• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဈေးကွက်တွင်း ဝင်လာသည့် တရုတ်ကြက်သွန်ကြောင့် တောင်သူများ အခက်ကြုံ

by ဧရာဝတီ
21 October 2022
in စီးပွားရေး
A A
၂၀၂၀ ခုနှစ်က ပြည်မြို့နယ်အတွင်း ကြက်သွန်စိုက်တောင်သူများကို တွေ့ရစဉ် / ဧရာဝတီ

၂၀၂၀ ခုနှစ်က ပြည်မြို့နယ်အတွင်း ကြက်သွန်စိုက်တောင်သူများကို တွေ့ရစဉ် / ဧရာဝတီ

2.6k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းစိုက် ကြက်သွန်များ အသစ်ပေါ်ချိန် ဈေးကွက်အတွင်းသို့ တရုတ်ကြက်သွန်များ ဝင်လာသဖြင့် တောင်သူများ ဈေးကောင်းမရဖြစ်ကာ အရှုံးပေါ်၍ ထပ်မံ စိုက်ပျိုးရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

သြဂုတ်လဆန်းပိုင်းက တရုတ်နိုင်ငံမှ ကြက်သွန်များကို မြန်မာကုန်သည်များက တင်သွင်းလာခြင်း ဖြစ်ပြီး၊ ပြည်တွင်းထွက် ကြက်သွန် ကုန်စည်ဒိုင်ရောင်းဈေးမှာ တပိဿာလျှင် ကျပ် ၂၅၀၀မှ ကျပ် ၃၅၀၀ ကြားတွင် ရှိနေကာ လက်လီဈေးမှာ ကျပ် ၄၀၀၀ခန့် ရှိကြောင်း၊ တရုတ်ကြက်သွန်မှာ ၃ မျိုးရှိပြီး အပြားမျိုး တပိဿာလျှင် ၁၇၀၀ ကျပ်၊ အလုံးမျိုး ၁၂၀၀ ကျပ်နှင့် အညိုရောင်မျိုးမှာ ၁၀၀၀ ကျပ်ခန့် ရှိသည်။

“မန္တလေးဈေးကွက်ထဲမှာ တရုတ်ကြက်သွန်တွေ ဝင်ရောက်နေတော့ ကြက်သွန်တောင်သူတွေ နည်းနည်းတော့ အကျပ် ရိုက်သွားတာပေါ့၊ ပြည်တွင်းကို တရုတ်ကြက်သွန်တွေ ပြန်ဝင်လာတဲ့အတွက် ဂယက်ရိုက်တာတော့ ရှိတယ်၊ ကြက်သွန် ဈေးက မငြိမ်တော့ တောင်သူတွေ ဈေးသိပ်မရဘူး”ဟု မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြည်တွင်းကြက်သွန်ဈေးကွက်တွင် လက်ကားဈေး တပိဿာ ကျပ် ၅၀၀၀ ဈေးအထိ မြင့်ခဲ့သော်လည်း တရုတ်ကြက်သွန်များ ဝင်လာပြီးနောက် ဈေးများကျသွားကြောင်း၊ လက်ရှိတွင် တဧက စိုက်စရိတ်မှာ ပျမ်းမျှအားဖြင့်အနိမ့်ဆုံး ၁၅ သိန်းမှ သိန်း ၂၀ ကြားရှိပြီး ကြက်သွန်ပေါ်ချိန်တွင် တဧကလျှင် သိန်း ၃၀ ဝန်းကျင်ခန့်သာ ပြန်ရကြောင်း မြစ်သားမြို့နယ်မှ ကြက်သွန်စိုက် တောင်သူ ဦးကျော်ကျော်ဦးက ဆိုသည်။

“ကြက်သွန်နီဈေးတွေ မြင့်တက်ခဲ့တယ်ဆိုပေမယ့် တောင်သူတွေက အမြတ်အစွန်း အများကြီး ရခဲ့ကြတာမျိုး မဟုတ်ဘူး၊ အခုက မြေဆီဈေး၊ စက်သုံးဆီဈေးကအစ လုပ်အားခအဆုံး၊ အကုန်လုံး ဈေးတွေတက်တော့ စိုက်ပျိုးစရိတ်က အရင်က တသိန်းလောက်ကုန်ခဲ့ရင် အခု ၃ သိန်းလောက်အထိ ကုန်ကျတယ်၊ ပြောချင်တာက အရင်းအနှီးက ၃ ဆလောက် တက်လာတာ၊ အဲဒီလိုမျိုးမှာ တရုတ်ကြက်သွန်တွေ ဝင်လာတော့ တောင်သူတွေက အရှုံးချည်းပဲဆိုတော့ ထပ်စိုက်ဖို့ရာ တော်တော်လေး စဉ်းစားနေရတယ်”ဟု သူကပြောသည်။

ထို့ပြင် ဒေသတွင်း တိုက်ပွဲများနှင့် ရာသီဥတုအရ မိုးရွာသွန်းမှုများခြင်းတို့က ကြက်သွန်စိုက်တောင်သူများ အတွက် နောက်ထပ်စိုက်ရန် အခက်အခဲရှိကြောင်း သိရသည်။

“ကြက်သွန်ဈေးတက်ချိန်ကလည်း တောင်သူတွေက ထူးထူးထွေထွေ မမြတ်ခဲ့ကြပါဘူး၊ ဈေးတွေကျလာတော့ စားသုံးသူ တွေအတွက် အဆင်ပြေပေမယ့် ကိုယ့်သီးနှံပေါ်ချိန်မှာ တရုတ်က အခုလိုပဲ ဆက်ဝင်နေမယ်ဆိုရင် ဈေးကွက်မှာ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ အခုက စိုက်စရိတ်တွေကလည်း များတော့ အောက်ဈေးပဲရတော့ အရှုံးပဲလေ၊ နောက်တခုက တိုက်ပွဲတွေ ဖြစ်နေတော့ စိုက်ဖို့ဆိုတာ မလွယ်သေးဘူး”ဟု မုံရွာမြို့နယ်အတွင်းမှ ကြက်သွန်စိုက် တောင်သူ ကိုမောင်ငယ်က ပြောသည်။

စားသောက်ဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းများက ဈေးသက်သာသော တရုတ်ကြက်သွန်နီကို အများဆုံး အသုံးပြု ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းများတွင် အများဆုံး စိုက်ပျိုးကြပြီး တဧကလျှင် ပျမ်းမျှ ပိဿာ ၃၀၀၀ ဝန်းကျင်ခန့် ထွက်ရှိသည်။
အောက်တိုဘာ ၁၉ ရက်နေ့ ပြည်တွင်း ကြက်သွန်နီဈေးကွက်မှာ ဆိပ်ဖြူ တပိဿာလျှင် ကျပ် ၂၄၀၀ မှ ၃၁၅၀၊ မြင်းခြံ ကံဆင့် တပိဿာလျှင် ကျပ် ၃၁၀၀ မှ ၃၈၅၀၊ ပခုက္ကူ တပိဿာလျှင် ကျပ် ၂၈၀၀ မှ ၃၂၀၀ ဈေးရှိကြောင်း သိရသည်။

You may also like these stories:

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

အရေးယူခံရမည် စိုး၍ ဆန်ဈေး အနည်းငယ်ပြန်ကျ

ပဲမျိုးစုံ စိုက်ပျိုးမှု လျော့နည်းသဖြင့် အထွက်နှုန်းများ လျော့ကျမည်ဟု ခန့်မှန်း

မန္တလေးဈေးချိုတော် ကုန်စည်စီးဆင်းမှု ထက်ဝက်နီးပါး ရပ်တန့်သွား

ဝယ်လိုအားကျ၍ လက်ဖက်စိုက်တောင်သူများ အခက်ကြုံ

Your Thoughts …
Tags: စိုက်ပျိုးစရိတ်တရုတ်ကြက်သွန်တောင်သူဗမာကြက်သွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သင်္ကြန် ရန်ကုန်စတိုင်

သင်္ကြန် ရန်ကုန်စတိုင်

by မောင်သော်က
12 April 2025
2k

သူ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် စေခဲ့သလို ဒီဘက် ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ တာစားခဲ့တဲ့ သင်္ကြန် သံချပ်တွေ ရှိပါကြတယ်…

ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)

ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)

by ဒေါက်တာ သန်းထွန်း
30 March 2024
417

သူ့လ၊ သူ့အခါ နဲ့ သူ့ပန်း နှစ်ပတ်လည်အောင် ရှိနေတဲ့ ဂျပန်မှာ ပန်းနာမည် ပြောရင် ဘယ်လရယ်လို့ သိနိုင်နေပြီ။

ရှမ်းပြည်တောင်ပိုင်းမဲနယ်တောင်ကြောတလျှောက် ဘိန်းစိုက်တောင်သူများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ဘိန်းပင်တွေကြား ဘဝတည်ဆောက်ထားသူများ

by နန်းလွင်နှင်းပွင့်
26 December 2018
22k

ရဲတွေလာမလား တွေးပူနေတဲ့ ဒေါ်နန်းငွေကတော့ “သားသမီးတွေကိုတော့ ဘိန်းအမွေ မပေးချင်ဘူး။ အဲဒါကြောင့် ကျမ ကြိုးစားနေတယ်”လို့ ပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယုမြို့နယ်မှ တောင်သူများ၏ အစေ့ထုတ်ပြောင်းများ / ကိုကိုနိုင်/ပြန်ဆက်

ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား

by ဧရာဝတီ
17 June 2022
8.6k

ပြီးခဲ့သည့်နှစ်များက နယ်စပ်ပြောင်းတင်ပို့မှုအား တရုတ်နိုင်ငံကို အားကိုးရသော်လည်း ယခုနှစ်များတွင် တရုတ်က နယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ချရန်အတွက် အစားထိုးသီးနှံအဖြစ် စိုက်ပျိုးနေရာ မြန်မာနိုင်ငံမှ ပြောင်းကို ခွဲတမ်းဖြင့် ၁ နှစ်လျှင် ပျမ်းမျှ တန်ချိန် သောင်းဂဏန်းဝန်းကျင်သာ ဝယ်ယူတော့ကြောင်း...

အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်း၍ သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

by ဧရာဝတီ
13 February 2023
1.6k

စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော (ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး) အစရှိသည်တို့ ဈေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ်နှင့် မကာမိသည့်အတွက် တွက်ချေကိုက်သည့် ဘိန်းစိုက်ပျိုးမှုကို ပြောင်း လဲ လုပ်ကိုင်လာခြင်း ဖြစ်သည်။

ချင်းပြည်နယ်မှ ဝဥစိုက် တောင်သူတဦး / khonumthung သတင်းဌာန

ချင်းပြည်နယ်တွင် “ဝ ဥ” အရောင်းအဝယ် ပြန်ဖြစ်လာ

by ဧရာဝတီ
16 February 2023
3.1k

မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စသည့် မြို့နယ်များတွင် စစ်ရေးပဋိပက္ခများကြောင့် ကာလအတန်ကြာ ဈေးကွက်ပျောက်နေသော ဝ ဥမှာ ပြန်လည် တင်ပို့လာရကြောင်း စိုက်ပျိုးသူ ချင်းဒေသခံများထံက သိရသည်။

Next Post
စစ်တွေ ရေယာဉ် ဆိပ်ကမ်း / ဧရာဝတီ

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်ရှိ သီလဝါစက်မှုဇုန်  / ဧရာဝတီ

ရန်ကုန်ရှိ လုပ်ငန်းရှင်များ၏ ဘဏ်အချက်လက်များ စစ်ကောင်စီ စာရင်းကောက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved