• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာစစ်တပ်နှင့် ပတ်သက်မှု ရှိ မရှိ စင်ကာပူကုမ္ပဏီ ECT ပြန်သုံးသပ်နေ

by ဧရာဝတီ
4 March 2021
in စီးပွားရေး
A A
တပ်မတော်က ငှားရမ်းထားသော မြေပေါ်တွင် Golden City ဟု ခေါ်သော စီးပွားရေးနှင့် လူနေအိမ်ရာ စီမံကိန်းတခုကို ETC တည်ဆောက်နေသည်

တပ်မတော်က ငှားရမ်းထားသော မြေပေါ်တွင် Golden City ဟု ခေါ်သော စီးပွားရေးနှင့် လူနေအိမ်ရာ စီမံကိန်းတခုကို ETC တည်ဆောက်နေသည်

11.5k
VIEWS
Share on FacebookShare on Twitter

မြန်မာအစိုးရ ဝန်ကြီးဌာနများ၊ ဌာနများနှင့် ၎င်း၏ စာချုပ်များကို လွတ်လပ်သော ပြန်လည်သုံးသပ်မှုတခု ပြုလုပ်စဉ်အတွင်း ရှယ်ယာများ ရောင်းဝယ်မှုကို ရပ်ဆိုင်းထားရန် စင်ကာပူနိုင်ငံမှ အိမ်ခြံမြေဖွံ့ဖြိုးရေး ကုမ္ပဏီတခုဖြစ်သည့် Emerging Towns & Cities (ETC) ကုမ္ပဏီက မတ်လ ၂ ရက်နေ့ ညတွင် မေတ္တာရပ်ခံလိုက် သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် တိုင်းပြည်မှ ရွေးကောက်တင်မြှောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခဲ့သော မြန်မာ့တပ်မတော်နှင့် ဆက်စပ်မှုရှိကြောင်း တက်ကြွလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုနေသည့် ကုမ္ပဏီများတွင် ETC လည်း အပါအဝင် ဖြစ်သည်။

မြန်မာ့တပ်မတော်က ငှားရမ်းထားသော မြေပေါ်တွင် Golden City ဟု ခေါ်သော စီးပွားရေးနှင့် လူနေအိမ်ရာ စီမံကိန်းတခု တည်ဆောက်နေသည့် ETC ကုမ္ပဏီအား ပြီးခဲ့သည့်အပတ်တွင် စင်ကာပူ စတော့အိတ်ချိန်းက စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်သည့် Justice for Myanmar ၏ အစီရင်ခံစာတွင် Golden City သည် တပ်မတော်သို့ ဒေါ်လာ သန်းပေါင်းများစွာ လမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း ပြောကြားထားသည်။

ETC က လက်အောက်ခံကုမ္ပဏီ တခုမှတဆင့် Golden City စီမံကိန်းတွင် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း အတွက် အမေရိကန် ဒေါ်လာ ၂၄.၉ သန်း (စင်ကာပူ ဒေါ်လာ ၃၃.၁၄ သန်း) ပေးခဲ့သည်။ စီမံကိန်းသည် သက်တမ်းတိုးခွင့်များ အပါအဝင် စုစုပေါင်း နှစ် ၇၀ လုပ်ကိုင်ခွင့် ရရှိပြီး သက်တမ်းပြည့်လျှင် စီမံကိန်းတခုလုံးကို မူလ မြေရှင်ဖြစ်သည့် တပ်မတော် စစ်ထောက်ချုပ်ရုံးသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
144
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

“ဘုတ်အဖွဲ့က ၎င်းရဲ့ ဝန်ထမ်းတွေ အထူးသဖြင့် မြန်မာနိုင်ငံက ဝန်ထမ်းတွေရဲ့ ဘေးကင်း လုံခြုံမှုကို သတိထားပါတယ်။ ကုမ္ပဏီ အပေါ်မှာ စွပ်စွဲထားတဲ့ မရေရာတဲ့ အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပိုမိုပြီး ရှင်းလင်းပြတ်သားအောင် လုပ်ဆောင်ပေးဖို့ ကတိပြုပါတယ်” ဟု ETC က မတ်လ ၂ ရက်နေ့တွင် ပြောသည်။

ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှယ်ယာပိုင်ရှင် အားလုံးကို အာမခံချက် ပေးနိုင်ရေး မြန်မာအစိုးရသို့ စာချုပ်စာတမ်းများအရ ပေးရန်ရှိသည်များနှင့် မကြာသေးမီ နှစ်များအတွင်းက စတင်ဆောင်ရွက်ခဲ့သည့် ရန်ပုံငွေရှာဖွေခြင်းများကို ပြန်လည်သုံးသပ်ရန် လွတ်လပ်သော ပညာရှင်တဦးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ETC က ပြောသည်။

ရှာဖွေတွေ့ ရှိမှု တစုံတရာ ရှိလာသည့်အချိန်တွင် ကုမ္ပဏီက လိုအပ်သလို ကြေညာချက်များ ထုတ်ပြန်ပေးသွားမည်ဟုလည်း ပြောသည်။

ရှယ်ယာ ရောင်းဝယ်မှုကို ရပ်ဆိုင်းထားရန် ကုမ္ပဏီက မိမိသဘော ဆန္ဒအလျောက် တောင်းဆိုခြင်းသည် ကုမ္ပဏီ အစိတ်အပိုင်းတွင် အမှားအယွင်း တစုံတရာ ဖြစ်ခဲ့သည်ဟု အဓိပ္ပါယ် မကောက်ယူသင့်ကြောင်း၊ ကုမ္ပဏီ၏ အစုရှယ်ယာများ စနစ်တကျ ရောင်းဝယ်မည့် ရှယ်ယာရှင်များအတွက် အရေးကြီးသော သတင်းအချက်အလက်များ သေချာစေရန် အတွက်သာ ဖြစ်ကြောင်း ETC က ရှင်းလင်းဖော်ပြခဲ့သည်။

Catalist (စင်ကာပူ စတော့ အိတ်ချိန်း) တွင် စာရင်း သွင်းထားသော ETC ကုမ္ပဏီ၏ ရှယ်ယာများ ရောင်းဝယ်ခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည်။

You may also like these stories:

ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ

စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ

ဩစတြေးလျ ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ ပြန်ရုတ်

တိုယိုတာ စက်ရုံသစ်ဖွင့်ရန် အစီအစဉ် ဆိုင်းငံ့

Your Thoughts …
Tags: Emerging Towns & Cities (ETC)စင်ကာပူစစ်ထောက်ချုပ်ရုံးစစ်အာဏာသိမ်းမှုမြန်မာ့တပ်မတော်အိမ်ခြံမြေဖွံ့ဖြိုးရေး ကုမ္ပဏီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုနည်းများ ဆောင်ရွက်နေစဉ်  / MRCS

စေတနာ့ဝန်ထမ်းများကို ပစ်မှတ်မထားရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ထုတ်ပြန်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့်  စက်ရုံများ ပိတ်ကုန်ပြီး နိုင်ငံ့ကုန်ထုတ်လုပ်မှု ကျဆင်းသွားသည် / ဧရာဝတီ

မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှု ထိုးစိုက်ကျဆင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved