• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လက်နက်ကိုင်ဆောင်ခွင့် စစ်ကောင်စီမူဝါဒ ပိုမိုသွေးချောင်းစီးမည်

by ဧရာဝတီ
22 February 2023
in ဆောင်းပါး
A A
မန္တလေးတွေင် စစ်တပ် ခါးပိုက်ဆောင် အဖွဲ့ဝင်များအား လက်နက် တပ်ဆင်ပေးထားသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်

မန္တလေးတွေင် စစ်တပ် ခါးပိုက်ဆောင် အဖွဲ့ဝင်များအား လက်နက် တပ်ဆင်ပေးထားသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်

13.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း လွန်စွာရှားပါးပြီး ထင်ရှားသော ခြွင်းချက်အဖြစ် ၂၀၁၇ ခုနှစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြင်ပတွင် ထင်ရှားသော ရှေ့နေကြီး ဦးကိုနီကို ပစ်သတ်ခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုများသည် ပိုမိုများပြားလာပြီး ယခုအခါ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်ထောက်ခံသူများ၊ ဒလန်များ၊ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင်များ၊ စစ်ကောင်စီအရာရှိများနှင့် ဝန်ထမ်းများ စုစုပေါင်း ၅,၀၀၀ ကျော် သတ်ဖြတ်ခံရပြီး အခြားသူ ၄,၀၀၀ ကျော် ဒဏ်ရာရကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ကပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၎င်းတို့ကိုထောက်ခံသူများနှင့် ဝန်ထမ်းများကို အကာအကွယ် မပေးနိုင်သောကြောင့် စစ်ကောင်စီသည် ထိုကိစ္စကို ကုစားရေးအတွက် လက်နက်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားသည်။

၎င်းတို့ကိုထောက်ခံသူများနှင့် ဝန်ထမ်းများကို အကာအကွယ် မပေးနိုင်သောကြောင့် စစ်ကောင်စီသည် ထိုကိစ္စကို ကုစားရေးအတွက် လက်နက်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားသည်။ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မူဝါဒသစ်သည် စစ်ကောင်စီကို ထောက်ခံသူများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်သည်။

စစ်တပ်သည် ဒေသအများအပြားကို စစ်မြေပြင်ဖြစ်အောင်လုပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ စစ်ကောင်စီသည် လက်နက်များကို လူ့အဖွဲ့အစည်းအတွင်း တင်သွင်းလာပြီဖြစ်သောကြောင့် ပိုမိုသွေးချောင်းစီးမည့် လက္ခဏာတခု ဖြစ်ကြောင်း သေချာသည်။

မူဝါ၏သစ်အရ လက်နက်နှင့်ခဲယမ်းများကို ၎င်းတို့ပြည်နယ်များနှင့် တိုင်းများ၌ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် ပါဝင်ရန်သဘောတူသည့် အရပ်သားများကို ထုတ်ပေးမည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရပါက မူဝါဒသစ်က စစ်ကောင်စီ ထောက်ခံသူများကို အရပ်ဝတ်ဖြင့် စစ်ကောင်စီအတွက် တိုက်ခိုက်ခွင့်ပြုမည် ဖြစ်သည်။

ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ်

အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားများကို ပစ္စတိုနှင့် အမဲလိုက်ရိုင်ဖယ်များ အပါအဝင် လက်နက် ငါးမျိုး ကိုင်ဆောင်ခွင့်ပြုမည့် လိုင်စင်များ ထုတ်ပေးမည်ဖြစ်သည်။ ထိုလက်နက်များကို USDP ပါတီဝင်များ၊ စစ်တပ်ထောက်ခံသူများ၊ စစ်သားဟောင်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်း ပိုင်ရှင်များအတွက် ရည်ရွယ်သည်။

“အရင်တုန်းက သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို ထင်ရှားတဲ့ ခရိုနီကြီးတွေဖြစ်တဲ့ ဦးတေဇနဲ့ ဦးအောင်ကိုဝင်းလို လူတွေကိုပဲ ပေးတာ။ အခုတော့ စီးပွားရေးလုပ်ငန်းရှင် အများအပြားကို လက်နက်လိုင်စင် ပေးတော့မယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။

အမည်ဆိုးကျော်ကြားသော လက်နက်မှောင်ခိုနှင့် ဝါရင့်စစ်ခရိုနီ ဦတေဇသည် ပြည်ပမှ လက်နက်များဝယ်လာပြီး သူနှင့်ရင်းနှီးသည့် ဗိုလ်ချုပ်များကို လက်ဆောင်ပေးလေ့ရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

“ဗိုလ်ချုပ်တွေမှာ နိုင်ငံခြားလုပ် ကမ္ဘာ့အကောင်းဆုံး သေနတ်တွေရှိတယ်။ ဗိုလ်ချုပ်တိုင်းမှာ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) က ထုတ်ထားပေးတဲ့ သေနတ်အပြင် သေနတ် တလက်မက ရှိတယ်”

“ဗိုလ်ချုပ်တွေမှာ နိုင်ငံခြားလုပ် ကမ္ဘာ့အကောင်းဆုံး သေနတ်တွေရှိတယ်။ ဗိုလ်ချုပ်တိုင်းမှာ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) က ထုတ်ထားပေးတဲ့ သေနတ်အပြင် သေနတ် တလက်မက ရှိတယ်” ဟုလည်း သူကပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနသည်သာ လက်နက်ခဲယမ်း တင်သွင်းခွင့်ရှိပြီး နိုင်ငံသားများ ပြည်ပမှ လက်နက်ဝယ်ယူခြင်းကို ပိတ်ပင်ထားသည်။

သို့သော် ခရိုနီများက ဗိုလ်ချုပ်များကို လက်ဆောင်ပေးရန် သို့မဟုတ် အမဲလိုက်ထွက်ရန် လက်နက်များ တင်သွင်းနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တခုက ပြောသည်။

“ဖြိုးကိုကိုတင့်ဆန်းဆီက သိမ်းဆည်းမိတဲ့သေနတ်တွေက အဲဒီလို တင်သွင်းထားတဲ့ လက်နက်တွေပဲ” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။

ထိုနည်းလမ်းသည် မြန်မာစစ်တပ်က ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်များကို လက်နက် တပ်ဆင်ပေးခဲ့စဉ်က အသုံးပြုသည့် နည်းလမ်းပင်

ဦးသိန်းစိန်အစိုးရလက်ထက် အားကစားဝန်ကြီး ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်တွင် သူ၏ကျောပိုးအိတ်အတွင်းမှ ပစ္စတို နှစ်လက်နှင့် ခဲယမ်းများသာမက မူးယစ်ဆေးများပါ တွေ့ပြီးနောက် ဖမ်းဆီးခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်မှ သူ၏ဟိုတယ်များ၊ ရုံးခန်းများ၊ နေအိမ်များကို ဆက်လက်ရှာဖွေသောအခါ သေနတ် အလက် ၂၀ ကျော် ထပ်မံသိမ်းဆည်းရမိသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဖြိုးကိုကိုတင့်ဆန်းကို ထောင် နှစ် ၃၀ ချမှတ်ခဲ့သည်။

မဘသဘုန်းကြီး ဝါသဝနှင့် သူ့နောက်လိုက် ပျူစောထီးများ

စစ်ကောင်စီမူဝါဒသစ်အရ စစ်ကောင်စီလိုလားသည့် ခါးပိုက်ဆောင်တပ်များ၊ လုံခြုံရေး အဖွဲ့အစည်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ပစ္စတိုများ၊ ရိုင်ဖယ်များနှင့် အော်တိုမက်တစ်သေနတ် ကိုင်ဆောင်ခွင့်ပါမစ်များ ထုတ်ပေးမည်ဖြစ်သည်။ ထိုနည်းလမ်းသည် မြန်မာစစ်တပ်က ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်များကို လက်နက် တပ်ဆင်ပေးခဲ့စဉ်က အသုံးပြုသည့် နည်းလမ်းပင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းများမှ ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် ပျူစောထီးအမည်ရှိ ခါးပိုက်ဆောင်တပ်များကို ဖွဲ့စည်းထားသည်။

စစ်တပ်ထောက်ခံသူများက ခုခံတော်လှန်ရေးအင်အားစုများကို တုံ့ပြန်ရန်အတွက် ၎င်းတို့ကို လက်နက်တပ်ဆင်ပေးရန် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲများတွင် လူသိရှင်ကြား တောင်းဆိုခဲ့ကြပြီး ယခုအခါ တောင်းဆိုမှုကို စစ်ကောင်စီက ဖြည့်ဆည်းပေးလိုက်ပြီဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံးတွင် ကြီးထွားနေသည့် ခုခံတိုက်ခိုက်မှု ခံနေရချိန်တွင် အရပ်သားများကို လက်နက် တပ်ဆင်ပေးသည့်လုပ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ဒီစီမံကိန်းက စစ်တပ်ထောက်ခံသူတွေကို လူသတ်ကွင်းကို တွန်းပို့တာပဲ။ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်တာတွေ ပိုမိုများပြားလာပြီး ပိုပြီးသွေးချောင်းစီးဦးမယ်” ဟု လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသော စစ်သားတဦးက ပြောသည်။

သေနတ်လိုင်စင်များ ထုတ်ပေးရာတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မြို့နယ်ပေါင်း ၃၇ မြို့နယ်မှ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်ထောက်ခံသူများကို ဦးစားပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပေါက်ကြားလာသော သတင်းများအရ သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း လက်နက်များသည် အရပ်ဘက် လူမှုအသိုက်အဝန်းအတွင်း အလုံးအရင်းနှင့် ရောက်နေပြီးဖြစ်သည်။ စစ်တပ်ထောက်ခံသူများက ခုခံတော်လှန်ရေးအင်အားစုများကို တုံ့ပြန်ရန်အတွက် ၎င်းတို့ကို လက်နက်တပ်ဆင်ပေးရန် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲများတွင် လူသိရှင်ကြား တောင်းဆိုခဲ့ကြပြီး ယခုအခါ တောင်းဆိုမှုကို စစ်ကောင်စီက ဖြည့်ဆည်းပေးလိုက်ပြီဖြစ်သည်။

အမည်ဆိုးကျော်ကြားသော အစွန်းရောက်အမျိုးသားရေးဝါဒီနှင့် USDP ပါတီဝင် ဦးလှဆွေက ၎င်းတို့ကိုထောက်ခံသူများအား လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်များ ထုတ်ပေးရန် စစ်ကောင်စီကို တောင်းဆိုခဲ့သည်။

စစ်ကောင်စီခန့်ဝန်ကြီးများက လက်နက်မည်သို့ ရရှိနိုင်မည်လဲဟု သူ့ကိုမေးမြန်းကြကြောင်း တွေ့ဆုံမေးမြန်းမှုများတွင် ၎င်းကပြောသည်။ သူသည် သေနတ် နှစ်လက် ကိုင်ဆောင်ရန် လိုင်စင်လျှောက်ထားမည်ဟုလည်း ပြောသည်။

“တကယ်တမ်းကျတော့ အုပ်ချုပ်ရေးမှူးအားလုံး၊ (စစ်ကောင်စီမဟာမိတ်) နိုင်ငံရေးသမားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမှာ သေနတ်တွေ ရှိနေပြီးသား။ အခုကျမှ သူတို့ကို လိုင်စင်လျှောက်ခိုင်းပြီး တရားဝင်အောင် လုပ်ပေးတာ” ဟု နေပြည်တော်မှ သတင်းရင်းမြစ်က ပြောသည်။

ခုခံတော်လှန်ရေး အမာခံဒေသ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီအရာရှိများ၊ ပျူစောထီးများနှင့် PDF များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

“စစ်သားတွေနဲ့ရဲတွေက ကင်းလှည့်တဲ့အချိန်မှ လာတာ။ ကျန်တဲ့အချိန်မှာ ရဲစခန်းတွေ၊ လုံခြုံရေးစခန်းတွေမှာပဲ နေကြတယ်။ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ထဲမှာ နေရတယ်။ ဒါကြောင့် သူတို့အတွက် လုံခြုံရေးအန္တရာယ်က ပိုမိုကြီးမားနေတယ်” ဟု နိုင်ငံရေးသမားတဦးက ပြောသည်။

သို့သော် အထက်ပါ မူဝါဒသစ်ကြောင့် စစ်ကောင်စီအတွက် ဖြစ်လာမည့် ဆိုးကျိုးတခုလည်း ရှိနေသည်။

မူဝါဒသစ်အရ သေနတ်ကိုင်ဆောင်ခွင့်ရသော နိုင်ငံသားများသည် လူတဦးလျှင် သေနတ် သုံးမျိုး ကိုင်ဆောင်ခွင့်ရမည် ဖြစ်သည်။ အစိုးရဝန်ထမ်းများကို သေနတ် သုံးမျိုးအပြင် အော်တိုမက်တစ် သေနတ်တလက်ပါ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်သည်။

“သူတို့ (စစ်တပ်ထောက်ခံသူတွေ) ရဲ့ လက်နက်တွေ လုယူခံရမယ့် အန္တရာယ်လည်း ရှိနေတယ်။ အရာရှိတွေက လက်နက်တွေယူပြီး ထွက်ပြေးမယ့် အန္တရာယ်လည်း ရှိနေတယ်” ဟု သပိတ်မှောက် ရဲအရာရှိတဦးက ပြောသည်။

သေနတ်လိုင်စင်သစ် လျှောက်ထားသူများသည် ရပ်ကွက်အုပ်ချုပ်မှူးများ၊ ဒေသရဲစခန်းတို့တွင် စတင် လျှောက်ထားရမည် ဖြစ်သောကြောင့် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့နယ်မြေများတွင် မည်သူ့ထံတွင် သေနတ်ရှိကြောင်း သိမည်ဖြစ်သည်။

မူဝါဒသစ်အရ သေနတ်ကိုင်ဆောင်ခွင့်ရသော နိုင်ငံသားများသည် လူတဦးလျှင် သေနတ် သုံးမျိုး ကိုင်ဆောင်ခွင့်ရမည် ဖြစ်သည်။ အစိုးရဝန်ထမ်းများကို သေနတ် သုံးမျိုးအပြင် အော်တိုမက်တစ် သေနတ်တလက်ပါ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်သည်။

ခဲယမ်းများကိုလည်း ထုတ်ပေးမည်ဖြစ်သည်။ မူဝါဒသစ်အရ ပစ္စတိုတလက်အတွက် ကျည်ဆန် ၅၀ နှင့် အော်တိုမက်တစ် သေနတ်တလက်အတွက် ကျည်ဆန် ၁၀၀ ထုတ်ပေးမည်ဖြစ်သည်။ မှန်ပြောင်းနှင့် အသံတိတ် ကိရိယာများကို မူဝါဒသစ်တွင် ခွင့်ပြုမထားပေ။

အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း ဦးကျော်ဇေယျက သူ၏ Facebook စာမျက်နှာတွင် “ဒီအရွယ်ရောက်မှ သေနတ် ပြန်မကိုင်ချင်တော့ဘူး။ တယောက်ယောက်က ကျနော့်ကို လာသတ်ရင်လည်း သေရမှာပဲ” ဟု ရေးသားခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
78
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
93

“ပြည်သူတွေကို ကာကွယ်ရမှာ မြန်မာစစ်တပ်ရဲ့တာဝန်ပဲလေ” ဟုလည်း သူကဆက်လက် ရေးသားသည်။

စစ်တပ်အတွက် လောဘီလုပ်ပေးနေသူများက ရာအိမ်မှူးအဆင့်အထိကိုပင် လက်နက်တပ်ဆင်ပေးရန် တောင်းဆိုနေကြသည်။

အစွန်းရောက်အမျိုးသားရေး ဗုဒ္ဓဝါဒီ မဘသသည် စစ်ထောက်ကို ထောက်ခံသူများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာမဟုတ်သူများကို တိုက်ခိုက်ရန်အတွက် သေနတ်သစ်များကို အသုံးပြုမည်ကိုလည်း စိုးရိမ်နေရသည်။ သေနတ်များကြောင့် ရာဇဝတ်မှုများ တိုးလာမည်ကိုလည်း စိုးရိမ်ရသည်။

စစ်အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် လက်နက်မှောင်ခိုဈေးကွက်တွင် လက်နက်တန်ဖိုးများ အနည်းဆုံး ငါးဆ တက်လာကြောင်း လက်နက်ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။

“စစ်တပ်က လိုင်စင်တွေ ထုတ်ပေးလိုက်ရင် ဈေးကထပ်တက်ဦးမယ်” ဟုလည်း အဆိုပါကျွမ်းကျင်သူက ပြောသည်။

လက်နက်ထုတ်လုပ်သော ကုမ္ပဏီများ တည်ထောင်ခြင်းကိုလည်း တရားဝင်အောင် စစ်ကောင်စီက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလိုလားသော မီဒီယာသို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မြန်မာစစ်တပ် လက်နက်ခဲယမ်း စက်ရုံများသည် ပစ္စတိုနှင့် ကျည်ဆံများကို ထုတ်လုပ်နိုင်ပြီး အမှာစာအတိုင်း ထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်လည်းရှိကြောင်း သပိတ်မှောက် စစ်သားဟောင်းတဦးက ပြောသည်။

လက်နက်ထုတ်လုပ်သော ကုမ္ပဏီများ တည်ထောင်ခြင်းကိုလည်း တရားဝင်အောင် စစ်ကောင်စီက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလိုလားသော မီဒီယာသို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် သေဆုံးသည့် အရပ်သားအရေအတွက် ၃,၀၀၀ ကျော်ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသူများအား လက်နက်ထုတ်ပေးမည့် မူဝါဒသစ်ကြောင့် အရပ်သားများ နောက်ထပ်သေဆုံးမည့် အလားအလာရှိနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myanmar Junta’s New Policy of Arming its Supporters Will Lead to More Bloodshed ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ခရမ်းတွင် အုပ်ချုပ်ရေးမှူးများ သတ်ခံနေရ၍ ကျေးရွာများ၌ပါ ဆိုင်ကယ်စီးခွင့် ပိတ်

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

လုပ်ကြံသတ်ဖြတ်ခံရမှာ NLD အဖွဲ့ဝင်များ ကြောက်လန့်နေရ

ဒေါ်လာမူဝါဒအသစ် ဝေဖန်မှုမြင့်တက်နေချိန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပစ်သတ်ခံရ

Your Thoughts …
Tags: CDMEAOsNLDPDFsUSDPကပစခုခံတော်လှန်ရေး အင်အားစုခါးပိုက်ဆောင်တပ်စစ်ကောင်စီစစ်အာဏာသိမ်းမှုစစ်အုပ်ချုပ်ရေးစီးပွားရေးလုပ်ငန်းရှင်ပစ္စတိုပျူစောထီးပြည်ထဲရေးဝန်ကြီးဌာနဖြိုးကိုကိုတင့်ဆန်းမဘသရာဇဝတ်မှုရိုင်ဖယ်လက်နက်ခဲယမ်းလက်နက်ဥပဒေလုပ်ကြံသတ်ဖြတ်မှုသေနတ်လိုင်စင်အုပ်ချုပ်ရေးမှူးအော်တမက်တစ်သေနတ်ဦးကိုနီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာစစ်ဗိုလ်များကို ပုစွန်ဦးနှောက်နှင့်ဟု ပြောလျှင်လွန်အံ့မထင်ပါ

ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

ဒေါ်အောင်ဆန်းစုကြည် နောက်ခံဓာတ်ပုံနှင့် ငယ်ရွယ်သော နိုင်ငံရေးသမား ဘဝတုန်းက ဦးဖြိုးမင်းသိန်း

စစ်ကောင်စီဘက်မှ သက်သေလိုက်ခဲ့သည့် ဦးဖြိုးမင်းသိန်း ဒဏ်ငွေ ကျပ် ၁ သိန်းနှင့် အမှုပြီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved