• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နာမည်ဆိုးနဲ့ ကျော်တဲ့ အိုးဘိုးထောင်

by ဧရာဝတီ
11 March 2023
in ဆောင်းပါး
A A
မန္တလေး ဗဟို အကျဉ်းထောင်

မန္တလေး ဗဟို အကျဉ်းထောင်

3.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဟာ အဖမ်းခံရသူတိုင်းအတွက် နှိပ်စက်ညှဉ်းပန်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေနဲ့ ပြည့်နေတဲ့ လူ့ငရဲခန်းလို့တောင် ခိုင်းနှိုင်းလို့ရလောက်အောင် ပါပဲ။

ဒီလို လူ့ငရဲခန်းလို့ တင်စားရတဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ နှစ်သောင်း ဝန်းကျင်အထိ အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၆,၀၀၀ ကျော်ဟာ အခုထိ မလွတ်မြောက်သေးပါဘူး။

ဒီအထဲမှာမှ နွေဦး တော်လှန်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ပါခဲ့တဲ့ အမျိုးသမီး သုံးထောင်ဝန်းကျင် လောက်ဟာလည်း ဖမ်းဆီးအကျဉ်းချ နှိပ်စက်ခံနေရပါတယ်။

ဒီလိုအကျဉ်းထောင်တွေထဲမှာမှ အိုးဘိုထောင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၇ရက်က ကျောင်းသား သမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရတဲ့ (7 July) နှစ်ပတ်လည်နေ့ ဖြစ်တာ ကြောင့် နိုင်ငံရေး အကျဉ်းသားတချို့ အာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေ သီဆိုကြရာက ထောင်အာဏာပိုင်တွေဟာ ညတွင်းချင်းဆိုသလို သီချင်းဆိုတဲ့သူတွေကို ခြင်းကွင်းထဲမှာ ဆွဲထုတ်ကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့အတွက် အကျဉ်းသား ၅ဦးလောက်ဟာ လမ်းမလျှောက်နိုင်တာကြောင့် ချိုင်းနှစ်ဖက်ကနေ မပြီး တိုက်ထဲဆွဲထည့်ခဲ့တဲ့ မြင်ကွင်းကို မျက်မြင်ကိုယ့်တွေဖြစ်တဲ့ ကိုအဂ္ဂက အခုလိုပြောပါတယ်။

“မနက်ခင်း မိုးလင်းလို့ ခြင်းကွင်းကို သွားကြည့်တဲ့ အခါမှာ သွေးတွေ ရွှဲနေတာ။ ခြင်းကွင်း တကွင်းလုံး သွေးတွေနဲ့ ပြည့်နေတာ နီရဲနေတာမြင်ခဲ့ရတယ်”လို့ သူက ဆိုပါတယ်။

အတော်များများကတော့ သွေးစက်လက်နဲ့ လမ်းတွဲလျှောက်ပြီး တိုက်ပိတ်ခံရတာလည်း ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ အာဏာ သိမ်းပြီးနောက် အိုးဘိုထောင်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေထဲက တခုပါ။

ရှေ့နေ ဒေါ်ဇင်မာ (အမည်လွှဲ) က “မန္တလေး အိုးဘိုးထောင်က အဖိနှိပ်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံး လူမဆန်တဲ့ လုပ်ရပ်တွေကို အလုပ်ဆုံးထောင်” လို့ ဆိုပါတယ်။

ရှေ့နေတယောက်အနေနဲ့ ဘာကြောင့်ဒီလို ကောက်ချက်စကားဆိုရလည်း မေးရင်သူ့အမှုသည်တွေရဲ့ ပြန်ပြောင်းပြော ပြချက်တွေအပြင် ကိုယ်တိုင်လည်း ထောင်တွင်းတရားရုံးမှာ သေနတ်နဲ့ ချိန်ခံရတာ၊ မျက်စေ့ရှေ့မှာတင် သေနတ်ဖောက် လို့ ဝပ်နေရတာစတဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သေနတ်နဲ့ အချိန်ခံရတဲ့ နေ့ကဆိုရင် ထောင်တွင်းတရားရုံးအနေနဲ့ သတ်မှတ်ထားတဲ့ အိုးဘိုထောင်တွင်းက အခန်း ကျဉ်း လေးတခုမှာ တရားသူကြီး၊ ရှေ့နေ၊ အကျဉ်းသား၊ ထောင်ဝန်ထမ်းတွေအပြည့်နဲ့ လူရာချီထိုင်ပြီး ဆက်တိုက်စစ်ဆေးနေ တာကြောင့် ပူလောင်တဲ့ ရာသီဥတုမှာ ခြေကျင်းတွေ ခတ်ထားတဲ့ အကျဉ်းသားတွေဟာ နေရာအပြောင်းအရွှေ့လုပ်ချင်လို့ ထောင်ဝန်ထမ်းတွေကို ပြောရာကနေ အခြေအတင် ဖြစ်ရာက စခဲ့တာလို့ ဆိုပါတယ်။

အဲဒီခဏအတွင်းမှာပဲ ထောင်ဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်လာတာကြောင့် ရှေ့နေတွေရော၊ တရား သူကြီးတွေပါ မြေပြင်မှာ ပြားနေအောင် ဝပ်ထားရသလို ပစ်နေရင်းလည်း မသေချင်ဝပ်နေဆိုတဲ့ စကားကို ပဲ့တင်ထပ် ကြိမ်းမောင်းနေသလို သေနတ်သံကလည်း တဒိန်းဒိန်း ကြားနေရတယ်လို့ ရှေ့နေ ဒေါ်ဇင်မာက ဆိုပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

“ဘုန်းကြီးကိုလည်း အရင်က ဘုန်းကြီး၊ အခု မင်းက အကျဉ်းသား ဖြစ်နေပြီ၊ ပါးစပ်ပိတ်ဆိုပြီး နားထင်ကို သေနတ်နဲ့ ချိန်တာ” လို့လည်း သူမြင်ရတဲ့ မြင်ကွင်းကို အသေးစိတ် ပြန်ပြောင်း ပြောပြပါတယ်။

အိုးဘိုထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်တဲ့ အခါတိုင်းပဲဖြစ်ဖြစ်၊ ပဋိပက္ခဖြစ်တဲ့ အခါတိုင်းပဲဖြစ်ဖြစ် အမျိုးသား၊ အမျိုးသမီး မရွေး ရိုက်နှက် အင်အားသုံး ဖြိုခွင်းတာဟာ အိုးဘိုထောင်ရဲ့ အလေ့အထတောင် ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းကလည်း ဆိုးရွားလှတဲ့ အဖြစ်အပျက်တခု အိုးဘိုထောင်မှာ ထပ်ဖြစ်ခဲ့ ပြန် ပါတယ်။

အိုးဘိုအကျဉ်းထောင်ထဲက အမျိုးသမီးအိပ်ဆောင်ထဲကို ထောင်ဝန်ထမ်းနဲ့ ထောင်ကျတန်းစီး အများအပြားက ဝင်ရောက် ရိုက်နှက်လို့ နိုင်ငံရေး အကျဉ်းသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂၀ ကျော်ခန့်က ဒဏ်ရာပြင်းပြင်း ထန်ထန် ရရှိခဲ့တာပါ။

ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွေမှာ အမျိုးသမီးအကျဉ်းသူ တချို့ စကားများ ရန်ဖြစ်တာကို ထောင်အာဏာပိုင်တွေ က ပြေလည်အောင် မဖြေရှင်းပေးဘဲ အမျိုးသမီး အိပ်ဆောင် ၁နဲ့ အိပ်ဆောင် ၂ က အကျဉ်းသူတွေကို ထောင်ဝန်ထမ်း တွေနဲ့ စည်းကမ်းထိန်း အကျဉ်းသား အမျိုးသား ၁၅၀ လောက်က သံတုတ်တွေ၊ ဝါးဆစ်ပိတ်တွေ၊ လောက်လေးခွတွေ သုံးပြီး အပြင်းအထန် ဝင်ရောက် အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။

ဒီလို ရိုက်နှက်ရုံသာမက၊နိုင်ငံရေး အကျဉ်းသူတွေ ဝတ်ထားတဲ့ အင်္ကျီတွေကို ဆွဲဖြဲတာ၊ ပုဆိုးလှန်ပြတာ၊ ရေနွေးပူနဲ့ ပက်တာ၊ အစားအသောက်နဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေပါ လုပ်ခဲ့သလို ထောင်တွင်းနှိပ်စက်မှုခံခဲ့ရတဲ့ အမျိုးသမီး အကျဉ်းသူအချို့ကိုလည်း သာယာဝတီ၊ တောင်ငူ၊ မကွေးနဲ့ မြင်းခြံထောင်တွေကို မိသားစုကိုတောင် အသိပေးတာမျိုး မရှိဘဲ ပြောင်းရွှေ့ခဲ့ပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ သတင်းတွေကို အမှောင်ချ ဖြတ်တောက်ထားပေမယ့် စစ်ကောင်စီလက်ပါးစေတွေရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေက ကြာကြာဖုံးမထားနိုင်ဘဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကိုဇေယျာသော်နဲ့ ကိုဂျင်မီတို့ သေဒဏ်ပေးခဲ့တာတွေနဲ့ ရှစ်လေးလုံး ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ တွေမှာ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲတွေ လုပ်ခဲ့တုန်းကလည်း ဒီလိုပဲ ဖိနှိပ်ရိုက်နှက် နှိပ်စက်မှုတွေ ရှိခဲ့ပါတယ်။

၈ လေးလုံး လူထုအုံကြွမှု ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ သြဂုတ်လ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ရှိတဲ့ အဆောင် တခုလုံး အစာမစားဘဲ ဆန္ဒပြတာကြောင့် နောက်ရက်မှာ ထမင်းမကျွေးဘဲ အငတ်ထားခဲ့ရာ ဒါကြောင့် ထမင်းတောင်း ရာကနေ ပဋိပက္ခဖြစ်ခဲ့လို့ နိုင်ငံရေး အကျဉ်းသားလူငယ် ၁၀ ယောက်ကို တိုက်ပိတ်ခဲ့ပြီး နှစ်ယောက်က အရိုက်ခံရလို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထောင်တွင်းနီးစပ် သူတွေဆီက သိရပါတယ်။

ပြီးခဲ့နှစ်ရဲ့ ဇွန်လ ၅ ရက်နေ့ ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ထားတဲ့ အမျိုးသားဆောင်မှာ ထောင်ဝန်ထမ်းတွေက သံတုတ်ကိုင်ပြီး ရိုက်နှက်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အိုးဘိုထောင်ထဲမှာ ဒီလိုရိုက်နှက် နှိပ်စက်မှုတွေတင်မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကလည်း ဆက်တိုက် ဖြစ်နေပြန်ပါတယ်။

ညစ်ညမ်းတဲ့စကားတွေ ပြောဆိုတာ၊ လိင်ပိုင်းဆိုင်ရာထိတွေ့မှုအတွက် တောင်းဆိုမှုတွေ လုပ်တာ၊ လူတဦးရဲ့ လိင်ပိုင်း ဆိုင်ရာ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး စော်ကားတာ၊ ပုဆိုးလှန်ပြတာ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစကားလုံးတွေ သုံးပြီး ဆဲရေး တိုင်းထွာတာတွေကို အိုးဘိုးအကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူရော၊ အကျဉ်းသားပါ မကျန်ရင်ဆိုင် ကြုံတွေ့နေရတာပါ။

အဲဒီလိုနှုတ်နဲ့ စော်ကားတာတွေတင်မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကာယကံမြောက် ကျူးလွန်တာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ကို ပွတ်သပ်တာ၊ အကျဉ်းသားရဲ့ မသင့်လျော်တဲ့နေရာကို ကိုင်တွယ်တာ လိုမျိုးတွေ ကို လုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။

အကျဉ်းထောင် လက်စွဲဥပဒေမှာ အမှုရင်ဆိုင်နေရဆဲ အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်မှာ ထားရှိရာမှာ အလုပ် မခိုင်းရဘူးလို့ ပြဋ္ဌာန်းထားပေမယ့် အမှုရင်ဆိုင်နေဆဲ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း အလုပ်ကြမ်းခိုင်းတာ၊ ဆေးကု သခွင့်မပေးတာ၊ အစားအသောက်တွေကို ကောင်းကောင်းမွန်မွန် မကျွေး တာစတဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက် မှုတွေ ကလည်း အိုးဘိုထောင်မှာ နေ့စဉ် ဆိုသလို ရှိနေပါတယ်။

အမှုရင်ဆိုင်ဆဲ အကျဉ်းသူတွေကိုတောင် ပန်းရံလုပ်ခိုင်း တာတွေ၊၊ ဘိလပ်မြေ အိတ်တွေ သယ်ခိုင်းတာတွေ၊ အဆောင်ကို ထုံးသုတ်ခိုင်းတာ၊ ကျောက်ပြားသယ်ခိုင်းတာစတဲ့ အလုပ်ကြမ်း အမျိုးမျိုးကို ခိုင်းစေမှုတွေ ရှိနေတယ်လို့ ထောင်တွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

“အကျဉ်းသားအခွင့်အရေး ဆိုတဲ့ စာအုပ်လေးကိုင်ပြီး ပြောတာတောင်မှ အကျဉ်းသားအခွင့်အရေး ဆိုတာ အဲ့ဒီ စာအုပ်ထဲမှာပဲ ရှိတယ်လို့ သူတို့ ပါးစပ်က ကိုယ်တိုင်ပြောတာ” လို့ ကိုအဂ္ဂက ဆိုပါတယ်။

အိုးဘိုထောင်မှာ ထောင်တွင်းနှိပ်စက်မှုတွေ၊ အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏ လုပ်နေသလို အကျဉ်းသားတွေ အကြောင်းအမျိုးမျိုးနဲ့ မကြာခဏ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဆေးဝါးလုံလောက်စွာ ကုသခွင့် မပေးတာလား၊ နှိပ်စက်ခံရလို့ သေဆုံးတာလား ဆိုတာကိုတော့ သတင်းအမှောင်ချ ထားတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိပေမယ့် သေဆုံးမှုတိုင်းကိုလည်း ရောဂါတမျိုးမျိုးကြောင့် သေဆုံးတာလို့ အကျဉ်းထောင်ဘက်ကနေ ထုတ်ပြန်တတ်ပါတယ်။

ဒါပေမယ့်လည်း လူသိရှင်ကြားထုတ်ပြန်တာမျိုး မဟုတ်ဘဲ မိသားစုကို တိတ်တဆိတ် ခေါ်ယူပြောပြတာမျိုးပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ နိုင်ငံရေး အကျဉ်းသား ၂ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားပါသေး တယ်။ ၅၀၅ နဲ့ ဖမ်းဆီးခံရတဲ့ လူငယ်နိုင်ငံရေး အကျဉ်းသား ၁ ဦးဟာ လဆန်းပိုင်းက နှလုံးရောဂါနဲ့ သေဆုံးသွားသလို နောက်တပတ် ကျော်မှာ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်း ၁ ဦးဟာ ကျောက်ကပ် ဝေဒနာနဲ့ သေဆုံးသွားတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ဆိုပါတယ်။

ရောဂါ ဝေဒနာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးကုသခွင့် မပေးတဲ့ ပြဿနာတွေက ၁ ကြိမ် ၁ ခါတည်း မဟုတ်ပါဘူး။ဖုံးကွယ်ထားပေမယ့်လည်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၇ ရက်နေ့ကလည်း အိပ်ဆောင် ၃ က နိုင်ငံရေး အကျဉ်းသား ၁ ဦး အရေးပေါ် ဆေးကုသမှု လိုအပ်နေတာကို လျစ်လျူရှူထားခဲ့လို့ ဆုံးပါးခဲ့ရပါသေးတယ်။

ဒီလို အဖြစ်အပျက်တွေကို သတင်းအမှောင်ချ၊ ဖုန်းကွယ်ဖို့အတွက် ထောင်ဝင်စာပိတ်တာ၊ ရုံးချိန်းပေးမတက်တာ၊ ရှေ့နေနဲ့ ပေးမတွေ့တာ၊ မိသားစုနဲ့ စာပေးစာယူတောင် ဆက်သွယ်ခွင့် မပြုတာတွေကို မကြာခဏ ပြုလုပ်လေ့ရှိပေမယ့် အိုးဘို ထောင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ရပ်မှန်တွေကို ကြာကြာဖုံးကွယ်ထားလို့ မရပါဘူး။

သတင်းထွက်ပေါ်မလာတဲ့ နှိပ်စက်ညှည်းပန်းမှုတွေ၊ ရိုက်နှိက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ပြီး ဆေးကုသခွင့် မပေးတာ၊ တိုက်ပိတ်ခံရတာတွေနဲ့ လက်စဖျောက်ခံရတဲ့ အဖြစ် အပျက်တွေဟာ အမြဲလိုလို ဖြစ်ပျက်နေတယ်လို့ ဧရာဝတီက ဆက်သွယ်ရရှိထားတဲ့ အိုးဘိုထောင် ရောက်ဖူးသူတိုင်းက အတည်ပြု ပြောပြကြပါတယ်။

ဒီအဖြစ်အပျက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းရော၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လျစ်လျူရှူထားတာကြောင့် လည်း ပိုပို ဆိုးရွားလာတယ်လို့ ရှေ့နေတဦးက ဆိုပါတယ်။

“အကျဉ်းဦးစီး၊ ရဲ ဒါတွေကို မြင်တဲ့ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေ၊ ဒါတွေ အားလုံးက မျက်ကွယ်ပြုနေကြတော့ ပိုပိုပြီး ရဲတင်းလာတာ။ ကျမတို့က အသံမထွက်ဘူး။ ဖိနှိပ်ခံရတာတွေကို ပြောပြခွင့်မရှိဘူး။ ဘာတွေ ဖိနှိပ်နေလဲ မသိ ရတော့ဘူး။ နိုင်ငံတကာကလည်း ဖိအားမပေးနိုင်ဘူး”လို့ သူက ဆိုပါတယ်။

ဒီလို လျစ်လျူရှူထားတာကြောင့် ထောင်ဝန်ထမ်းတွေအတွက် အကျဉ်းသားတွေကို နှိပ်စက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေဟာ သာမန်အလေ့အထလိုတောင် ဖြစ်လာပါတယ်။

“ငါတို့ လုပ်ချင်သလောက် လုပ်၊ သူတို့ပဲ သေမှာ။ ငါတို့ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးချိုးပြီးတော့ တောက်လျှောက် ဖိနှိပ်တာ”လို့ ရှေ့နေက ဆိုပါတယ်။

အာဏာသိမ်းခံရပြီးကတည်းက နိုင်ငံတဝှမ်း အဖြစ်အပျက်တွေဟာ ဆိုးရွား ပြင်းထန်နေ တာကြောင့်လည်း ထောင်တွင်းမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို လူတွေက အာရုံ မစိုက်နိုင်တော့သလို အာဏာရှင်တွေကြောင့် ထောင်တွင်း အဖြစ်အပျက်တွေကို ကုစားစရာ နည်းလမ်းလည်း ရှိမနေခဲ့ပါဘူး။

တခုတည်းသော နည်းလမ်းက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု ဖြစ်ပေမယ့်လည်း နိုင်ငံတကာကလည်း မျက်ကွယ်ပြုထားတာကြောင့် ဒီအခြေအနေတွေဟာ ပိုပြီးဆိုးရွားလာဖို့ပဲ ရှိနေပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံ အကျဉ်းသားတွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး ရှေ့နေတဦးက “လူပေါင်း ရာကျော်တဲ့ အမျိုးသမီးတွေကို အမျိုးသား ဝန်ထမ်းတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ပြီးတော့ ရိုက်နှက်တယ် ဆိုတာက အရင်ဖြစ်စဉ်တွေကို မျက်ကွယ်ပြုခဲ့လို့ပဲ။ သူတို့သည် ရဲတင်းလာတာ။ ဒီထက်ပိုဆိုးတဲ့ ဖြစ်စဉ်တွေ ထပ်ဖြစ်လာဖို့ပဲ ရှိတယ်။ ကျမတို့တွေ များများ အသံထွက်ဖို့ လိုတယ်” လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လို နိုင်ငံတကာအဖွဲ့များက မြန်မာနိုင်ငံရှိ ထောင်များကို လေ့လာ သုံးသပ်တဲ့ လုပ်ငန်းစဉ်တွေ ပြန်လည် လုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု အခြေအနေအမှန် တွေကို သိရှိနိုင်ဖို့ ဒီလိုနိုင်ငံတကာအဖွဲ့တွေအနေနဲ့ကလည်း ဝင်ရောက် စစ်ဆေးမှုတွေ လုပ်နိုင်ဖို့၊ အာဏာသိမ်း စစ်ကောင်စီကို ထပ်မံ ဖိအားပေးဖို့ အကျဉ်းသား မိသားစုတွေနဲ့ ထောင်တွင်း နီးစပ်သူတွေက ICRC ကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ကာ အကျဉ်းကျခံနေရသူများ နှင့် မိသားစုဝင်များ တွေ့ဆုံခွင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အကျဉ်းထောင်များတွင်း သတင်းအမှောင်ချကာ တရားလက်လွတ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်နေမှုများကို အပြင်းအထန် ရှုတ်ချ ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများ၊ မြန်မာ့နိုင်ငံရေး အခြေ အနေ မှတ်တမ်းယူစောင့်ကြည့်နေသော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် အိမ်နီးချင်း အာဆီ ယံ နိုင်ငံများအနေနှင့်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ၏ အခြေအနေအမှန်ကို သိရှိခွင့်ရရန် တောင်းဆို ရမည့်အပြင် ထိုသို့ ကြီးမား ကျယ်ပြန့်စွာ ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ်အရေးယူကြပါရန် တိုက်တွန်းထားပါတယ်။

You may also like these stories:

အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်/ကျဉ်း ၄ ဦး တိုက်ပိတ်ခံထားရ

မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြသူ ၃၀ ကျော် စစ်ဆေးခံနေရ

နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ

အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ

ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု

Your Thoughts …
Tags: ညှဉ်းပန်းနှိပ်စက်၊ စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှုများအကျဉ်းသားအိုးဘိုထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

by ဧရာဝတီ
4 October 2023
3.3k

ထားဝယ်မြို့နှင့် ရှစ်မိုင်ခန့်အကွာ ဇီးကျရွာအနီး၌ ရာဘာထင်း များကို သယ်ဆောင်ရန်အတွက် ခေါ်ဆောင်ခြင်းခံရသူများဖြစ်ကာ၊ ၎င်းတို့နှင့်အတူ အကျဉ်းထောင်ဝန်ထမ်း၂ ဦးလည်း လိုက်ပါခဲ့ကြောင်း

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

by ဧရာဝတီ
22 December 2023
2.9k

စစ်ရေးပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီနှင့် ရဲများ တပ်စွဲခြေကုပ်ယူထားပြီး ခံတပ်သဖွယ်အသုံးချနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

by မိုးသောက်
19 August 2024
2.1k

စစ်ကောင်စီက လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချထားတဲ့ ပြည်သူလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေဟာ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီးမှာ လွတ်မြောက်လာခဲ့ပါတယ်။

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

by ဧရာဝတီ
27 January 2025
1.6k

လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း

ရက်စက်လွန်းတဲ့ စစ်ကောင်စီ လုပ်ရပ် (ရုပ်/သံ)

ရက်စက်လွန်းတဲ့ စစ်ကောင်စီ လုပ်ရပ် (ရုပ်/သံ)

by ဧရာဝတီ
9 May 2025
1.2k

မန္တလေးအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ အိုးဘိုအကျဉ်းထောင်ဟာလည်း ထိခိုက်ပျက်စီးမှုထဲပါဝင်ခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးဟာ သန္ဓေသားနဲ့အတူ သေဆုံးသွားခဲ့ရပါတယ်။

Next Post
အိမ်ကို စွန့်ခွာရတာ ကျနော်တို့ မလုပ်ချင်ဆုံး အရာတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ ရှင်သန်ဖို့လိုတယ်။

ပိုမိုကြီးမားသောတာဝန်အတွက် လွတ်မြောက်မှုစစ်ဆင်ရေး

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ နန့်စပိန်းမှော်လုံရှိ သာသနာ့ပိုင်မြေ ကျောင်းဝင်း / CJ

ဖားကန့်၌ သာသနာ့မြေတွင် ကျောက်စိမ်းတူးသဖြင့် ကန့်ကွက်မှုများဖြစ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved