• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်

by မြတ်
2 July 2022
in ဆောင်းပါး
A A
၂၀၁၇ ခုနှစ် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြသော ရိုဟင်ဂျာဒုက္ခသည်များ / AFP

၂၀၁၇ ခုနှစ် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြသော ရိုဟင်ဂျာဒုက္ခသည်များ / AFP

5.8k
VIEWS
Share on FacebookShare on Twitter

Dictatorship, despotism, authoritarianism, absolutism, tyranny စတဲ့ အင်္ဂလိပ်စကားလုံးတွေကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ “အာဏာရှင်/အာဏာရှင်စနစ်” ဆိုတဲ့ စကားလုံးကလွဲလို့ တခြားကြွယ်ဝတဲ့ ဝေါဟာရကို ရှာလို့မတွေ့ပါဘူး။

နိုင်ငံရေးအတွေးအခေါ်ပညာရှင် စာရေးဆရာမ ဟာနာအားရန့်ကတော့ အထက်ပါ အင်္ဂလိပ်စကားလုံးတွေနဲ့ အဓိပ္ပါယ်ကွဲပြားတဲ့ Totalitarianism ဆိုတဲ့ အာဏာရှင်စနစ်အကြောင်းကို သူ့ရဲ့ ပထမဆုံးစာအုပ် The Origins of Totalitarianism ထဲမှာ ရေးသားခဲ့ပါတယ်။

အားရန့်က Totalitarianism အာဏာရှင်စနစ်ရဲ့ မီးစတဖက် ရေမှုတ်တဖက် ဝါဒကို အခုလို ဖွင့်ဆိုခဲ့ပါတယ်။

ဝါဒဖြန့်ချိရေးနည်းလမ်းဟာ အာဏာရှင်စနစ် မကျင့်သုံးတဲ့နိုင်ငံတွေကို လှည့်ဖျားဖို့ သုံးတဲ့ အာဏာရှင်စနစ်ရဲ့ အချက်အခြာကျတဲ့ ယန္တရားတခုဖြစ်သလို၊ အကြမ်းဖက်တဲ့ နည်းလမ်းကလည်း အာဏာရှင်အစိုးရတိုင်းရဲ့ လက်စွဲဖြစ်တယ်။

“ဝါဒဖြန့်ချိရေးနည်းလမ်းဟာ အာဏာရှင်စနစ် မကျင့်သုံးတဲ့နိုင်ငံတွေကို လှည့်ဖျားဖို့ သုံးတဲ့ အာဏာရှင်စနစ်ရဲ့ အချက်အခြာကျတဲ့ ယန္တရားတခုဖြစ်သလို၊ အကြမ်းဖက်တဲ့ နည်းလမ်းကလည်း အာဏာရှင်အစိုးရတိုင်းရဲ့ လက်စွဲဖြစ်တယ်။”

အားရန့်ဟာ ၂၀ ရာစုခေတ်မှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံရေးအတွေးအခေါ် ပညာရှင်တွေထဲက တယောက် ဖြစ်ခဲ့ပါတယ်။ ဂျာမနီဖွား ဂျူးမျိုးနွယ် အားရန့်ဟာ အသက် ၂၃ နှစ်မှာပဲ ဒဿနိကဗေဒနဲ့ ဂျာမန်တက္ကသိုလ်တခုမှာ ပါရဂူဘွဲ့ ရခဲ့တယ်။

ဂျာမနီမှာ ဟစ်တလာ အာဏာရလာပြီး သိပ်မကြာခင်မှာပဲ အားရန့်ကို ဂျူးဆန့်ကျင်ရေးဝါဒ အကြောင်း တရားမဝင် သုတေသနလုပ်မှုနဲ့ ဂျာမန် ဂက်စတာပိုတွေက ခေတ္တ ထိန်းသိမ်းထားခဲ့တယ်။

အားရန့်ဟာ အချုပ်ထောင်က လွတ်လာပြီးနောက်ပိုင်း ဂျာမနီကနေ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွစ်ဇာလန်ကို ထွက်ပြေးခဲ့ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ယာယီခိုလှုံခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ အမေရိကန်ကို ထွက်ခွာခဲ့ပြီး နယူးယောက်မှာ အခြေချခဲ့တယ်။

အားရန့်ဟာ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာတွေကို ထဲထဲဝင်ဝင် ရေးသားခဲ့သူတယောက်အဖြစ် ထင်ရှားခဲ့သူပါ။ ဂျာမန်စစ်ရာဇဝတ်သား အိုက်ခမန်းရဲ့ တရားခွင်အကြောင်းကို The New Yorker Magazine မှာ ရေးခဲ့ရာကနေ အားရန့်ကို လူသိများလာခဲ့တယ်။

အားရန့်ဟာ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာတွေကို ထဲထဲဝင်ဝင် ရေးသားခဲ့သူတယောက်အဖြစ် ထင်ရှားခဲ့သူပါ။ ဂျာမန်စစ်ရာဇဝတ်သား အိုက်ခမန်းရဲ့ တရားခွင်အကြောင်းကို The New Yorker Magazine မှာ ရေးခဲ့ရာကနေ အားရန့်ကို လူသိများလာခဲ့တယ်။

ဂျာမနီမှာ ကျင့်သုံးခဲ့တဲ့ နာဇီဝါဒနဲ့ စတာလင်ဝါဒရဲ့ ဇစ်မြစ်တွေကို လေ့လာပြီး အာဏာရှင်စနစ်ရဲ့ မူလအစနဲ့ အဲဒီစနစ်ရဲ့ စရိုက်လက္ခဏာတွေအကြောင်း ရေးသားခဲ့တဲ့ အက်ဆေးသုံးပုဒ်ကို စုပေါင်းပြီး အားရန့်ရဲ့ ပထမဆုံးစာအုပ် The Origins of Totalitarianism ကို ၁၉၅၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

Totalitarianism ဆိုတာဘာလဲ

Totalitarianism ဆိုတာ ဒီမိုကရေစီနည်းကျ လွတ်လပ်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး ဒီမိုကရေစီစနစ် ပျက်သုဉ်းအောင် လုပ်တဲ့စနစ်တခုလို့ ဟာနာအားရန့်က ဆိုပါတယ်။ ဝါဒဖြန့်ချိရေးနဲ့ အကြမ်းဖက်မှုတွေဟာ ဒီစနစ်ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ဝါဒဖြန့်ချိရေးဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်တယ်။

ဟစ်တလာရဲ့ စစ်သားတွေဟာ ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်တာကို တာဝန်တခုလို လုပ်ရတယ်။ ဟစ်တလာရဲ့ ထင်ရှားတဲ့မိန့်ခွန်းတခုထဲမှာ “ကျုပ်ရည်ရွယ်ချက်က စစ်တိုက်မယ်၊ ဥရောပက ဂျူးလူမျိုးတွေကို သတ်ပစ်မယ်” လို့ အတိအလင်း ပြောခဲ့ဖူးပါတယ်။ ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေးဝါဒကို နားလည်လွယ်အောင် ပြောရရင် “မြေမြိုလို့ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဝါဒမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။

၂၀၀၄ ခုနှစ်က ထပ်မံပုံနှိပ်သည့် ဟာနာအားရန့်၏ The Origins of Totalitarianism

Totalitarianism က ဥပဒေမဲ့တဲ့ အစိုးရတရပ်ကို ဖန်တီးတယ်။ အာဏာကို တဦးတယောက်တည်းကပဲ ဆုပ်ကိုင်ထားတဲ့ မော်ဒန်အာဏာရှင် စနစ်တမျိုးလို့ အားရန့်က ဆိုပါတယ်။

အကြောက်တရားက သူ့လုပ်ရပ်တိုင်းရဲ့ အခြေခံမူပဲ။ အုပ်ချုပ်ခံပြည်သူတွေရဲ့ အကြောက်တရားနဲ့ အုပ်ချုပ်သူတွေရဲ့အကြောက်တရားကြောင့် ပေါက်ဖွားလာတဲ့ အာဏာရှင်စနစ် ဖြစ်တယ်။

အကြောက်တရားက သူ့လုပ်ရပ်တိုင်းရဲ့ အခြေခံမူပဲ။ အုပ်ချုပ်ခံပြည်သူတွေရဲ့ အကြောက်တရားနဲ့ အုပ်ချုပ်သူတွေရဲ့အကြောက်တရားကြောင့် ပေါက်ဖွားလာတဲ့ အာဏာရှင်စနစ် ဖြစ်တယ်။

ဂျူးမုန်းတီးရေးဝါဒနဲ့ ခုတုံးသီအိုရီ

ဥရောပမှာ ဂျူးမုန်းတီးရေးဝါဒ ပေါ်ပြူလာဖြစ်လာတာက Totalitarianism အာဏာရှင်စနစ်ရဲ့ စနက်ပဲဖြစ်တယ်လို့ အားရန့်က မြင်ပါတယ်။

ဖြေရှင်းရခက်တဲ့ စစ်ရေး စီးပွားရေး ပဋိပက္ခတွေကြားမှာ အာဏာပါဝါမရှိတဲ့ ဂျူးလူမျိုးတွေ ခုတုံးလုပ်ခံရတာ ဖြစ်တယ်။ ချမ်းသာတဲ့ စီးပွားရေး ခိုင်မာတောင့်တင်းတဲ့ ဂျူးလူမျိုးတွေဟာ ဥရောပရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်မယ့်လူတွေ ဖြစ်တယ် ဆိုတဲ့ လူမျိုးရေးဆန်တဲ့ ဇာတ်လမ်းမျိုးတွေကို ဖန်တီးပြီး လူတွေကြားမှာ ဂျူးအမုန်းတရား မြင့်တက်လာအောင် ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ ဝါဒဖြန့်တာကို ဂျူးလူမျိုးတွေအပေါ် အမုန်းတရားတွေ စုပုံလာအောင် ခုတုံးလုပ်အသုံးချတဲ့ ခုတုံးသီအိုရီကို သုံးပြီး အမျိုးသားရေးဝါဒကို ထူထောင်ဖို့ လုပ်တာဖြစ်တယ်လို့ အားရန့်က သုံးသပ်ပါတယ်။ “ဂျူးတွေကို ခုတုံးလုပ်လို့မရရင် တခြားအုပ်စုကို ခုတုံးလုပ်မှာပဲ”လို့ ဆိုပါတယ်။

ပထမကမ္ဘာစစ်အပြီးမှာ လစ်ဘရယ်အုပ်စုတွေကြား ပြောလေ့ရှိတဲ့ ဟာသတခုကို အားရန့်ရဲ့ စာအုပ်မှာ ကိုးကားထားပါတယ်။

ဂျူးဆန့်ကျင်ရေးသမား တယောက်က ပြောတယ် “ဂျူးတွေကြောင့် စစ်ဖြစ်တာ”

တယောက်က ဖြေတယ်။ “ဟုတ်တယ် ဂျူးတွေနဲ့ စက်ဘီးသမားတွေကြောင့်”။

“ဘာ့ကြောင့် စက်ဘီးသမားတွေလဲ” လို့ ဂျူးဆန့်ကျင်ရေးသမားက မေးတဲ့အခါ

“ဘာ့ကြောင့် ဂျူးတွေလဲ” လို့ သူ့ကို တယောက်က ပြန်မေးလိုက်တယ်။

ခုတုံးသီအိုရီအရ လူဖြူပဓာန လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ထူထောင်လိုသူတွေဟာ သူတို့ဝါဒတွေ အားကောင်းလာအောင် ခုတုံးလုပ်ဖို့ အုပ်စုတစုကို အမြဲဖန်တီးလေ့ ရှိတယ်။

၂၁ ရာစုထဲမှာ ဂျူးလူမျိုးတွေလိုပဲ ခုတုံးအလုပ်ခံရတဲ့ တခြားအုပ်စုတွေကို ပြပါဆိုရင် လူမည်းအုပ်စု၊ မွတ်ဆလင်အုပ်စုနဲ့ ရိုဟင်ဂျာအုပ်စုတွေကို ပြရမှာပါပဲ။ ခုတုံးသီအိုရီအရ လူဖြူပဓာန လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ထူထောင်လိုသူတွေဟာ သူတို့ဝါဒတွေ အားကောင်းလာအောင် ခုတုံးလုပ်ဖို့ အုပ်စုတစုကို အမြဲဖန်တီးလေ့ ရှိတယ်။

အဲဒီဝါဒတွေရဲ့ နောက်ကွယ်က အန္တိမရည်မှန်းချက်က တဦးတယောက် တစုတဖွဲ့တည်းက အာဏာကို အလုံးစုံထိန်းချုပ်ဖို့နဲ့ ဒီမိုကရေစီကို ငြင်းပယ်ဖို့သာ ဖြစ်တယ်။ ယုတ္တိယုတ္တာမရှိတဲ့ အငြင်းပွားဖွယ် လူမျိုးရေး ဘာသာရေး နိုင်ငံရေး ဇာတ်လမ်းပေါင်းစုံ ဆင်ပြီး ပဋိပက္ခတွေ ကြီးထွားလာအောင် လူမျိုးစုတစု၊ ဘာသာတခုခုကို ခုတုံးလုပ်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ကြတာဖြစ်တယ်။

ဟာနာအားရန့်ဟာ Totalitarianism ဆိုတဲ့ မော်ဒန်အာဏာရှင် စနစ်တခုအကြောင်းကို ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းဖြစ်ရပ်တွေ၊ ကိုယ်တွေ့ဖြစ်ရပ်တွေပေါ်မှာ အခြေတည်ပြီး ရေးသားခဲ့ပါတယ်။

သူဟာ အသက် ၆၉ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ အားရန့် ကွယ်လွန်တာ အနှစ် ၅၀ နီးပါး ရှိသွားပေမယ့် သူမမွေးခင်ကတည်းက ရှိခဲ့တဲ့ Totalitarianism အာဏာရှင်စနစ်တခုဟာ ခုချိန်ထိ အသွင်သဏ္ဍန်ပေါင်းစုံနဲ့ နေရာပေါင်းစုံမှာ ရှင်သန်နေဆဲပါပဲ။

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

You may also like these stories:

အာဏာရှင်နဲ့ ထေရဝါဒ

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
448
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

စစ်ကောင်စီ၏ မိုးလုံးပြည့်မုသာဝါဒ ဖြန့်ချိသူကြီး

ခွင့်မလွှတ်နိုင်တဲ့အမှားနဲ့ နောက်ဆက်တွဲ အမုန်းမီးတောက်များ

Your Thoughts …
Tags: Totalitarianismခုတုံးသီအိုရီဂျူးလူမျိုးနိုင်ငံရေးအတွေးအခေါ် ပညာရှင်ဝါဒဖြန့်ချိရေးဟာနာအားရန့်အာဏာရှင်စနစ်
မြတ်

မြတ်

Similar Picks:

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့

မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့

by Anthony Davis
2 November 2023
10.6k

အာဏာသိမ်းပြီးနောက် အမျိုးသားအုံကြွမှုမှ ပေါ်ပေါက်လာသော လက်နက်ကိုင်ခုခံမှုသည် စစ်တပ်၏ ထုံးစံဖြစ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေမှုန်းမရတော့လောက်အောင် ကြီးမားလာသည်။

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.8k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

စစ်ထောက်လှမ်းရေးဟောင်းများ ပြန်သုံးသော်လည်း ‌

စစ်ထောက်လှမ်းရေးဟောင်းများ ပြန်သုံးသော်လည်း ‌

by စွယ်တော်
12 November 2024
9.5k

တယ်လီဂရမ်မှ စစ်လော်ဘီအကောင့် အချို့သည် စစ်ထောက်လှမ်းရေးဟောင်းများ ဖြစ်သည်ကို တွေ့နိုင်သည်။

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ

by ခင်မမ
17 December 2024
6.8k

စစ်မြေပြင်မှာ စစ်ရှုံးလေ မင်းအောင်လှိုင်က ပွဲတက်လေပါပဲ။

Next Post
စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူများ

အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်

အင်ဒိုနီးရှား သမ္မတ ဝီဒိုဒို နှင့် ယူကရိန်း သမ္မတ ဇယ်လန်စကီး /  Ukrainian Presidential Press Office

ယူကရိန်း ဂျုံတင်ပို့ရေး ပင်လယ်လမ်းဖွင့်ပေးရန် ပူတင် သဘောတူကြောင်း ဂျိုကိုဝီ ပြော

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved