• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းအမျိုးသားတဦး အသတ်ခံရမှု မြန်မာ ၉ ဦးကို စတင် စစ်ဆေး

by ဧရာဝတီ
9 June 2022
in သတင်း
A A
ဟတ်ရိုင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာများ  / Bangkok Post

ဟတ်ရိုင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာများ / Bangkok Post

3.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၊ ဟတ်ရိုင်မြို့တွင် ထိုင်းအမျိုးသားတဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထားရာ ကနဦးအနေဖြင့် ၉ ဦးအား ဇွန် ၈ ရက်က စတင် စစ်ဆေးမှုနေပြီဖြစ်ကြောင်း သိရ သည်။

ယင်း ထိုင်းအမျိုးသားမှာ ပြီးခဲ့သည့် မေလ ၃၁ ရက်က ဟတ်ရိုင်မြို့နယ်ထဲရှိ ဘန့်ဖလူနှင့် ထုံးလုံနယ်စပ် ဧရိယာတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ သူ၏ အလောင်း ကို တွေ့ပြီးနောက် ရဲတပ်ဖွဲ့ တောနင်းရှာဖွေရာ သစ်တောအတွင်း အထောက်အထားမဲ့ မြန်မာ ၉ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့ကို ထုံးလုံရဲစခန်းတွင် ဇွန် ၈ရက်က စတင်စစ်ဆေးနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN) မှ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ဧရာဝတီကို ပြောသည်။

၎င်းက “ပထမဆုံး ဖမ်းမိထားတဲ့ ၉ ယောက်ထဲကနေ ပြီးတော့ သံသယရှိတဲ့ လူတွေကို စစ်ဆေးနေတယ်။ ဒီ ၉ ဦး ထဲမှာက အမှုဖြစ်တာကို မြင်လိုက်တဲ့သူတွေ ပါတယ်လို့ သိရတယ်။ တကယ့် ကျူးလွန်တဲ့လူတွေကတော့ မလေးရှား ဘက်ထဲကို ဝင်ပြေးသွားတယ်လို့ ပြောပြကြတယ်။ အမှုမှန် ပေါ်ပေါက်အောင် ကူညီကြဖို့အတွက် ကျနော့်ကို တောင်း ဆိုလာတယ်။ အမှုမှန်ကတော့ ၈၀ ရာခိုင်နှုန်း ပေါ်ပေါက်နေပြီလို့တော့ ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ တရားမဝင် မြန်မာ ၉ ဦးကို ဖမ်းမိရာမှစ၍ အထောက်အထားမဲ့များသာမက တရားဝင် အလုပ်သမားများ နေ ထိုင်သည့် တန်းလျား၊ နေအိမ်များပါမကျန် ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် ဖမ်းဆီးခံရသည့် မြန်မာ ဦးရေ ၄၀၀ ခန့် ရှိပြီ ဖြစ်ကြောင်း MWRN က သိရသည်။

ဖမ်းဆီးခံရသူ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ လက်ရှိအချိန်အထိ တဦးတယောက်မျှ ပြန်လည် လွတ်မြောက်လာ ခြင်း မရှိသေးဘဲ ဟတ်ရိုင်မြို့အတွင်းရှိ အချုပ်ခန်းများ၌ လူခွဲ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသား သေဆုံးမှု အမှုမှန် ပေါ်ပေါက်သွားသည့်တိုင် ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ တရားမဝင် နယ်မြေ ဖြတ်ကျော်မှုဖြင့် ဆက်လက် ထိန်းသိမ်းခံထားရဦးမည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားရေးရာ ဥပဒေ အကြံပေး ဦးအောင်မျိုးသန့်က ပြောသည်။

ဦးအောင်မျိုးသန့်က “ကျနော်တို့ ရှေ့နေတွေအနေနဲ့တော့ ၅၀၊ ၅၀ ပါပဲ။ သူတို့နိုင်ငံမှာလည်း သူတို့ ဥပဒေ ရှိပါတယ်။ ဘယ်နိုင်ငံဖြစ်ဖြစ် ဥပဒေချိုးဖောက်ရင်တော့ ဥပဒေ ချိုးဖောက်ခြင်းကိုတော့ ခံရမှာပါပဲ။ မြန်မာနိုင်ငံရယ် ထိုင်းနိုင်ငံ ရယ်မှ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း ဥပဒေမဲ့ဖြစ်တဲ့အခါမျိုးမှာ သူတို့ ဥပဒေအရ အရေးယူတာမျိုး ဖြစ်ပါလိမ့် မယ်။ လဝက ဥပဒေနဲ့ပဲ အရေးယူပြီး ပြန်ပို့ခံရမယ့် အနေအထား ရှိပါတယ်” ဟု ပြောသည်။

လူသတ်မှု နောက်ဆက်တွဲ သံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားသူများမှ အကူအညီပေးနိုင်ရန် ဆောင်ရွက်နေကြသလို မြန်မာရွှေ့ပြောင်း လုပ်သားများကလည်း ဖမ်းဆီးခံရသူများအတွက် လိုအပ်သည့် အစားအသောက်နှင့် အဝတ်အထည်များကို ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

“သံရုံးအနေနဲ့ကတော့ အခုထိ ထိုင်းနိုင်ငံ၊ တောင်ပိုင်းကို ရောက်လာတာ မတွေ့သေးဘူး။ ဖြစ်နိုင်ရင်တော့ မြန်မာ သံရုံးက လာပြီး ကူညီဝိုင်းဝန်းပြီးတော့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ထိုင်းအစိုးရကို အမှန်အတိုင်းဖြစ်အောင် ဖိအား ပေးသင့်တယ်လို့ မြင်တယ်။ အခုလို ခိုးကိုးရာမဲ့ဖြစ်နေတဲ့ အခြေအနေမှာ ကျနော်တို့ ပတ်ဝန်းကျင်က မြန်မာတွေက နေ့စဉ်နေ့တိုင်း အစားအသောက်တွေ အဝတ်အထည်တွေကို လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်” ဟု ဦးဘရီက ပြော သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ထိုင်းအမျိုးသား သေဆုံးခဲ့သည့် ထုံးလုံနယ်မြေသစ်တောမှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့ နယ် ထဲတွင်တည်ရှိပြီး ထိုင်း- မလေးရှား နယ်စပ်ဖြစ်၍ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာရွှေ့ ပြောင်းလုပ်သားများအား ပွဲစားများက ဖွက်ထားလေ့ရှိသည့်နေရာတခုဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူ များက ဆိုသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးထောင်ချခဲ့သည့် အမှုအခင်းများအနေဖြင့်၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းကမ်းခြေအနီးတွင် အသတ်ခံရသည့် ဗြိတိန်နိုင်ငံသား နှစ်ဦးအမှုနှင့် ထိုင်းနိုင်ငံတောင် ပိုင်း၊ ရနောင်းမြို့တွင်၂၀၁၅ ခုနှစ်က ထိုင်းအမျိုးသမီးတဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့်လည်း ထောင်ဒဏ်ချမှတ်ခဲ့မှုများ ရှိခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၂၁ နှစ်ကုန်ပိုင်းအထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြား ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အစပိုင်းမှ မေလအကုန် အထိ တရားမဝင် ဝင်ရောက်သူ ၁၅ ,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်းရှိပြီး တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း ၁ သန်းကျော် ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

You may also like these stories:

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု သံသယဖြင့် မြန်မာ ၄၀၀ ခန့် ဖမ်းထား

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို

ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ

MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ

Your Thoughts …
Tags: MWRNထိုင်းနိုင်ငံသားမြန်မာဟတ်ရိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

လောက်ကိုင်ရှေ့တန်းတွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး စစ်တပ်က လူသားဒိုင်းလုပ်ထား

လောက်ကိုင်ရှေ့တန်းတွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး စစ်တပ်က လူသားဒိုင်းလုပ်ထား

by ဧရာဝတီ
1 November 2023
15.1k

စစ်တပ်စခန်းအတွင်း ထိန်းသိမ်းခံထားရသူများထဲတွင် ထိုင်းနိုင်ငံသား ၁၈၉ ဦးပါဝင်ပြီး နီပေါ၊ အီသီယိုးပီးယားနှင့် လာအိုနိုင်ငံသားများလည်း ပါဝင်ကြောင်း

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

by မိုင်းခြိူဝ်းဇာရ်
28 October 2023
8.4k

မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနယ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်အမှုတွဲ စွဲချက်တင်ခံရ

ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ ဒုစရိုက်မှုများ (ရုပ်/သံ)

ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ ဒုစရိုက်မှုများ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved