• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ

by ဧရာဝတီ
3 May 2021
in စီးပွားရေး
A A
ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့တော်ခန်းမရှေ့ ရဲတပ်ဖွဲ့ဝင်များအား ချထားစဉ် / ဧရာဝတီ 

ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့တော်ခန်းမရှေ့ ရဲတပ်ဖွဲ့ဝင်များအား ချထားစဉ် / ဧရာဝတီ 

68.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးက ၆ ရာခိုင်နှုန်းဝန်းကျင် တိုးတက်ရန် ရှိခြင်းနှင့် အတူ ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ စီးပွားရေးသက်ရောက်မှုများမှ အင်အားကောင်းကောင်းဖြင့် ပြန်လည်ရုန်းထွက်နိုင်လိမ့်မည်ဟု ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ ကမ္ဘာ့ဘဏ် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ခန့်မှန်းခဲ့ကြသည်။

စစ်တပ်၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပွဲနောက်ပိုင်း များမကြာမီ စစ်အစိုးရ ခေါင်းဆောင်များက သူတို့ကိုယ်သူတို့ စီးပွားရေးနှင့် အကျွမ်းတဝင် ရှိသူများအဖြစ် ဖော်ပြခြင်းအားဖြင့် စီးပွားရေးကို ရှိမြဲလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေစေရန် အားထုတ်ရင်း အရေးပေါ် အခြေအနေ ကာလအတွင်း စီးပွားရေး မူဝါဒများက မပြောင်းမလဲ ရှိနေမည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ၏ အရေးကြီးသော စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများတွင် အဆက်အသွယ်ကောင်းများ ရှိထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကောင်းကောင်းသိထားသည့် ပုဂ္ဂိုလ်အချို့ ကိုပင် ခန့်အပ်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ ကမ္ဘာ့ဘဏ် ၏ နောက်ဆုံး ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြောက်မက်ဖွယ်ရာ ဆိုးရွားသည့် အန္တရာယ်အတွင်းတွင် ရှိနေကြောင်း ဖော်ပြခဲ့ပြီး စစ်အာဏာသိမ်းခြင်း၏ သက်ရောက်မှုများကြောင့် ယခုနှစ် အတွင်းတွင် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ စစ်အာဏာသိမ်းပြီး ရက် ၉၀ အကြာတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ ခန်းခြောက်နေခြင်း၊ ရှိနှင့်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဆုတ်ခွာသွားခြင်းနှင့် စစ်အစိုးရ အပေါ် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် နိုင်ငံတကာ ကျောထောက်နောက်ခံပြုသည့် အရေးပါသော အခြေခံအဆောက်အဦး စီမံကိန်းများ ရပ်ဆိုင်းသွားခြင်း တို့နှင့် အတူ စီးပွားရေးက လက်လွတ်ခြေလွတ် ကျဆင်းနေကြောင်း ဖော်ပြသည့် သင်္ကေတ အများအပြား ရှိနေခဲ့ပြီး ဖြစ်သည်။

ဧပြီလ ရန်ကုန်မြို့တော်ခန်းမရှေ့ အဟန့်အတားများ ထားရှိပိတ်ပင်ထားစဉ်/ဧရာဝတီ

အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ အီတလီနှင့် ပြင်သစ် ကုန်သည်ကြီးများအဖွဲ့များ အပါအဝင် အနောက်တိုင်း စီးပွားရေး အဖွဲ့ အစည်းများက မတ်လအတွင်း ၎င်း၏ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ကြသည်။ ထို့ပြင် Coca-Cola၊ Telenor နှင့် Heineken အပါအဝင် နိုင်ငံတကာ ကုမ္ပဏီ ၅၀ နီးပါးက မြန်မာနိုင်ငံမှ အခြေအနေများနှင့် ပတ်သက်၍ သူတို့၏ စိုးရိမ်ပူပန်မှုကို ဖော်ပြသည့် ပူးတွဲကြေငြာချက်တစောင်ကို လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ကြသည်။

စစ်အာဏာသိမ်းခြင်း၏ သက်ရောက်မှုက တိုင်းပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ နှင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပြုလုပ်ခဲ့သည့် စီးပွားရေး တိုးတက်မှုများကို ပြောင်းပြန်ဖြစ်သွားစေခဲ့သည်။ စစ်အာဏာသိမ်းခြင်းသည် ယခင်က ဒေသ၏ အလျှင်မြန်ဆုံး တိုးတက်နေသော စီးပွားရေးများထဲတွင် တခုအပါအဝင် ဖြစ်ခဲ့သည့် မြန်မာနိုင်ငံကို အန္တရာယ်ကြီးသည့် ဆင်းရဲနွမ်းပါးမှု အတွင်းသို့ ပြန်တွန်းပို့လိုက်ပြီး စီးပွားရေးကို ပြိုလဲခြင်း ချောက်ကမ်းပါးဝသို့ ရောက်စေခဲ့သည်။

စစ်အာဏာသိမ်းသည့် အချိန်မှစ၍ မြန်မာ့စီးပွားရေးတွင် မည်သို့ဖြစ်ခဲ့သည်၊ တိုင်းပြည်တလွှားမှ ပြည်သူတို့အပေါ် မည်သို့ သက်ရောက်စေခဲ့သည်တို့ကို ရှာဖွေကြည့်ထားပါသည်။

ကုမ္ပဏီသစ် အရေအတွက် ကျဆင်းခြင်း

မှတ်ပုံတင်ထားသည့် ကုမ္ပဏီသစ် အရေအတွက် ကြီးမားစွာ ကျဆင်းမှုကို အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အေဂျင်စီ ဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) မှ ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိန်းဂဏန်းများက ဖော်ပြနေသည်။

မတ်လအတွင်း ရန်ကုန်မြို့လည်မြင်ကွင်း/ဧရာဝတီ

အသစ်မှတ်ပုံတင်သည့် ကုမ္ပဏီ အရေအတွက်သည် ဇန်နဝါရီလတွင် ၁၃၇၃ ခု ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၁၈၈ ခုနှင့် မတ်လတွင် ၁၆၃ ခုသာ ရှိတော့ကြောင်း DICA ၏ အချက်အလက်များက ဖော်ပြနေသည်။ မှတ်ပုံတင်သည့် ကုမ္ပဏီ အရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၈၇ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ်တွင် COVID-19 ပြဿနာ ရှိနေသည့်တိုင် အသစ်မှတ်ပုံတင်သည့် ကုမ္ပဏီ အရေအတွက်သည် ဇန်နဝါရီလတွင် ၁၄၁၅ ခု၊ ဖေဖော်ဝါရီလတွင် ၁၂၉၈ ခုနှင့် မတ်လတွင် ၁၀၁၅ ခု ရှိခဲ့သည်။

မစွမ်းမသန် ဖြစ်သွားသော ဒီဂျစ်တယ် စီးပွားရေးနှင့် ဒီဂျစ်တယ် ငွေကြေးဈေးကွက်

စစ်အစိုးရက မြန်မာနိုင်ငံတလွှားတွင် အင်တာနက် ထိန်းချုပ်ကန့်သန့်မှုများ ကြီးမားသည့် အတိုင်းအတာဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ထွန်းသစ်စ ဒီဂျစ်တယ် စီးပွားရေးနှင့် ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း ဈေးကွက် ပြိုလဲကျသွားခဲ့ရသည်။ အင်တာနက် ဖြတ်တောက်ခြင်းက မိုဘိုင်းပိုက်ဆံမှသည် အွန်လိုင်း အရောင်းအဝယ်နှင့် အွန်လိုင်းမှ မှာယူသည့် အစားအသောက်များကို ပို့ဆောင်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများအထိ အားလုံးအပေါ် သက်ရောက်ခဲ့၏။

Wave money နှင့် KZB pay အပါအဝင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို သုံးစွဲခွင့်က မိုဘိုင်းအင်တာနက်နှင့် broadband ဝန်ဆောင်မှုများကို စစ်အစိုးရက ပိတ်ဆို့လိုက်သည့် မတ်လမှ စ၍ အားနည်းသွားခဲ့ သည်။ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး စီးပွားရေးက ၇၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တနိုင်ငံလုံးတွင် အွန်လိုင်းမှ မှာယူသည့် အစားအသောက်များ ပို့ဆောင်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများက စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ၈၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရကြောင်း သတင်းများအရ သိရသည်။ ရလဒ်အနေဖြင့် ယခုအခါ ထောင်နှင့်ချီသော လူငယ်များ အလုပ်မရှိတော့ပါ။

ပြိုလဲနေသော အထည်ချုပ်လုပ်ငန်း

နိုင်ငံရေး မတည်ငြိမ်သည့် အခြေအနေကို စိုးရ်ိမ်ခြင်းကြောင့် အကြီးဆုံး နိုင်ငံခြားကုန် အမှတ်တံဆိပ်များက အမှာစာများ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်း ကဏ္ဍသည်လည်း ပြိုလဲလာခဲ့ရသည်။ စက်မှုဇုန်များအတွင်းမှ လူအသေအပျောက်များသည့် ဖြိုခွဲနှိမ်နင်းမှုများကြောင့်လည်း စက်ရုံများ မဖြစ်မနေ ပိတ်ခဲ့ရပြီး အလုပ်သမားများလည်း သူတို့ ဇာတိရပ်ရွာများသို့ ပြန်သွားခဲ့ကြသည်။

၂၀၂၀ မေလက အလုပ်များနေဆဲ အထည်ချုပ်စက်ရုံမြင်ကွင်း/ဧရာဝတီ

ဖြတ်တောက်၊ ထုတ်လုပ်၊ ထုပ်ပိုး၍ နိုင်ငံခြားတင်ပို့ရသည့် အထည်ချုပ်လုပ်ငန်းမှ မြန်မာနိုင်ငံက ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၆ ဘီလီယံအတွင်း ရရှိခဲ့ပြီး စစ်အာဏာမသိမ်းမီက ထိုလုပ်ငန်း ကဏ္ဍတွင် လူ ၅၀၀၀၀၀ ကို အလုပ်ပေးထားခဲ့သည်။ ယခုအခါတွင် ဖေဖော်ဝါရီ လလယ်ပိုင်းမှ စ၍ အထည်ချုပ်ကဏ္ဍ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

စစ်အစိုးရက အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများကို ပြင်းထန်သည့် ဖြိုခွဲမှုများ ပြုလုပ်ခဲ့ပြီး စက်မှုလုပ်ငန်း ဧရိယာများတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သည့် အချိန်မှစ၍ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ အလုပ်သမား ၃ ပုံ ၁ ပုံ (၂၀၀၀၀၀) ကျော် သူတို့၏ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည်ဟု အလုပ်သမား အဖွဲ့အစည်းများက ပြောကြသည်။

အာဏာသိမ်းသည့် နောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် အီတလီန်ိုင်ငံမှ Benetton နှင့် ဆွီဒင် လက်လီအရောင်းလုပ်ငန်း H&M တို့ အပါအဝင် အဓိက နိုင်ငံခြားကုန်အမှတ်တံဆိပ်များကိုလည်း ဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံမှ အမှာစာ အသစ်များကို ရပ်ဆိုင်းရန် ၎င်းတို့က ဆုံးဖြတ်ခဲ့ပြီး နောက်တွင် ဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်း ဖြစ်သည့် H&M သည် ပြီးခဲ့သည့် ၇ နှစ် အတွင်း မြန်မာနိုင်ငံမှ တိုက်ရိုက်တင်သွင်းနေသည့် လုပ်ငန်း ၄၅ ခုဝန်းကျင်ခန့် ရှိခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက အမှာစာ အသစ်များကို ဆိုင်းငံ့ထားလိုက်ပြီး “လက်တွေ့ အခက်အခဲများနှင့် ကြိုတင် မခန့်မှန်းနိုင်သော အခြေအနေတခု” ကြောင့် ဟုပြောသည်။

အီတလီမှ Benetton အုပ်စုကလည်း မြန်မာနိုင်ငံမှ ၎င်း၏ တင်သွင်းသူများထံမှ အမှာစာအသစ်များ အားလုံးကို ဆိုင်းငံ့လိုက်ပြီး ဒီမိုကရေစီ ထောက်ခံသူများ အပေါ်တွင် သေစေနိုင်သည့် အကြမ်းဖက်မှုများ တိုးလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကို အကြောင်းပြခဲ့သည်။

ထောင်ပေါင်းများစွာသော ဆောက်လုပ်ရေး လုပ်သားများ အလုပ်မရှိ

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
177
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆောက်လုပ်ရေး ကဏ္ဍမှ အလုပ်သမား ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အတွင်း သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ရကြောင်း ဆောက်လုပ်ရေး အလုပ်သမား သမဂ္ဂ၏ အဆိုအရ သိရသည်။

၂၀၁၉ အတွင်း ထိုးထွက်လာတဲ့ ရန်ကုန်မိုးမျှော်တိုက် စီမံကိန်းတခု/ဧရာဝတီ

အာဏာသိမ်းသည့် အချိန်မှ စ၍ နိုင်ငံရေး မတည်ငြိမ်မှုက ကိုရီးယား စက်မှုဇုန်၊ ဂျပန် အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ရန်ကုန်-သန်လျင် တံတားနှင့် သီလဝါ အထူးစီးပွားရေးဇုန် တိုးချဲ့ရေး အပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည့် ရန်ကုန်မှ အဓိကကျသော အခြေခံ အဆောက်အဦး စီမံကိန်းများ ရပ်ဆိုင်းသွားခဲ့ရသည်ဟု အလုပ်သမားသမဂ္ဂက ပြောသည်။

စတော့ အရောင်းအဝယ် စံချိန်တင် နိမ့်ကျ

ရန်ကုန်စတော့ အိတ်ချိန်း (YSX) မှ စတော့ အရောင်းအဝယ်တန်ဖိုးက မတ်လအတွင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း သမိုင်းဝင် စံချိန်တင် အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့ကြောင်း YSX ၏ မှတ်တမ်းများအရ သိရသည်။

အရောင်းအဝယ် လုံးဝနီးပါး ပါးသွားတဲ့ ရန်ကုန်စတော့အိတ်ချိန်း/ဧရာဝတီ

အိတ်ချိန်းတွင် ရောင်းဝယ်ခဲ့သည့် ရှယ်ယာများ၏ တန်ဖိုးက မတ်လတွင် ကျပ်ငွေ ၁၁၀ သန်းသာ ရှိကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။ ပြီးခဲ့သည့် နှစ်က အလားတူကာလတွင် အိတ်ချိန်း၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် စတော့ရှယ်ယာတန်ဖိုးက ကျပ်ငွေ ၁.၄၂၅ ဘီလီယံဖြင့် အမြင့်ဆုံး ဖြစ်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် စတော့ရှယ်ယာတန်ဖိုးကလည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဖေဖော်ဝါရီလတွင် အိတ်ချိန်း၌ အရောင်းအဝယ် ဖြစ်ခဲ့သည့် ရှယ်ယာတန်ဖိုးက ကျပ်ငွေ ၄၄၂ သန်း ရှိပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ကျပ်ငွေ ၁.၄၈ ဘီလီယံ ရှိခဲ့ကြောင်း YSX ၏ မှတ်တမ်းများက ဖော်ပြနေသည်။

တောင်ကိုရီးယား အခြေခံ အဆောက်အဦး စီမံကိန်းများ ဘဏ္ဍာရေးထောက်ပံ့မှု ရပ်ဆိုင်း

စစ်အာဏာသိမ်းခြင်းကို တုန့်ပြန်သည့်အနေဖြင့် မြန်မာအစိုးရ အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ခြင်းကို နောက်နှစ်အထိ ရပ်ဆိုင်းထားရန် တောင်ကိုရီးယား အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ကိုရီးယား မီဒီယာ သတင်းများအရ သိရသည်။

တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက စစ်အစိုးရ၏ အခြေခံ အဆောက်အဦး စီမံကိန်း အသစ်မှန်သမျှအတွက် ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ(EDCF) မှ တဆင့် ငွေကြေးထောက်ပံ့မှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းများ၏ အဆိုအရ သိရသည်။

ရန်ကုန်း=ဒလ မြစ်ကူးစီမံကိန်းက ဘယ်တော့ပြီးမယ်မှန်း မသိတော့/ဧရာဝတီ

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတည်ငြိမ်မှု အတွက် အထောက်အပံ့ပေးရန်နှင့် တောင်ကိုရီးယားနှင့် အဆိုပါနိုင်ငံများကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တောင်ကိုရီးယား နိုင်ငံက EDCF ကို ထည်ထောင်ခဲ့သည်။

စက်မှုလုပ်ငန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးရန် အခြေခံ အဆောက်အဦး စီမံကိန်း အမျိုးမျိုးမှတဆင့် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် အထိ အမေရိကန် ၁ ဘီလီယံတန်ဖိုးရှိ ချေးငွေများ ပေးအပ်သွားရန် ဖြုတ်ချခံ NLD အစိုးရ နှင့် EDCF တို့ လက်မှတ်ရေးထိုးထားခဲ့သည်။ သဘောတူညီချက်အရ ကိုရီးယား ထုတ်ကုန်-သွင်းကုန်ဘဏ်က ကိုရီးယား-မြန်မာ စက်မှုဇုန်တခု တည်ဆောက်ရန် မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၆၃ သန်းနီးပါး ထုတ်ပေးရန်လည်း သဘောတူညီထားပြီး ဖြစ်သည်။

ဘဏ်လုပ်ငန်းနှင့် ငွေကြေး စီးဆင်းမှု အကျပ်အတည်း

အာဏာသိမ်းမှု နောက်ပိုင်းတွင် ဝန်ထမ်းသပိတ်များကြောင့် ပြည်တွင်းဘဏ် အနည်းဆုံး ၃၁ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခု တို့က ၎င်းတို့၏ တံခါးများကို ပိတ်ထားလိုက်ကြသဖြင့် ပြည်တွင်း ဘဏ်စနစ်က ချည့်နဲ့ အားနည်းသွားခဲ့ရသည်။

မိုဘိုင်းဘဏ်စနစ်နှင့် ATM ဝန်ဆောင်မှုများမှ လွဲ၍ တိုင်းပြည်တွင်းမှ ဘဏ်ဝန်ဆောင်မှုအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ရလဒ်တခု အနေဖြင့် ကုန်သွယ်ရေး ကုမ္ပဏီများ အားလုံးနီးပါး အထူးသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တွင်ပါဝင် ပတ် သက်နေသည့် ကုမ္ပဏီများ လုပ်ငန်းများကို ရပ်နားလိုက်ရသည်။ ကုန်ပစ္စည်းများ တင်သွင်းရန်နှင့် နိုင်ငံခြား တင်ပို့ ရန် လိုအပ်သည့် စာရွက်စာတမ်းများကို ဘဏ်များက ထုတ်မပေးနိုင်သောကြောင့် ဖြစ်သည်။ ဘဏ်များက လစာထုတ်ပေးရေး ဝန်ဆောင်မှုများကို မပေးနိုင်သည့် အတွက် ကုမ္ပဏီများ အနေဖြင့် လစာများပေးရန်လည်း အခက်အခဲဖြစ်နေကြသည်။

ဧပြီလ ၁၉ ရက်နေ့က တွေ့ရသော KBZ ၏ ATM တခုရှေ့မှာ ငွေထုတ်နေသူများ/ဧရာဝတီ

ဘဏ်ခွဲများက ပိတ်ထားပြီး စစ်အစိုးရက လူပုဂ္ဂိုလ်များအတွက်ရော ကုမ္ပဏီများအတွက်ပါ ငွေထုတ်ပေးခြင်းကို ကန့်သတ်ရန် အမိန့်ထုတ်ခဲ့သည့် အတွက် စီးပွားရေးလုပ်ငန်းများမှာလည်း ငွေကြေး ပြတ်လပ်မှု ကိုခံစားနေကြရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများသည် လနှင့် ချီ၍ ငွေသားပြတ်လပ်မှုကြောင့် အကျပ်အတည်း ဖြစ်ကြရသည်။ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများမှာလည်း ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူခြင်းနှင့် နိုင်ငံခြားမှ ရံပုံငွေ အသစ်တင်သွင်းခြင်းတို့ ခက်ခဲလာသောကြောင့် ငွေကြေးပြတ်လပ်မှုကို ခံစားနေကြရသည်။

ယခင်အစိုးရလက်ထက်တွင် နိုင်ငံခြားမှ ငွေကြေးလွှဲပြောင်းခြင်းအတွက် စစ်ဆေးသည့် လုပ်ငန်းစဉ်က တပတ်သာ ကြာမြင့်ခဲ့သည်။ လက်ရှိ အချိန်တွင် စီးပွားရေးသမားများမှာ စစ်ဆေး သုံးသပ်သည့် လုပ်ငန်းစဉ်က မည်သို့ အလုပ်လုပ်ကြောင်းကို သိခွင့်မရှိကြပါ။

နိုင်ငံခြား ကုမ္ပဏီများ ထွက်သွားရန် ရှိ

ကြီးမားသည့် နိုင်ငံခြား ကုမ္ပဏီများမှာ စစ်အစိုးရသို့ ဝင်ငွေဖြစ်စေမည့် စီးပွားရေးလုပ်ငန်း မှန်သမျှကို ရုပ်သိမ်းရန် ဖိအားနှင့် ရင်ဆိုင်နေရသည်။ သြစတြေးလျနိုင်ငံမှ Woodside Petroleum က မြန်မာနိုင်ငံရှိ ကမ်းလွန် တူးဖော်ရေး စီမံကိန်း တခုမှ ၎င်း၏ အလုပ်သမား ၁၀၀ ခန့်ကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်အာဏာသိမ်းမှု နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုန့်ပြန်ခြင်း တခု ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံရေးတည်ငြိမ်မှု တိုးတက်လာသည့် အနာဂတ်သုံးသပ်ချက်ကို သူတို့ မြင်သည့်အချိန်အထိ စီးပွားရေး ဆုံးဖြတ်ချက်များ အားလုံး သုံးသပ်မှု အောက်တွင်သာ ထားရှိသွားမည် ဖြစ်ကြောင်း Woodside ကပြောသည်။

ကုမ္ပဏီက မြန်မာနိုင်ငံမှ ဝန်ထမ်းများနှင့် စက်ယန္တယားများကို မတ်လအတွင်းတွင် အားလုံး ပြန်လည်ခေါ်ယူခဲ့သည်။

POSCO ၏ လက်အောက်ခံလုပ်ငန်း တခုဖြစ်သည့် တောင်ကိုရီးယား သံမဏိ လုပ်ငန်း Coated & Color Steel Co Ltd က မြန်မာနိုင်ငံမှ စစ်တပ်က ထိန်းချုပ်သည့် လုပ်ငန်းစု ၂ ခု အနက်မှ တခုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (MEHL) နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းတခုကို အဆုံးသတ်ရန် အစီအစဉ်တခုကို အကောင်အထည်ဖော်နေကြောင်း ပြောသည်။

MEHL ၏ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပြန်လည်ဝယ်ယူရန် အစီအစဉ် တခုကိုလည်း ကုမ္ပဏီက ဆွေးနွေးနေခဲ့သည်။ သို့မှသာလျှင် လုပ်ငန်းများကို တဦးတည်းပိုင်အဖြစ် ဆက်လက်လုပ်ကိုင် နိုင်မည် ဖြစ်သည်။ ဖက်စပ်ကုမ္ပဏီက လူနေအိမ်များနှင့် စက်ရုံအမိုးများ အတွက် သံပြားများ ထုတ်လုပ်ပေးနေပြီး ပြီးခဲ့သည့် နှစ်က အမြတ်အစွန်း အမေရိကန် ဒေါ်လာ ၁.၇ သန်းခန့် ရရှိခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံရှိ စစ်တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ ဆက်နွယ်မှုကို အဆုံး သတ်ရန် မြန်မာနှင့် ကိုရီးယား ၂နိုင်ငံလုံးမှ လူ့အခွင့်အရေး အဖွဲ့များက ဖိအားပေးလာပြီး နောက်တွင် ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု ၁၀ ရာခိုင်နှုန်း ကျဆင်းမည် ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

စစ်တပ်၏ အုပ်ချုပ်မှုက ဒေသတွင်းတွင် အလျှင်မြန်ဆုံးတိုးတက်နေသည့် စီးပွားရေးများထဲမှ တခု အပေါ် ထိုးနှက်ချက် ဖြစ်ခဲ့သည့် အတွက် ယခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ၁၀ ရာခိုင်နှုန်း ကျဆင်းသွားရန် ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

၂၀၂၀ မတ်လ ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်မြို့လည်က ဆူးလေစကွဲရှေ့/ဧရာဝတီ

မြန်မာနိုင်ငံ၏ စီးပွားရေးသည် မတ်လအတွင်းတွင် COVID-19 မှ စတင်၍ ပြန်လည် နာလံထလာလ်ိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ အတွင်းတွင် ခန့်မှန်းခဲ့သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဆန္ဒပြပွဲများ၊ သပိတ်များ၊ စစ်တပ်၏ လုပ်ဆောင်ချက်၊ သွားလာလှုပ်ရှားနိုင်မှု လျော့ကျခြင်းနှင့် ဘဏ်လုပ်ငန်း၊ ထောက်ပံ့ပို့ ဆောင်ရေးနှင့် အင်တာနက် ရရှိနိုင်မှု ကဲ့သို့သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပြိုကွဲပျက်စီးခြင်းတို့၏ သက်ရောက်မှုကို ကြီးမားစွာ ခံစားခဲ့ရသည်ဟု ကမာ္ဘ့ဘဏ်က ပြောသည်။

ဘဏ္ဍာရေး အထောက်အပံ့ အာရှဖွံ့ဖြိုးရေးဘဏ်က ရပ်နားလိုက်ခြင်း

စစ်အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပြင်းထန်စွာ ဖြိုခွဲနှိမ်နင်း ခြင်းကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ အကြီးဆုံး မိတ်ဖက်များထဲမှ တခုဖြစ်သည့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ကလည်း ပို့ဆောင်ရေးနှင့် စွမ်းအင်မှသည် ပညာရေးနှင့် သတင်းအချက်အလက်နည်းပညာ အထိ မြန်မာအစိုးရ၏ ဖွံ့ဖြိုးရေး စီမံကိန်း အသီးသီးအတွက် ရံပုံငွေထောက်ပံ့ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ကြေငြာချက်တစောင်တွင် ADB က ၎င်းအနေဖြင့် “မြန်မာနိုင်ငံမှ လတ်တလော အဖြစ်အပျက်များ အထူးသဖြင့် အရပ်သားဆန္ဒပြပွဲများအတွင်း အသက်ဆုံးရှုံးရမှုများ နှင့် ပတ်သက်၍ နက်နက်နဲနဲ စိုးရိမ်ပူပန်နေဆဲ ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။ တိုင်းပြည်၏ အခြေအနေများ ပြောင်းလဲခြင်းက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အရေးပါသော သက်ရောက်မှုတခု ဖြစ်စေလိမ့်မည်ဟု ADB က ဆိုသည်။

နောက်ဆုံး ပြုလုပ်ခဲ့သည့် ချေးငွေသဘောတူညီချက်အရ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ပေးသည့် အမြန်လမ်းတခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၄၈၄သန်း ထုတ်ချေးပေးရန် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ADB က အတည်ပြုခဲ့သည်။ အဆိုပါ ဧရိယာ ၂ ခုလုံးသည် မဟာမဲခေါင် ဒေသခွဲ အတွက် ဂျပန်နိုင်ငံက စီစဉ်ထားသည့် ကြီးမားသော အခြေခံ အဆောက်အဦး အစီအစဉ်တခု ဖြစ်သော အရှေ့-အနောက် စီးပွားရေးစင်္ကြန် တလျှောက်တွင် တည်ရှိကြသည်။

ပြင်သစ် စွမ်းအင် ကုမ္ပဏီကြီးက ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်း

စစ်အစိုးရက နိုင်ငံတလွှားမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို သေစေနိုင်လောက်သည့် အင်အား ဆက်လက် အသုံးပြုခြင်းနှင့် အတူ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ဒေါ်လာ ၁.၅ ဘီလီယံ ကျော် တန်ဖိုးရှိသည့် ရေအားလျှပ်စစ် စီမံကိန်းတခုကို ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီး တခုဖြစ်သည့် Électricité de France (EDF) က ဆိုင်းငံ့ထားလိုက်သည်။

၎င်း၏ တဆင်ခံ ကန်ထရိုက်များ၏ လုပ်ဆောင်မှုများ အပါအဝင် ရွှေလီ-၃ စီမံကိန်း အကောင်အထည်ဖော်မှုကို ရပ်နားလိုက်သည်ဟု EDF က ပြောသည်။ ဓာတ်အား ၆၇၁ မီဂါဝပ်ထုတ်လုပ်မည့် စီမံကိန်းကို EDF က ဦးဆောင်၍ ဂျပန်နိုင်ငံမှ Marubeni ကော်ပိုရေးရှင်းနှင့် ပြည်တွင်းမှ မြန်မာ ဧရာဟင်္သာ ကုမ္ပဏီတို့က ပူးတွဲ အကောင်အထည်ဖော်နေသည်။

ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုချက်ကို ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တွင် ကုမ္ပဏီများ ရရှိခဲ့သည်။ စီမံကိန်းသည် ဓာတ်အား ကွန်ရက်အတွက် တနှစ်လျှင် လျှပ်စစ်ဓာတ်အား ၃ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်ပေးရန်နှင့် တနိုင်ငံလုံးမှ ပြည်သူ ၈.၅ သန်းကျော်သို့ ဓာတ်အားထောက်ပံ့ပေးရန် မျှော်လင့်ထားသည်။

စင်ကာပူ လုပ်ငန်းရှင် ထွက်ခွာသွားခြင်း

ထင်ရှားသည့် စင်ကာပူစီးပွားရေး လုပ်ငန်းရှင် Lim Kaling က မြန်မာစစ်တပ်ပိုင် လုပ်ငန်းစု MEHL နှင့် ဆက်နွယ်နေသည့် ဖက်စပ် ကုမ္ပဏီတခု မှ နှုတ်ထွက်သွားခဲ့သည်။

စစ်တပ်က အာဏာသိမ်းယူ၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တပတ်အကြာတွင် မြန်မာနိုင်ငံမှ လတ်တလော ဖြစ်ရပ်များသည် သူ့ကို အထူးပင် စိုးရိမ်ပူပန်စေကြောင်း Lim Kaling က ပြောသည်။

Lim Kaling က RMH Singapore Pte Ltd ကပိုင်ဆိုင်သော ဖက်စပ်လုပ်ငန်းတခုမှ သူ၏ ရှယ်ယာ ၃ ပုံ ၁ ပုံကို လက်လွှတ်ခဲ့သည်။ MEHL နှင့် RMH တို့က Virginia Tobacco Co. Ltd. (VTCL) ကို ဖက်စပ်လုပ်ကိုင်နေသည်။ RMH က VTCL ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို MEHL ကပိုင်ဆိုင်သည်။ ၎င်းတို့သည် ၁၉၉၃ ခုနှစ် ကတည်းက ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ VTCL က မြန်မာနိုင်ငံ၏ စီးကရက်ဈေးကွက် တခုလုံးနီးပါးကို လက်ဝါးကြီး အုပ်ထားပြီး မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး စီးကရက် တံဆိပ်များ ဖြစ်သည့် Red Ruby နှင့် Premium Gold တို့ကို ထုတ်လုပ်နေသည်။

Kirin က စစ်တပ်ပိုင် ကုမ္ပဏီနှင့် အဆက်အသွယ်ဖြတ်

စစ်အာဏာသိမ်းပြီး ၅ ရပ်အကြာတွင် ဂျပန် အဖျော်ယမကာ ကုမ္ပဏီကြီး ဖြစ်သည့် Kirin က မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ အုပ်စုတခုနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီး သူတို့၏ စံနှုန်းများ နှင့် လူ့အခွင့်အရေး ဆိုင်ရာမူဝါဒတို့နှင့် ဆန့်ကျင် နေသည့် စစ်တပ်၏ လတ်တလောလုပ်ရပ်များနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ပြောသည်။

ကီရင်ဘီယာ ပရိုမိုးရှင်းပွဲတပွဲ

MEHL နှင့် ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်တန့်မည် ဖြစ်ကြောင်း Kirin Holdings Co. Ltd က ကြေငြာခဲ့သည်။ Myanmar Brewery နှင့် Mandalay Brewery နှစ်ခုလုံးတွင် Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပြီး MEHL က ကျန် ရှယ်ယာများကို ထိန်းချုပ်ထားသည်။

ကမ္ဘာ့ဘဏ် က ငွေထုတ်ပေးခြင်း ရပ်ဆိုင်း

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များထဲမှ တခုဖြစ်သည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင်းရှိ လျှပ်စစ်နှင့် ပညာရေးမှသည် နည်းပညာ အကူအညီအထိ ကဏ္ဍအသီးသီးမှ ရှိနှင့်ပြီး ၎င်း၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေထုတ်ပေးခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ အတွင်းမှ ဒေါ်လာ ဘီလီယံများစွာတန်သည့် ဆောင်ရွက်ဆဲ စီမံကိန်း အနည်းဆုံး ၂၄ ခုတွင် ပါဝင်နေကြောင်း ကမာ္ဘ့ဘဏ်၏ ဖွံ့ဖြိုးရေး စီမံကိန်းစာရင်းအရ သိရသည်။

စင်ကာပူ (စောင့်ကြည့်နေသည်)

စင်ကာပူနိုင်ငံမှ လုပ်ငန်းစုတခု ဖြစ်သည့် Sembcorp က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် စက်မှုနယ်မြေတခု အကောင်အထည် ဖော်မည့် အစီအစဉ်ကိုရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့သည်။

Sembcorp ၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် Wong Kim Yin က သူ့ ကုမ္ပဏီ အနေဖြင့် နိုင်ငံရေး အခြေအနေ တည်ငြိမ်သွားသည်အထိ စောင့်နေမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။ ၎င်း၏ ဖောက်သည်များက မည်သို့ တုန့်ပြန် မည်ဆိုသည်ကိုလည်း ကုမ္ပဏီက ကြည့်ရန် လိုသည်ဟု သူကဆိုသည်။

မြန်မာ-စင်ကာပူ(လှည်းကူး) စက်မှုနယ်မြေသည် လှည်းကူးမြို့နယ်ရှိ မြေ ၄၃၆ ဟက်တာပေါ်တွင် တည်ဆောက်ရန် မျှော်လင့်ထားပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း၂၃၀ ရှိမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းအတွက် ခွင့်ပြုချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ပြီး ဖြစ်သည်။

စီမံကိန်းကို Sembcorp စက်မှုလုပ်ငန်း၏ လုပ်ငန်းခွဲတခု ဖြစ်သည့် Sembcorp CSSD Myanmar Co. နှင့် မြန်မာနိုင်ငံမှ Pahtama Group နှင့် Myanmar Agribusiness Public Corp. တို့က ပူးတွဲ အကောင်အထည်ဖော်သည်။ စီမံကိန်းသည် ဖြုတ်ချခံ NLD အစိုးရ၏ မြန်မာ့စီးပွားရေး အပေါ် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကို ရှောင်ရှားရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သေချာစေရေး အစီအစဉ်တွင် ဦးစားပေး စီမံကိန်းတခု ဖြစ်သည်။

စက်ရုံ ဖွင့်လှစ်ရန် အစီအစဉ်ကို Toyota ရွှေ့ဆိုင်း

ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ ဖြစ်သည့် Toyota က ရန်ကုန် အပြင်ဘက်ရှိ သီလဝါ အထူးစီးပွားရေး ဇုန်တွင် မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတခု ဖွင့်လှစ်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အာဏာသိမ်းမှု နောက်ပိုင်းမှ နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုကို အကြောင်းပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၅၂.၆ သန်းတန် ထုတ်လုပ်ရေး စက်ရုံတခု တည်ဆောက်မည့် ၎င်း၏ အစီအစဉ်ကို Toyota Myanmar က ၂၀၁၉ ခုနှစ်တွင် ကြေငြာခဲ့သည်။ မြန်မာနိုင်ငံတွင် ဝန်ထမ်း ၁၅၀ ကျော်ကို အလုပ်ပေးရန် မျှော်လင့်ထားကြောင်းလည်း ပြောသည်။ စက်ရုံတွင် ၂၀၂၁ ခုနှစ်မှ စ၍ နှစ်စဉ် Hilux ထရပ်ကား စီးရေ ၂၅၀၀ ဝန်းကျင် ထုတ်လုပ်ရန် မျှော်လင့်ထားသည်ဟု ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် ထိုင်း စက်မှုဇုန် ရပ်ဆိုင်း

အာဏာသိမ်းပြီး နောက်တရက်အကြာတွင် ထိုင်းနိုင်ငံမှ အကြီးဆုံး စက်မှုနယ်မြေ အကောင်အထည်ဖော်ရေး လုပ်ငန်း ဖြစ်သည့် Amata Corporation ၏ ကျောထောက်နောက်ခံဖြင့် လုပ်ဆောင်နေသည့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန် စက်မှုနယ်မြေ စီမံကိန်းတခုမှ လုပ်ငန်းများသည် အနောက်နိုင်ငံများမှ အရေးယူပိတ်ဆို့မှုများ ချမှတ်လာဖွယ် ရှိခြင်းကြောင့် ရပ်ဆိုင်းသွားရသည်။

ဖျက်သိမ်းသွားခဲ့တဲ့ Amata စက်မှုဇုန်စီမံကိန်း သရုပ်ဖော်ပုံ

ရန်ကုန်တိုင်း အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များရှိ လေးထောင့်ကန် ကျေးရွာအနီးမှ ဧက ၂၀၀၀ ကျယ်ဝန်းသော မြေတွင် စက်မှုဇုန်တခု တည်ဆောက်ရန် မျှော်လင့်ထားသည့် အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အပေါ် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုမှ ရှောင်ရှားရန် ယခင် NLD အစိုးရက အကောင်အထည် ဖော်နေသည့် စီမံကိန်းများထဲမှ တခု ဖြစ်သည်။

NLD အစိုးရက စီမံကိန်းကို ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်အကိုင်နေရာ ၃၃၀၀၀ ဖန်တီးပေးရန်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆွဲဆောင်ရန်နှင့် ရန်ကုန်တိုင်း၏ စက်မှုထုတ်ကုန်နှင့် နိုင်ငံခြားပို့ကုန်ကို မြှင့်တင် ပေးနိုင်ရန် မျှော်လင့်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Economy in Freefall Under Military Regime ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ

စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ

စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ

အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ

MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

Your Thoughts …
Tags: ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြန်မာ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုအထည်ချုပ်လုပ်ငန်းအရေးယူပိတ်ဆို့မှုများအာရှဖွံ့ဖြိုးရေးဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

Next Post
စစ်ကောင်စီ၏ လေတပ်တွင် သုံးနေသည့် Mi 35 P အမျိုးအစား ရုရှားလုပ် ရဟတ်ယာဉ်တစင်း(YMN)

စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ

သရုပ်ဆောင် ပိုင်ဖြိုးသု  / Paing Phyoe Thu's Facebook

“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved