားကို ပြန်ရောက်ဖို့၊ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားသူတွေကို လျှပ်စစ် လုံလုံလောက်လောက် ပေးဖို့ မြန်မာအနေနဲ့ အချိန်အများကြီး ယူရလိမ့်မယ်” ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်သည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မရကြပေ။ လူဦးရေ အများစု နေထိုင်သည့် ကျေးလက်ဒေသများတွင် အိမ်ထောင်စု ၃ ပုံ ၂ ပုံကျော်သည် ဖယောင်းတိုင်၊ ရေနံဆီနှင့် ဘက်ထရီများကို မှီခိုနေရသည်။ ရင်းမြစ်များရှိသော စီးပွားရေးလုပ်ငန်းများသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်သောအခါ ဒီဇယ်မီးစက်များကို မှီခိုကြရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာ့နွေရာသီတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းရည်သည် ၃,၁၀၀ မဂ္ဂါဝပ်ရှိသည်။ နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများ၌ ရေမရှိသောကြောင့် ထုတ်လုပ်နိုင်မှု ကျဆင်းသည်။ မြန်မာသည် လျှပ်စစ်ဓာတ်အားကို သဘာဝဓာတ်ငွေ့စက်ရုံ ၂၀၊ ရေအားလျှပ်စစ်စက်ရုံ ၆၂ ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတရုံဖြင့် ထုတ်လုပ်နေသည်။

နိုင်ငံရေးအကျပ်အတည်းသည် လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများကို ဒုက္ခရောက်စေပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းစေသည်။

သို့သော် နိုင်ငံရေးအကျပ်အတည်းသည် လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများကို ဒုက္ခရောက်စေပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းစေသည်။

တရုတ်မှ Citic အုပ်စု ကျောထောက်နောက်ခံပြု VPower က စီမံခန့်ခွဲသည့် စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေရည်သုံး စက်ရုံ ၂ ရုံသည် လုပ်ငန်းများ ရပ်ဆိုင်းထားသည်။

ဘီလူးချောင်းမှ ဆည် ၃ ခုသည် မဟာဓာတ်အားလိုင်းတလျှောက် တိုက်ခိုက်မှုများကြောင့် ဓာတ်အားပေးပို့ နိုင်ခြင်း မရှိတော့ဘဲ ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရက အတည်ပြုပေးခဲ့သော စုစုပေါင်း ၁ ဂိဂါဝပ် ထုတ်ပေးနိုင်မည့် ဆိုလာစီမံကိန်း အများစုကို ဖျက်သိမ်းခဲ့သည်ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။

ထို့အပြင် ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည် ၁၁၁ မဂ္ဂါဝပ်ထုတ်ပေးနိုင်မည့် သူဌေးဆည် တည်ဆောက်ရေးသည် တုံ့ဆိုင်းနေသည်။

ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ် / YESC

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း တရုတ်နှင့် အခြားပြည်ပလုပ်ငန်းများ မြန်မာမှ ထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများ ရပ်ထားရန် ဆုံးဖြတ်ချက်သည် လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် စစ်အာဏာသိမ်းမှုသည် လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို မည်မျှအထိ ထိခိုက်စေသည်ကို မီးမောင်းထိုးပြနေသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုသည်ဟု ပြည်တွင်း စွမ်းအင်ကုမ္ပဏီတခုကို ဦးဆောင်နေသည့် ရန်ကုန်မှ မြန်မာစီးပွားရေးသမားတဦးက ပြောသည်။

အခုကျတော့ မြန်မာက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အရမ်းကို အန္တရာယ်များတဲ့နေရာဖြစ်နေပြီး ကျနော်တို့အနေနဲ့ အဓိက ရွေးချယ်စရာဆိုလို့ တရုတ်ပဲရှိတော့တယ်

“အခုကျတော့ မြန်မာက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အရမ်းကို အန္တရာယ်များတဲ့နေရာဖြစ်နေပြီး ကျနော်တို့အနေနဲ့ အဓိက ရွေးချယ်စရာဆိုလို့ တရုတ်ပဲရှိတော့တယ်” ဟုလည်း မြန်မာစီးပွားရေးသမားက ပြောသည်။

လျှပ်စစ်ဓာတ်အားရရှိမှု ဆိုးရွားလှသော အခြေအနေသည် နိုင်ငံရေးအကျပ်အတည်းနှင့် ကိုဗစ်နိုင်တင်းကြောင့် ရုန်းကန်နေရသည့် စီးပွားရေးကို ပိုမိုဆိုးရွားစေသည်။ လျှပ်စစ်ဓာတ်အား ရရှိမှုသည် ၎င်းတို့အပေါ် စီးပွားရေး လုပ်ငန်းများ၏ ယုံကြည်မှုရရန် စစ်ကောင်စီ၏ အားထုတ်မှုများကိုလည်း အပြင်းအထန် ထိခိုက်စေသည်။

ဧပြီလက ထုတ်ပြန်သည့် ခန့်မှန်းချက်တခုတွင် မြန်မာ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းပြီး ယခုနှစ်ကုန်တွင် ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဖော်ပြသည်။

“အားလုံးပေါင်းလိုက်ရင်တော့ အာဏာသိမ်းမှုရဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှု အနေနဲ့ မြန်မာဟာ ၂,၀၀၀ မဂ္ဂါဝပ်လောက် ထုတ်လုပ်နိုင်တဲ့စွမ်းရည် ဆုံးရှုံးသွားတယ်။ ဒီနေ့ ထုတ်လုပ်နိုင်တဲ့စွမ်းရည်က အခု ထုတ်လုပ်နေတာထက် အနည်းဆုံး ၂,၀၀၀ မဂ္ဂါဝပ်လောက် ပိုထုတ်နိုင်ရမှာ” ဟုလည်း မစ္စတာ ဒီ လန်ဂါက ပြောသည်။

၂၀၂၁ ခုနှစ်အတွက် အသားတင်အမြတ်ငွေသည် မြန်မာနိုင်ငံမှ ရပ်ဆိုင်းလိုက်ရသည့် ဓာတ်အားပေးစက်ရုံ ၂ ရုံ ကြောင့် ယခင်နှစ်က အမြတ်ငွေ ဒေါ်လာ ၆၅ ဒသမ ၈ သန်း၏ ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့သည်ဟု ယူဆကြောင်း ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းသွင်းထားသော VPower က မတ်လတွင် ကြေညာသည်။ VPower သည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တင်ဒါ ၅ ခုအနက် ၄ ခုကို ၂၀၁၉ ခုနှစ်က ရခဲ့သည်။

မြန်မာနိုင်ငံ၏ ခြောက်သွေ့ရာသီဖြစ်သော အောက်တိုဘာလမှ မေလအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် ဆက်လက် ဆိုးရွားနေမည်ဖြစ်ကြောင်း မစ္စတာ ဒီ လန်ဂါက ပြောသည်။ သို့သော် လာမည့် မိုးရာသီသည် လျှပ်စစ်ဓာတ်အားမလုံလောက်မှုကို လျှော့ချပေးမည်ဖြစ်ကြောင်းလည်း သူကပြောသည်။ “ဒါကြောင့် မြန်မာနိုင်ငံက မိုးကိုစောင့်မျှော်နေတယ်” ဟုလည်း မစ္စတာ ဒီ လန်ဂါက ပြောသည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တနိုင်ငံလုံးကျယ်ပြန့်သော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုများအတွင်း ပြည်သူအများအပြားသည် ဓာတ်အားခများ ပေးဆောင်ရန် ငြင်းဆန်နေသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွင် နည်းပညာ မလုံလောက်မှုသာမကပေ။ စစ်တပ်က ထိန်းချုပ်သည့် လျှပ်စစ်ဓာတ်အား အာဏာပိုင်များကို ဘဏ္ဍာရေး အကျပ်အတည်းများအတွင်းသို့လည်း ကျရောက်စေသည်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တနိုင်ငံလုံးကျယ်ပြန့်သော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုများအတွင်း ပြည်သူအများအပြားသည် ဓာတ်အားခများ ပေးဆောင်ရန် ငြင်းဆန်နေသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိကာလလျှင် ဝင်ငွေနှင့်နှိုင်းယှဉ်လျှင် အာဏာသိမ်းပြီးနောက် MOEE ၏ ဝင်ငွေသည် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း မြန်မာအတွက် လွတ်လပ်သော စီးပွားရေးပညာရှင်များ (Independent Economists for Myanmar – IEM) ၏ အစီရင်ခံစာတစောင်အရ သိရသည်။

ထိုနောက်ပိုင်းတွင် MOEE သည် ဓာတ်အားခ အချို့ကို ထိန်းချုပ်ခွင့်ရလာသော်လည်း ရေရှည်စီမံအုပ်ချုပ်နိုင်သည့် အတိုင်းအတာအောက် များစွာနိမ့်ကျနေဆဲဖြစ်ကြောင်း အကြံပေးဟောင်းတဦးက ပြောသည်။

“မီတာခတွေရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက် မပေးတာကို ကျနော်တို့ တွေ့နေရတုန်းပဲ။ အဲဒါက တကယ့်ပြဿနာပဲ။ ဝန်ကြီးဌာနအနေနဲ့ နှစ်ပေါင်းများစွာကြာတဲ့ ပဋိညာဉ်ပါ တာဝန်ဝတ္တရားတွေကို ဆက်လက် ထမ်းဆောင်နိုင်ပါ့မလား။ ခင်ဗျားဟာ ဝန်ကြီးဌာနကို ဓာတ်အားရောင်းချဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ရင်းနှီးမြှုပ်နှံသူသာ ဖြစ်မယ်ဆိုရင် သူတို့တွေက ငွေတွေ အကြီးအကျယ်ဆုံးရှုံးနေပြီး ကမောက်ကမ ငွေကြေး မူဝါဒတွေ အကောင်အထည်ဖော်နေချိန်မှာ ခင်ဗျားကို ငွေပေးချေမယ်လို့ ဘယ်လိုလုပ် သေချာတော့မှာလဲ” ဟု သူက မေးခွန်းထုတ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
567

ထိုအကျပ်အတည်းကို ဖြေရှင်းရန် အာဏာသိမ်း စစ်ကောင်စီသည် ဆိုလာလုပ်ငန်းတင်ဒါတခုကို လွန်ခဲ့သောနှစ်က ခေါ်ယူပြီး ရေအားလျှပ်စစ် ရင်းနှီးမြှုပ်နှံမှုကို အားပေးကြောင်း ပြောလာသည်။ MOEE ကိုလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဟု ခွဲထားလိုက်ကာ စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်သန်းဦးကို ရာထူးမှဖြုတ်ချကာ စစ်အရာရှိဟောင်း ဦးသောင်းဟန်ကို ထိုဝန်ကြီးဌာန ၂ ခုစလုံးအား ဦးဆောင်စေသည်။ ထိုလုပ်ရပ်သည် ၂၀၁၆ ခုနှစ်က NLD အစိုးရက ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန ၂ ခု ပေါင်းစည်းသည့် လုပ်ရပ်ကို ပယ်ဖျက်ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် လျှပ်စစ်မီးပြတ်ခြင်းကို ဖရောင်းတိုင်မီးထွန်းပြီး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်

“အရင်ဝန်ကြီး ဦးအောင်သန်းဦးက MOEE ရဲ့ အတွင်းလူပဲ။ သူ့နေရာမှ စစ်တပ်ကလူကို အစားထိုးလိုက်တာဟာ လျှပ်စစ်စွမ်းအားကဏ္ဍကို ထိပ်တန်းခေါင်းဆောင်တွေက မကျေနပ်တာကို ပြသနေတယ်။ အထူးသဖြင့်တော့ ဓာတ်အားပြတ်တောက်မှုနဲ့ မီတာခကောက်ခံမှု အခြေအနေတွေကို မကျေနပ်တာ” ဟု မစ္စတာ ဒီလန်ဂါက ပြောကြားပြီး ပိုမိုတင်းကျပ်သော အစီအမံများ ချမှတ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောသည်။

“ပြန်လည်ပြင်ဆင် တည်ဆောက်တယ်ဆိုတာက အပေါ်ယံပါ။ နစ်မြှုပ်နေတဲ့ ဧရာဝတီ ဖလော်တီလာ သင်္ဘောပေါ်မှာ ထိုင်ခုံတွေ ပြန်လည်နေရာချနေသလိုပဲ” ဟု သူက ပြောသည်။

စစ်ဘက်နှင့် အင်ဂျင်နီယာ နောက်ခံသမိုင်းရှိသူ ဦးသောင်းဟန်သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနတွင် အလုပ်လုပ်ပြီး မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌဖြစ်သည်။ မေလ ၁၃ ရက်နေ့တွင် ဦးသောင်းဟန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းကို တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် အခြားစွမ်းအင် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးသည်။

ယခုအခါတွင် စစ်ကောင်စီသည် အငြင်းပွားနေသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြဿနာဖြေရှင်းရန် အဖြေအဖြစ် မြင်နေမည်ကို စိုးရိမ်နေကြသည်။

ယခုအခါတွင် စစ်ကောင်စီသည် အငြင်းပွားနေသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြဿနာဖြေရှင်းရန် အဖြေအဖြစ် မြင်နေမည်ကို စိုးရိမ်နေကြသည်။

ဦးအောင်သန်းဦးသည် သူ့ကို ဖယ်ရှားမခံရမီ ဧပြီလနှောင်းပိုင်းတွင် စစ်ကောင်စီက သီပေါရှိ ၂၁၀ မဂ္ဂါဝပ် နမ္မတူ ရေအားလျှပ်စစ်စီမံကိန်းကို ခွင့်ပြုကြောင်းကြေညာခဲ့သည်။ ထိုဒေသသည် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားနေသော နေရာဖြစ်သည်။ ထိုသဘောတူ စာချုပ်ကို MOEE လက်အောက်ရှိ လျှပ်စစ်စွမ်းအားနှင့် စီမံရေးဌာနနှင် မန္တလေး အခြေစိုက် Natural Current Energy Hydropower ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့သည်။

မတ်လလယ်တွင် တရုတ်နိုင်ငံပိုင် PowerChina က ၎င်းတို့သည် နိုဝင်ဘာလတွင် ပြီးစီးမည့် ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို ကျောက်ဖြူတွင် တည်ဆောက်ရမည်ဟု မျှော်လင့်ကြောင်း ကြေညာသည်။ ထိုနေရာသည် ဘေဂျင်းက ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်နေသည့် နေရာလည်းဖြစ်သည်။

ထိုကိစ္စသည် မြန်မာ့စွမ်းအင် လိုအပ်ချက်အတွက် မျှော်လင့်ချက်ဖြစ်သည်ဟု သုတေသီများက ထောက်ပြသည်။

စစ်ကောင်စီသည် ယခင်အစိုးရက ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ကုမ္ပဏီများကို ပေးအပ်ထားသည့် ဆိုလာလုပ်ငန်းတင်ဒါများကို ဖျက်သိမ်းပြီး ထိုကုမ္ပဏီများသည် စီမံကိန်းများကို အကြိမ်ကြိမ် နှောင့်နှေးပြီး တင်ဒါလုပ်ထုံးလုပ်နည်း ချိုးဖောက်သောကြောင့် အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

ဖြစ်နိုင်ခြေရှိသော အမည်ပျက်စာရင်းသွင်းခံရမည့် ကုမ္ပဏီများမှာ Sungrow Power Supply of China, မြန်မာလုပ်ငန်းစု ရွှေတောင်နှင့် တရုတ်မှ Chinese GCL System Integration Technology တို့၏ ဖက်စပ်လုပ်ငန်းတခု ဖြစ်သည်။

အနည်းငယ်ပဲရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကန့်သတ်ရင် စစ်ကောင်စီက အမြင်တိုတာပေါ့။ စစ်ကောင်စီက သူတို့မှာ အစွမ်းအစရှိတယ်ဆိုတာ ပြချင်နေတာလား

ထိုသို့ အမည်ပျက်စာရင်းသွင်းမည်ဆိုသည့် ကိစ္စသည် ကောလာဟလသာဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု ထိုကိစ္စကိုသိရှိသော အနောက်တိုင်း သံတမန်တဦးက ပြောသည်။ “အနည်းငယ်ပဲရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကန့်သတ်ရင် စစ်ကောင်စီက အမြင်တိုတာပေါ့။ စစ်ကောင်စီက သူတို့မှာ အစွမ်းအစရှိတယ်ဆိုတာ ပြချင်နေတာလား” ဟုလည်း ထိုသံတမန်က ပြောသည်။

အခြားသတင်းရင်းမြစ်တခု၏ အဆိုအရမူ ထိုသို့ အမည်ပျက်စာရင်း တင်သွင်းခြင်းကို MOEE ၏ ဌာနတခုကသာ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် မဆုံးဖြတ်ရသေးကြောင်းပြောသည်။

ဆောက်လက်စ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်း မြင်ရစဉ်/ ဧရာဝတီ

စီမံကိန်း အကောင်အထည်ဖော်သူများသည် ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သည့် ပတ်ဝန်းကျင်အခြေအနေ လုံးဝမတူသည့် ဓာတ်အားရောင်းချမှု သဘောတူစာချုပ်ပါ ဈေးနှုန်းများအတိုင်း ဆိုလာစက်ရုံများကို တည်ဆောက်မည်ဟု စစ်ကောင်စီက ယုံကြည်နေခြင်းကြောင့် ထိုခြိမ်းခြောက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။

“ဝန်ကြီးဌာနထဲမှာ တချို့ အမည်ပျက်စာရင်းသွင်းမယ့်အကြောင်း ပြောနေတာ ထင်ရှားတယ်။ ဒါဟာ ဝန်ကြီးသစ် ခန့်အပ်တာနဲ့ သက်ဆိုင်နေပြီး ရင်းနှီးမြှုပ်နှံသူများကို သတိပေးနေတယ်။ ဒါဟာ နိုင်ငံခြားကုမ္ပဏီတွေ ပါဝင်လာအောင် ဘယ်လိုလုပ်မယ်ဆိုတာ တချို့အရာရှိတွေ နားမလည်မှာကို စိုးရိမ်တယ်” ဟုလည်း သူက ပြောသည်။

၂၀၂၁ ခုနှစ်က ခေါ်ယူသော တင်ဒါသည်ပင် ဆိုလာစက်ရုံ တည်ဆောက်ရန် ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် တည်ဆောက်သူများအတွက် အန္တရာယ်ရှိကြောင်း မစ္စတာ ဒီလန်ဂါက ပြောသည်။ မူလ ၂၀၂၀ ဆိုလာတင်ဒါအရ ဓာတ်အားရောင်းဝယ်ရေး သဘောတူစာချုပ်တွင် ဈေးနှုန်းမှာ တကီလိုဝပ်နာရီလျှင် ၃ ဒသမ ၈ ဆင့်မှ အမြင့်ဆုံးဈေးနှုန်းမှာ တကီလိုဝပ်နာရီလျှင် ၅ ဆင့်သာ ရှိသည်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီတင်ဒါတွင်မူ ဓာတ်အား ရောင်းဝယ်ရေးစာချုပ်ပါဈေးသည် သိသိသာသာမြင့်မားနေပြီး ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ တက်လာကြောင်း သူကပြောသည်။

အငြင်းပွားဖွယ် ရေအားလျှပ်စစ် စီမံကိန်းများကို စစ်ကောင်စီက ပြန်လည် စတင်နိုင်ခြေသည် အရှိန်အဟုန်ရလာကြောင်း တရုတ်ပညာရှင်တဦးက ပြောသည်။

အငြင်းပွားဖွယ် ရေအားလျှပ်စစ် စီမံကိန်းများကို စစ်ကောင်စီက ပြန်လည် စတင်နိုင်ခြေသည် အရှိန်အဟုန်ရလာကြောင်း တရုတ်ပညာရှင်တဦးက ပြောသည်။

တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာလူထုအမြင်သည် ပြောင်းလဲလာကြောင်း ကွမ်ကျိုးရှိ ကျန်နန်တက္ကသိုလ်မှ လင်ရှီရှင်းက ပြောသည်။ ထိုစီမံကိန်းသည် သမ္မတ ဦးသိန်းစိန်ခေတ် ၂၀၁၁ ခုနှစ်က ဆိုင်းငံ့ခဲ့သော ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်သည့် စီမံကိန်းဖြစ်သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်မှ စတင်ပြီး မြန်မာလူထုအမြင်သည် လွန်စွာဆန့်ကျင်ဘက် ဖြစ်သွားသည်ဟု လင်က ထိုင်ဝမ်သတင်းဌာနတခုတွင် ပြီးခဲ့သည့် ဧပြီလက ရေးသားသည်။ “ရေ၊ လျှပ်စစ် မလုံလောက်မှုနဲ့ ဆိုးရွားတဲ့ ကံကြမ္မာအောက်မှာ လူထုအမြင်က မြစ်ဆုံဆည်ကို ပြန်လည်အဆိုပြုလာတယ်” ဟု သူက ရေးသည်။

“မြစ်ဆုံဆည်ကို တည်ဆောက်ရေးကို ပြန်လည်စတင်ပါက ထိုဆည်သည် ၄၅၇ ပေမြင့်ပြီး လျှပ်စစ်ဓာတ်အား ၆,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်” ဟုလည်း သူက ဆွေးနွေးသည်။

လင်၏ ပြောကြားချက်များသည် လိမ်လည်ပြီး ကျင့်ဝတ်ဖောက်ဖျက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar က ပြောသည်။

“မြန်မာပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်ရာမှာ ညီညွတ်ပြီး ဧရာဝတီမြစ်ရဲ့ ဂေဟဗေဒစနစ် တခုလုံး အန္တရာယ်ကျရောက်နိုင်တဲ့ မြစ်ဆုံဆည်ကို ဆန့်ကျင်ကြောင်း နှစ်ပေါင်းများစွာ ဖော်ပြခဲ့တယ်။ မြစ်ဆုံဆည်ဟာ လက်နက်နက်ကိုင်တိုက်ခိုက်မှုရဲ့ အကြောင်းရင်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အပြီးတိုင် ပယ်ဖျက်ရမယ့် စီမံကိန်းဖြစ်တယ်” ဟု အထက်ပါအဖွဲ့ ပြောခွင့်ရသူ ဒေါ်ရတနာမောင်က Nikkei သို့ ပြောသည်။

(Nikkei Asia မှ Thompson Chau နှင့် Dominic Oo တို့၏ Military’s new minister signals a tougher approach toward energy businesses ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ချေးငှား၍ ပေးနေရသော မီတာခ

ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်

အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့

စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ

Your Thoughts …
Tags: ADBIEMJustice for MyanmarMOEENLDPowerChinaVPowerစစ်အာဏာသိမ်းမှုစွမ်းအင်လုပ်ငန်းတရုတ်မစ္စတာ ဂွီလာမီ ဒီ လန်ဂါရင်းနှီးမြှုပ်နှံမှုရေအားလျှပ်စစ်ဆည်လျှပ်စစ်ဓာတ်အားလျှပ်စစ်ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဦးသောင်းဟန်ဦးအောင်သန်းဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
စစ်ကိုင်းတိုင်း၊ မြောင် မြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်း တကျောင်း  / Myaung Education Network

အမာခံဒေသများတွင် NUG က ကျောင်းများဖွင့်လှစ်

ဟတ်ရိုင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာများ  / Bangkok Post

ထိုင်းအမျိုးသားတဦး အသတ်ခံရမှု မြန်မာ ၉ ဦးကို စတင် စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved