• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမေရိကန်လက်နက်ရရေး ဇယ်လန်းစကီး မှန်းချက်နှင့် နှမ်းထွက်မကိုက်

by ဧရာဝတီ
24 December 2022
in ဆောင်းပါး
A A
လက်နက်သစ်နှင့် ကိရိယာ ဒေါ်လာ ၂ ဘီလီယံနီးပါးဖိုးနှင့် လာမည့်နှစ်အတွက် အကူအညီ ဒေါ်လာ ၅၀ ဘီလီယံနီးပါး ပေးမည့် အလားအလာရှိသောကတိကို ကွန်ဂရက်ထံမှ ဇယ်လန်းစကီး ရရှိသည်

လက်နက်သစ်နှင့် ကိရိယာ ဒေါ်လာ ၂ ဘီလီယံနီးပါးဖိုးနှင့် လာမည့်နှစ်အတွက် အကူအညီ ဒေါ်လာ ၅၀ ဘီလီယံနီးပါး ပေးမည့် အလားအလာရှိသောကတိကို ကွန်ဂရက်ထံမှ ဇယ်လန်းစကီး ရရှိသည်

6.1k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ အောင်မြင်သော ဝါရှင်တန်ခရီးစဉ်အတွင်း ယူကရိန်းအတွက် အမေရိကန် အကူအညီ ဘီလီယံပေါင်းများစွာပေးရန် ကတိများ ရရှိခဲ့သော်လည်း သူအလိုချင်ဆုံးအရာများဖြစ်သည့် အမေရိကန် တင့်ကားများ၊ ဂျက်တိုက်လေယာဉ်များနှင့် တာဝေး အတိအကျပစ် လက်နက်များ မရရှိခဲ့ပေ။

ရုရှားကျူးကျော်ရေးတပ်များကို ယူကရိန်းက တိုက်ပွဲဝင်ရာတွင် ပို့ပေးမည် မဟုတ်သည့် လက်နက်များ ရှိကြောင်း အမေရိကန် ပြည်ထောင်စုက အကြိမ်ကြိမ် ပြောကြားခဲ့သည်။ သို့သော် လွန်ခဲ့ ၁၀ တိုက်ပွဲတွင် ပြသခဲ့သည့်အတိုင်း အမေရိကန်ထောက်ခံမှု အကန့်အသတ်သည် ယူကရိန်းအလိုကျ ပြောင်းလဲလာပြီး ဇယ်လန်းစကီးသည် သူလိုချင်သော လက်နက်များ ရကောင်းရနိုင်သည်။

ဝါရှင်တန်သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ၁၀ နာရီကြာ သွားရောက်ခဲ့ပြီးနောက် မစ္စတာ ဇယ်လန်းစကီးသည် လက်နက်သစ်နှင့် ကိရိယာ ဒေါ်လာ ၂ ဘီလီယံနီးပါးဖိုးနှင့် လာမည့်နှစ်အတွက် အကူအညီ ဒေါ်လာ ၅၀ ဘီလီယံနီးပါး ပေးမည့် အလားအလာရှိသောကတိကို ကွန်ဂရက်ထံမှ ရရှိသည်။

မစ္စတာ ဇယ်လန်းစကီးသည် သူလိုသမျှအရာရာကို မရသော်လည်း အမေရိကန် ပြည်ထောင်စုသည် ယူကရိန်း လိုအပ်သည်များကို ပေးရန် ဆုံးဖြတ်ထားကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။ သို့သော် အသေးစိတ်များကို မပြောပေ။

မစ္စတာ ဇယ်လန်းစကီးသည် သူလိုသမျှအရာရာကို မရသော်လည်း အမေရိကန် ပြည်ထောင်စုသည် ယူကရိန်း လိုအပ်သည်များကို ပေးရန် ဆုံးဖြတ်ထားကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။ သို့သော် အသေးစိတ်များကို မပြောပေ။

“ဒီလို အခြေအနေမျိုးမှာ ဘယ်သမ္မတမဆို၊ ဘယ်စစ်ဦးစီးချုပ်မဆို အကူအညီအများဆုံးနဲ့ အမြန်ဆုံး ပေးမှာပဲ။ ဒီကိစ္စကိုကူညီဖို့ ကျနော်တို့အပိုင်းက လုပ်စရာရှိတာလုပ်ဖို့ ဆုံးဖြတ်ထားတယ်” ဟု မစ္စတာ ကာဘီက ပြောသည်။

သို့သော် သူက ဘိုင်ဒင်နှင့် ဇယ်လန်းစကီးသည် ဆွေးနွေးချိန် အများစုတွင် ယူကရိန်း၏ တောင်းဆိုမှုများကို မဆွေးနွေးကြောင်းပြောသည်။ ဆွေးနွေးမှုများတွင် “လက်နက်စွမ်းရည် စာရင်းကို အဓိကမဆွေးနွေးကြောင်း၊ ယူကရိန်းအခြေအနေနှင့် အနာဂတ်အလားအလာများကို ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ဆွေးနွေးကြောင်း” ၎င်းကပြောသည်။

“ယူကရိန်းရဲ့ လက်နက်စွမ်းရည် တိုးတက်လာမယ်ဆိုတာ အာမခံပါတယ်” ဟု မစ္စတာ ကာဘီက ပြောသည်။ “အဲဒီလက်နက်စွမ်းရည် ဘယ်လောက်တိုးတက်မယ်၊ ဘာတွေဖြစ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး” ဟုလည်း ပြောသည်။

ဘိုင်ဒင်က ပက်ထရီရော့ လေကြောင်းကာကွယ်ရေး စနစ်များ ပေးရန် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အတည်ပြုသည်။ သို့သော် တင့်ကားနှင့် တာဝေးပစ် ဒုံးကျည်များပေးရန် ငြင်းဆန်သည်

မစ္စတာ ဇယ်လန်းစကီး၏ ခရီးစဉ်သည် မဟာမိတ်များကို ဖျောင်းဖျ၊ ဖိအားပေးသည့် သူ၏သေနင်္ဂဗျူဟာ ဖြစ်ကြောင်း အထင်အရှားပြသနေသည်။ သူသည်အမေရိကန် ပြည်ထောင်စုကပေးသော အကူအညီများကို ကျေးဇူတင်တန်ဖိုးထားကြောင်း ဖော်ပြခြင်းနှင့် လက်နက်များ လိုအပ်ချက် ကြီးမားနေကြောင်း ဖော်ပြခြင်းကို ပေါင်းစပ်ထားသည်။ သူလိုသမျှ အကုန်ရမည် မဟုတ်ကြောင်း သိသော်လည်း သူ့ဘက်က ဆက်လက် တောင်းဆိုခြင်းနှင့် စစ်မြေပြင်မှ အပြောင်းအလဲများကြောင့် ဝါရှင်တန်သည် ရုရှားနှင့်တင်းမာမှုမဖြစ်ဘဲ ယူကရိန်းသို့ မည်သည့်လက်နက်များ ထပ်မံပေးအပ်ရမည်ကို စဉ်းစားရမည်ဟု သူယုံကြည်သည်။

ယူကရိန်းအရာရှိများ စစ်မြေပြင်တွင် လိုအပ်သည့် တောင်းဆိုမှုများကို ပြုလုပ်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။ မစ္စတာ ဇယ်လန်းစကီး၏ အကြံပေး မစ်ခေးလို ပိုဒိုလ်ယက်က မကြားသေးမီတွင် ခရစ္စမတ်အတွက် လိုအပ်သောပစ္စည်းများကို Twitter တွင် ရေးသားခဲ့သည်။

မစ္စတာ ဘိုင်ဒင်က ထိုပစ္စည်းများအနက် တခုဖြစ်သော ပက်ထရီရော့ လေကြောင်းကာကွယ်ရေး စနစ်များ ပေးရန် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အတည်ပြုသည်။ သို့သော် တင့်ကားနှင့် တာဝေးပစ် ဒုံးကျည်များပေးရန် အမေရိကန် အစိုးရက ငြင်းဆန်သည်။

မစ္စတာ ဘိုင်ဒင်က ထိုပစ္စည်းများအနက် တခုဖြစ်သော ပက်ထရီရော့ လေကြောင်းကာကွယ်ရေး စနစ်များ ပေးရန် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အတည်ပြုသည်။ သို့သော် တင့်ကားနှင့် တာဝေးပစ် ဒုံးကျည်များပေးရန် အမေရိကန် အစိုးရက ငြင်းဆန်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပက်ထရီရော့များကို အရေးမထားကြောင်းနှင့် ၎င်းတို့ကိုချေမှုန်းသည့် နည်းလမ်းကို ရုရှားက ရှာတွေ့မည်ဖြစ်ကြောင်း ပြောသည်။

“ဖြေဆေးဆိုတာ တွေ့စမြဲပဲ” ဟု ကရင်မလင်နန်းတော်တွင် သမ္မတ ပူတင်က ပြောသည်။ “ဒါက ပဋိပက္ခကို ရှည်ကြာအောင်လုပ်နေတာ။ ဒါပါပဲ” ဟုလည်း ၎င်းကပြောသည်။

စစ်ပွဲ ဆက်လက် ဖြစ်ပွားနေသောကြောင့် ဘိုင်ဒင်အစိုးရသည် အန္တရာယ်ကို ရင်ဆိုင်နိုင်စွမ်းမြင့်မားလာသည်။ စစ်ပွဲအစောပိုင်းက ပေးရန်အစီအစဉ်မရှိသော HIMARS ဒုံးကျည်နှင့် ပက်ထရီရော့ လေကြောင်းကာကွယ်ရေး စနစ် ကဲ့သို့ လက်နက်အချို့ကို ပေးလာပြီး အချို့ကို စစ်ပွဲတွင် အသုံးပြုနေ သို့မဟုတ် ပို့ဆောင်နေသည်။

သို့သော် ထိုသို့ပေးအပ်ခြင်းမှာ စစ်ပွဲ၏ သဘောသဘာဝ ပြောင်းလဲလာခြင်းကြောင့်သာဖြစ်ပြီး အိမ်ဖြူတော်က ရင်ဆိုင်နိုင်သည့် အန္တရာယ်အဆင့်နှင့် မဆိုင်ကြောင်း အမေရိကန် အရာရှိအချို့က ပြောသည်။ စစ်ပွဲသည် အမြောက်ပစ်သည့် စစ်ပွဲဖြစ်လာပြီး ရုရှားကွပ်ကဲရေး စခန်းများသည် ရှေ့တန်း စစ်မျက်နှာမှ ဆုတ်ခွာသွားသောကြောင့် HIMARS များကို ယူကရိန်းက ပိုမိုလိုအပ်လာသည်။ ဆောင်းရာသီ ဝင်ရောက်လာသောအခါ ရုရှားက ယူကရိန်း လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံများကို ကာလကြာရှည်စွာ တိုက်ခိုက်လာသောကြောင့် ပက်ထရီရော့ စနစ်များ လိုအပ်လာသည်ဟု ဆိုသည်။

HIMARS နှင့် ပက်ထရီရော့စနစ် နှစ်ခုလုံးကို အသုံးပြုရန် လေ့ကျင့်ထားသောအဖွဲ့များ လိုအပ်သည်

HIMARS နှင့် ပက်ထရီရော့စနစ် နှစ်ခုလုံးကို အသုံးပြုရန် လေ့ကျင့်ထားသောအဖွဲ့များ လိုအပ်သည်။ ထို့ကြောင့် ယူကရိန်းသည် စစ်မြေပြင်မှ အတွေ့အကြုံရှိ စစ်သားများကို ခေါ်ယူလေ့ကျင့်ပေးရမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အဆင့်မြင့်လက်နက်များက စစ်မြေပြင်တွင် အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း သေချာမှသာ ထိုသို့သော လက်နက်များကို ပေးလိုသည်။

HIMARS နှင့် ပက်ထရီရော့စနစ် နှစ်ခုလုံးကို အသုံးပြုရန် လေ့ကျင့်ထားသောအဖွဲ့များ လိုအပ်သည်။ ထို့ကြောင့် ယူကရိန်းသည် စစ်မြေပြင်မှ အတွေ့အကြုံရှိ စစ်သားများကို ခေါ်ယူလေ့ကျင့်ပေးရမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အဆင့်မြင့်လက်နက်များက စစ်မြေပြင်တွင် အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း သေချာမှသာ ထိုသို့သော လက်နက်များကို ပေးလိုသည်။

အမေရိကန် ပြည်ထောင်စုက ယူကရိန်းသို့ ပေးမည်မဟုတ်သည့် လက်နက်အမျိုးအစား အုပ်စု သုံးခုရှိကြောင်း အမေရိကန် အရာရှိများက ပြောသည်။

ပထမအုပ်စုတွင် မိုင် ၁၉၀ အထိပစ်နိုင်သည့် ATACMS ခေါ် တာဝေးပစ်ဒုံးကျည်များ ပါဝင်သည်။ ယူကရိန်းသည် အကျပ်အတည်း ကျရောက်ပါက ထိုလက်နက်များဖြင့် ရုရှားနိုင်ငံတွင်းမှ ပစ်မှတ်များကို ပစ်ခတ်ပါက မစ္စတာ ပူတင်သည် စစ်ကိုတိုးချဲ့လာမည်ကို အမေရိကန်အရာရှိများ စိုးရိမ်ကြသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က မစ္စတာ ဇယ်လန်းစကီးနှင့် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒုံးကျည်များအကြောင်း မေးသောအခါ မစ္စတာ ဘိုင်ဒင်က ထိုလက်နက်များကို ပေးခြင်းသည် ယူကရိန်းကို ထောက်ခံရာတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အတွင်း ညီညွတ်မှု အကွဲအပြဲ ဖြစ်စေနိုင်ကြောင်း သတိပေးသည်။ “သူတို့တွေက ရုရှားနဲ့ စစ်တိုက်မယ့်နိုင်ငံတွေ မဟုတ်ဘူး။ သူတို့က တတိယကမ္ဘာစစ် တိုက်မှာ မဟုတ်ဘူး” ဟု NATO ကို ရည်ရွယ်ပြီး မစ္စတာ ဘိုင်ဒင်က ပြောသည်။

စစ်ပွဲတွင် အရေးပါသည့် ယခုကဲ့သို့သော အခြေအနေတွင် အဓိကကျသော လက်နက်များ မပေးသည့် ဘိုင်ဒင်အစိုးရ၏ အကြောင်းပြချက်ကို အမေရိကန် တပ်မှူးဟောင်းအချို့က ပယ်ချသည်။

“အစိုးရက စစ်ရှိန်မြင့်လာမယ့် အန္တရာယ်ကို ပိုတွက်ပြီး ယူကရိန်းရဲ့ စစ်ပွဲမှာ ပါးနပ်မှုနဲ့ တီထွင်ဆန်းသစ်မှုကို လျှော့တွက်နေတယ်” ဟု ဥရောပမှ အမေရိကန်တပ်များ၏ တပ်မှူးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖရက်ဒရစ် ဘီ ဟော့ချ်က ပြောသည်။

“အစိုးရက စစ်ရှိန်မြင့်လာမယ့် အန္တရာယ်ကို ပိုတွက်ပြီး ယူကရိန်းရဲ့ စစ်ပွဲမှာ ပါးနပ်မှုနဲ့ တီထွင်ဆန်းသစ်မှုကို လျှော့တွက်နေတယ်” ဟု ဥရောပမှ အမေရိကန်တပ်များ၏ တပ်မှူးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖရက်ဒရစ် ဘီ ဟော့ချ်က ပြောသည်။

ဒုတိယလက်နက်အုပ်စုတွင် MQ-1C Gray Eagle နှင့် MQ-9 Reaper ကဲ့သို့သော မောင်းသူမဲ့ လေယာဉ်များ ပါဝင်သည်။ ထိုလက်နက်များသည် ယူကရိန်းကို ပိုမိုကျယ်ပြန့်သော ပစ်မှတ်များအား တိုက်ခိုက်နိုင်စေသည် သို့မဟုတ် အခြားယူကရိန်း တိုက်ခိုက်မှုများတွင် သုံးနိုင်သည်။ ထိုမောင်းသူမဲ့ လေယာဉ်များ ပစ်ချခံရ၊ ပျက်ကျပါက ရုရှားလက်သို့ရောက်ရှိပြီး ၎င်းတို့မှ အဆင့်မြင့်နည်းပညာများ ရယူမည်ကို ပင်တဂွန်မှ အမေရိကန်အရာရှိများ စိုးရိမ်သည်။

တတိယ လက်နက်အမျိုးအစားအုပ်စုတွင် အမေရိကန် လက်နက်များအနက် အဆင့်အမြင့်ဆုံးဖြစ်သော အေဘရာဟမ် တင့်ကားများနှင့် F-16 တိုက်လေယာဉ်များပါဝင်သည်။ ယူကရိန်းသည် အခြားနိုင်ငံများထံမှ တင့်ကားနှင့် တိုက်လေယာဉ် လုံလုံလောက်လောက် ရရှိပြီးကြောင်း ပင်တဂွန်မှ အမေရိကန် အရာရှိများက ပြောသည်။ ထို့ထက် ပိုမိုအရေးကြီးသောအချက်မှာ ထိုလက်နက်များကို အသုံးပြုရန် လပေါင်းများစွာ လေ့ကျင့်ရပြီး ရှုပ်ထွေးသော ပြုပြင်ထိန်းသိမ်းမှု လိုအပ်ခြင်းဖြစ်ကြောင်း အရာရှိများက ပြောသည်။ ထိုသို့ ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများအတွက် ယူကရိန်းတွင် ဘေးကင်းစွာ မလုပ်နိုင်သည့် အရပ်ဘက် ကန်ထရိုက်တာများ ဝင်ရောက် လုပ်ကိုင်ပေးရန် လိုအပ်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က ဇယ်လန်းစကီးနှင့် ဘိုင်ဒင် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲ

“ဒါတွေက ခက်ခဲတဲ့ ရွေးချယ်မှုတွေဖြစ်တယ်” ဟု အောက်လွှတ်တော် ထောက်လှမ်းရေးနှင့် လက်နက်ကိုင်တပ်များ ကော်မတီ နှစ်ခုလုံးတွင် တာဝန်ထမ်းဆောင်နေသော ကော်လိုရာဒိုမှ ဒီမိုကရက် အောက်လွှတ်တော်အမတ် ဂျေဆင် ခရိုးက ပြောသည်။ သူက ယူကရိန်းသို့ ATACMS နှင့် F-16s များ ပေးသည်ကို သဘောတူနိုင်သော်လည်း တင့်ကားများပေးခြင်းကို သဘောမတူပေ။

နိုင်ငံခြားဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ကွန်နက်တီကက်ပြည်နယ်မှ ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ်စတိုဖာ အက်စ် မာဖီက ယူကရိန်းသည် အမေရိကန် ပြည်ထောင်စုက အလွယ်တကူ မပေးနိုင်သည့် အခြား ခဲယမ်းများ လိုအပ်ကြောင်း ပြောသည်။

“ကျနော်တို့မှာ သူတို့ကိုပေးစရာ ခဲယမ်း လုံလုံလောက်လောက် သိုလှောင်ထားတာ မရှိဘူး။ သူတို့ပစ်သမျှ ခဲယမ်းအများစုကို ကျနော်တို့က မပေးနိုင်ဘူး” ဟု မစ္စတာ မာဖီက ပြောသည်။

“ယူကရိန်းက လုပ်ဖို့လိုတာက ပူတင်ရဲ့စွမ်းရည် အကန့်အသတ်ရှိတယ်ဆိုတာကိုပြဖို့ ပစ်အားပြဖို့ လိုတာ။ သူ့ရဲ့စွမ်းအား ဘယ်နေရာမှာ ကုန်သွားတယ်ဆိုတာကို သူအမှန်တကယ်မမြင်ရင် ပူတင်က ဆွေးနွေးပွဲစားပွဲကို ကောင်းကောင်းလာမှာ မဟုတ်ဘူး။ ဒီတော့ ဒီအကျပ်အတည်းကို အချိန်ကာလတခုအထိ ငွေကြေးထောက်ပံ့ရမှာပဲ” ဟု မစ္စတာ မာဖီက ပြောသည်။

“ယူကရိန်းက လုပ်ဖို့လိုတာက ပူတင်ရဲ့စွမ်းရည် အကန့်အသတ်ရှိတယ်ဆိုတာကိုပြဖို့ ပစ်အားပြဖို့ လိုတာ။ သူ့ရဲ့စွမ်းအား ဘယ်နေရာမှာ ကုန်သွားတယ်ဆိုတာကို သူအမှန်တကယ်မမြင်ရင် ပူတင်က ဆွေးနွေးပွဲစားပွဲကို ကောင်းကောင်းလာမှာ မဟုတ်ဘူး။ ဒီတော့ ဒီအကျပ်အတည်းကို အချိန်ကာလတခုအထိ ငွေကြေးထောက်ပံ့ရမှာပဲ”

လာမည့်လတွင် အောက်လွှတ်တော်ကို ရီပတ်ဗလစ်ကန်က ထိန်းချုပ်ပြီး အထက်လွှတ်တော်ကို ဒီမိုကရက်က ထိန်းချုပ်မည့် ကွဲပြားနေသောကွန်ဂရက်သည် ယူကရိန်းသို့ အကူအညီပေးရေးကို ပိုမိုခက်ခဲစေနိုင်ကြောင်း မစ္စတာ မာဖီက ဝန်ခံသည်။

“ဇယ်လန်းစကီးက အမြဲတမ်း အကောင်းဆုံး အများဆုံး တောင်းနေပြီး ဒါက တောင်းလည်းတောင်းသင့်တယ်။ ကျနော်တို့အလုပ်က အချိန်ကာလအလိုက် သူ့အလုပ်သူ အမြန်ဆုံး လုပ်နိုင်စေဖို့ပဲ။ တဘက်မှာ ကျနော်တို့က အခွန်ထမ်းတွေရဲ့ ငွေတွေ မဖြုန်းတီးမိအောင်လည်း တာဝန်ရှိနေတယ်” ဟု သူကပြောသည်။

ယူကရိန်း တနိုင်ငံလုံး အအေးဒဏ်ခံရစေရန်နှင့် အမှောင်ချထားရန် လျှပ်စစ်အခြေခံ အဆောက်အအုံများကို ရုရှက တိုက်ခိုက်သည်

လက်နက်စွမ်းရည် မြှင့်တင်ပေးရန် ယူကရိန်းက တောင်းဆိုတိုင်း အမေရိကန် ပြည်ထောင်စုသည် ကရင်မလင်မှ မည်သည့် မှတ်ချက်ပေးသည်နှင့် အတိတ်က အမေရိကန် ပြည်ထောင်စုသည် မဟာမိတ်များနှင့် ဥရောပမှ မိတ်ဆွေများကို အကူအညီပေးခြင်းအား ရုရှားက မည်သို့တုံ့ပြန်သည်တို့ကို ကြည့်ပြီး ပူတင်၏တုံ့ပြန်မှုကို အကဲဖြတ်ရသည်။

ယူကရိန်းကို မည်သည့်လက်နက် ပေးမည်ဆိုသည့်ကိစ္စအတွက် အစိုးရအတွင်း ဆွေးနွေးမှုများတွင် အခြားအရာများထက် သြဇာသက်ရောက်သောအချက်မှာ စစ်ကို ထိန်းချုပ်ထားရန် ရုရှား၏ ချုပ်တည်းနိုင်မှု ဖြစ်သည်။

ရုရှားသည် ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့် တိုက်ခိုက်မှုများ၏ အကျယ်အဝန်းကို မှန်မှန်တိုးချဲ့လာပြီး မြို့တော် ကိယက်ဗ်သို့ ချီတက်ရာတွင် အရပ်သားများကို သတ်ဖြတ်သည်။ သိမ်းပိုက်ဒေသများမှ ကလေးများကို မောင်းထုတ်ပြီး ယခုအခါ တနိုင်ငံလုံး အအေးဒဏ်ခံရစေရန်နှင့် အမှောင်ချထားရန် လျှပ်စစ်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ပြီး ယူကရိန်းနိုင်ငံသားများ၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ကြိုးစားနေသည်။

ရုရှားသည် ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့် တိုက်ခိုက်မှုများ၏ အကျယ်အဝန်းကို မှန်မှန်တိုးချဲ့လာပြီး မြို့တော် ကိယက်ဗ်သို့ ချီတက်ရာတွင် အရပ်သားများကို သတ်ဖြတ်သည်။ သိမ်းပိုက်ဒေသများမှ ကလေးများကို မောင်းထုတ်ပြီး ယခုအခါ တနိုင်ငံလုံး အအေးဒဏ်ခံရစေရန်နှင့် အမှောင်ချထားရန် လျှပ်စစ်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ပြီး ယူကရိန်းနိုင်ငံသားများ၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ကြိုးစားနေသည်။

သို့သော် မော်စကိုသည် စစ်ပွဲကို NATO ပိုင်နက်အတွင်း မရောက်စေသေးပေ။ ရုရှားသည် စစ်ကို ယူကရိန်းအပြင် အခြားနေရာများကို တိုက်ခိုက်ရန် ဆုံးဖြတ်သည့် မည်သည့်လက္ခဏာမျှ မတွေ့ရသေးကြောင်း အမေရိကန် အရာရှိများက ဆက်လက်ပြောကြားနေသည်။

ရုရှား ထောက်လှမ်းရေးဌာနများကလည်း NATO မဟာမိတ်များကို ဆိုက်ဘာတိုက်ခိုက်မှု အရှိန်မြှင့်တင်ခြင်း မရှိသေးသလို မဟာမိတ်ကို နှောင့်ယှက်တိုက်ခိုက်မှုလုပ်သည့် အထောက်အထားလည်း မတွေ့ရပေ။

NATO ကို တိုက်ခိုက်ရန် မစ္စတာ ပူတင်က စိတ်အားထက်သန်မှု မရှိသောကြောင့် မဟာမိတ်အဖွဲ့သည် ယူကရိန်းကို လက်နက်ခဲယမ်းများ မှန်မှန်ထောက်ပံ့နိုင်ပြီး ထိုထောက်ပံ့မှုများသည် ယူကရိန်းအနေဖြင့် ဆက်လက် တိုက်ပွဲဝင်ရန် အရေးပါသော အထောက်အပံ့များ ဖြစ်သည်။ မစ္စတာ ပူတင်ကလည်း ယူကရိန်းသည် ထိုလက်နက်များကို ယူကရိန်းနိုင်ငံအတွင်းတွင်သာ အသုံးပြုပါက ယူကရိန်းအား နိုင်ငံတကာ ထောက်ခံမှု မြင့်မားသည်ကို လက်ခံသည့်သဘော ဖော်ပြနေသည်။

လက်နက်စနစ်တခုသည် မော်စကို ကို တိုက်ခိုက်ရန်ဖြစ်သည် သို့မဟုတ် ယူကရိန်းနိုင်ငံအတွင်းတွင်သာ အသုံးပြုရန်သာ ဖြစ်သည်ဟု မစ္စတာ ပူတင်က မြင်၊ မမြင်ဆိုသည့် အချက်သည် အရေးပါသော တွက်ချက်မှုဖြစ်ကြောင်း အမေရိကန် အရာရှိများက ပြောသည်။

စစ်ကို တိုးချဲ့ခြင်းအတွက် အကြောင်းပြချက်ဖြစ်စေမည့် အချက်များ မစ္စတာ ပူတင်ကို မပေးရန် အရေးကြီးကြောင်း အမေရိကန်အရာရှိများက ပြောသည်။

(The New York Times မှ Eric Schmitt, Zolan Kanno-Youngs နှင့် Julian E. Barnes တို့၏ Zelensky’s Weapons Wish List Goes Mostly Unfulfilled on Trip to Washington ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စိတ်အားတက်ဖွယ် မိန့်ခွန်းဖြင့် အမေရိကန် ကွန်ဂရက်ကို ဇယ်လန်းစကီး ဖမ်းစားခဲ့

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
99
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.4k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
366

ဘယ်သူတုန်းဟဲ့ ဇယ်လန်စကီး

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

ရုရှားတို့ လက်ထဲမှာ ၄ လကြာ

Your Thoughts …
Tags: NATOကျူးကျော်စစ်စစ်လက်နက်ယူကရိန်းရုရှားသမ္မတ ဇယ်လန်စကီးသမ္မတ ပူတင်သမ္မတ ဘိုင်ဒင်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
ညီညွတ်သော မဏိပူရ ကော်မတီ (UCM) အချက်အလက် ရှာဖွေရေး အဖွဲ့ဝင်များ အိန္ဒိယ-မြန်မာ နယ်စပ်တွင် ကွင်းဆင်းလေ့လာစဉ်

မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်

ရန်ကုန်က လူတွေဟာ အာဏာသိမ်းယူတာ ၂ နှစ်နီးပါး ရှိလာချိန်မှာတော့ ကိုယ့်စားဝတ်နေရေး ကိစ္စတွေ ဆက်လက် ရုန်းကန်းရင်း ဖြတ်သန်းနေရ

တပတ်အတွင်း သတင်းစုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved